နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
နို့စားနွားမွေးမြူရေးလုပ်ငန်းသည် စီးပွားရေးအတွက်လည်းကောင်း၊ စားနပ်ရိက္ခာဖူလုံရေးအတွက်လည်းကောင်း ရေရှည်တည်တံ့နိုင်စွမ်းရှိသော လုပ်ငန်းတစ်ရပ်ဖြစ်ပါ၏။ သို့ရာတွင် နို့စားနွားမွေးမြူရေးလုပ်ငန်းများ ရေ ရှည်ရှင်သန်ရပ်တည်နိုင်ရန် ဆိုလျှင်မူ မွေးမြူထားသည့် နို့စားနွားများအတွက် သင့်လျော်မှန်ကန်သောအစာ ကို ပမာဏအလုံအလောက် ရရှိရေးအောင် ဆောင်ရွက်ပေးရန် မဖြစ်မနေ လိုအပ်ပါလိမ့်မည်။
နို့စားနွားများအတွက် လိုအပ်သည့် အစာ၊ အာဟာရများကို ကြိုတင်မစဉ်းစားထားဘဲ နို့စား နွားမွေးမြူရေး လုပ်ကိုင်မည်ဆိုပါက လုပ်ငန်းအောင်မြင်ရန် မလွယ်ကူပေ။ ထို့ကြောင့် မွေးမြူထားသည့် နို့စားနွားမ များအတွက် အစာလိုအပ်ချက်ကို ကြိုတင်တွက်ချက်ထားရန် လိုအပ်ပါသည်။
သို့ဆိုလျှင် နို့စားနွားမတစ်ကောင်သည် နေ့စဉ် အစာပမာဏ မည်မျှစားသုံးနိုင်သနည်း ဆိုသည့်အချက်ကို သိရှိနိုင်ရန် လိုအပ်ပါသည်။
ကြက်မွေးမြူရေး၊ ဝက်မွေးမြူရေး လုပ်ငန်းများတွင် မွေးမြူသူများအနေဖြင့် ကြက်တစ်ကောင်၊ ဝက်တစ် ကောင် မည်သည့်အသက်အရွယ်တွင် အစာမည်မျှစားသောက်နိုင်သည်ကို သိရှိထားကြပါသည်။ မသိရှိသေးလျှင် လည်း ယင်းအချက်အလက်ကို သက်ဆိုင်ရာ ကြက်မျိုး၊ ဝက်မျိုး ရောင်းချသည့် ကုမ္ပဏီများ၊ အစာကုမ္ပဏီများက လမ်းညွှန်စာစောင်များထုတ်ကာ အသိပေးလေ့ ရှိကြပါသည်။ ထို့ကြောင့် နေ့စဉ်အစာလိုအပ်ချက် မည်မျှရှိမည်ကို ကြိုတင်တွက်ချက်ကာ ပြင်ဆင်ထားနိုင်ပါသည်။
ဥပမာအားဖြင့် ဥစားကြက်တစ်ကောင်သည် တစ်ရက်လျှင် အစာ ၁၁၀ ဂရမ် စားသုံးသည် ဆိုပါစို့။ ဥစား ကြက် အကောင် ၅၀၀၀ မွေးမြူထားပါက တစ်ရက်လျှင် အစာ ၅၅၀,၀၀၀ ဂရမ် (၅၅၀ ကီလိုဂရမ် = ၁၁ အိတ်) ကုန် ကျမည်ဟု ခန့်မှန်းတွက်ချက်ထားနိုင်ပါသည်။
နို့စားနွားမွေးမြူရေးတွင်မူ ထိုသို့တွက်ချက်ထားသည့် အချက်အလက်များ အလွယ်တကူ မရရှိနိုင်သကဲ့သို့ နို့စားနွားမွေးမြူရေးတွင်လည်း များစွာ ထည့်သွင်းစဉ်းစားခြင်း မရှိကြသေးသည်ကို သတိပြုမိပါသည်။ ယခုဆောင်း ပါးတွင် ယင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားအားထုတ်ကြည့်လိုပါသည်။
ပထမဦးစွာ နို့စားနွားမတစ်ကောင် တစ်ရက်တာအတွင်း အစာမည်မျှစားသုံးနိုင်သည်ကို မည်သို့တိုင်းတာ မည်နည်း ဆိုသည့်အချက် က စတင် လေ့လာကြည့်ကြပါမည်။
