Green Way
အသားတိုးမွေးမြူရန် နွားများ ရွေးချယ်ဝယ်ယူနည်း

အသားတိုးမွေးမြူရန် နွားများ ရွေးချယ်ဝယ်ယူနည်း

သက်ခိုင်
သက်ခိုင် 12/09/2024

အသားစားနွားမွေးမြူရေးတွင် အဆင့် ၃ ဆင့်ရှိပြီး အသားအဖြစ်မထုတ်လုပ်မီနောက်ဆုံးအဆင့်မှာ အသားတိုးမွေးမြူသည့်အဆင့် (fattening) အဆင့်ဖြစ်ပါသည်။ ယင်းအဆင့်တွင် မွေးမြူရန် Stocker အဆင့် နွားများကို ရွေးချယ်ဝယ်ယူရမည် ဖြစ်ပါသည်။ 

အသားတိုးမွေးမြူရေးရာတွင် အကျိုးအမြတ်ဖြစ်ထွန်းရန်အတွက် အာဟာရနှင့် စီမံခန့်ခွဲမှု ကောင်းမွန်ရ မည့်အပြင် အသားတိုးမွေးမြူမည့် stocker နွားများ၏အရည်အသွေး ကောင်းမွန်ရန်လည်း လိုအပ်ပါသည်။ ထို့ ကြောင့် stocker များကို သေချာစွာ ရွေးချယ်ဝယ်ယူရမည် ဖြစ်ပါသည်။ ရွေးချယ်ရာတွင် စီစစ်သင့်သည့်အချက်များ ကို အကြံပြုတင်ပြလိုပါသည်။

(၁) မျိုးကောင်းမျိုးသန့် - အသားတိုးမွေးမြူထုတ်လုပ်မည့် နွားများသည် ကြီးထွားနှုန်းနှင့် အသားအရည်အသွေး ကောင်းမွန်သည့် နွားမျိုးဖြစ်ရန် လိုအပ်ပါသည်။ ထို့ပြင်ဈေးကွက်က ကြိုက်နှစ်သက်သည့်မျိုး လည်းဖြစ်ရန် လိုအပ်ပါသည်။ ဒေသမျိုးများထဲမှ ကြီးထွားနှုန်းကောင်းသော နွားမျိုးကို ရွေးချယ်မွေးမြူမည် သို့မဟုတ် ဒေသမျိုးနှင့် နိုင်ငံခြားမှ ကြီးထွားနှုန်းကောင်းမွန်သည့် အသားစားနွားမျိုးများနှင့် မျိုးစပ်ထားသည့် ကပြားနွားများကို မွေးမြူမည်စသည်တို့ကို သေချာစွာ သုံးသပ်ပြီးမှ ဆုံးဖြတ်မွေးမြူသင့်ပါသည်။ တရုတ်နိုင်ငံ၏အတွေ့အကြုံအရ စီမန်တယ်လ် (Simmental)၊ လီမွန်ဆင် (Limou-sin)၊ အန်းဂတ်စ် (Angus) နှင့် ရှားဟိုးလေး/ချဲရိုးလေ့စ်  (Charolais) နွားမျိုးများနှင့် မျိုးစပ်ထားသည့် ကပြားနွားများသည် အသားတိုးမွေးမြူရန် အကောင်းအဆင်ပြေသည်ကို တွေ့ရှိရပါသည်။

(၂) အသက် - အသက်ငယ်သော stocker နွားများကို ရွေးချယ်ဝယ်ယူခြင်းဖြင့် မိမိလက်ထဲတွင် အသားများများတိုးအောင် ဆောင်ရွက်နိုင်ပြီး အမြတ်လည်း ပိုမို၍ ရရှိနိုင်ပါသည်။ သို့ရာတွင် အသက်ငယ်သေးသဖြင့် ဈေးကွက်ဝင်အသား ထုတ်လုပ်နိုင်သည်အထိ အသားတိုးမွေးမြူရမည့်အချိန် ပိုမို၍ ရှည်လျားကာ အစာဖိုးကုန်ကျစရိတ် ပိုမိုမြင့်မားလာမည်ဖြစ်ပါသည်။ တနည်းအားဖြင့် အစာဖိုး ပို၍ ရင်းနှီး မြှုပ်နှံထားရန် လိုအပ်ပြီး၊ ဝင်ငွေပြန်ရချိန်လည်း နောက်ကျမည်ဖြစ်ရာ မိမိရင်းနှီးမြှုပ်နှံနိုင်မည့် အချိန်နှင့် ငွေကြေးကို ချင့်ချိန်သင့်ပါသည်။ 

