အသားစားနွားများကို အသားတိုးမွေးမြူပြီးနောက် ဈေးကွက်တင်ရောင်းချရမည့်အချိန်
အသားစားနွားမွေးမြူရေး၏ ထုတ်လုပ်မှုအဆင့် ၃ ဆင့်ရှိပြီး နောက်ဆုံးအဆင့်မှာ အသားတိုးမွေးမြူသည့် အဆင့် (Fattening) ဖြစ်ပါသည်။ အသားတိုးမွေးမြူပြီးနောက် နွားများကို သားသတ်ရုံသို့ ရောင်းချပြီး အသားအဖြစ် ထုတ်လုပ်ရောင်းချရမည် ဖြစ်ပါသည်။ ယင်းသို့ နောက်ဆုံးအဆင့် မွေးမြူသည့် နွားခြံများကို Feedlot များဟု ခေါ်ပါ သည်။
အသားတိုးမွေးမြူခြင်းနှင့် Feedlot များ၏ လုပ်ငန်းသဘာဝ
Feedlot များသည် ငွေကြေးရင်းနှီးမြှုပ်နှံမှု ကြီးမားလှပါသည်။ Stocker များကို ဝယ်ယူရသည့် ဈေးနှုန်းမှာ ကြီးပါသည်။
Fattening ပြုလုပ်သည့်ကာလသည် နွားများ၏ သက်တမ်းတလျှောက် နေ့စဉ်စားသုံးသည့်အစာပမာဏ အမြင့်ဆုံးကာလဖြစ်ရာ အစာပမာဏများစွာ လိုအပ်ပါသည်။ ယင်းကာလသည် အချိန်တိုအတွင်း အသားတိုးနှုန်း မြင့်မြင့်မားမား ရရှိအောင် မွေးမြူရသည့် ကာလဖြစ်သည့်အပြင် အသားအရည်အသွေးကို အဓိက တာဝန်ယူရသည့် အဆင့်ဖြစ်ရာ အစာ၏ အရည်အသွေးမြင့်မားရန်လည်း အထူးလိုအပ်ပါသည်။ ထို့ကြောင့် အစာပမာဏ သာမက၊ အစာအရည်အသွေးပါ မြင့်မားရန် လိုအပ်သည့် ကာလဖြစ်ပါသည်။ ထို့ကြောင့် အစာဖိုး ရင်းနှီးမြှုပ်နှံမှုမှာလည်း များစွာ ကြီးမားပါသည်။
အသာတိုးမွေးမြူထားသော နွားများကို မည်သည့်အချိန်တွင် ထုတ်လုပ်မှု ရပ်ဆိုင်းကာ ရောင်းချမည် ဆိုသည့်အချက်မှာ အလွန်အရေးကြီးပါသည်။ ရောင်းချရမည့်အချိန်ကို မှန်ကန်စွာ ရွေးချယ်နိုင်ခြင်းဖြင့် အမြတ်အစွန်းကို သိသာစွာ မြင့်မားလာစေမည် ဖြစ်ပါသည်။ အပြန်အလှန်အားဖြင့် ထုတ်ရောင်းမည့်အချိန် မှားယွင်းသည်နှင့်အ မျှ စီးပွားရေးအကျိုးအမြိတ် လျော့ကျလာမည် ဖြစ်ပါသည်။ အထူးသဖြင့် ထုတ်ရောင်းသင့်သည့် အချိန်တွင် ထုတ်မရောင်းဖြစ်ဘဲ နောက်ကျလေလေ၊ ဆုံးရှုံးမှု များလေလေ ဖြစ်ပါသည်။
အသားထုတ်လုပ်ရန် ရောင်းချသည့်အချိန်တွင်ရှိသည့် ခန္ဓာကိုယ်အလေးချိန် (Finish weight)
