Green Way
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)

နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)

သက်ခိုင်
သက်ခိုင် 05/11/2025

နို့စားနွားမွေးမြူရေးသည် ရေရှည်ရင်းနှီးမြှုပ်နှံပြီး စနစ်တကျလုပ်ဆောင်နိုင်ပါက အကျိုးအမြတ် ဖြစ်ထွန်း နိုင်သည့် လုပ်ငန်း ဖြစ်ပါသည်။ အထူးသဖြင့် နို့စားနွားများမှာ စားမြုံ့ပြန်သတ္တဝါများဖြစ်သည့်အတွက် လူတို့စားသုံး ရန် လုံးဝမဖြစ်နိုင်သော စိုက်ပျိုးရေးဘေးထွက် အစာကြမ်း (roughage) များကို ကျွေးမွေးကာ မွေးမြူနိုင်ပြီး လူတို့ အတွက် အာဟာရဓာတ်မြင့်မားသည့် နွားနို့ကို ထုတ်လုပ်ပေးနိုင်သည့်အတွက် စီးပွားရေးအရသော်လည်းကောင်း၊ စားနပ်ရိက္ခာနှင့် အာဟာရဓာတ်ဖူလုံရေးအတွက်လည်းကောင်း ရေရှည်တည်တံ့နိုင်စွမ်းရှိသော လုပ်ငန်းတစ်ရပ်ဖြစ် ပါသည်။ 

မွေးမြူရေးလုပ်ငန်းအများစုတွင် ကုန်ကျစရိတ်၏ ၇၀ ရာခိုင်နှုန်းခန့်မှာ အစာဖိုးကုန်ကျစရိတ်ဖြစ်သည်ဟု ဆိုပါသည်။ သို့ဖြစ်ရာ တွက်ချေကိုက်သည့် မွေးမြူရေးလုပ်ငန်းတစ်ရပ်ဖြစ်ဖို့ ဆိုလျှင် မိမိမွေးမြူသော တိစ္ဆာန်ကို အ စာမည်မျှကျွေးရမည်၊ ယင်းအစာကိုကျွေးမွေးပါက ထုတ်ကုန်မည်မျှ ထုတ်လုပ်နိုင်မည်၊ အစာဖိုးကုန်ကျငွေနှင့် ရရှိ မည့် ထုတ်ကုန်တို့ နှိုင်းယှဉ်ပါက စီးပွားရေးအရ တွက်ချေကိုက်မည်/မကိုက်မည် စသည်တို့ကို ထည့်သွင်းစည်းစား ကြရပါလိမ့်မည်။ နို့စားနွားမွေးမြူသည့်အခါတွင်လည်း ယင်းအချက်ကို မဖြစ်မနေ စဉ်းစားရန် လိုအပ်သည်။ 

အက်ဖ်စီအာရ် (FCR)

ကြက်မွေးမြူရေး၊ ဝက်မွေးမြူရေးလုပ်ငန်းများတွင် အက်ဖ်စီအာရ် (FCR) ကို မွေးမြူသူတိုင်း ဂရုစိုက်ကြပါ သည်။ အက်ဖ်စီအာရ် ဆိုသည်မှာ (Feed Conversion Ratio - FCR) ကို အတိုကောက်ခေါ်ဆိုခြင်း ဖြစ်ပါသည်။ 

များသောအားဖြင့် တိရစ္ဆာန်၏ အရှင်ချိန် အသားတစ်ယူနစ် ရရှိရန် အစာ ယူနစ်မည်မျှ ကျွေးမွေးရသည် ကို FCR ဖြင့် ဖော်ပြလေ့ ရှိပါသည်။ ကုန်ကျသည့်အစာပမာဏ ကို တည်၍ တိုးလာသည့် အရှင်ချိန်အလေးချိန်ကို စားပါက FCR ရရှိပါသည်။ 

