Green Way
မွေးမြူရေးကဏ္ဍမှာ ခေတ်စားလာတဲ့ မွေးမြူနည်းစနစ်သုံးခု

မွေးမြူရေးကဏ္ဍမှာ ခေတ်စားလာတဲ့ မွေးမြူနည်းစနစ်သုံးခု

သက်ခိုင်
သက်ခိုင် 05/07/2023

မွေးမြူရေးကဏ္ဍမှာ ထူးခြားတဲ့ မွေးမြူထုတ်လုပ်ပုံ နည်းစနစ်တွေပေါ်မူတည်ပြီး အဲဒီမွေးမြူနည်းတွေကို နာမည်ပေးလေ့ ရှိကြပါတယ်။ အခုနောက်ပိုင်း နိုင်ငံတကာမွေးမြူရေးလောကမှာ လူပြောများလာတဲ့ မွေးမြူနည်း စနစ် သုံးခု ရှိနေပါတယ်။

အဲဒီ စနစ်သုံးခုဟာ လက်ရှိမှာရော၊ အနာဂတ်မွေးမြူရေးကဏ္ဍမှာပါ မရှိမဖြစ် အသုံးပြုလာကြရမှာမို့ မိတ်ဆက်တင်ပြပေးလိုပါတယ်။ အဲဒီ သုံးနည်းစလုံးဟာ ပဋိဇီဝဆေးယဉ်ပါးမှုကို တိုက်ဖျက်ဖို့ အဓိက ရည်ရွယ်ထားတဲ့ မွေးမြူနည်းစနစ်တွေပဲ ဖြစ်ပါတယ်။ 

အဲဒါတွေကတော့

  • Raised Without Antibiotics (RWA)
  • No Antibiotics Ever (NAE)
  • No Human Antibiotics (NHA) တို့ပဲ ဖြစ်ပါတယ်။ 

(၁) Raised Without Antibiotics (RWA) 

RWA နည်းလမ်းကတော့ တိရစ္ဆာန်လေးတွေ မွေးမြူရေးခြံကို စတင်ရောက်ရှိချိန်ကစတင်ပြီး အသားအဖြစ် ထုတ်လုပ်တဲ့အချိန်အထိ မွေးမြူထုတ်လုပ်နေတဲ့ကာလတလျှောက်လုံး ပဋိဇီဝဆေးဝါး ပိုးသတ်ဆေး (Anti-biotics) တွေကို လုံးဝမသုံးစွဲဘဲ မွေးမြူထုတ်လုပ်တဲ့ နည်းစနစ် ဖြစ်ပါတယ်။ 

ဥပမာအားဖြင့် အသားတိုးကြက်တွေ မွေးမြူမယ်ဆိုရင် ရက်သားကြက်ပေါက်ဘဝကနေ ဈေးကွက်တင်ပြီး ထုတ်ရောင်းချိန်အထိ ပဋိဇီဝဆေးဝါး လုံးဝ တိုက်ကျွေးခြင်း၊ ထိုးနှံခြင်း မပြုဘဲ မွေးမြူတာပါ။ အစာထဲမှာလည်း ပဋိဇီဝဆေးဝါး ထည့်သွင်းအသုံးပြုခြင်း မရှိပါဘူး။ ဒါပေမဲ့ ကြက်ကလေးရဲ့ မိဘတွေကို မွေးမြူထားတဲ့ မျိုးခြံ နဲ့ ဖောက်စက်တွေမှာတော့ လိုအပ်ရင် ပဋိဇီဝဆေးဝါးတွေကို အသုံးပြုမှာ ဖြစ်ပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် ဒီနည်းလမ်းနဲ့ ထုတ်လုပ်နိုင်မယ်ဆိုရင် ပဋိဇီဝဆေးယဉ်ပါးမှုကို လျှော့ချပြီး တဖြည်းဖြည်း တိုက်ဖျက်လာနိုင်မှာ ဖြစ်သလို အသား၊ နို့၊ ဥ တွေထဲမှာ ပဋိဇီဝဆေးကြွင်းတွေ ကျန်ရှိပြီး စားသုံးသူတွေကို ဒုက္ခပေးနိုင်တဲ့ အန္တရာယ်လည်း လျော့ကျသွားမှာ သေချာပါတယ်။ တချိန်တည်းမှာ မွေးမြူသူတွေအနေနဲ့ ပဋိဇီဝဆေးဝါးတွေအတွက် ကုန်ကျစရိတ်ကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ တဖက်မှာလည်း မွေးမြူရေးတိရစ္ဆာန်တွေဆီ ရောဂါပိုးမွှားတွေ ကျရောက်လာတဲ့အခါ ပဋိဇီဝ ဆေးဝါးအကူအညီ မရနိုင်တာမို့ ဆုံးရှုံးမှု ပိုများနိုင်တဲ့ စိန်ခေါ်မှုက ရှိနေပြန်ပါတယ်။ 