ယေဘုယျအားဖြင့် တရုတ်နိုင်ငံတွင် ခန္ဓာကိုယ်အလေးချိန် ၃၀၀ - ၃၅၀ ကီလိုဂရမ်ခန့်ရှိသော အသားစားနွားများ (stocker cattle သို့မဟုတ် growers) များကို ဝယ်ယူကာ အချိန် ၃ - ၆ လခန့် အသားတိုးမွေးမြူခြင်း (fattening) ပြုလုပ်လေ့ ရှိကြပါသည်။ ထိုသို့ အသားတိုးမွေးမြူထားသော အသားစားနွားများကို ခန္ဓာကိုယ် အလေး ချိန် ၄၅၀ - ၅၀၀ ကီလိုဂရမ်ခန့်တွင် အသားထုတ်လုပ်ရန် ရောင်းချလေ့ရှိသည်ဟု သိရပါသည်။ အသားထုတ်လုပ်ရန် ထုတ်ရောင်းသည့် အချိန်တွင် ရှိနေသည့် နွား၏ ခန္ဓာကိုယ်အလေးချိန်ကို Finish weight ဟု ခေါ်သည်။
မွေးမြူသည့် နွားမျိုး တစ်မျိုးနှင့်တစ်မျိုး ကြီးထွားနှုန်း၊ အသားအရည်အသွေး စသည်တို့ ကွာခြားရာ ထုတ်ရောင်းရမည့် အရွယ်အစား (Finish weight) မှာလည်း ကွာခြားမှု ရှိနိုင်ပါသည်။ ဥပမာအားဖြင့် အန်းဂတစ် (Angus) အသားစားနွားမျိုးများ အတွက် Finish weight မှာ ၅၇၀ - ၆၃၅ ကီလိုဂရမ် ဖြစ်သည်ဟု ဆိုပါသည်။ သို့ဖြစ်ရာ အသားစားနွားမျိုးများကို အသားတိုးမွေးမြူထုတ်လုပ်လိုသူများအနေဖြင့် မိမိမွေးမြူသည့် အသားစားနွားမျိုး တစ်ခုချင်းစီအလိုက် သတ်မှတ်ထားသော Finish weight များကို ကြိုတင်လေ့လာသိရှိထားရန် လိုအပ်ပါသည်။
သို့ရာတွင် မျိုးတစ်မျိုးချင်းစီအလိုက် သတ်မှတ်ထားသည့် Finish weight အပြင် ဈေးကွက်က လိုချင်သည့် အရွယ်အစား၊ အသားအရည်အသွေးနှင့် ဈေးကွက်ပေါက်ဈေး စသည်တို့ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါသည်။
အသားထုတ်လုပ်ရန် ရောင်းချချိန်၏ စီးပွားရေးအရ အရေးပါမှု
အသားတိုးမွေးမြူပြီးနောက် ထုတ်ရောင်းရမည့်အချိန်ကိုစဉ်းစားရာတွင် စီးပွားရေးအကျိုးအမြတ် ရရှိနိုင်မှုကို အဓိကထား၍ စဉ်းစားကြရမည် ဖြစ်ပါသည်။
နွားများ၏ ခန္ဓာကိုယ်ကြီးထွားမှုသဘာဝအရ ယင်းတို့၏ သက်တမ်းအစောပိုင်းကာလတွင် ကြီးထွားနှုန်း လျင်မြန်ပြီး၊ အသက်အရွယ်တစ်ခုရောက်သည့်အခါ ကြီးထွားနှုန်း နှေးကွေးရာမှ ရပ်တန့်သွားသည့် သဘောရှိပါ သည်။ လူများတွင် အရွယ်ရောက်ပြီး အသက် ၂၀-၂၅ နှစ် နောက်ပိုင်းတွင် အရပ်ဆက်မမြင့်လာတော့သည့် သဘောမျိုး ဖြစ်ပါသည်။ ယေဘုယျအားဖြင့် မွေးဖွားခါစမှ အသက် ၂.၅ - ၃ နှစ်ခန့်အထိ ကြီးထွားနှုန်း လျင်မြန်ပြီး၊ ယင်းနောက်ပိုင်းတွင် နှေးကွေးလာမည် ဖြစ်ပါသည်။ ထို့ကြောင့် နွားများကို အသက် ၃ နှစ်ထက် ပို၍ မွေးမြူမည် ဆိုပါက ကြီးထွားနှုန်းမှာ ရှေ့ ၃ နှစ်ကဲ့သို့ လျင်မြန်စွာ ရရှိနိုင်တော့မည် မဟုတ်ပါ။ ဆိုလိုသည်မှာ အသားစားနွားများ ကို အသားတိုးမွေးမြူပါက အသက် ၃ နှစ်ဝန်းကျင်တွင် ဈေးကွက်တင် ရောင်းချနိုင်ရန် လိုအပ်မည် ဖြစ်ပါသည်။