FCR = ကုန်ကျသည့်အစာပမာဏ ÷ တိုးလာသည့်အရှင်ချိန် အလေးချိန်

FCR = အစာ ၁.၆ ပိဿာ ÷ ကြက်သားအရှင်ချိန် ၁ ပိသာ = ၁.၆

ဥပမာ အသားတိုးကြက် အရှင်ချိန် ၁ ပိဿာ ထုတ်လုပ်ရန်အတွက် အစာ ၁.၆ ပိဿာ ကုန်ကျပါက FCR သည် ၁.၆ ဖြစ်ပါသည်။ 

ထုတ်ကုန် တစ်ယူနစ်ရရှိရန် ကျွေးမွေးရသည့်အစာ ပမာဏ နည်းလေလေ FCR ရလဒ် နည်းလေလေ ဖြစ် ပြီး၊ မွေးမြူသူအတွက် အမြတ်အစွန်း ရရှိလေလေ ဖြစ်ပါသည်။ ထို့ကြောင့် မွေးမြူသူများအနေဖြင့် FCR ရလဒ် နည်းအောင် ကြိုးစားကြရပါသည်။ 

[Feed Conversion Ratio (FCR) ကို “အစာမှအသားအဖြစ်သို့ ပြောင်းလဲနှုန်း” ဟု ဘာသာမပြန်ဘဲ၊ “ထုတ် ကုန်/အစာ အချိုး” ၊ “အသားထွက်/အစာ အချိုး” “ကြက်ဥ/အစာ အချိုး” စသည်ဖြင့်လည်းကောင်း၊ ထုတ်ကုန် တစ်ယူနစ် ထုတ်လုပ်ရန်အတွက် လိုအပ်သည့်အစာပမာဏကို ညွှန်ပြသည့် ကိန်းဂဏန်းဖြစ်ရာ “အစာလိုအပ်ချက် အချိုး” “အစာလိုအပ်ချက်နှုန်းထား” ဟူ၍ လည်းကောင်း ဘာသာပြန်ပါက ပို၍ သင့်လျော်မည်လားဟု တွေးဆမိပါ သည်။ [ဤကား စကားချပ်] 

Feed Efficiency 

အစာမှ ထုတ်ကုန်သို့ ပြောင်းလဲပေးနိုင်မှုကို တွက်ချက်ရာတွင် FCR အပြင် Feed Efficiency ကိုလည်း တွက်ချက်လေ့ ရှိပါသည်။ Feed Efficiency (FE) ကို Feed Conversion Efficiency (FCE) ဟုလည်း ခေါ်ဆိုတတ် ကြပါသည်။ (အချို့ကလည်း Feed Conversion Rate ဟု ဖော်ပြသည်ကိုလည်း ရံဖန်ရံခါ တွေ့ရတတ်ပါသည်။ Feed Conversion Ratio (FCR) နှင့် မှားယွင်းနိုင်သဖြင့် အသုံးနည်းပါသည်။) 

FCR နှင့် Feed Efficiency နှစ်ခုစလုံး၏ ရည်ရွယ်ချက်မှာ တိရစ္ဆာန်အား ကျွေးမွေးရမည့် အစာပမာဏနှင့် တိရစ္ဆာန်က ထုတ်လုပ်ပေးမည့် ထုတ်ကုန်ပမာဏ တို့ကို နှိုင်းချိန်ခြင်းပင် ဖြစ်ပါသည်။  သဘောတရားချင်းတူသော် လည်း လက်တွေ့တွင် တွက်ချက်သည့်ဖော်မြူလာနှင့် ရလဒ်အဖြေမှာမူ ပြောင်းပြန် ဖြစ်ပါသည်။ ထို့ကြောင့် ရလဒ် အဖြေအပေါ် အဓိပ္ပာယ်ကောက်ယူပုံမှာလည်း ပြောင်းပြန်ဖြစ်ပါသည်။ 