Voluntary Feed Intake
နို့စားနွားမတစ်ကောင် အမှန်တကယ် စားသုံးနိုင်သည့် အစာပမာဏ ကို Voluntary Feed Intake (VFI) ခေါ်ပါသည်။ တိတိကျကျပြောရလျှင် နို့စားနွားတစ်ကောင်ကို အစာပမာဏ ကန့်သတ်ချက်မထားဘဲ ၂၄ နာရီ အတွင်း အချိန်ပြည့် ကြိုက်နှစ် သက်သလောက် စားသောက်နိုင်အောင် စီမံကျွေးမွေးပြီး ယင်းသို့ကျွေးမွေးသည့် ပမာဏ၏ ၁၀ ရာခိုင်နှုန်းမှာ အစာကျန်အဖြစ် ပိုလျှံနေရပါမည်။ ယင်းအခြေအနေတွင် နွားမက အမှန်တကယ်စား သုံးသွားသည့် အစာပမာဏကို Voluntary Feed Intake ဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။
ဥပမာ နို့စားနွားမတစ်ကောင်အား ၂၄ နာရီအတွင်း အစာပမာဏကို ကန့်သတ်မထားဘဲ စိတ်ကြိုက် စား နိုင်အောင်ကျွေးမွေးသည့်အခါ အစာ ၄၀ ကီလိုဂရမ် ကျွေးမွေးဖြစ်သည် ဆိုပါစို့။
၂၄ နာရီ ပြည့်မြောက်ပြီး နောက်တစ်ရက်ရောက်သည့်အခါ အစာ ၄ ကီလိုဂရမ် ကျန်ရှိနေပါက အစာကျန် ပမာဏ ၁၀ ရာခိုင်နှုန်း (10% refusal rate) ဟု သတ်မှတ်ပါသည်။
နို့စားနွားမက အမှန်တကယ် စားသုံးသွားသော အစာပမာဏ ၃၆ ကီလိုဂရမ်မှာ Voluntary Feed Intake ဖြစ်ပါသည်။
အကယ်၍ refusal rate မှာ ၁၀ ရာခိုင်နှုန်းအောက် လျော့နည်းပါက နွားမအတွက် Voluntary Feed Intake တွက်ချက်ရန် လုံလောက်သည့် အစာပမာဏ မရောက်ရှိသေး ဟု မှတ်ယူနိုင်ပါသည်။
ဥပမာ နို့စားနွားမတစ်ကောင်အား ၂၄ နာရီအတွင်း အစာပမာဏကို ကန့်သတ်မထားဘဲ စိတ်ကြိုက်စား နိုင်အောင်ကျွေးမွေးသည့်အခါ အစာ ၄၀ ကီလိုဂရမ် ကျွေးမွေးဖြစ်သော်လည်း ၂၄ နာရီပြည့်ပြီးနောက် နွားမက အစာ ၃၈ ရီလိုဂရမ် စားသုံးသွားကာ၊ အစာကျန်ပမာဏ (refusal rate) မှာ ၂ ကီလိုဂရမ် (၅ ရာခိုင်နှုန်း) သာ ရှိသည် ဆိုပါစို့။
ယင်းနွားမ၏ Voluntary Feed Intake ကို ၃၈ ကီလိုဂရမ် ဟု မမှတ်ယူနိုင်ပါ။
အစာကျန်ပမာဏမှာ ၁၀ ရာခိုင်နှုန်းအောက် လျော့နည်းနေသေးသဖြင့် ယင်းနွားမအား ကျွေးမွေးသော အစာ မလုံလောက်သေးဟု မှတ်ယူရပါမည်။ အကယ်၍ နွားမအား refusal rate ၁၀ ရာခိုင်နှုန်း အစာကျန်ရှိသည် အထိ အစာပမာဏ တိုးမြှင့်ကျွေးမွေးမည် ဆိုပါက Voluntary Feed Intake မှာ ၃၈ ကီလိုဂရမ်ထက် ပိုမိုမြင့်မား လာနိုင်ပါသည်။
Voluntary Feed Intake သည် နွားမက အမှန်တကယ်စားသုံးနိုင်သည့် အစာပမာဏ ပင် ဖြစ်ပါသည်။ VFI ကို ပြောဆိုရာတွင် နွားမက စားသုံးသွားသည့် အစာ၏ အလေးချိန်ကို အစာအတိုင်း (as-Fed) ချိန်တွယ်၍ တွက် ချက် ပြောဆိုခြင်းသာ ဖြစ်ပါသည်။ တနည်းအားဖြင့် ယင်းမှာ အစာစိုစားသောက်နှုန်း (Fresh Matter Intake – FMI) သာ ဖြစ်ပါသည်။