နွားများ အရွယ်အစားကြီးမားလာသည်နှင့်အမျှ ယင်းတို့၏ ကြီး ထွားလာသော ခန္ဓာကိုယ်၏ ပုံမှန်လုပ်ငန်းများကို ထိန်းသိမ်းဆောင်ရွက်ရန် (maintenance) လိုအပ်သည့် အာဟာရဓာတ်လည်း တိုးမြင့်လာပါသည်။ ထို့ ကြောင့် အရွယ်အစားကြီးမားလာသည်နှင့်အမျှ ကျွေးမွေးလိုက်သည့် အစာအာဟာရများအနက်မှ maintenance အတွက် သုံးစွဲသည့် အာဟာရဓာတ်ရာခိုင်နှုန်းမှာ ပိုမိုမြင့်မားလာမည် ဖြစ်ပါသည်။ ထို့ကြောင့် အသားထုတ်လုပ်ရန်အတွက် သုံးစွဲသည့် အာဟာရဓာတ်ရာခိုင်နှုန်း ကျဆင်းလာမည် ဖြစ်ပါသည်။
ဆိုလိုသည်မှာ ယခင်က အစာအာဟာရ ၁၀၀ ဖိုး ကျွေးမွေးလျှင် ခန္ဓာကိုယ်ပုံမှန်လုပ်ငန်းများ ထိန်းသိမ်းရန် ၅၀ ဖိုးနှင့် အသားထုတ်လုပ်ရန် ၅၀ ဖိုး သုံးစွဲရာမှ၊ ခန္ဓာကိုယ် အရွယ်အစားကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်ကို ထိန်း သိမ်းရန် ၇၀ ဖိုးနှင့် အသားထုတ်လုပ်ရန် ၃၀ ဖိုးသာ သုံးစွဲတော့မည် ဖြစ်ပါသည်။ ထိုအခြေအနေမျိုးသည် ဖြစ်ပေါ် လာပါက မွေးမြူသူအတွက် တွက်ချေကိုက်မှု လျော့နည်းလာမည် ဖြစ်ပါသည်။
ထို့ကြောင့် အစာမှအသားအဖြစ်သို့ ပြောင်းလဲနိုင်မှုနှုန်းထား စတင်ကျဆင်းလာချိန်၊ တနည်းအားဖြင့် နေ့ စဉ်အသားတက်နှုန်း စတင်ကျဆင်းလာချိန်သည် နွားများကို ရောင်းချရန် စဉ်းစားသင့်သည့် အချိန်ဖြစ်သည် ဟု ယေဘုယျ စဉ်းစားနိုင်ပါသည်။ နောက်ပိုင်း ကြာလာသည်နှင့်အမျှ အစာဖိုးက ပိုမိုကုန်ကျလာပြီး၊ အသားတက်နှုန်း က လျော့ကျလာမည်ဖြစ်ပါသည်။ ထို့အခါ စီးပွားရေးအရ တွက်ချေမကိုက်နိုင်တော့သည့် အနေအထားကို ရင်ဆိုင် ရမည် ဖြစ်ပါသည်။ ထိုအချိန် မရောက်သေးဘဲ ထုတ်ရောင်းပါကလည်း မိမိရနိုင်သေးသည့် အကျိုးအမြတ်များ မရတော့ဘဲ ဆုံးရှုံးသွားနိုင်သည်ကို သတိပြုရပါမည်။
နောက်ထပ် ထည့်သွင်းစဉ်းစားရမည့် အချက်မှာ အသားအရည်အသွေးဖြစ်ပါသည်။ နွားများ၏ အသက် ကြီးလာသည်နှင့်အမျှ ကြွက်သားမျှင်များ ကြီးထွားမာကြောလာကာ အသားအရည်အသွေး လျော့ကျလာမည် ဖြစ် ရာ အသားအရည်အသွေးကို ဦးစားပေးသော ဈေးကွက်တွင် ရောင်းပန်းမလှဘဲ ဈေးနှုန်းလျော့ကျပြီး အမြတ်အစွန်း ကို ထိခိုက်လာစေနိုင်ကြောင်း သတိပြုရပါမည်။