Feed Efficiency – FE ကို ရရှိရန်အတွက် တိရစ္ဆာန်၏ တိုးလာသည့်အရှင်ချိန် အလေးချိန်ကို တည်၍ ယင်း အလေးချိန် ထုတ်လုပ်နိုင်ရန်အတွက် တိရစ္ဆာန်အားကျွေးမွေးရသည့် အစာပမာဏ (အလေးချိန်) ဖြင့် စားရပါသည်။ ထို့ကြောင့် ဖော်မြူလာမှာ FCR နှင့် ပြောင်းပြန်ဖြစ်ပါသည်။ 

ဥပမာ အသားတိုးကြက် အရှင်ချိန် ၁ ပိဿာ ထုတ်လုပ်ရန်အတွက် အစာ ၁.၆ ပိဿာ ကုန်ကျပါက FCR သည် ၁.၆ ဖြစ်သော်လည်း Feed Efficiency မှာ ၀.၆၂၅ ဖြစ်ပါသည်။ အစာကို အသားအဖြစ်သို့ ပြောင်းလဲ နိုင် သည့်နှုန်းမှာ ၀.၆၂၅ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် အစာတစ်ပိဿာကိုကျွေးမွေးပါက အသား ၀.၆၂၅ ပိဿာ ထုတ်လုပ်နိုင်မည် ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ 

Feed Efficiency = တိုးလာသည့်အရှင်ချိန် အလေးချိန်÷ ကုန်ကျသည့်အစာပမာဏ

Feed Efficiency = ကြက်သား အရှင်ချိန် ၁ ပိဿာ ÷ အစာ ၁.၆ ပိဿာ = ၀.၆၂၅

Feed efficiency ကောင်းမွန်လေလေ မွေးမြူရေးထုတ်ကုန်တစ်ယူနစ် ထုတ်လုပ်ရန် လိုအပ်သည့်အစာ ပမာဏက နည်းသွားလေလေဖြစ်ပါသည်။ ထိုသို့ လိုအပ်သည့်အစာပမာဏ နည်းသွားလေလေ Feed efficiency ကိန်းဂဏန်းမှာလည်း ကြီးသွားလေလေ ဖြစ်ပြီး၊ မွေးမြူသူအတွက် အကျိုးအမြတ် ပိုမိုရရှိလေလေ ဖြစ်ပါသည်။ ထို့ကြောင့် မွေးမြူသူများအနေဖြင့် Feed Efficiency ကိန်းဂဏန်း ကြီးမားရန် ကြိုးစားကြရပါသည်။ 

[ဘာသာစကားရှု့ထောင့်မှကြည့်လျှင် “အစာမှအသားအဖြစ်သို့ပြောင်းလဲနှုန်း” ဟူသည့် မွေးမြူသူများအ ပြောများသော မြန်မာဝေါဟာရသည် Feed Efficiency နှင့် ပို၍လိုက်ဖက်သည်ဟု စာရေးသူ တစ်ဦးတည်းအမြင် အရ ယူဆမိပါသည်။ ဤလည်း စကားချပ်]

နို့စားနွားမွေးမြူရေးနှင့် Feed Efficiency 

ကြက်၊ ဝက်မွေးမြူရေးတွင် (Feed conversion rate – FCR) အကြောင်း လှိုင်လှိုင်ပြောကြသော်လည်း မြန်မာနိုင်ငံမှ နို့စားနွားမွေးမြူသူများက FCR အကြောင်း ပြောဆိုသံ သိပ်မကြားရဟု ယူဆမိပါသည်။ နို့စားနွားမွေး မြူရေးမှာ ကြက်၊ ဝက် များကဲ့သို့ စက်ရုံထုတ်အစာကိုချည်း ကျွေးမွေးရခြင်းမဟုတ်သည့်အတွက် FCR အကြောင်း မပြောကြခြင်းလည်း ဖြစ်နိုင်ပါသည်။ သို့တည်းမဟုတ် ယင်းအကြောင်းအရာနှင့်ပတ်သက်၍ အသိပညာပေးမှု နည်း ပါးနေသေး၍လည်း ဖြစ်နိုင်ပါသည်။ 