နောက်ပြီး ပိုဆိုးတာက ဒီနည်းလမ်းကို အသုံးပြုတဲ့အခါ ပဋိဇီဝဆေးဝါး လျှော့ချသုံးစွဲတဲ့ အလေ့အကျင့် ကောင်းကို ထုတ်လုပ်သူ အဆင့်တစ်ဆင့်ကပဲ လိုက်နာကျင့်သုံးရသလို ဖြစ်နေတာက သိပ်ပြီး မမျှတလှဘူးလို့ ဆိုရမှာပါ။ မျှမျှတတနဲ့ RWA နည်းလမ်းကို အသုံးပြုချင်တယ်ဆိုရင်တော့ ဒီနည်းနဲ့ မွေးမြူတဲ့ တိရစ္ဆာန်တွေက ရရှိတဲ့ အမြတ်အစွန်းကို ခွဲဝေရာမှာ RWA ကို တကယ်လိုက်နာရတဲ့ မွေးမြူသူတွေအတွက် အမြတ်အစွန်းပိုမိုရရှိစေဖို့ လို အပ်ပါတယ်။ 

(၂) No Antibiotics Ever (NAE)

NAE စနစ်မှာတော့ တိရစ္ဆာန်လေးတွေရဲ့ သက်တမ်းတလျှောက်လုံးမှာ ပဋိဇီဝ ပိုးသတ်ဆေးတွေကို လုံးဝ (လုံးဝ) အသုံးမပြုဘဲ မွေးမြူထုတ်လုပ်တာ ဖြစ်ပါတယ်။

မွေးမြူရေးထုတ်ကုန်ရဲ့ တန်ဖိုးကွင်းဆက် တလျှောက်လုံးမှာ ပါဝင်တဲ့အဆင့်တိုင်းဟာ ပဋိဇီဝဆေးဝါးတွေကို လုံးဝ အသုံးမပြုရပါဘူး။ မျိုးခြံကစတင်လို့ ကြက်သားဖြစ်ပြီး စားသုံးသူတွေ ပါးစပ်ထဲ ရောက်တဲ့အချိန်အထိ ပဋိဇီဝဆေးဝါးကို လုံးဝ အသုံးမပြုတဲ့ နည်းလမ်း ဖြစ်ပါတယ်။

ဒီနည်းလမ်းဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေအတွက် ဖြစ်နိုင်ချေရှိပေမဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ စိန်ခေါ်မှု ကြီး မားတဲ့ နည်းလမ်းတစ်ရပ် ဖြစ်ပါလိမ့်မယ်။ အဓိကတော့ ကုန်စည် တန်ဖိုးကွင်းဆက် တလျှောက်လုံးကို စောင့်ကြည့် ကြပ်မတ် ထိန်းကျောင်းပေးမယ့် အာဏာပိုင်အဖွဲ့အစည်းတွေ၊ ဓာတ်ခွဲစမ်းသပ်မှုတွေ၊ စနစ်တွေ၊ ငွေကြေးအရင်းအနှီးတွေ လုံလုံလောက်လောက်နဲ့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ 