ဈေးကွက်တင်ရောင်းချရမည့်အချိန်ကို ဆုံးဖြတ်ရန် တိုင်းတာရမည့် အချက်များ
ပညာရှင်များက အသားတိုးမွေးထားသော နွားများကို ထုတ်ရောင်းရာတွင် ထည့်သွင်းစဉ်းစား တိုင်းတာရမည့် အချက် ၄ ချက်ကို အကြံပြုထားပါသည်။
(၁) အစာစားနှုန်း
ယေဘုယျအားဖြင့် ပုံမှန်အခြေအနေမှ အစာစားနှုန်း ကျဆင်းသွားသည့်အချိန်သည် သားသတ်ရုံသို့ ရောင်း ချရမည့်အချိန်ဟု သတ်မှတ်နိုင်ပါသည်။ ပုံမှန်စားနေသည့် ပမာဏအောက် သုံးပုံတစ်ပုံခန့် လျော့ကျသွားသည့်အခါ အသားတိုးမွေးမြူသည့်ကာလ ရပ်ဆိုင်းရမည့် အချိန်ဖြစ်ပါသည်။ တနည်းအားဖြင့် Dry Matter Intake မှာ ခန္ဓာ ကိုယ်အလေးချိန်၏ ၁- ၁.၅ ရာခိုင်နှုန်းခန့်သာ ရှိတော့သည့်အချိန် ဖြစ်ပါသည်။ ထိုနှုန်းထားထက်လည်း လျော့နည်း လာနိုင်ပါသည်။ သို့ဖြစ်ရာ အသားမွေးမြူထားသည့် နွားများ ၏ နေ့စဉ်အစာစားနှုန်း (Dry Matter Intake – DMI) ကို နေ့စဉ် တွက်ချက်နေရန် လိုအပ်ပါသည်။
(၂) Fattening index (အသားတိုးထုတ်လုပ်မှု အညွှန်းကိန်း)
Fattening index (အသားတိုးထုတ်လုပ်မှု အညွှန်းကိန်း) ကို တွက်ချက်၍လည်း အသားတိုးမွေးမြူခြင်းကို ရပ်ဆိုင်းကာ အသားအဖြစ် ထုတ်လုပ်မည်၊ သို့မဟုတ် ဆက်လက်မွေးမြူမည်ကို ဆုံးဖြတ်နိုင်ပါသည်။ Fattening Index ဆိုသည်မှာ အသားတိုးမွေးမြူထားသည့် နွား၏ ခန္ဓာကိုယ်အလေးချိန် (ကီလိုဂရမ်) ကို နွား၏အရပ်အမြင့် (မီ တာ) နှင့် စားပါက ရရှိလာသည့် ကိန်းဂဏန်းဖြစ်သည်။
Fattening Index = ခန္ဓာကိုယ်အလေးချိန် (ကီလိုဂရမ်) / နွား၏ အရပ်အမြင့် (မီတာ)
ယေဘုယျအားဖြင့် နွားသိုးများအတွက် Fattening Index ရလဒ် ၄၇၅ နှင့် နွားသင်း (သင်းကွပ်ထားသော နွားထီးများ) အတွက် Fattening Index ကို ၅၂၆ ဟု သတ်မှတ်ထားပါသည်။