Fresh matter intake (kg/d, FMI) = ကျွေးမွေးသည့် အစာပမာဏ - အစာကျန်ပမာဏ
နို့စားနွားများ၏ အစာစားနှုန်း၊ အာဟာရလိုအပ်ချက်၊ အစာမှ နို့အဖြစ်သို့ပြောင်းလဲပေးနိုင်စွမ်း စသည်တို့ ကို လက်တွေ့တွက်ချက်ရာတွင် အစာစိုစားသောက်နှုန်း (FMI) ကို အသုံးပြု၍ မရပါ။ ယင်းအစား အစာထဲတွင် ပါ ဝင်နေသည့် အစိုဓာတ် (သို့မဟုတ်) ရေပါဝင်မှုကို နှုတ်ပယ်ပြီး ကျန်ရှိသည့် အခြောက်ဓာတ် (Dry Matter Intake - DMI) ပေါ်တွင် မူတည်ကာ တွက်ချက်ရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် နို့စားနွားများ၏ Dry Matter Intake ကို သိရှိရန် လို အပ်ပါသည်။
Dry Matter Intake ကို သိရှိလိုပါက FMI ကို အစာတွင်ပါဝင်သည့် အခြောက်ဓာတ် ရာခိုင်နှုန်းဖြင့် မြှောက် ပေးရမည် ဖြစ်ပါသည်။
Dry matter intake (kg/d, DMI) = FMI x အစာတွင်ပါဝင်သည့် အခြောက်ဓာတ် %
ဥပမာ နွားမတစ်ကောင်၏ တစ်ရက်တာ FMI မှာ ၃၀ ကီလိုဂရမ် ဖြစ်ပြီး ထိုအစာထဲတွင် အခြောက်ဓာတ် ၄၀ ရာခိုင်နှုန်းပါဝင်မည်ဆိုပါက ယင်းနွားမ၏ Dry Matter Intake DMI မှာ ၁၂ ကီလိုဂရမ် ဖြစ်ပါသည်။

အစာလိုအပ်ချက် ကြိုတင်ခန့်မှန်းခြင်း
နို့စားနွားမွေးမြူသူတစ်ဦးအတွက် မိမိ၏ နို့စားနွားခြံအတွက် အစာလိုအပ်ချက်ကို ကြိုတင်တွက်ချက်ကာ အစာကြမ်း၊ အစာနုများ ကြိုတင်ပြင်ဆင်ထားခြင်းဖြင့် ရာသီတိုင်းတွင် အစာပြတ်လပ်မှုမရှိဘဲ ပုံမှန်ကျွေးမွေးကာ နို့ထုတ်လုပ်မှုကို ထိန်းသိမ်းထားနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် မိမိ၏ နွားခြံတွင် ရှိမည့်နွားကောင်ရေ၊ နွားမများ ၏ ကိုယ်အလေးချိန်၊ နို့ထုတ်လုပ်မှုတို့ပေါ်မူတည်၍ အစာလိုအပ်ချက်ကို ကြိုတင်တွက်ချက်ထားရပါမည်။
ထို့နည်းတူစွာပင် နို့စားနွားမွေးမြူရေးလုပ်ငန်း စီမံကိန်းများ ရေးဆွဲချမှတ်သူများအနေဖြင့်လည်း မိမိတို့၏ စီမံကိန်းအရ မွေးမြူမည့် နွားကောင်ရေ၊ နို့ထုတ်လုပ်မှု ရည်မှန်းချက်တို့ပေါ်မူတည်၍ အစာလိုအပ်ချက်ကို ကြိုတင် ပြင်ဆင်ရေးဆွဲထားရန် လိုအပ်မည် ဖြစ်ပါသည်။
