ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
ဝက်ကလေးတွေ မွေးဖွားရာမှာ အသေပါလာရတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ သေချာစစ်ဆေးမှု မလုပ်ဘဲ ဘယ်အကြောင်းကြောင့် ဖြစ်တယ်ဆိုတာကို တစ်ထစ်ချပြောဖို့ ခက်ပါတယ်။
အဖြစ်အများဆုံး အကြောင်းအရင်းလေးတွေပဲ ပြောပြပါရစေ။ ကိုယ့်အခြေအနေနဲ့ကိုက်ပြီး စဉ်းစားနိုင်အောင်ပါ။
(၁)
ပထမအချက်ကတော့ မွေးဖွားချိန်မှာ အဆင်မပြေ ဖြစ်သွားတာမျိုးပါ။ ဝက်မကြီးက အားနည်းလို့ပဲဖြစ်ဖြစ်၊ မွေးဖွားချိန်မှာ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ အသံဆူညံတာမျိုး၊ လူတွေ ယောက်ယက်ခက်နေတာမျိုး ဖြစ်တဲ့အခါ ကလေးတွေ မွေးဖွားဖို့အတွက် လုံလောက်တဲ့ ဟိုမုန်းတွေ မထွက်ရှိတော့ဘဲ မွေးဖွားချိန် ကြာမြင့်စေပါတယ်။ တစ်ခါတစ်ရုံ ရှေ့ကကလေးက အကောင်ကြီးပြီး မွေးဖွားရခက်ချိန်မှာ နောက်ကကလေး မွေးဖို့ အချိန်ပိုကြာသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အဲဒီအခါမျိုးမှာ သားအိမ်ရဲ့ ညှစ်အားကို ကြာရှည်ခံရတဲ့ ကလေးတွေဆီကို ချက်ကြိုးကနေတဆင့် အောက်ဆီဂျင်ရောက်ရှိမှု လျော့ကျသွားပြီး သေတတ်ပါတယ်။ ဒါမှမဟုတ် ချက်ကြိုးက မမွေးခင်ကတည်းက ကြိုပြီး ပြတ်သွား၊ ပေါက်သွားပြီး အောက်ဆီဂျင်ပြတ် သေဆုံးတတ်ပါတယ်။
ဝက်မကြီးက အားနည်းတာ၊ ဝက်ကလေးတွေရဲ့ အရွယ်အစားကြီးတာ၊ ဝက်ကလေးအရေအတွက်များတာတွေ ဖြစ်တဲ့အခါမှာလည်း သားအိမ်နံရံက ညှစ်သင့်သလောက် မညှစ်နိုင်တော့တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာလည်း မွေးဖွားချိန်ကြာမြင့်ပြီး သေဆုံးတတ်ပါတယ်။
အချို့အရပ်ဒေသတွေမှာ ဝက်ကလေးအမွေးမြန်အောင်ဆိုပြီး အောက်ဆီတိုဆင် ဟိုမုန်းတွေကို သားအိမ်ပွင့်ဆေး ဆိုပြီး အရမ်းမဲ့ သုံးတတ်ကြပါတယ်။ အသုံးမမှန်ရင်လည်း ကလေးတွေ သေဆုံးတတ်ပါတယ်။

(၂)
ဒုတိယအချက်ကတော့ ကူးစက်ရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ပါဗိုဗိုင်းရပ်စ်၊ နားရွက်ပြာရောဂါဗိုင်းရပ်စ်၊ အော်ဂျက်စကီးဗိုင်းရပ်စ် စသည်ဖြင့် ကလေးအသေမွေးစေတဲ့ ဗိုင်းရပ်စ်ရောဂါတွေ ရှိသလို၊ လက်ပတိုစပိုင်းရား၊ တောက်ဆိုပလပ်စမာ၊ စိန်ကွက်နာ၊ စသည်ဖြင့် ဗက်တီးရီးယား ရောဂါအချို့ကြောင့်လည်း ကလေးအသေမွေးနိုင်ပါတယ်။
ရောဂါအသေးစိတ်တွေအကြောင်းထက် အရေးကြီးတာကတော့ ကြိုတင်ကာကွယ်ရေးပါ။ ဝက်တွေကို ရနိုင်တဲ့ ကာကွယ်ဆေးတွေ ကြိုတင်ကာကွယ်ထိုးနှံထားခြင်းအားဖြင့် ရောဂါကြောင့် ဝက်ကလေးအသေမွေးတဲ့ပြဿနာကို လျော့ချဖြေရှင်းနိုင်ပါတယ်။
ဒုတိယကာကွယ်ရမှာကတော့ မိမိကိုယ်ကိုယ်ပါ။ အချို့သော ဝက်ရောဂါတွေဟာ လူကို ကူးစက်နိုင်ပါတယ်။ ဥပမာ လက်ပ်တိုစပိုင်းရား ရောဂါက လူကို ကူးနိုင်ပါတယ်။ ဒါကြောင့် ဝက်ကလေး အသေမွေးလာတယ်ဆိုရင် ဝက်ကို ကိုင်တွယ်စောင့်ရှောက်သူတွေ၊ မီးဖွားပေးသူတွေဟာ မိမိရဲ့ လက်နဲ့ ခန္ဓာကိုယ်ကို ဆပ်ပြာနဲ့ သေသေချာချာ သန့်စင်ဆေးကြောဖို့ ရေချိုးဖို့ လိုပါတယ်။ ခြံသန့်ရှင်းရေးကိုလည်း ဂရုစိုက်သင့်ပါတယ်။
(၃)