သို့ရာတွင် Fattening Index မှာ အသားစားနွားမျိုး တစ်မျိုးနှင့် တစ်မျိုး အနည်းငယ် ကွာခြားမှု ရှိနိုင်သဖြင့် ဖော်ပြပါ ကိန်းဂဏန်းကို ယေဘုယျလမ်းညွှန်ချက် အဖြစ်သာ အသုံးပြုသင့်ပါသည်။ မိမိမွေးမြူသော အသားစားနွား မျိုးအလိုက် သတ်မှတ်ထားသည့် Fattening Index ကို အတိအကျ အသုံးပြုသင့်ပါသည်။ အထူးသဖြင့် မျိုး တစ်မျိုး ချင်းစီ၏ ထူးခြားချက်လက္ခဏာများ၊ ကြီးထွားနှုန်း၊ ခန္ဓာကိုယ်တွင်ရှိနေသည့် အဆီအချိုးအစား စသည်တို့ပေါ် မူ တည်၍ Fattening Index ကို ချိန်ညှိလေ့ ရှိကြပါသည်။
(၃) ခန္ဓာကိုယ်ဆူဖြိုးမှုနှင့် အဆီတွယ်ကပ်မှု (Body shape and fat deposition)
ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုချင်းစီ၏ အဆီတွယ်ကပ်မှုပေါ် မူတည်၍လည်း ရောင်းချရမည့်အချိန်ကို သုံး သပ်နိုင်ပါသည်။ အဆီတွယ်ကပ်မှုကို မျက်မြင်စစ်ဆေးခြင်း၊ လက်ဖြင့်စမ်းသပ်ခြင်းနှင့် အယ်လ်ထရာဆောင်း (Ultrasound) ဖြင့် စစ်ဆေးခြင်းတို့ဖြင့် သိရှိနိုင်ပါသည်။
မျက်မြင်စစ်ဆေးကာ အဆီထူထပ်မှုကို သုံးသပ်ခြင်း (Visual assessment)

နံရိုးများ ပေါ်လွင်နေခြင်း ရှိ/မရှိ၊ ကြွက်သားမြှောင်းများကြား အဆီတွယ်ကပ်နေသည့် အနေအထား၊ အမြှီး ရင်းနေရာတွင် အဆီစုပုံနေခြင်း ရှိ/မရှိနှင့် အခြားနေရာများတွင် အဆီဝင်ရောက်တွယ်ကပ်နေမှုတို့ကို ကြည့်ရှုစစ် ဆေးရမည် ဖြစ်ပါသည်။
လက်ဖြင့် ကိုင်တွယ်စစ်ဆေးခြင်း (Manual assessment)
ခန္ဓာကိုယ်ရှိ အရိုးနှင့် အရေပြား တိုက်ရိုက်ထိတွေ့ကာ ကြွက်သားတွယ်ဆက်ထားခြင်း မရှိသည့်နေ ရာများ ကို ရွေးချယ်ကာ လက်ဖြင့် ထိတွေ့စမ်းသပ်ကြည့်နိုင်ပါသည်။ ယင်းနေရာများသည် ပုံမှန်အားဖြင့် အရေပြား အောက်တွင် ကြွက်သားများ ရှိမနေဘဲ အရိုးကို တိုက်ရိုက်စမ်းသပ်နိုင်သည့် နေရာများ ဖြစ်ပါသည်။ ယင်းနေရာများ ကို လက်ဖြင့် ကိုင်တွယ်ထိတွေ့ စမ်းသပ်ကြည့်ပါက အရိုးကို တိုက်ရိုက်မတွေ့ရှိရပါက အဆီတွယ်ကပ်နေပြီ ဖြစ် ကြောင်း သိရှိနိုင်ပြီး ယင်းအဆီလွှာ၏ ထူထပ်မှုကို တိုင်းတာနိုင်ပါသည်။

ယင်းနေရာများတွင် ပျော့အိမှု (softness) မရှိပါက P8 Site တွင် အဆီလွှာ ထူထပ်မှုမှာ ၄ မီလီမီတာ ၏ အောက်တွင်သာ ရှိသည်ဟု ယူဆနိုင်ပါသည်။ အကယ်၍ အနည်းငယ် ပျော့ပြောင်းနေသည်ကို ခံစားရပါက အဆီ လွှာ၏ ထူထပ်မှုမှာ ၄ - ၇ မီလီမီတာ ရှိသည်ဟု ယူဆနိုင်ပါသည်။ အကယ်၍ သိသိသာသာ ပျော့ပြောင်းနေပါက အ ဆီလွှာသည် ၇ မီလီမီတာ အထက် ထူထဲနေသည်ဟု ယူဆနိုင်ပါသည်။ သို့ရာတွင် လက်ဖြင့် စမ်းသပ်ကာ အဆီလွှာ ထူထပ်မှုကို ဆုံးဖြတ်ခြင်းမှာ ကျွမ်းကျင်မှု ရှိရန် လိုအပ်ပြီး၊ စမ်းသပ်မှု ရလဒ်ကို Ultrasound ရလဒ်များနှင့် နှိုင်းယှဉ် ကာ ကွဲလွဲမှု ရှိ၊ မရှိ မကြာခဏ စစ်ဆေးနေရန် လိုအပ်ပါသည်။