အသက်ကြီးလွန်းပါက ကြွက်သားမျှင်များ ထူထဲပြီး၊ အသားအရည်အသွေးကျဆင်းကာ ဈေးကွက်တွင် ရောင်းပန်းမလှ ဖြစ်နိုင်ပါသည်။ အသက်ကြီးသည့် stocker များကို ဝယ်ယူ၍ အသားတိုးမွေးမြူခြင်းက အမြတ်နည်းသော်လည်း ငွေဖော်မြန်ခြင်း၊ ရင်းနှီးမြှုပ်နှံရသည့်အစာဖိုး သက်သာခြင်း စသည့် ကောင်းကျိုးများလည်း ရှိပါသည်။ 

ထို့ကြောင့် မည်သည့်အသက်အရွယ်ရှိသည့် stocker ကို ဝယ်ယူမည် ဆိုသည့်အချက်မှာ မွေးမြူသူ တစ်ဦးချင်း စီ၏ စီးပွားရေးစီမံခန့်ခွဲမှု၊ အစာဝယ်ယူရရှိနိုင်မှု၊ သိုလှောင်ထားနိုင်မှုနှင့် ရင်းနှီးမြှုပ်နှံနိုင်မှု စသည့်အချက်များ ပေါ်တွင် မူတည်၍ ကွဲခြားသွားနိုင်ပါသည်။ 

(၃) လိင် - နွားများ၏ အထီး၊ အမ သဘာဝသည်လည်း အစာမှ အသားပြောင်းလဲနှုန်း၊ အသားထုတ်လုပ်ပေးနိုင်မှု၊ အသားအရည်အသွေးတို့အပေါ် များစွာလွှမ်းမိုးထားပါသည်။ နွားသိုးများသည် နွားသင်းများ၊ နွားမများထက် ကြီးထွားနှုန်း ပိုမို ကောင်းမွန်ပါသည်။ 

နွားမများ၏ အသားမှာ နူးညံ့ပြီး၊ အသားမျှင်သေးငယ်ကာ၊ အမဲအကြော (connective tissues) ပါဝင်မှုနည်းပါးပါသည်။ အသားစိုင်ထဲတွင် အဆီပါဝင်မှုမြင့်မားကာ marbled pattern ကို ပိုမို ထင်ရှားစွာတွေ့ရနိုင်ပါသည်။ သတိပြုရမည့်အချက်မှာ ဈေးကွက်အတွင်းသို့ လာရောက် ရောင်းချသည့် နွားမအများစုမှာ မျိုးပွားခြင်း၊ နို့ထုတ်လုပ်ခြင်းအတွက် မသင့်လျော်တော့သဖြင့် လာရောက် ရောင်းချသည့် နွားအိုမများ ဖြစ်နေတတ်ပါသည်။ ထိုသို့ အိုမင်းနေသည့်နွားမများကို အသားတိုးထုတ်လုပ်ရာ တွင် အသားတက်နှုန်း နည်းပါးပါသည်။ 

ဖြစ်နိုင်ပါက သင်းကွပ်ထားခြင်းမရှိသည့် နွားထီးငယ်များကို ရွေးချယ်ဝယ်ယူသင့်ပါသည်။ 

(၄) အလေးချိန် - အလေးချိန် ၂၅၀ ကီလိုဂရမ် နှင့် ၄၀၀ ကီလိုဂရမ် အကြားနွားများကို အဓိကထား၍ ရွေး ချယ်ကာ ဝယ်ယူသင့်ပါသည်။ တရုတ်နိုင်ငံတွင် အများဆုံးဝယ်ယူလေ့ရှိသည့် stocker များ၏ အလေးချိန်မှာ ၃၀၀ - ၃၅၀ ကီလိုဂရမ်ခန့် ဖြစ်ပါသည်။ မပိန်လွန်း၊ မဝလွန်းသည် (medium fat) အနေအထား ဖြစ်သင့်ပါသည်။ 