မည်သို့ပင်ဆိုစေကာမူ မွေးမြူရေးလုပ်ငန်းဖြစ်သဖြင့် အစာနှင့် ကင်းလွတ်၍ မရ။ အစာကျွေးလျှင် ငွေကုန် သည်ချည်းဖြစ်သဖြင့် အစာဖိုးကို ထည့်တွက်ရမည် ဖြစ်သည်။ ထို့ကြောင့် FCR ကို စဉ်းစားရမည်။ Feed Efficiency ကို စဉ်းစားရပါမည်။ သို့မှသာ မိမိ၏ နို့စားနွားမွေးမြူရေးလုပ်ငန်းက အကျိုးအမြတ် အမှန်တကယ် ရှိ/မရှိ၊ အကျိုးအ မြတ် ရှိသင့်သလောက် ရှိ/မရှိ သိနိုင်မည် ဖြစ်ပါသည်။ 

နို့စားနွားအစာနှင့် ပတ်သက်၍ ပညာရှင်များ ပြောဆိုဆွေးနွေးကြရာတွင် FCR ထက် Feed Efficiency ကို အဓိကထား ပြောဆိုဆွေးနွေးကြပါသည်။ [“အစာမှ နွားနို့အဖြစ်သို့ ပြောင်းလဲပေးနိုင်စွမ်း” ဟု ဘာသာပြန်ကြည့် လိုပါသည်။]

နို့စားနွားမွေးမြူရေးအတွက် Feed Efficiency တွက်ချက်ပုံမှာ ကြက်မွေးမြူရေး၊ ဝက်မွေးမြူရေးလုပ်ငန်း များတွင် တွက်ချက်ပုံနှင့် အတူတူနီးပါးပင် ဖြစ်ပါသည်။ တစ်နေရာလေးသာ ကွာခြားပါသည်။ 

ကြက်မွေးမြူရေး၊ ဝက်မွေးမြူရေးတွင် FCR တွက်ချက်လျှင်ဖြစ်စေ၊ Feed Efficiency တွက်ချက်လျှင်ဖြစ်စေ အစာအလေးချိန်ကို တိရစ္ဆာန်ကစားသွားသည့်အစာအလေးချိန်အတိုင်း (as-fed based) ဖြင့် တွက်ချက်ခြင်း ဖြစ်ပါသည်။ ဥပမာ အစာစက်ရုံမှ ဝယ်ယူလာသော အစာ ၁.၆ ပိဿာ ကို ကြက်က စားသွားလျှင် FCR သို့မဟုတ် Feed Efficiency တွက်ချက်မည့် ဖော်မြူလာအတွင်း၌ အစာပမာဏကို ၁.၆ ဟုသာ ထည့်သွင်း၍ တွက်ချက်လိုက်ရုံ ဖြစ်ပါသည်။ 

သို့သော် နို့စားနွားမွေးမြူရေးတွင် Feed Efficiency ကို တွက်ချက်သည့်အခါ အစာထဲမှ ရေ/အစိုဓာတ်ကို နှုတ်ပယ်ပြီး ကျန်ရှိသည့် အခြောက်ဓာတ် (Dry Matter - DM) ကိုသာ ဖော်မြူလာအတွင်းရှိ အစာအလေးချိန် နေရာတွင် ထည့်သွင်း၍ တွက်ချက်ရပါသည်။

ဥပမာ နွားမတစ်ကောင်သည် တစ်ရက်အတွင်း အစာအစို စုစုပေါင်း ၃၀ ကီလိုဂရမ် စားသုံးသည်ဆိုပါစို့။ ထိုအစာထဲတွင် ရေဓာတ် ၆၀ ရာခိုင်နှုန်းပါဝင်မည်ဆိုပါက အခြောက်ဓာတ်မှာ အစာအစို အလေးချိန်၏ ၄၀ ရာခိုင် နှုန်းသာ ရှိမည် ဖြစ်ပါသည်။ 