ဝယ်လက်နှင့် ဈေးကွက်၏ ကိုက်နှစ်သက်မှုပေါ်မူတည်၍ အဆီထူထပ်မှုမည်မျှ ထားရှိရမည်ကို ဆုံးဖြတ်ရ မည် ဖြစ်ပါသည်။ ယေဘုယျအားဖြင့် အသက်အရွယ်နှင့် အရွယ်အစားကြီးမားလာသည်နှင့်အမျှ အသားထက် အဆီ ထူထပ်မှုက ပိုမိုမြင့်မားလာသည်ကို သတိပြုရပါမည်။
(၄) ဈေးကွက်အခြေအနေ
ဈေးကွက်တင်ရောင်းချရာတွင် ဈေးကွက်၏ အခြေအနေသည် အမြတ်အစွန်းအပေါ် များစွာ သက်ရောက် မှု ရှိပါသည်။ ပွဲလမ်းသဘင်များ၊ ဘာသာရေးပွဲတော်များကြောင့် အမဲသားစားသုံးမှု မြင့်မာလးလာချိန်တွင် အမဲသား ဈေးနှုန်း မြင့်တက်လာလေ့ရှိရာ ယင်းအချက်ကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါသည်။
သတိပြုရန်
ဆောင်းပါးပါ အချက်အလက်များမှာ တရုတ်နိုင်ငံတွင် လေ့လာခဲ့ရသည့်အချက်အလက်များကို အခြား စာအုပ်စာတမ်းများနှင့် ချိန်ထိုးကာ မြန်မာ့မွေးမြူသူများ လေ့လာနိုင်ရန် စုစည်းတင်ပြထားခြင်းသာ ဖြစ်ပါသည်။ မြန်မာ့အခြေအနေနှင့် ကိုက်ညီသည့် အသေးစိတ် အချက်အလက်များကို မွေးမြူသူများ၊ အသင်းအဖွဲ့များ၊ အစိုးရဌာနများက လေ့လာသုတေသနပြုကာ ရှာဖွေဖော်ထုတ်ရန် လိုအပ်မည် ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးကျော်စိုးလင်း
6 months agoကျွန်တော်နွားမွေးထားတာ မ၀လို့ပါ အစာကတော့ မြက် ကောက်ရိုး မတ်ပဲမှော်တွေကျွေးပါတယ် ဘယ်လိုကြောင့်လဲ ခမျာ ၀အောင်ဘယ်လိုပုံစံအချိုးအစားကျွေးရမလဲဆရာ
Dr. မောင်စိုးမိုး
7 months agoRuminants များအတွက် အကျိုးကျေးဇူးများ ၁။ အစာခြေစနစ် ကျန်းမာရေး · Rumen Microflora ညီမျှခြင်း: ကျေးဇူးပြုဘက်တီးရီးယားများ ပေါက်ပွားမှုကို အားပေးခြင်း · pH Level ထိန်းညှိခြင်း: Lactic Acid Accumulation ကို ကာကွယ်ပေးခြင်း · Fiber ချေဖျက်နိုင်စွမ်း မြင့်တက်ခြင်း: Cellulolytic Bacteria များ ပေါက်ပွားမှု ကောင်းမွန်ခြင်း ၂။ အာဟာရဓာတ် စုပ်ယူမှု · Volatile Fatty