မြန်မာနိုင်ငံမှ နွားအရှင်များကို နယ်စပ်ကုန်သွယ်ရေးမှတဆင့် အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ရောင်းချ ရာတွင် ဝယ်လက်များအနေဖြင့် အသားထွက်အလေးချိန် ၁၀၀ ပိဿာ ခန့် ရှိနိုင်သည့် နွားများကို ဦးစားပေး၍ ဝယ်ယူလေ့ရှိပါသည်။ အသားထွက်အလေးချိန် ပိဿာ ၁၀၀ ရရှိရန်၊ အရှင်ချိန်အနေဖြင့် ပိဿာ ၂၀၀ (၃၂၀ ကီလိုဂရမ်) ခန့် ဖြစ်သည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ ဖြစ်နိုင်ချေအရှိဆုံးမှာ မြန်မာနိုင်ငံမှ နွားများကို stocker များအဖြစ် ဝယ်ယူကာ သက်ဆိုင်ရာနိုင်ငံများတွင် အသားတိုးမွေးမြူခြင်း (fattening) ပြန်လည်ပြုလုပ်ပြီးမှ အသားအဖြစ် ထုတ်လုပ်ခြင်း ဖြစ်နိုင်ပါသည်။ 

(၅) ခန္ဓာကိုယ်ပုံသဏ္ဌာန် -  အသားတိုးမွေးမြူရန် ဝယ်ယူသည့် stocker သည် ခန္ဓာကိုယ်ကျစ်လျစ်ရပါ မည်။ သို့မှသာ အသားတိုးမွေးမြူချိန်တွင် အစာနုများစားကာ ထပ်မံ၍ တက်လာမည့် အဆီပမာဏနှင့် ကွက်တိဖြစ်နေပါ မည်။ အဆီများလွန်းနေပါက ထပ်မံ၍ တက်လာမည့် အဆီပမာဏနှင့် ပေါင်းကာ အသားတွင် အဆီဓာတ်များ လွန်းနေနိုင်ပါသည်။ 

Stocker နွားများ၏ အရေပြားသည် ကြွက်သားပေါ်တွင် တင်းရင်းစွာ ကပ်မနေဘဲ ပျော့ပျော့ပျောင်းပျောင်းဖြင့် လှုပ်ရှား၍ရရပါမည်။ နွားအရေပြားကို လက်ဖြင့်အလွယ်တကူ ဆွဲယူ၍ ရရပါမည်။ သို့မှသာ အသားတိုးမွေးမြူချိန်တွင် ထပ်တိုးလာမည့် အသားနှင့် အဆီများ လွယ်ကူစွာ တိုးလာနိုင်မည် ဖြစ် ပါသည်။ 

ခြေထောက်များ ခိုင်မာပြီး၊ ခွာခင်းလည်း ကောင်းမွန်ရန် လိုအပ်ပါသည်။ သို့မှသာ အသားတိုးမွေးမြူချိန်တွင် အလျင်အမြန်တိုးတက်လာမည့် ခန္ဓာကိုယ်အလေးချိန်ကို ခြေထောက်နှင့် ခွာများက ကောင်း မွန်စွာ ထောက်ပံ့ပေး ထားနိုင်မည် ဖြစ်ပါသည်။ 

ခန္ဓာကိုယ်သည် ပိန်လှီချိနဲ့နေခြင်းမရှိရပါ။ အချိုးအစား ဖွံ့ထွားပြီး ကျန်းမာသောလက္ခဏာများနှင့် ပြည့်စုံနေရပါမည်။ ခန္ဓာကိုယ်အစိတ်အပိုင်းများ ချို့တဲ့ခြင်း၊ အနာရောဂါများ ဖြစ်နေခြင်း မရှိရပါ။ အရောင်အသွေးလည်း စိုပြေနေရပါမည်။ 