 အခြောက်ဓာတ် DM % = ၁၀၀ - ရေပါဝင်မှု(အစိုဓာတ်) %

ထို့ကြောင့် ယင်းနွားမ စားသုံးသော အစာ အခြောက်ဓာတ် ပမာဏမှာ ၁၂ ကီလိုဂရမ် ဖြစ်ပါသည်။ 

အခြောက်ဓာတ် ပမာဏ = အစာအစိုပမာဏ x အခြောက်ဓာတ် %

အခြောက်ဓာတ် ပမာဏ = ၃၀ ကီလိုဂရမ် x  ၄၀ % = ၁၂ ကီလိုဂရမ် 

နို့စားနွားမများ၏ အစာမှ နို့အဖြစ်သို့ ပြောင်းလဲနိုင်စွမ်း (Feed Efficiency) ကို တွက်ချက်ရာတွင် နွားမက ထုတ်လုပ်ပေးသည့် နွားနို့အလေးချိန် ကို တည်၍ ယင်းနွားမစားသုံးသည့် အစာ အခြောက်ဓာတ်အလေးချိန် နှင့်စား ရသည်ဟု အကြမ်းဖျဉ်း မှတ်သားနိုင်ပါသည်။ 

Feed Efficiency = Milk yield ÷ Dry Matter Intake 

ယေဘုယျအားဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းတွင် Feed Efficiency မှာ ၁.၄ နှင့် ၁.၈ အကြားတွင် ရှိသင့်ပါသည်။ အချို့ကလည်း ၁.၅ နှင့် ၂.၀ အကြားတွင် ရှိရန် ရည်မှန်းချက်ထားလုပ်ဆောင်ကြပါသည်။ 

Feed Efficiency ၂ ဆိုသည်မှာ နွားမအား ကျွေးမွေးသည့် အစာ (အခြောက်ဓာတ်) ၁ ကီလိုဂရမ်တိုင်း အတွက် နွားနို့ ၂ ကီလိုဂရမ် ရရှိ ရန် ဖြစ်ပါသည်။ 

ဥပမာ အထက်တွင် ဥပမာပေးခဲ့သည့် နွားမသည် အခြောက်ဓာတ် ၄၀ ရာခိုင်နှုန်းပါဝင်သော အစာအစို ၃၀ ကီလိုဂရမ် စားသုံးသဖြင့် အစာ အခြောက်ဓာတ် ၁၂ ကီလိုဂရမ် စားသုံးပြီး နွားနို့ ၂၁ ကီလိုဂရမ် ထုတ်လုပ်ပေးသည် ဆိုပါက Feed Efficiency မှာ ၁.၇၅ ဖြစ်ပါသည်။ 

Feed Efficiency = ၂၁ ကီလိုဂရမ် ÷ ၁၂ ကီလိုဂရမ် = ၁.၇၅

နွားနို့အလေးချိန် ဟု ဆိုရာတွင် နို့တွင်ပါဝင်သည့် အဆီပမာဏ ကို ထည့်သွင်းစဉ်းရမည် ဖြစ်သကဲ့သို့၊ အစာ အခြောက်ဓာတ်စားသုံးနှုန်း (Dry Matter Intake) ဆိုရာတွင်လည်း နွားမ၏ ခန္ဓာကိုယ်အလေးချိန်၊ နို့ပေးကာလ စသည်ဖြင့် ထည့်သွင်းစဉ်းစားစရာ အချက်အလက်များစွာ ရှိနေပါသေးသည်။ ယင်းအချက်များကို သီးခြား ထပ်မံ ဆွေးနွေးပါဦးမည်။ 

ယခုဆောင်းပါးအတွက် အဓိက ရည်ရွယ်ရင်းမှာ တစ်ခုတည်းသာ ဖြစ်ပါသည်။ နို့စားနွားမွေးမြူရေး လုပ် ငန်းတွင်လည်း အစာမှ နွားနို့အဖြစ်သို့ ပြောင်းလဲပေးနိုင်စွမ်း(Feed Efficiency) ကို အာရုံစိုက်ကြရန် လိုအပ်ကြောင်း မီးမောင်းထိုးပြလိုခြင်း ဖြစ်ပါသည်။ ယခုဆောင်းပါးကို ဖတ်ရှုမိသော နို့စားနွားမွေးမြူသူ တစ်ဦးချင်း၏ ဦး ခေါင်းထဲတွင် “ငါ့ နွားခြံမှာ အစာက နွားနို့အဖြစ်ပြောင်းလဲနှုန်း (Feed Efficiency) ဘယ်လောက်ရှိသလဲ” ဟူသော မေးခွန်းပေါ်လာလျှင် ဤဆောင်းပါးရေးရခြင်း၏ ရည်ရွယ်ချက် အထမြောက်ပါသည်။ 

