အသားစားနွားမွေးမြူရေး၏ အခြေခံသဘောတရားများ
မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများထဲတွင် နွားမွေးမြူကောင်ရေ မြင့်မားသည့်နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ လယ်ယာလုပ်ငန်းအတွက် ဦးတည်၍ နွားများကို မွေးမြူခဲ့ရာမှ၊ လယ်ယာလုပ်ငန်းတွင် စက်ယန္တရားများကို အစားထိုးသုံးစွဲလာခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် မူလကပင် ပြည်တွင်း၌ အမဲသားစားသုံးမှု နည်းပါးခြင်း၊ ဈေးကွက်စီးပွားရေးစတင်ပြီးနောက်ပိုင်း ထုတ်လုပ်မှုမြင့်မားသည့် ကပြားကြက်နှင့် ဝက် မျိုးများ ဝင်ရောက်လာကာ မွေးမြူကြသဖြင့် ကြက်သား၊ ကြက်ဥ၊ ဝက်သား ထုတ်လုပ်ရေး အရှိန်အဟုန်နှင့် တိုးတက်ခဲ့ခြင်းကြောင့် အမဲသားစားသုံးမှု နည်းပါးနေဆဲဖြစ်ပါသည်။ ထို့ကြောင့် နွားကောင်ရေမှာ လယ်ယာလုပ်ငန်းခွင်နှင့် ပြည်တွင်းစားသုံးမှုအတွက် လိုအပ်ချက်ထက် ပိုလျှံနေဆဲ ဖြစ်ပါသည်။ အခြားတစ်ဖက်တွင် ပိုလျှံနေသော နွားများကိုလည်းကောင်း၊ နွားများ ထပ်မံမွေးမြူထုတ်လုပ်ခြင်းဖြင့်လည်းကောင်း၊ ဒေသတွင်းနိုင်ငံများသို့ နွားနှင့် အမဲသား တင်ပို့ရောင်းချရန်အတွက် အခွင့်အလမ်းများ ကြီးမားစွာ ရှိနေဆဲ ဖြစ်ပါသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ရှိနေဆဲနွားများကို တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ၊ ထုတ်ရောင်းခြင်းထက် အသားစားနွားမွေးမြူရေးကဏ္ဍတစ်ရပ် ပေါ်ပေါက်လာအောင် ကြိုးစားဆောင်ရွက်နိုင်မည့် ကောင်းမွန်သော အလားအလာများ ရှိနေဆဲဖြစ်ပါသည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းချိန်တွင် အသားစားနွားမွေးမြူရေးကဏ္ဍ ပေါ်ထွန်းလာအောင် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါသည်။ အသားစားနွားမွေးမြူရေးကဏ္ဍကို တည်ထောင်ရာတွင် အသားစားမွေးမြူရေး၏ အခြေခံသဘောတရားများကို ကြေညက်စွာ နားလည်ထားရန် လိုအပ်ပါသည်။
ထုတ်လုပ်မှုအဆင့်များ
အသားစားနွားမွေးမြူရေးတွင် ထုတ်လုပ်မှုအဆင့် ၃ ဆင့် ထားရှိ ကာ မွေးမြူကပါသည်။ မျိုးနွားမများမွေး မြူကာ ယင်းတို့ကို သားစပ်ပြီး နို့ခွဲ အသားစားနွားငယ်များ ထုတ်လုပ်သည့်အဆင့် (Cow-calf operation)၊ နို့ခွဲနွား များကို အရွယ်အစားကြီးမားအောင် မွေးမြူခြင်း (Stocker farm) နှင့် ဈေးကွက်မတင်မီ အသားတိုးမွေးမြူခြင်း (Fattening) ဟူသော အဆင့်များ ဖြစ်ပါသည်။