နောက်ပြီး မွေးမြူရေးခြံတစ်ခြံချင်း အတိုင်းအတာနဲ့ ဆောင်ရွက်လို့မရဘဲ ဒေသတစ်ခုချင်း၊ နိုင်ငံတစ်နိုင်ငံချင်း စသည်ဖြင့် စနစ်တစ်ခုလုံး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်မှ လက်တွေ့ကျတဲ့ ရလဒ်ကို ရရှိနိုင်မှာပါ။ 

(၃) No Human Antibiotics (NHA)

NHA နည်းလမ်းကတော့ ကုန်စည်ကွင်းဆက်ရဲ့ ဘယ်အဆင့်မှာ ဖြစ်နေနေ လူသားတွေမှာ အသုံးပြုနေတဲ့ ပဋိဇီဝဆေးဝါးတွေကို အသုံးမပြုတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒါဟာ ဘယ်နိုင်ငံမဆို အခုချက်ချင်း စတင်အကောင်အထည်ဖော်ရမယ့် မွေးမြူနည်းစနစ်တစ်ရပ် ဖြစ်ပါတယ်။ 

လူသားတွေအသုံးပြုနေတဲ့ ပဋိဇီဝဆေးဝါးတွေကို မွေးမြူရေးမှာ အသုံးပြုနေခြင်းအားဖြင့် အဲဒီ ပဋိဇီဝ ဆေးဝါးတွေအပေါ် ရောဂါပိုးမွှားတွေက ယဉ်ပါးလာကြမှာ ဖြစ်ပါတယ်။ အဲဒီ ဆေးယဉ်ပါးမှု ဆိုတဲ့ အစွမ်းသတ္တိတွေဟာ လူသားတွေမှာ ကူးစက်တဲ့ ပိုးမွှားတွေဆီကိုလည်း ရောက်ရှိသွားနိုင်ပါတယ်။ ဒါကြောင့် လူသားတွေကိုပါ ပဋိဇီဝ ဆေးဝါးတွေနဲ့ ကုသရ ခက်ခဲလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် NHA နည်းလမ်းရဲ့ အဓိက ရည်ရွယ်ချက်က မွေးမြူ ရေးသုံး ပဋိဇီဝ ဆေးဝါးနဲ့၊ လူသုံး ပဋိဇီဝ ဆေးဝါးကို ခွဲခြားသတ်မှတ်လိုက်ပြီး၊ လူမှာသုံးတဲ့ ပဋိဇီဝဆေးဝါးတွေကို မွေးမြူရေးမှာ မသုံးစွဲဖို့ တားမြစ်နိုင်အောင်ပဲ ဖြစ်ပါတယ်။ 

ဒါက မဖြစ်မနေ စလုပ်သင့်တဲ့ အနေအထားပေမယ့် လူသုံးပဋိဇီဝဆေးဝါးအားလုံးကို မွေးမြူရေးမှာ လုံးဝ အသုံးမပြုဖို့ ဆိုတာကလည်း သိပ်တော့ မလွယ်ကူလှပါဘူး။ ဒါကြောင့် နိုင်ငံအတော်များများက NHA  ကိုပဲ နည်းနည်း အဆင့်‌လျော့ပြီး ကျင့်သုံးကြပြန်ပါတယ်။ လူတွေမှာ အလွန်အရေးကြီးပြီး မဖြစ်မနေ အသုံးပြုရတဲ့ ပဋိဇီဝ ဆေးဝါးတွေ၊ အသက်ကယ်ဖို့ အလွန်အရေးကြီးတဲ့ ပဋိဇီဝဆေးတွေကိုပဲ မွေးမြူရေးလုပ်ငန်းတွေမှာ အသုံးမပြုဖို့ စတင်ပြီး တားမြစ်လာကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီစနစ်ကိုပဲ ကျင့်သုံးနေတာ ဖြစ်ပါတယ်။ 