တတိယအချက် ဖြစ်နိုင်တာကတော့ အပူချိန်လွန်ကဲလို့ပါ။ ပတ်ဝန်းကျင်အပူချိန် ၂၄ ဒီဂရီ စင်တီဂရိတ် အထက်ကို ရောက်ရင် ဝက်တွေအတွက် အပူဒဏ်ကို ခံစားရစေပါတယ်။ ဝက်မကြီးက အပူဒဏ်ကို ခံရလေလေ၊ ဝက်ကလေးတွေဆီကို ပို့လွှတ်တဲ့ အောက်ဆီဂျင်ကျဆင်းပြီး ကလေးတွေ သေဖို့ ဖြစ်လာနိုင်ပါတယ်။
အပူဒဏ်နည်းတူ အခြားသော ဒဏ်တွေဖြစ်တဲ့ အာဟာရဓာတ်နဲ့ အစာမလုံလောက်တာ၊ ခြံရဲ့ လေဝင်လေထွက် မကောင်းတာ၊ ခြံက ကျဉ်းလွန်းပြီး လှုပ်ရှားသွားလာနိုင်ခြင်း မရှိတာတွေကြောင့်လည်း ဖြစ်နိုင်တာပါပဲ။
(၄)
နောက်ထပ်အချက်တစ်ခုကတော့ အာဟာရဓာတ် မလုံလောက်တာ ဖြစ်ပါတယ်။ ဝက်မကြီးက လုံလောက်တဲ့ အာဟာရဓာတ် မရရှိတာ (အထူးသဖြင့် ဒေသဝက်တွေမှာ အသားဓာတ်လိုအပ်ချက် ဖြစ်နေတာ များပါတယ်) ကြောင့် မွေးဖွားရာမှာ ခက်ခဲတာမျိုး ဖြစ်နိုင်ပါတယ်။ ကယ်လ်ဆီယမ် (ထုံးဓာတ်) ချို့တဲ့ရင် သားအိမ်ရဲ့ ညှစ်အားကို လျော့ကျစေပြီး ကလေးအသေမွေးစေနိုင်ပါတယ်။ ကျွေးမွေးတဲ့အစာထဲမှာ မှိုတွေပါဝင်နေပြီး မှိုဆိပ်တွေ ဖြစ်ပေါ်နေတယ်ဆိုရင်လည်း ဒီပြဿနာ ဖြစ်နိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အထက်က အချက်တွေကို ဂရုစိုက်ပြီး ကျန်နေတဲ့ ဝက်မတွေကို လိုအပ်သလို ပြုပြင်ပေးဖို့ အကြံပြုလိုပါတယ်။
အနှစ်ချုပ်အနေနဲ့
(၁) ဝက်တွေကို အာဟာရပြည့်ပြည့်ဝဝကျွေးမွေးပေးပါ။
(၂) အပူဒဏ်အပါအဝင် ဒဏ်ဖြစ်စေတဲ့အချက်တွေကို တတ်နိုင်သမျှ လျှော့ချပါ။
(၃) ကာကွယ်ဆေးတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး လုံလောက်အောင် ထိုးနှံထားပါ။
(၄) မွေးဖွားချိန်မှာ ဝက်မအတွက်ရော၊ လူအတွက်ပါ သန့်ရှင်းရေး ဂရုစိုက်ပါ။
(၅) လက်ရှိဝက်မက အစာစားတယ်၊ နို့ပေးတယ်၊ ပုံမှန်ပဲဆိုရင် ဆေးဝါးကုသစရာ မလိုအပ်ပါ။ အာဟာရ ပြည့်ပြည့်ဝဝကျွေးပြီး သန့်သန့်ရှင်းရှင်း သက်တောင့်သက်သာ ထားပါ။
(၆) ဝက်မက အစာမစား၊ ဖျားနာတယ်ဆိုရင်တော့ ပဋိဇီဝဆေးဝါးတွေနဲ့ ကုသဖို့ လိုအပ်ပါတယ်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ဝက်တွင် ဖြစ်ပွားတတ်သော ရောဂါများ
Saw Philic
3 months agoရော ဂါဝင်တာပါ
Related questions
နွားမကြီး မျက်ရေပူတွေကြနေလို့ ဘာဖြစ်တာလဲဗျ ဘယ်လိုလုပ်ပေးရမလဲ
Ma wai • 1 answers
အိမ်မွေးကြက်တွေမှာ သံပြာကောင်တွေကျအောင် ဘာဆေးတိုက်ရမှာလဲ ဆရာတို့
စကြည်စိုး • 1 answers
သားတင်ထားတဲ့ဝက်မကြီး မထလို့ အစာလဲမစားဖြစ်နေလို့ ဘာဖြစ်တာလဲသိချင်လို့ပါ
thetpaingoo • 1 answers
ဝက်တစ်လသားလေးတွေအစာမစားပဲဝမ်းသွားနေလို့ဘာလုပ်ရမလည်းဗျာ့
Nay Ye Thwin • 1 answers
မင်္ဂလာပါရှင့် ကြက်ကျောက်ရောဂါ ကုသနိုင်မယ့်ဆေးအမျိုးအစားနဲ့ ဆောင်ရန်ရှောင်ရန်လေးတွေ သိချင်ပါတယ် အတွေ့အကြုံရှိ လူကြီးမင်းများ မျှဝေပေးကြပါနော်
Khin Khin • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်ခိုင်
See all
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025
လူ့အမြင်..နွားအမြင်
08/08/2025
အမေရိကန်ရဲ့ ကြက်ငှက်တုပ်ကွေး သင်ခန်းစာ
18/03/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....