အသားစားနွားမွေးမြူရေးကို ယင်းသို့ အဆင့်များခွဲခြားဆောင်ရွက်ရခြင်းမှာ အသားစားနွားများ၏ အသက် အရွယ်အလိုက် ခန္ဓာကိုယ်ဖွံ့ထွားမှုပုံစံများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ ၏ အချိုးအစားများ ကွာခြားခြင်းကြောင့် ဖြစ်ပါသည်။ နွားများ ၏ ဖွံ့ထွားမှုနှင့် အသား၊ အဆီ၊ အရိုး အချိုးအစားများပေါ် မူတည်၍ အကောင်းဆုံးစီမံခန့်ခွဲကာ၊ အမြတ်အစွန်းအများဆုံး ထုတ်လုပ်နိုင်ရန် လိုအပ်ပါသည်။
ပြောင်းလဲနေသော ဓာတုဖွဲ့စည်းပုံ
ယေဘုယျအားဖြင့် နွားများ၏ ခန္ဓာကိုယ်တွင် စီးပွားရေးအရ အဓိကအကျဆုံး အစိတ်အပိုင်းများမှာ ကြွက်သား (muscle)၊ အဆီ (fat)၊ အရိုး (bones) တို့၏ အချိုးအစား(ဖွဲ့စည်းပုံ) ဖြစ်ပါသည်။ သို့ရာတွင် ဓာတုဖွဲ့စည်းပုံအ ရ စစ်ဆေးကြည့်မည်ဆိုပါက နွားတစ်ကောင်ကို ရေဓာတ် (water)၊ အသားဓာတ်(ပရိုတင်း - protein)၊ အဆီဓာတ် (fat) နှင့် သတ္တုဓာတ် (Ash) တို့ဖြင့် အဓိက ဖွဲ့စည်းတည်ဆောက်ထားခြင်း ဖြစ်ပါသည်။
အရေးကြီးသည့်အချက်မှာ နွားများ၏ ခန္ဓာကိုယ်ကို ဖွဲ့စည်းတည်ဆောက်ထားသည့် ဓာတုဖွဲ့စည်းပုံမှာ အသက်အရွယ်နှင့် အရွယ်အစား (အလေးချိန်) အလိုက် ပြောင်းလဲနေသည်ဆိုသည့် အချက်ဖြစ်ပါသည်။

ယေဘုယျအားဖြင့် အရွယ်အစားကြီးမားလာသည်နှင့်အမျှ ရေဓာတ်ပါဝင်မှု ရာခိုင်နှုန်း သိသိသာသာ ကျဆင်းလာပါသည်။
နွား၏ အလေးချိန် ကီလိုဂရမ် ၃၀၀ - ၃၅၀ ဝန်းကျင်အထိ အသားဓာတ်ရာခိုင်နှုန်း တဖြည်းဖြည်းမြင့် တက်လာပြီး၊ ယင်းနောက်ပိုင်းတွင် အသားဓာတ်အချိုးအစား လျော့ကျလာသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ အသက်အရွယ်အားဖြင့် နှစ်နှစ်သားအရွယ် (၂၄ လ ဝန်းကျင်) အထိ အသားတက်နှုန်း မြင့်မားသော်လည်း ယင်းနောက်ပိုင်းတွင် အသားတိုးနှုန်းမှာ လျော့နည်းလာသည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ ယင်းကာလတွင် ကြွက်သားတည်ဆောက်မှုထက် အဆီတည်ဆောက်မှုက ပိုမို၍ အားကောင်းလာသည်ကို တွေ့ရမည် ဖြစ်ပါသည်။