ယေဘုယျအားဖြင့် နို့စားနွားမများ၏ နေ့စဉ် DMI မှာ ခန္ဓာကိုယ်အလေးချိန်၏ ၃ - ၄ ရာခိုင်နှုန်းခန့် ဖြစ် သည်ဟု အကြမ်းသဘော မှတ်သားထားနိုင်ပါသည်။ ဥပမာ ခန္ဓာကိုယ်အလေးချိန် ၄၀၀ ကီလိုဂရမ် ရှိသော နို့စားနွားမ တစ်ကောင် ၏ DMI သည် ၁၂ - ၁၆ ကီလိုဂရမ်ခန့် ဖြစ်မည် ဟု ယူဆနိုင်ပါသည်။ သို့သော် ယင်းမှာ အကြမ်းသဘောသာ ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေကာမူ နို့စားနွားမွေးမြူရေးအတွက် အစာကို ကြိုတင်ပြင်ဆင်ထားရန် ရည်ရွယ်ပါက မိမိ မွေးမြူထားသည့် နို့စားနွားမများ၏ အလေးချိန်ကို မူတည်ကာ နေ့စဉ် အစာ အခြောက်ဓာတ် မည်မျှလိုအပ်မည်၊ တစ်လစာ မည်မျှစုဆောင်းထားသင့်သည် စသည်ဖြင့် ကြိုတင်ပြင်ဆင်ထားနိုင်မည် ဖြစ်ပါသည်။
ဥပမာ မိမိ၏ နို့စားနွားခြံတွင် အလေးချိန် ကီလိုဂရမ် ၄၀၀ ရှိသော နွားမ ၅ ကောင်နှင့် ကီလိုဂရမ် ၃၀၀ ရှိ သော နွားမ ၅ ကောင် ရှိသည်ဆိုပါစို့။ နေ့စဉ်လိုအပ်မည့် အစာ အခြောက် ဓာတ်ပမာဏမှာ ၁၀၅ - ၁၄၀ ကီလိုဂရမ် ဖြစ် ပါသည်။ တစ်လစာ အစာအခြောက်ဓာတ်ပမာဏမှာ ၃၁၅၀ - ၄၂၀၀ ကီလိုဂရမ် ဖြစ်ပါသည်။
ခန္ဓာကိုယ်အလေးချိန် >>
(၄၀၀ ကီလိုဂရမ် x ၅ ကောင်) + (၃၀၀ ကီလိုဂရမ် x ၅ ကောင်) = ၃၅၀၀ ကီလိုဂရမ်
အစာအခြောက်ဓာတ်လိုအပ်ချက် >>>
၃၅၀၀ ကီလိုဂရမ် x ၃% = ၁၀၅ ကီလိုဂရမ်/တစ်ရက် (၃,၁၅၀ ကီလိုဂရမ်/တစ်လ)
၃၅၀၀ ကီလိုဂရမ် x ၄% = ၁၄၀ ကီလိုဂရမ်/တစ်ရက် (၄,၂၀၀ ကီလိုဂရမ်/တစ်လ)
အကယ်၍ ယင်းနွားမများကို အခြောက်ဓာတ် ၄၀ ရာခိုင်နှုန်း၊ အစိုဓာတ် ၆၀ ရာခိုင်နှုန်း ပါဝင်သည့် အစာနု-အစာကြမ်းရောမွှေစာ (Total Mixed Ration – TMR) ကျွေးမွေးမည် ဆိုပါက တစ်ရက်လျှင် TMR အစို ၂၆၂.၅ - ၃၅၀ ကီလိုဂရမ် လိုအပ်မည် ဖြစ်ပြီး၊ တစ်လလျှင် TMR အစို ၇၈၇၅ - ၁၀,၅၀၀ကီလိုဂရမ် (၈ - ၁၁ တန်) လိုအပ်မည် ဖြစ် ပါသည်။ ယင်းမှာ DMI ကို မူတည်၍ FMI ကို တွက်ထုတ်ထားခြင်းပင် ဖြစ်ပါသည်။
FMI ခန့်မှန်းချက် = ခန့်မှန်းတွက်ချက်ထားသော DMI ÷ အစာတွင်ပါဝင်သည့် အခြောက်ဓာတ် %)
FMI ခန့်မှန်းချက် = ၁၀၅ ကီလိုဂရမ် ÷ ၄၀% = ၂၆၂.၅ ကီလိုဂရမ်
FMI ခန့်မှန်းချက် = ၁၄၀ ကီလိုဂရမ် ÷ ၄၀% = ၃၅၀ ကီလိုဂရမ်
ပိုမိုတိကျစွာ ခန့်မှန်းနိုင်ရန် ထည့်သွင်းစဉ်းစားရမည့် အချက်များ