ဦးခေါင်းပိုင်း ကျယ်ပြန့်ရပါမည်။ ပါးစပ်ကျယ်ပြီး လည်ပင်းတိုရပါမည်။ ရင်အုပ်ပိုင်း ကြီးမားကျယ်ပြန့် ရပါမည်။ ခန္ဓာကိုယ်အလျား ရှည်ပြီး၊ ကျောပြင်ကျယ်ရပါမည်။ ခါးပိုင်း ဖြောင့်တန်းရပါမည်။ အရှေ့ ခြေထောက်များ ကြီး မားတုတ်ခိုင်ရပါမည်။ 

အသားတိုးမွေးမြူမည့်နွားသည် ရိုင်းစိုင်းခြင်းမရှိဘဲ၊ အေးဆေးတည်ငြိမ်ကာ ကိုင်တွယ်ရလွယ်ကူသည့် နွားဖြစ် သင့်ပါသည်။ ရန်လိုတတ်ပြီး ထိန်းသိမ်းကိုင်တွယ်ရခက်သော နွားဖြစ်ပါက အသားတိုးနွားခြံထဲရှိ အခြားနွားများနှင့် ခြံလုပ်သားအတွက်ပါ အနှောက်အယှက်ဖြစ်စေပြီး တစ်ခြံလုံးအတိုင်းအတာ ဖြင့် ထုတ်လုပ်မှုကို ထိခိုက် စေနိုင်ပါသည်။ 

(၆) နေရာ - အသားတိုးမွေးရန် stocker များကို ဝယ်ယူရာတွင် အသားတိုးမွေးမြူမည့် ခြံနှင့် အလှမ်းကွာ ဝေးလွန်း သည့်နေရာမှ နွားကို မဝယ်ယူသင့်ပါ။ အသားတိုးခြံနှင့် နီးစပ်သည့်နေရာမှ နွားကိုသာ ဦးစား ပေး ဝယ်ယူသင့် ပါသည်။ 

ဝေးကွာလွန်းသည့်နေရာမှ နွားများကို ဝယ်ယူပါက မိမိတို့ အသားတိုးမွေးမြူသည့်နေရာနှင့် ပတ်ဝန်းကျင် အခြေအနေ မတူညီသည့် ဒေသမှ နွားများ ဖြစ်နေနိုင်ပါသည်။ ပတ်ဝန်းကျင်အခြေအနေ မတူညီသည့်အတွက် ကြီးထွားနှုန်းအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။ 

ဝေးကွာသောအရပ်မှ ရောဂါသစ်များ သယ်ဆောင်လာနိုင်သည်ကိုလည်း သတိပြုရပါမည်။ အသားတိုး မွေးမြူမည့်ခြံနှင့် နီးစပ်သည့်ဒေသဖြစ်ပါက ရောဂါဖြစ်ပွားကျရောက်မှု အနီးစပ်ဆုံးတူညီ သဖြင့် ရောဂါဒဏ်ခံရနိုင်ချေ ပိုမိုနည်းပါးပါသည်။ 

ဝေးကွာသော အရပ်မှ stocker များကို သယ်ဆောင်လာခြင်းဖြင့် နွားများသည် ဒဏ်(stress) ဖြစ်ကာ ခန္ဓာ ကိုယ်အလေးချိန် လျော့ကျသွားနိုင်ပါသည်။ ထို့ကြောင့် ဝယ်ယူသူအနေဖြင့် လေလွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ပါသည်။ 

ဒဏ်ဖြစ်နေချိန်တွင် ပတ်ဝန်းကျင်အသစ်ဖြစ်သော အသားတိုးခြံသို့ ရောက်ရှိလာသည့် နွားများသည် အသားတိုးခြံတွင် ယခင်ကတည်းကရှိနှင့်နေသည့် ရောဂါများနှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိဖူးခဲ့ပါက ယင်းရောဂါများ အလွယ်တကူ ကူးစက်ကာ ဖြစ်ပွားနိုင်သည်ကိုလည်း ထည့်သွင်းစဉ်းစားရပါမည်။  