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

2
Dr. မောင်စိုးမိုး

Dr. မောင်စိုးမိုး

7 months ago

Ruminants များအတွက် အကျိုးကျေးဇူးများ ၁။ အစာခြေစနစ် ကျန်းမာရေး · Rumen Microflora ညီမျှခြင်း: ကျေးဇူးပြုဘက်တီးရီးယားများ ပေါက်ပွားမှုကို အားပေးခြင်း · pH Level ထိန်းညှိခြင်း: Lactic Acid Accumulation ကို ကာကွယ်ပေးခြင်း · Fiber ချေဖျက်နိုင်စွမ်း မြင့်တက်ခြင်း: Cellulolytic Bacteria များ ပေါက်ပွားမှု ကောင်းမွန်ခြင်း ၂။ အာဟာရဓာတ် စုပ်ယူမှု · Volatile Fatty Acids (VFA) ထုတ်လုပ်မှု မြင့်တက်ခြင်း · အစာမှ စွမ်းအင်ရရှိမှု ပိုမိုကောင်းမွန်ခြင်း · အစာစားချင်စိတ် (Feed Intake) ကောင်းမွန်ခြင်း ၃။ ကျန်းမာရေး ကောင်းမွန်ခြင်း · ခုခံအားစနစ် မြှင့်တင်ခြင်း · အူနံရံ ကျန်းမာရေး ကောင်းမွန်ခြင်း · ရောဂါကူးစက်မှု လျှော့ချပေးခြင်း Probio containing LAB ( Lactic Acid Bacterias ) 10^10 CFU &amp; Saccharomyces 10^9 CFU / Kg ( Tapioca Carrier ) Please see <a href="https://www.facebook.com/share/1BW7fRvVmL">https://www.facebook.com/share/1BW7fRvVmL</a> အသုံးပြုနည်း နည်းလမ်းများ နည်းလမ်း (၁) - TMR / နေ့စဉ်အစာရောစပ်ခြင်း (အကောင်းဆုံးနည်းလမ်း) အသုံးပြုပုံ: · နွားတစ်ကောင်လျှင် 10-15 gram/g နှုန်း · TMR Mixer အတွင်း အစာများနှင့် ရောစပ်ပါ · အနည်းဆုံး 5-10 မိနစ်ခန့် သေချာရောမွှေပါ အားသာချက်များ: · ညီမျှသော ဖြန့်ဖြူးမှု · အလုပ်သက်သာခြင်း · စွမ်းဆောင်ရည် တိုးတက်ခြင်း နည်းလမ်း (၂) - ရေဖျော်၍ ဖြန်းခြင်း (စျေးသက်သာပြီး ထိရောက်သောနည်း) အသုံးပြုပုံ: · Probio P 100 gram ကို ရေ 1-2 လီတာဖျော်ပါ · စိမ်းစား/ခြောက်စာပေါ်သို့ ဖြန်းကျဲပါ · ဖျော်ပြီး 24 နာရီအတွင်း အသုံးပြုပါ အားသာချက်များ: · စျေးပိုသက်သာခြင်း · အကျိုးသက်ရောက်မှုမြန်ခြင်း · လွယ်ကူသောနည်းလမ်း နည်းလမ်း (၃) - Silage Inoculant အဖြစ် အသုံးပြုခြင်း (အလွန်တန်ဖိုးရှိသောနည်း) အသုံးပြုပုံ: · Silage 1 တန်လျှင် Probio