DMI ကို နို့စားနွားများ ခန္ဓာကိုယ်အလေးချိန်၏ ၃ ရာခိုင်နှုန်း ဟု သတ်မှတ်ခြင်းမှာ အကြမ်းသဘောသာဖြစ် ပြီး၊ ပိုမိုတိကျစွာ ခန့်မှန်းမည်ဆိုပါက ထပ်မံထည့်သွင်းစဉ်းစားရမည့် အချက်များစွာ ရှိပါသေးသည်။ ဥပမာ နွားမ၏ နို့ထုတ်လုပ်မှုနေခြင်း ရှိ/မရှိ၊ နို့ထုတ်လုပ်ပေးနေပါက ထုတ်လုပ်မှုပမာဏ၊ နို့ထုတ်သက်တမ်း (နို့ပေးပြီးသည့်ရက် ပေါင်း)၊ နွားမများအား မွေးမြူထားသည့် ပတ်ဝန်းကျင်အပူချိန် တို့ပေါ်တွင် မူတည်၍ DMI မှာ ကွာခြားမှု ရှိသွားမည် ဖြစ်ပါသည်။ ယင်းအချက်များအပေါ် မူတည်၍ DMI ပြောင်းလဲပုံကို ဆက်လက်ဆွေးနွေးသွားပါဦးမည်။
ယခုဆောင်းပါးကို ဖတ်ရှုမိသည့် မွေးမြူသူမိတ်ဆွေများအနေဖြင့် နို့စားနွားမွေးမြူရေးအတွက် အစာလို အပ်ချက်ကို ကြိုတင်တွက်ဆထားရမည်၊ တွက်ဆနိုင်မည့်နည်းလမ်း ရှိသည်ဆိုသည့် အဓိကအချက်ကို ဖမ်းဆုပ်မိ နိုင်ကြမည်ဟု ယူဆပါသည်။ နို့စားနွားမွေးမြူရေးစီမံကိန်း ချမှတ်သူများအနေဖြင့်လည်း နွားကောင်ရေ တိုးတက် ရေး၊ နို့ထုတ်လုပ်နိုင်ရေးတို့ကို မစဉ်းစားမီ၊ နွားကောင်ရေမည်မျှအတွက် အစာမည်မျှလိုအပ်မည်၊ ယင်းအစာလိုအပ် ချက်ကို မည်သို့ထုတ်လုပ်မည် ကို ကြိုတင်စဉ်းစားကာ စီမံချက်ချ ဆောင်ရွက်ရမည်ဟူသော သတင်းစကားကို ကြားလိုက်ရမည်ဟု ယုံကြည်ပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Dr. မောင်စိုးမိုး
7 months agoRuminants များအတွက် အကျိုးကျေးဇူးများ ၁။ အစာခြေစနစ် ကျန်းမာရေး · Rumen Microflora ညီမျှခြင်း: ကျေးဇူးပြုဘက်တီးရီးယားများ ပေါက်ပွားမှုကို အားပေးခြင်း · pH Level ထိန်းညှိခြင်း: Lactic Acid Accumulation ကို ကာကွယ်ပေးခြင်း · Fiber ချေဖျက်နိုင်စွမ်း မြင့်တက်ခြင်း: Cellulolytic Bacteria များ ပေါက်ပွားမှု ကောင်းမွန်ခြင်း ၂။ အာဟာရဓာတ် စုပ်ယူမှု · Volatile Fatty Acids (VFA) ထုတ်လုပ်မှု မြင့်တက်ခြင်း · အစာမှ စွမ်းအင်ရရှိမှု ပိုမိုကောင်းမွန်ခြင်း · အစာစားချင်စိတ် (Feed Intake) ကောင်းမွန်ခြင်း ၃။ ကျန်းမာရေး ကောင်းမွန်ခြင်း · ခုခံအားစနစ် မြှင့်တင်ခြင်း · အူနံရံ ကျန်းမာရေး ကောင်းမွန်ခြင်း · ရောဂါကူးစက်မှု လျှော့ချပေးခြင်း Probio containing LAB ( Lactic Acid Bacterias ) 10^10 CFU & Saccharomyces 10^9 CFU / Kg ( Tapioca Carrier ) Please see <a href="https://www.facebook.com/share/1BW7fRvVmL">https://www.facebook.com/share/1BW7fRvVmL</a> အသုံးပြုနည်း နည်းလမ်းများ နည်းလမ်း (၁) - TMR / နေ့စဉ်အစာရောစပ်ခြင်း (အကောင်းဆုံးနည်းလမ်း) အသုံးပြုပုံ: · နွားတစ်ကောင်လျှင် 10-15 gram/g နှုန်း · TMR