ကြွက်သားများကို အသားဓာတ်ဖြင့် အဓိက တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ အသားဓာတ်အချိုး အ စားသည် နွား၏ ခန္ဓာကိုယ်တွင် ကြွက်သားမည်မျှပါရှိသည်ဟူသော အချိုးအစားကို ဖော်ညွှန်းနေခြင်း ဖြစ်ပါသည်။ တပြိုင်နက်တည်းတွင် သတိထားရမည့်အချက်မှာ အသက်အရွယ်ကြီးလာသည်နှင့်အမျှ ကြွက်သားမျှင် (muscle fiber) များ ထူထဲလာပြီး အသား၏ အရည်အသွေး ကျဆင်းလာသည်ဆိုသည့်အချက်ဖြစ်ပါသည်။
အဆီဓာတ်ပါဝင်မှုမှာ အရွယ်အစားကြီးမားလာသည်နှင့်အမျှ ပိုမိုမြင့်မားလာသည်ကို တွေ့ရှိရပါသည်။ အ ထူးသဖြင့် အသက် ၁၀ လနောက်ပိုင်းတွင် အဆီပါဝင်မှုအချိုးအစားမြင့်တက်မှုမှာ ပိုမိုလျင်မြန်လာသည်ကို တွေ့ရှိ ရမည် ဖြစ်ပါသည်။
သတ္တုဓာတ်မှာ အရိုးတွင် အများဆုံး စုဝေးနေပါသည်။ ထို့ကြောင့် သတ္တုဓာတ်ပါဝင်မှုနှင့် အရိုးများပါဝင်မှု အချိုးအစားမှာ တိုက်ရိုက်အချိုးကျနေပါသည်။ အရိုးများသည် ခန္ဓာကိုယ်၏ ပုံပန်းသဏ္ဍာန်ကို ပုံဖော်ပေးနေရာ၊ အ ရိုးများ ကြီးထွားလေလေ၊ နွား၏ အရွယ်အစား ကြီးထွားလေလေ ဖြစ်ပါသည်။ အရိုးကြီးထွားမှု ရပ်တန့်ပါက နွား၏ အရွယ်အစားကြီးထွားမှုလည်း ရပ်တန့်သွားမည် ဖြစ်ပါသည်။ သတ္တုဓာတ်ပါဝင်မှုအချိုးအစား သို့မဟုတ် အရိုးကြီး ထွားမှုနှုန်းမှာ နှေးကွေးပြီး တည်ငြိမ်သည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ သို့ရာတွင် အရိုးကြီးထွားမှုမှာ သားခွဲပြီးချိန် တွင် အလျင်မြန်ဆုံးဖြစ်ပါသည်။
အသက် ၂ နှစ်နောက်ပိုင်းတွင် အစာမှအသားအဖြစ် ပြောင်းလဲနှုန်း (Feed conversion rate) မှာ သိသိသာ သာ လျော့ကျလာမည်ဖြစ်ပြီး၊ ကျွေးသလောက် မကြီးထွားတော့သည်ကို တွေ့ရှိရမည် ဖြစ်ပါသည်။ ကြီးထွားသည့် တိုင် အသားတိုးနှုန်းထက် အဆီတိုးနှုန်းက ပိုမိုမြင့်မားသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် အသားစားနွားများကို ထုတ်လုပ်မှုစတင်ကျဆင်းလာသည့် အသက် နှစ်နှစ် နောက်ပိုင်းတွင် ရောင်းချပြီး အသားအဖြစ် ထုတ်လုပ်လေ့ရှိ ကြခြင်း ဖြစ်ပါသည်။
စီးပွားရေးအမြင်ဖြင့် ချဉ်းကပ်ခြင်း
အသားစားနွားမွေးမြူရေးလုပ်ငန်းသည် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ရာ အမြတ်အစွန်း ရရှိရေးကို မဖြစ်မနေ စဉ်းစားရမည် ဖြစ်ပါသည်။ ထို့ကြောင့် နွားများ၏ ကြီးထွားနှုန်းသဘာဝကို ကြည့်ကာ အစာအာဟာရနှင့် မွေးမြူ နည်းစနစ်များကို ချိန်ညှိယူရပါသည်။ ထို့အတူ အသားစားနွားများအား အသားအဖြစ် ထုတ်လုပ်ရာတွင်လည်း အသားထွက်အမြင့်ဆုံးရရှိပြီး၊ အသားအရည်အသွေးအမြင့်မားဆုံးအချိန်ကို ချိန်ဆကြရပါသည်။ သို့မှသာ ထုတ်လုပ်မှု ကုန်ကျစရိတ်လျော့ကျပြီး အမြတ်အစွန်း အများဆုံး ရရှိနိုင်မည် ဖြစ်ပါသည်။