အနှစ်ချုပ်

မွေးမြူရေးကဏ္ဍဟာ ပဋိဇီဝဆေးယဉ်ပါးမှုကို တိုက်ဖျက်ဖို့ အဓိကကျတဲ့ ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ အဲဒီလို ဆေးယဉ်ပါးမှုကို တိုက်ဖျက်ရာမှာ ပဋိဇီဝဆေး လျှော့ချသုံးစွဲမှုကလည်း အဓိကနေရာက ပါဝင်နေပါတယ်။ ပဋိ ဇီဝဆေး လျှော့ချသုံးစွဲမှုဟာ မွေးမြူရေးကဏ္ဍအနေနဲ့ မဖြစ်မနေ လျှောက်လှမ်းရမယ့် ခရီးပဲ ဖြစ်ပါတယ်။ အဲဒီ ခရီး ကို အရှိန်နဲ့ ပန်းတိုင်ရောက်အောင်သွားဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ တဆင့်ချင်းစီ လျှောက်လှမ်းရမှာပါ။ 

လတ်တလောမှာတော့ အရေးကြီး လူသုံးပဋိဇီဝဆေးဝါးတွေကို မွေးမြူရေးကဏ္ဍမှာ အသုံးမပြုဘဲ ရှောင်ရှားတဲ့ အဆင့်ကို ရရှိထားပါတယ်။ အဲဒီကနေမှတဆင့် No Human Antibiotics (NHA) ကို မဖြစ်မနေ တက်လှမ်း ဖို့ လိုအပ်ပါတယ်။ အဲဒီကနေ RWA ကို ဆက်ပြီး တက်လှမ်းနိုင်အောင် ကြိုးစားရမှာပါ။ နောက်ဆုံးမှာတေ့ NAE ကို မဖြစ်မနေ အရောက်သွားကြရမှာပါ။ 

ဒီအတွက် မွေးမြူရေးသမားတွေသာမက၊ မွေးမြူရေးကဏ္ဍကြီးတစ်ခုလုံးအပြင် အာဏာပိုင်အဖွဲ့အစည်း တွေက တက်တက်ကြွကြွ ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ 

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Continue reading related topics, questions and articles.