Mixer အတွင်း အစာများနှင့် ရောစပ်ပါ · အနည်းဆုံး 5-10 မိနစ်ခန့် သေချာရောမွှေပါ အားသာချက်များ: · ညီမျှသော ဖြန့်ဖြူးမှု · အလုပ်သက်သာခြင်း · စွမ်းဆောင်ရည် တိုးတက်ခြင်း နည်းလမ်း (၂) - ရေဖျော်၍ ဖြန်းခြင်း (စျေးသက်သာပြီး ထိရောက်သောနည်း) အသုံးပြုပုံ: · Probio P 100 gram ကို ရေ 1-2 လီတာဖျော်ပါ · စိမ်းစား/ခြောက်စာပေါ်သို့ ဖြန်းကျဲပါ · ဖျော်ပြီး 24 နာရီအတွင်း အသုံးပြုပါ အားသာချက်များ: · စျေးပိုသက်သာခြင်း · အကျိုးသက်ရောက်မှုမြန်ခြင်း · လွယ်ကူသောနည်းလမ်း နည်းလမ်း (၃) - Silage Inoculant အဖြစ် အသုံးပြုခြင်း (အလွန်တန်ဖိုးရှိသောနည်း) အသုံးပြုပုံ: · Silage 1 တန်လျှင် Probio P 100-200 gram · ရေဖျော်၍ စိမ်းစားပေါ်ဖြန်းပါ · လေလုံအောင် ပြုလုပ်သိမ်းဆည်းပါ အားသာချက်များ: · Silage အရည်အသွေး မြင့်မားခြင်း · အာဟာရဓာတ် ဆုံးရှုံးမှု နည်းပါးခြင်း · တိရစ္ဆာန်များ ကြိုက်နှစ်သက်ခြင်း ဆေးပမာဏ (Dosage) သတ္တဝါအမျိုးအစား နေ့စဉ်ကျွေးရန် ပမာဏ ကျွေးရမည့်ကာလ လူကြီးနွား/ကျွဲ 10-15 gram/တစ်ကောင် နေ့စဉ် ပုံမှန်ကျွေးရန် ကလေးနွား/ကျွဲ 5-10 gram/တစ်ကောင် နေ့စဉ် ပုံမှန်ကျွေးရန် သိုး/ဆိတ် 2-5 gram/တစ်ကောင် နေ့စဉ် ပုံမှန်ကျွေးရန် အထူးအသုံးပြုရမည့် အခြေအနေများ ၁။ အစာပြောင်းလဲကျွေးမွေးချိန် · အစာအသစ်သို့ ပြောင်းလဲကျွေးသည့် အချိန် 1-2 ပတ် ကြိုတင်၍ စတင်ကျွေးပါ ၂။ စိတ်ဖိစီးမှုများသော အချိန်များ · ခွဲစိတ်ကုသခြင်း · ကားစီးခြင်း · နေရာပြောင်းရွှေ့ခြင်း · ရာသီဥတုပြင်းထန်ခြင်း ၃။ ပဋိဇီဝဆေး အသုံးပြုပြီးချိန် · ပဋိဇီဝဆေး ကျွေးမွေးပြီး 2-3 ရက်ကြာမှ စတင်ကျွေးပါ · အူအတွင်း ကျေးဇူးပြုဘက်တီးရီးယားများ ပြန်လည်ဖြည့်တင်းရန် သိထားရမည့် အချက်များ ၁။ သိုလှောင်သိမ်းဆည်းမှု · ခြောက်သွေ့အေးမြသော နေရာတွင် သိမ်းဆည်းပါ · နေရောင်တိုက်ရိုက်မကျသော နေရာတွင် ထားပါ · လေလုံသော ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးထားပါ ၂။ ရှောင်ကြဉ်ရမည့် အချက်များ · ရေနွေးပူပူ/ဆူပွက်နေသော ရေနှင့် မရောမွှေပါနှင့် · ပဋိဇီဝဆေးများနှင့် တစ်ချိန်တည်း မကျွေးပါနှင့် · ထုပ်ပိုးအိတ်ကို ကြာရှည်စွာ ဖွင့်မထားပါနှင့် ၃။ အောင်မြင်သော အသုံးပြုမှုအတွက် အကြံပြုချက်များ · ပုံမှန်ကျွေးမွေးမှုသည် သော့ချက်ဖြစ်သည် · ညွှန်ကြားချက်အတိုင်း