P 100-200 gram · ရေဖျော်၍ စိမ်းစားပေါ်ဖြန်းပါ · လေလုံအောင် ပြုလုပ်သိမ်းဆည်းပါ အားသာချက်များ: · Silage အရည်အသွေး မြင့်မားခြင်း · အာဟာရဓာတ် ဆုံးရှုံးမှု နည်းပါးခြင်း · တိရစ္ဆာန်များ ကြိုက်နှစ်သက်ခြင်း ဆေးပမာဏ (Dosage) သတ္တဝါအမျိုးအစား နေ့စဉ်ကျွေးရန် ပမာဏ ကျွေးရမည့်ကာလ လူကြီးနွား/ကျွဲ 10-15 gram/တစ်ကောင် နေ့စဉ် ပုံမှန်ကျွေးရန် ကလေးနွား/ကျွဲ 5-10 gram/တစ်ကောင် နေ့စဉ် ပုံမှန်ကျွေးရန် သိုး/ဆိတ် 2-5 gram/တစ်ကောင် နေ့စဉ် ပုံမှန်ကျွေးရန် အထူးအသုံးပြုရမည့် အခြေအနေများ ၁။ အစာပြောင်းလဲကျွေးမွေးချိန် · အစာအသစ်သို့ ပြောင်းလဲကျွေးသည့် အချိန် 1-2 ပတ် ကြိုတင်၍ စတင်ကျွေးပါ ၂။ စိတ်ဖိစီးမှုများသော အချိန်များ · ခွဲစိတ်ကုသခြင်း · ကားစီးခြင်း · နေရာပြောင်းရွှေ့ခြင်း · ရာသီဥတုပြင်းထန်ခြင်း ၃။ ပဋိဇီဝဆေး အသုံးပြုပြီးချိန် · ပဋိဇီဝဆေး ကျွေးမွေးပြီး 2-3 ရက်ကြာမှ စတင်ကျွေးပါ · အူအတွင်း ကျေးဇူးပြုဘက်တီးရီးယားများ ပြန်လည်ဖြည့်တင်းရန် သိထားရမည့် အချက်များ ၁။ သိုလှောင်သိမ်းဆည်းမှု · ခြောက်သွေ့အေးမြသော နေရာတွင် သိမ်းဆည်းပါ · နေရောင်တိုက်ရိုက်မကျသော နေရာတွင် ထားပါ · လေလုံသော ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးထားပါ ၂။ ရှောင်ကြဉ်ရမည့် အချက်များ · ရေနွေးပူပူ/ဆူပွက်နေသော ရေနှင့် မရောမွှေပါနှင့် · ပဋိဇီဝဆေးများနှင့် တစ်ချိန်တည်း မကျွေးပါနှင့် · ထုပ်ပိုးအိတ်ကို ကြာရှည်စွာ ဖွင့်မထားပါနှင့် ၃။ အောင်မြင်သော အသုံးပြုမှုအတွက် အကြံပြုချက်များ · ပုံမှန်ကျွေးမွေးမှုသည် သော့ချက်ဖြစ်သည် · ညွှန်ကြားချက်အတိုင်း မှန်ကန်စွာ အသုံးပြုပါ · ယုံကြည်ရသော ထုတ်လုပ်သူမှ ထုတ်ကုန်ကို ရွေးချယ်ဝယ်ယူပါ နိဂုံးချုပ် Probio P သည် Ruminants များ၏ အစာခြေစနစ်၊ ကျန်းမာရေးနှင့် ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်သော ထိရောက်သည့် Probiotic ဖြစ်ပါသည်။ ညွှန်ကြားချက်အတိုင်း မှန်ကန်စွာ အသုံးပြုပါက မွေးမြူရေးလုပ်ငန်းအတွက် စီးပွားရေးအရ အကျိုးအမြတ်ကောင်းမွန်စေမည်ဖြစ်ပါသည်။