4
Dr. မောင်စိုးမိုး

Dr. မောင်စိုးမိုး

7 months ago

အဏုဇီဝပိုးမွှားများ (ဘက်တီးရီးယားများ) သည် ကျွန်ုပ်တို့သုံးနေသော ပဋိဇီဝဆေးများ (Antibiotics) အား ခံနိုင်ရည်ရှိလာခြင်းကို AMR ဟုခေါ်သည်။ မွေးမြူရေးလုပ်ငန်းတွင် ရောဂါကာကွယ်ရန်၊ ကြီးထွားမှုမြန်စေရန် ရည်ရွယ်၍ ပဋိဇီဝဆေးများ အလွန်အကျွံသုံးစွဲမှုကြောင့် AMR ပြဿနာ ပိုမိုဆိုးရွားလာသည်။ Probio ထဲတွင် Lactic Acid Bacteria (LAB) 10^10 CFU/kg နှင့် Saccharomyces (Yeast) 10^9 CFU/kg ပါဝင်ပြီး AMR ကို တိုက်ရိုက်နှင့် သွယ်ဝိုက်သော နည်းလမ်းများဖြင့် လျှော့ချပေးနိုင်ပါတယ်။ Please see <a href="https://www.facebook.com/share/1BW7fRvVmL">https://www.facebook.com/share/1BW7fRvVmL</a> ၁။ ပဋိဇီဝဆေး အသုံးပြုမှု လျှော့ချခြင်း (Direct Reduction of Antibiotic Use) · သဘာဝ ကျန်းမာရေး မြှင့်တင်ခြင်း - Probiotics များသည် တိရစ္ဆာန်၏ အစာခြေစနစ်ကို ကျန်းမာစေပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသည်။ ကျန်းမာသန်စွမ်းသော တိရစ္ဆာန်များသည် ရောဂါဖြစ်ပွားမှုနှုန်း လျော့ကျသွားသဖြင့် ကုသရန်အတွက် ပဋိဇီဝဆေး အသုံးပြုရန် လိုအပ်ချက် သိသိသာသာ လျော့ကျသွားသည်။ · ကြီးထွားမှု မြှင့်တင်အား (Growth Promoter) အဖြစ် ဆေးသုံးစွဲမှု ရပ်ဆိုင်းခြင်း - အချို့သော ပဋိဇီဝဆေးများကို တိရစ္ဆာန်များ ပိုမိုမြန်မြန်ကြီးထွားစေရန် အသုံးပြုကြသည်။ LAB နှင့် Yeast တို့သည် အစာကြေညက်မှုကို ကောင်းမွန်စေပြီး အာဟာရ စုပ်ယူမှုကို မြှင့်တင်ပေးကာ ကြီးထွားမှုနှုန်းကို မြင့်မားစေသည်။ ထို့ကြောင့် ကြီးထွားမှုအတွက် ပဋိဇီဝဆေး အသုံးပြုရန် မလိုအပ်တော့ပါ။ ၂။ ရောဂါပိုးမွှားများ ပေါက်ပွားမှု ထိန်းချုပ်ခြင်း (Pathogen Inhibition) · Competitive Exclusion - LAB များသည် အူနံရံသို့ ကပ်ပြီး နေရာယူထားသည်။ ဤသို့ဖြင့် အူထဲတွင် ရောဂါပိုးမွှားများ (ဥပမာ - E. coli, Salmonella) များ နေရာယူ၍ ကပ်ငြိခြင်းမှ ကာကွယ်ပေးသည်။ နေရာမရှိသည့် ရောဂါပိုးများသည် အူမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ မဝင်ရောက်နိုင်တော့ပေ။ · Antimicrobial Compound များ ထုတ်လုပ်ခြင်း - LAB များသည် လက်တစ်အက်စစ် (Lactic acid)၊ Bacteriocins စသည့် သဘာဝ ဘက်တီးရီးယား သတ်ပစသည့် ဒြပ်ပေါင်းများကို ထုတ်လုပ်သည်။ ဤဒြပ်ပေါင်းများသည် ရောဂါဖြစ်စေသော ဘက်တီးရီးယားများကို တိုက်ရိုက် သတ်ဖြတ်နိုင်သည်။ ဤနည်းလမ်းသည် ပဋိဇီဝဆေးများကို မှီခိုရန် မလိုဘဲ သဘာဝအတိုင်း ရောဂါကို ကာကွယ်ပေးခြင်း ဖြစ်သည်။ ၃။ အူအတွင်း ပတ်ဝန်းကျင် ပြောင်းလဲခြင်း (Gut Environment Modification) · pH ကို ချဉ်စေခြင်း - LAB