မှန်ကန်စွာ အသုံးပြုပါ · ယုံကြည်ရသော ထုတ်လုပ်သူမှ ထုတ်ကုန်ကို ရွေးချယ်ဝယ်ယူပါ နိဂုံးချုပ် Probio P သည် Ruminants များ၏ အစာခြေစနစ်၊ ကျန်းမာရေးနှင့် ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်သော ထိရောက်သည့် Probiotic ဖြစ်ပါသည်။ ညွှန်ကြားချက်အတိုင်း မှန်ကန်စွာ အသုံးပြုပါက မွေးမြူရေးလုပ်ငန်းအတွက် စီးပွားရေးအရ အကျိုးအမြတ်ကောင်းမွန်စေမည်ဖြစ်ပါသည်။
Dr. မောင်စိုးမိုး
7 months agoRuminants များအတွက် အကျိုးကျေးဇူးများ ၁။ အစာခြေစနစ် ကျန်းမာရေး · Rumen Microflora ညီမျှခြင်း: ကျေးဇူးပြုဘက်တီးရီးယားများ ပေါက်ပွားမှုကို အားပေးခြင်း · pH Level ထိန်းညှိခြင်း: Lactic Acid Accumulation ကို ကာကွယ်ပေးခြင်း · Fiber ချေဖျက်နိုင်စွမ်း မြင့်တက်ခြင်း: Cellulolytic Bacteria များ ပေါက်ပွားမှု ကောင်းမွန်ခြင်း ၂။ အာဟာရဓာတ် စုပ်ယူမှု · Volatile Fatty Acids (VFA) ထုတ်လုပ်မှု မြင့်တက်ခြင်း · အစာမှ စွမ်းအင်ရရှိမှု ပိုမိုကောင်းမွန်ခြင်း · အစာစားချင်စိတ် (Feed Intake) ကောင်းမွန်ခြင်း ၃။ ကျန်းမာရေး ကောင်းမွန်ခြင်း · ခုခံအားစနစ် မြှင့်တင်ခြင်း · အူနံရံ ကျန်းမာရေး ကောင်းမွန်ခြင်း · ရောဂါကူးစက်မှု လျှော့ချပေးခြင်း --- အသုံးပြုနည်း နည်းလမ်းများ နည်းလမ်း (၁) - TMR / နေ့စဉ်အစာရောစပ်ခြင်း (အကောင်းဆုံးနည်းလမ်း) အသုံးပြုပုံ: · နွားတစ်ကောင်လျှင် 10-15 gram/g နှုန်း · TMR Mixer အတွင်း အစာများနှင့် ရောစပ်ပါ · အနည်းဆုံး 5-10 မိနစ်ခန့် သေချာရောမွှေပါ အားသာချက်များ: · ညီမျှသော ဖြန့်ဖြူးမှု · အလုပ်သက်သာခြင်း · စွမ်းဆောင်ရည် တိုးတက်ခြင်း နည်းလမ်း (၂) - ရေဖျော်၍ ဖြန်းခြင်း (စျေးသက်သာပြီး ထိရောက်သောနည်း) အသုံးပြုပုံ: · Probio P 100 gram ကို ရေ 1-2 လီတာဖျော်ပါ · စိမ်းစား/ခြောက်စာပေါ်သို့ ဖြန်းကျဲပါ · ဖျော်ပြီး 24 နာရီအတွင်း အသုံးပြုပါ အားသာချက်များ: · စျေးပိုသက်သာခြင်း · အကျိုးသက်ရောက်မှုမြန်ခြင်း · လွယ်ကူသောနည်းလမ်း နည်းလမ်း (၃) - Silage Inoculant အဖြစ် အသုံးပြုခြင်း (အလွန်တန်ဖိုးရှိသောနည်း) အသုံးပြုပုံ: · Silage 1 တန်လျှင် Probio P 100-200 gram · ရေဖျော်၍ စိမ်းစားပေါ်ဖြန်းပါ · လေလုံအောင် ပြုလုပ်သိမ်းဆည်းပါ အားသာချက်များ: · Silage အရည်အသွေး မြင့်မားခြင်း · အာဟာရဓာတ် ဆုံးရှုံးမှု နည်းပါးခြင်း · တိရစ္ဆာန်များ ကြိုက်နှစ်သက်ခြင်း --- ဆေးပမာဏ (Dosage) သတ္တဝါအမျိုးအစား နေ့စဉ်ကျွေးရန် ပမာဏ ကျွေးရမည့်ကာလ လူကြီးနွား/ကျွဲ 10-15 gram/တစ်ကောင် နေ့စဉ် ပုံမှန်ကျွေးရန် ကလေးနွား/ကျွဲ 5-10 gram/တစ်ကောင် နေ့စဉ် ပုံမှန်ကျွေးရန် သိုး/ဆိတ် 2-5 gram/တစ်ကောင် နေ့စဉ် ပုံမှန်ကျွေးရန် --- အထူးအသုံးပြုရမည့် အခြေအနေများ ၁။ အစာပြောင်းလဲကျွေးမွေးချိန် · အစာအသစ်သို့ ပြောင်းလဲကျွေးသည့် အချိန် 1-2 ပတ် ကြိုတင်၍ စတင်ကျွေးပါ ၂။ စိတ်ဖိစီးမှုများသော အချိန်များ · ခွဲစိတ်ကုသခြင်း · ကားစီးခြင်း · နေရာပြောင်းရွှေ့ခြင်း · ရာသီဥတုပြင်းထန်ခြင်း ၃။ ပဋိဇီဝဆေး အသုံးပြုပြီးချိန် · ပဋိဇီဝဆေး ကျွေးမွေးပြီး 2-3 ရက်ကြာမှ စတင်ကျွေးပါ · အူအတွင်း ကျေးဇူးပြုဘက်တီးရီးယားများ ပြန်လည်ဖြည့်တင်းရန် --- သိထားရမည့် အချက်များ ၁။ သိုလှောင်သိမ်းဆည်းမှု · ခြောက်သွေ့အေးမြသော နေရာတွင် သိမ်းဆည်းပါ · နေရောင်တိုက်ရိုက်မကျသော နေရာတွင် ထားပါ · လေလုံသော ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးထားပါ ၂။ ရှောင်ကြဉ်ရမည့် အချက်များ · ရေနွေးပူပူ/ဆူပွက်နေသော ရေနှင့် မရောမွှေပါနှင့် · ပဋိဇီဝဆေးများနှင့် တစ်ချိန်တည်း မကျွေးပါနှင့် · ထုပ်ပိုးအိတ်ကို ကြာရှည်စွာ ဖွင့်မထားပါနှင့် ၃။ အောင်မြင်သော အသုံးပြုမှုအတွက် အကြံပြုချက်များ · ပုံမှန်ကျွေးမွေးမှုသည် သော့ချက်ဖြစ်သည် · ညွှန်ကြားချက်အတိုင်း မှန်ကန်စွာ အသုံးပြုပါ · ယုံကြည်ရသော ထုတ်လုပ်သူမှ ထုတ်ကုန်ကို ရွေးချယ်ဝယ်ယူပါ --- နိဂုံးချုပ် Probio P သည် Ruminants များ၏ အစာခြေစနစ်၊ ကျန်းမာရေးနှင့် ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်သော ထိရောက်သည့် Probiotic ဖြစ်ပါသည်။ ညွှန်ကြားချက်အတိုင်း မှန်ကန်စွာ အသုံးပြုပါက မွေးမြူရေးလုပ်ငန်းအတွက် စီးပွားရေးအရ အကျိုးအမြတ်ကောင်းမွန်စေမည်ဖြစ်ပါသည်။

Related questions
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်ခိုင်
See all
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025
လူ့အမြင်..နွားအမြင်
08/08/2025
အမေရိကန်ရဲ့ ကြက်ငှက်တုပ်ကွေး သင်ခန်းစာ
18/03/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....