Dr. မောင်စိုးမိုး

Dr. မောင်စိုးမိုး

7 months ago

Ruminants များအတွက် အကျိုးကျေးဇူးများ ၁။ အစာခြေစနစ် ကျန်းမာရေး · Rumen Microflora ညီမျှခြင်း: ကျေးဇူးပြုဘက်တီးရီးယားများ ပေါက်ပွားမှုကို အားပေးခြင်း · pH Level ထိန်းညှိခြင်း: Lactic Acid Accumulation ကို ကာကွယ်ပေးခြင်း · Fiber ချေဖျက်နိုင်စွမ်း မြင့်တက်ခြင်း: Cellulolytic Bacteria များ ပေါက်ပွားမှု ကောင်းမွန်ခြင်း ၂။ အာဟာရဓာတ် စုပ်ယူမှု · Volatile Fatty Acids (VFA) ထုတ်လုပ်မှု မြင့်တက်ခြင်း · အစာမှ စွမ်းအင်ရရှိမှု ပိုမိုကောင်းမွန်ခြင်း · အစာစားချင်စိတ် (Feed Intake) ကောင်းမွန်ခြင်း ၃။ ကျန်းမာရေး ကောင်းမွန်ခြင်း · ခုခံအားစနစ် မြှင့်တင်ခြင်း · အူနံရံ ကျန်းမာရေး ကောင်းမွန်ခြင်း · ရောဂါကူးစက်မှု လျှော့ချပေးခြင်း --- အသုံးပြုနည်း နည်းလမ်းများ နည်းလမ်း (၁) - TMR / နေ့စဉ်အစာရောစပ်ခြင်း (အကောင်းဆုံးနည်းလမ်း) အသုံးပြုပုံ: · နွားတစ်ကောင်လျှင် 10-15 gram/g နှုန်း · TMR Mixer အတွင်း အစာများနှင့် ရောစပ်ပါ · အနည်းဆုံး 5-10 မိနစ်ခန့် သေချာရောမွှေပါ အားသာချက်များ: · ညီမျှသော ဖြန့်ဖြူးမှု · အလုပ်သက်သာခြင်း · စွမ်းဆောင်ရည် တိုးတက်ခြင်း နည်းလမ်း (၂) - ရေဖျော်၍ ဖြန်းခြင်း (စျေးသက်သာပြီး ထိရောက်သောနည်း) အသုံးပြုပုံ: · Probio P 100 gram ကို ရေ 1-2 လီတာဖျော်ပါ · စိမ်းစား/ခြောက်စာပေါ်သို့ ဖြန်းကျဲပါ · ဖျော်ပြီး 24 နာရီအတွင်း အသုံးပြုပါ အားသာချက်များ: · စျေးပိုသက်သာခြင်း · အကျိုးသက်ရောက်မှုမြန်ခြင်း · လွယ်ကူသောနည်းလမ်း နည်းလမ်း (၃) - Silage Inoculant အဖြစ် အသုံးပြုခြင်း (အလွန်တန်ဖိုးရှိသောနည်း) အသုံးပြုပုံ: · Silage 1 တန်လျှင် Probio P 100-200 gram · ရေဖျော်၍ စိမ်းစားပေါ်ဖြန်းပါ · လေလုံအောင် ပြုလုပ်သိမ်းဆည်းပါ အားသာချက်များ: · Silage အရည်အသွေး မြင့်မားခြင်း · အာဟာရဓာတ် ဆုံးရှုံးမှု နည်းပါးခြင်း · တိရစ္ဆာန်များ ကြိုက်နှစ်သက်ခြင်း --- ဆေးပမာဏ (Dosage) သတ္တဝါအမျိုးအစား နေ့စဉ်ကျွေးရန် ပမာဏ ကျွေးရမည့်ကာလ လူကြီးနွား/ကျွဲ 10-15 gram/တစ်ကောင် နေ့စဉ် ပုံမှန်ကျွေးရန် ကလေးနွား/ကျွဲ 5-10 gram/တစ်ကောင် နေ့စဉ် ပုံမှန်ကျွေးရန် သိုး/ဆိတ် 2-5 gram/တစ်ကောင် နေ့စဉ် ပုံမှန်ကျွေးရန်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....