များသည် လက်တစ်အက်စစ်ကို ထုတ်လုပ်သဖြင့် အူအတွင်းရှိ pH ကို လျော့ကျစေသည် (ချဉ်သောပတ်ဝန်းကျင် ဖြစ်စေသည်)။ ဤအခြေအနေသည် ရောဂါပိုးမွှား အများအပြားအတွက် မနှစ်မြို့ဖွယ် ဖြစ်စေပြီး ၎င်းတို့၏ ကြီးထွားမှုကို ဟန့်တားနိုင်သည်။ · Short-Chain Fatty Acids (SCFAs) များ ထုတ်လုပ်ခြင်း - Probiotics များသည် SCFAs (ဥပမာ - Butyrate) များကို ထုတ်လုပ်ပေးသည်။ SCFAs များသည် အူနံရံဆဲလ်များ ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး ရောဂါပိုးမွှားများ ခုခံတိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ပေးသည်။ ၄။ ကိုယ်ခံအားစနစ် မြှင့်တင်ခြင်း (Immune System Modulation) · သဘာဝ ကိုယ်ခံအား လှုံ့ဆော်ခြင်း - Probiotics များသည် တိရစ္ဆာန်၏ မွေးရာပါ ကိုယ်ခံအားစနစ်ကို လှုံ့ဆော်ပေးသည်။ ခန္ဓာကိုယ်သည် ရောဂါပိုးမွှားများကို ပိုမိုထိရောက်စွာ ခုခံတိုက်ခိုက်နိုင်လာသဖြင့် ရောဂါဖြစ်နိုင်ခြေ လျော့ကျသွားသည်။ ရောဂါမဖြစ်လျှင် ဆေးသုံးစရာ အကြောင်းမရှိတော့ပေ။ ၅။ အစာခြေစနစ်၏ ကျန်းမာရေး မြှင့်တင်ခြင်း (Improved Gut Health) · အကျိုးပြု အဏုဇီဝများ ပေါက်ပွားမှု အားကောင်းခြင်း - Probiotics များသည် အူအတွင်းရှိ အကျိုးပြု ဘက်တီးရီးယားများ ပေါက်ပွားမှုကို အားပေးသည်။ ကျန်းမာသော အူပတ်ဝန်းကျင်သည် ရောဂါပိုးမွှားများအတွက် ခိုအောင်းရန် ခက်ခဲစေပါသည်။ Probio ၏ လုပ်ဆောင်ချက် AMR လျှော့ချရေးတွင် အကျိုးသက်ရောက်မှု အကျဉ်းချုပ် ၁ အစာခြေစနစ် ကျန်းမာရေး မြှင့်တင်ခြင်း ရောဂါဖြစ်နှုန်း ကျဆင်းခြင်း → ပဋိဇီဝဆေး အသုံးပြုမှု လျော့ကျခြင်း ၂ ရောဂါပိုးမွှားများကို တိုက်ရိုက် ဟန့်တားခြင်း ရောဂါပိုးများ ကြီးထွားမှု ရပ်တန့်ခြင်း → ဆေးကုသရန် မလိုအပ်ခြင်း ၃ ကြီးထွားမှုနှုန်း မြှင့်တင်ခြင်း ကြီးထွားမှုအတွက် ပဋိဇီဝဆေး အသုံးပြုရန် မလိုခြင်း ၄ ကိုယ်ခံအားစနစ် မြှင့်တင်ခြင်း ခန္ဓာကိုယ်က ရောဂါများကို သဘာဝအတိုင်း တိုက်ထုတ်နိုင်ခြင်း သတိထားရန် အချက်များ အရည်အသွေး - အသုံးပြုမည့် Probio သည် တည်ငြိမ်ပြီး ထိရောက်မှုရှိရမည်။ · အချိန်မှန်ကန်မှု - တိရစ္ဆာန် စတင်မွေးမြူသည့် အစကတည်းက စတင် အသုံးပြုသင့်သည်။ · အာဟာရနှင့် စီမံခန့်ခွဲမှု - Probiotics သည် ဆေးဝါးမဟုတ်ပါ။ ကောင်းမွန်သော အာဟာရနှင့် မွေးမြူရေး စီမံခန့်ခွဲမှုနှင့် အတူ အသုံးပြုမှသာ အပြည့်အဝ အကျိုးကျေးဇူးရှိမည်။

sun lay

sun lay

1 year ago

ဝက်မွေးမြူရေးလေး သိပါရစေ Acc အသစ်မို့ပါဗျ

myint shwe san

myint shwe san

3 years ago

ဝက်နေမကောင်ဖြစ်နေလို

myint shwe san

myint shwe san

3 years ago

ဝက်မွေးမြူရေ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....