  အသားစားနွားမွေးမြူရေးကဏ္ဍ ဖြစ်ထွန်းလာချိန်တွင် အသားတိုးမွေးမြူလိုသူများအနေဖြင့် stocker များ ရွေးချယ်ဝယ်ယူနိုင်ရေးအတွက် အခြေခံလမ်းညွှန်အဖြစ် အသုံးချနိုင်စေရန် ရည်ရွယ်ကာ စုစည်းဖော်ပြထားခြင်း ဖြစ်ပါသည်။ လက်တွေ့ဆောင်ရွက်ရာတွင် မိမိ၏ စီးပွားရေးပုံစံ၊ ဒေသ၏ ရေမြေရာသီဥတုနှင့် အခြေအနေအရပ်ရပ်၊ ဈေးကွက်၊ ရင်းနှီးမြှုပ်နှံနိုင်မှုနှင့် သွင်းအားစုအနေအထားများအပေါ် ခြုံငုံသုံးသပ်ကာ အကောင်းဆုံး stocker များကို မွေးမြူသူများကိုယ်တိုင် ဆုံးဖြတ်ကာ ရွေးချယ်ဝယ်ယူကြရမည် ဖြစ်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Dr. မောင်စိုးမိုး

Dr. မောင်စိုးမိုး

7 months ago

Ruminants များအတွက် အကျိုးကျေးဇူးများ ၁။ အစာခြေစနစ် ကျန်းမာရေး · Rumen Microflora ညီမျှခြင်း: ကျေးဇူးပြုဘက်တီးရီးယားများ ပေါက်ပွားမှုကို အားပေးခြင်း · pH Level ထိန်းညှိခြင်း: Lactic Acid Accumulation ကို ကာကွယ်ပေးခြင်း · Fiber ချေဖျက်နိုင်စွမ်း မြင့်တက်ခြင်း: Cellulolytic Bacteria များ ပေါက်ပွားမှု ကောင်းမွန်ခြင်း ၂။ အာဟာရဓာတ် စုပ်ယူမှု · Volatile Fatty Acids (VFA) ထုတ်လုပ်မှု မြင့်တက်ခြင်း · အစာမှ စွမ်းအင်ရရှိမှု ပိုမိုကောင်းမွန်ခြင်း · အစာစားချင်စိတ် (Feed Intake) ကောင်းမွန်ခြင်း ၃။ ကျန်းမာရေး ကောင်းမွန်ခြင်း · ခုခံအားစနစ် မြှင့်တင်ခြင်း · အူနံရံ ကျန်းမာရေး ကောင်းမွန်ခြင်း · ရောဂါကူးစက်မှု လျှော့ချပေးခြင်း Probio containing LAB ( Lactic Acid Bacterias ) 10^10 CFU &amp; Saccharomyces 10^9 CFU / Kg ( Tapioca Carrier ) Please see <a href="https://www.facebook.com/share/1BW7fRvVmL">https://www.facebook.com/share/1BW7fRvVmL</a> အသုံးပြုနည်း နည်းလမ်းများ နည်းလမ်း (၁) - TMR / နေ့စဉ်အစာရောစပ်ခြင်း (အကောင်းဆုံးနည်းလမ်း) အသုံးပြုပုံ: · နွားတစ်ကောင်လျှင် 10-15 gram/g နှုန်း · TMR Mixer အတွင်း အစာများနှင့် ရောစပ်ပါ · အနည်းဆုံး 5-10 မိနစ်ခန့် သေချာရောမွှေပါ အားသာချက်များ: · ညီမျှသော ဖြန့်ဖြူးမှု · အလုပ်သက်သာခြင်း · စွမ်းဆောင်ရည် တိုးတက်ခြင်း နည်းလမ်း (၂) - ရေဖျော်၍ ဖြန်းခြင်း (စျေးသက်သာပြီး ထိရောက်သောနည်း) အသုံးပြုပုံ: · Probio P 100 gram ကို ရေ 1-2 လီတာဖျော်ပါ · စိမ်းစား/ခြောက်စာပေါ်သို့ ဖြန်းကျဲပါ · ဖျော်ပြီး 24 နာရီအတွင်း အသုံးပြုပါ အားသာချက်များ: · စျေးပိုသက်သာခြင်း · အကျိုးသက်ရောက်မှုမြန်ခြင်း · လွယ်ကူသောနည်းလမ်း နည်းလမ်း (၃) - Silage Inoculant အဖြစ် အသုံးပြုခြင်း (အလွန်တန်ဖိုးရှိသောနည်း) အသုံးပြုပုံ: · Silage 1 တန်လျှင် Probio P 100-200 gram · ရေဖျော်၍ စိမ်းစားပေါ်ဖြန်းပါ · လေလုံအောင် ပြုလုပ်သိမ်းဆည်းပါ အားသာချက်များ: · Silage အရည်အသွေး မြင့်မားခြင်း · အာဟာရဓာတ် ဆုံးရှုံးမှု နည်းပါးခြင်း · တိရစ္ဆာန်များ ကြိုက်နှစ်သက်ခြင်း ဆေးပမာဏ (Dosage) သတ္တဝါအမျိုးအစား နေ့စဉ်ကျွေးရန် ပမာဏ ကျွေးရမည့်ကာလ လူကြီးနွား/ကျွဲ 10-15 gram/တစ်ကောင် နေ့စဉ် ပုံမှန်ကျွေးရန် ကလေးနွား/ကျွဲ 5-10 gram/တစ်ကောင် နေ့စဉ် ပုံမှန်ကျွေးရန် သိုး/ဆိတ် 2-5 gram/တစ်ကောင် နေ့စဉ် ပုံမှန်ကျွေးရန် အထူးအသုံးပြုရမည့် အခြေအနေများ ၁။ အစာပြောင်းလဲကျွေးမွေးချိန် · အစာအသစ်သို့ ပြောင်းလဲကျွေးသည့် အချိန် 1-2 ပတ် ကြိုတင်၍ စတင်ကျွေးပါ ၂။ စိတ်ဖိစီးမှုများသော အချိန်များ · ခွဲစိတ်ကုသခြင်း · ကားစီးခြင်း · နေရာပြောင်းရွှေ့ခြင်း · ရာသီဥတုပြင်းထန်ခြင်း ၃။ ပဋိဇီဝဆေး အသုံးပြုပြီးချိန် · ပဋိဇီဝဆေး ကျွေးမွေးပြီး 2-3 ရက်ကြာမှ စတင်ကျွေးပါ · အူအတွင်း ကျေးဇူးပြုဘက်တီးရီးယားများ ပြန်လည်ဖြည့်တင်းရန် သိထားရမည့် အချက်များ ၁။ သိုလှောင်သိမ်းဆည်းမှု · ခြောက်သွေ့အေးမြသော နေရာတွင် သိမ်းဆည်းပါ · နေရောင်တိုက်ရိုက်မကျသော နေရာတွင် ထားပါ · လေလုံသော ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးထားပါ ၂။ ရှောင်ကြဉ်ရမည့် အချက်များ · ရေနွေးပူပူ/ဆူပွက်နေသော ရေနှင့် မရောမွှေပါနှင့် · ပဋိဇီဝဆေးများနှင့် တစ်ချိန်တည်း မကျွေးပါနှင့် · ထုပ်ပိုးအိတ်ကို ကြာရှည်စွာ ဖွင့်မထားပါနှင့် ၃။ အောင်မြင်သော အသုံးပြုမှုအတွက် အကြံပြုချက်များ · ပုံမှန်ကျွေးမွေးမှုသည် သော့ချက်ဖြစ်သည် · ညွှန်ကြားချက်အတိုင်း မှန်ကန်စွာ အသုံးပြုပါ · ယုံကြည်ရသော ထုတ်လုပ်သူမှ ထုတ်ကုန်ကို ရွေးချယ်ဝယ်ယူပါ နိဂုံးချုပ် Probio P သည် Ruminants များ၏ အစာခြေစနစ်၊ ကျန်းမာရေးနှင့် ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်သော ထိရောက်သည့် Probiotic ဖြစ်ပါသည်။ ညွှန်ကြားချက်အတိုင်း မှန်ကန်စွာ အသုံးပြုပါက မွေးမြူရေးလုပ်ငန်းအတွက် စီးပွားရေးအရ အကျိုးအမြတ်ကောင်းမွန်စေမည်ဖြစ်ပါသည်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....