Acids (VFA) ထုတ်လုပ်မှု မြင့်တက်ခြင်း · အစာမှ စွမ်းအင်ရရှိမှု ပိုမိုကောင်းမွန်ခြင်း · အစာစားချင်စိတ် (Feed Intake) ကောင်းမွန်ခြင်း ၃။ ကျန်းမာရေး ကောင်းမွန်ခြင်း · ခုခံအားစနစ် မြှင့်တင်ခြင်း · အူနံရံ ကျန်းမာရေး ကောင်းမွန်ခြင်း · ရောဂါကူးစက်မှု လျှော့ချပေးခြင်း Probio containing LAB ( Lactic Acid Bacterias ) 10^10 CFU & Saccharomyces 10^9 CFU / Kg ( Tapioca Carrier ) Please see <a href="https://www.facebook.com/share/1BW7fRvVmL">https://www.facebook.com/share/1BW7fRvVmL</a> အသုံးပြုနည်း နည်းလမ်းများ နည်းလမ်း (၁) - TMR / နေ့စဉ်အစာရောစပ်ခြင်း (အကောင်းဆုံးနည်းလမ်း) အသုံးပြုပုံ: · နွားတစ်ကောင်လျှင် 10-15 gram/g နှုန်း · TMR Mixer အတွင်း အစာများနှင့် ရောစပ်ပါ · အနည်းဆုံး 5-10 မိနစ်ခန့် သေချာရောမွှေပါ အားသာချက်များ: · ညီမျှသော ဖြန့်ဖြူးမှု · အလုပ်သက်သာခြင်း · စွမ်းဆောင်ရည် တိုးတက်ခြင်း နည်းလမ်း (၂) - ရေဖျော်၍ ဖြန်းခြင်း (စျေးသက်သာပြီး ထိရောက်သောနည်း) အသုံးပြုပုံ: · Probio P 100 gram ကို ရေ 1-2 လီတာဖျော်ပါ · စိမ်းစား/ခြောက်စာပေါ်သို့ ဖြန်းကျဲပါ · ဖျော်ပြီး 24 နာရီအတွင်း အသုံးပြုပါ အားသာချက်များ: · စျေးပိုသက်သာခြင်း · အကျိုးသက်ရောက်မှုမြန်ခြင်း · လွယ်ကူသောနည်းလမ်း နည်းလမ်း (၃) - Silage Inoculant အဖြစ် အသုံးပြုခြင်း (အလွန်တန်ဖိုးရှိသောနည်း) အသုံးပြုပုံ: · Silage 1 တန်လျှင် Probio P 100-200 gram · ရေဖျော်၍ စိမ်းစားပေါ်ဖြန်းပါ · လေလုံအောင် ပြုလုပ်သိမ်းဆည်းပါ အားသာချက်များ: · Silage အရည်အသွေး မြင့်မားခြင်း · အာဟာရဓာတ် ဆုံးရှုံးမှု နည်းပါးခြင်း · တိရစ္ဆာန်များ ကြိုက်နှစ်သက်ခြင်း ဆေးပမာဏ (Dosage) သတ္တဝါအမျိုးအစား နေ့စဉ်ကျွေးရန် ပမာဏ ကျွေးရမည့်ကာလ လူကြီးနွား/ကျွဲ 10-15 gram/တစ်ကောင် နေ့စဉ် ပုံမှန်ကျွေးရန် ကလေးနွား/ကျွဲ 5-10 gram/တစ်ကောင် နေ့စဉ် ပုံမှန်ကျွေးရန် သိုး/ဆိတ် 2-5 gram/တစ်ကောင် နေ့စဉ် ပုံမှန်ကျွေးရန် အထူးအသုံးပြုရမည့် အခြေအနေများ ၁။ အစာပြောင်းလဲကျွေးမွေးချိန် · အစာအသစ်သို့ ပြောင်းလဲကျွေးသည့် အချိန် 1-2 ပတ် ကြိုတင်၍ စတင်ကျွေးပါ ၂။ စိတ်ဖိစီးမှုများသော အချိန်များ · ခွဲစိတ်ကုသခြင်း · ကားစီးခြင်း · နေရာပြောင်းရွှေ့ခြင်း · ရာသီဥတုပြင်းထန်ခြင်း ၃။ ပဋိဇီဝဆေး အသုံးပြုပြီးချိန် · ပဋိဇီဝဆေး ကျွေးမွေးပြီး 2-3 ရက်ကြာမှ စတင်ကျွေးပါ · အူအတွင်း ကျေးဇူးပြုဘက်တီးရီးယားများ ပြန်လည်ဖြည့်တင်းရန် သိထားရမည့် အချက်များ ၁။ သိုလှောင်သိမ်းဆည်းမှု · ခြောက်သွေ့အေးမြသော နေရာတွင် သိမ်းဆည်းပါ · နေရောင်တိုက်ရိုက်မကျသော နေရာတွင် ထားပါ · လေလုံသော ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးထားပါ ၂။ ရှောင်ကြဉ်ရမည့် အချက်များ · ရေနွေးပူပူ/ဆူပွက်နေသော ရေနှင့် မရောမွှေပါနှင့် · ပဋိဇီဝဆေးများနှင့် တစ်ချိန်တည်း မကျွေးပါနှင့် · ထုပ်ပိုးအိတ်ကို ကြာရှည်စွာ ဖွင့်မထားပါနှင့် ၃။ အောင်မြင်သော အသုံးပြုမှုအတွက် အကြံပြုချက်များ · ပုံမှန်ကျွေးမွေးမှုသည် သော့ချက်ဖြစ်သည် · ညွှန်ကြားချက်အတိုင်း မှန်ကန်စွာ အသုံးပြုပါ · ယုံကြည်ရသော ထုတ်လုပ်သူမှ ထုတ်ကုန်ကို ရွေးချယ်ဝယ်ယူပါ နိဂုံးချုပ် Probio P သည် Ruminants များ၏ အစာခြေစနစ်၊ ကျန်းမာရေးနှင့် ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်သော ထိရောက်သည့် Probiotic ဖြစ်ပါသည်။ ညွှန်ကြားချက်အတိုင်း မှန်ကန်စွာ အသုံးပြုပါက မွေးမြူရေးလုပ်ငန်းအတွက် စီးပွားရေးအရ အကျိုးအမြတ်ကောင်းမွန်စေမည်ဖြစ်ပါသည်။
ဦးငြိမ်းချမ်းအောင်
10 months agoနွားဝမယ့်အစာလေးညွှန်ပြပေးပါ
Related questions
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ဖားမွှေးမြူရေးအားမည်သည့်အချိန်စသင့်သနည်း။
Aung Thet Myo • 1 answers
နွားချောင်းဆိုးသာ ဘယ်လိုလုပ်ရမလဲဗျ ပြောပြပါအုံး
hein gyi • 0 answers
နွားအစားပြတ်နေလို့ ဘယ်လိုလုပ်ရမလဲဗျ
hein gyi • 3 answers
cpကြက်နဲ့ငါးတွဲးမွေးချင်လို့ဘယ်လိုငါးမျိုးနဲ့တွဲးမွေးသင့်လည်းဗျ
ဇလွန်သား • 1 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်ခိုင်
See all
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025
လူ့အမြင်..နွားအမြင်
08/08/2025