ယင်းအခြေအနေများပေါ်မူတည်၍ အသားစားနွားများ ထုတ်လုပ်ရာတွင် အဆင့်သုံးဆင့် ခွဲခြားကာ ထုတ်လုပ်ကြခြင်း ဖြစ်ပါသည်။

Continuous Fattening
အဆင့် ၃ ဆင့် ခွဲခြားထားသော်လည်း အချို့ ထုတ်လုပ်သူများအနေဖြင့် Cow-calf operation/Calf raring Unit မှ ထွက်ရှိလာသော သားခွဲအဆင့်နွားငယ်များ (weaned calves) အဆင့်မှ အသားထုတ်လုပ်သည်အထိ တောက်လျှောက် အသားတိုး မွေးမြူသည့်စနစ် (Continuous fattening) ဖြင့် မွေးမြူကြပါသည်။ ယင်းနည်းလမ်း ကို linear fattening ဟုလည်း ခေါ်ပါသည်။
ယင်းနည်းလမ်း၏ အားသာချက်မှာ အချိန်တိုတိုဖြင့် အသားထုတ်လုပ်နိုင်ခြင်း ဖြစ်သည်။ ထို့အပြင် နွားများ ၏ အသက်ငယ်ရွယ်စဉ်တွင် အသားအဖြစ် ထုတ်လုပ်ခြင်းဖြင့် အသားအရည်အသွေးကို ပိုမိုကောင်းမွန်စေခြင်းဖြစ် ပါသည်။
အားနည်းချက်အနေဖြင့် အစာဖိုးကုန်ကျစရိတ် မြင့်မားနိုင်ပါသည်။ နွားငယ်များ သားခွဲပြီးနောက် ကြီးထွား နှုန်း အရှိန်မြင့်မားနေချိန်တွင် ယင်းအရှိန်နောက်သို့ လိုက်ကာ အသားတိုးရန် မွေးမြူခြင်းဖြစ်ရာ အာဟာရဓာတ်မြင့်မားသည့် အစာအာဟာရကို ကျွေးမွေးပေးရန် လိုအပ်မည် ဖြစ်ပါသည်။
Concentrated fattening
မွေးမြူသူအချို့မှာမူ သားခွဲအဆင့်ပြီးနောက် အသားတိုးရန်အတွက်ဦးမတည်ဘဲ အကောင်ကြီးရန်အတွက် ရည်ရွယ်ချက်ဖြင့် အစာဖိုးကုန်ကျစရိတ်သက်သာစွာဖြင့် Stocker များကို မွေးမြူကြပါသည်။ နောက်ဆုံးအဆင့်ရောက်မှ fattening ပြုလုပ်ကြပါသည်။ သားခွဲမှ stocker အရွယ်အထိ စားကျက်ကို အဓိကအားကိုးကာ ကျွေးမွေး ပြီး မွေးမြူကြခြင်းဖြစ်ပါသည်။ အလေးချိန် ကီလို ၃၀၀-၃၅၀ ရောက်ချိန်တွင် အသားတိုးရန် အစာကောင်းကောင်းကို ကာလတို အင်တိုက်အားတိုက်ကျွေးကာ အသားတိုးအောင် ဆောင်ရွက်ကြခြင်းဖြစ်ပါသည်။ ယင်းစနစ်ကို အ သားထုတ်လုပ်ခါနီးမှ အသားတိုးမွေးမြူသည့်စနစ် (Concentrated fattening in late stage) ဟု ခေါ်ပါသည်။
အချို့မွေးမြူသူများကမူ ထုတ်လုပ်မှုမကောင်းဘဲ ပိန်လှီသော နွားများ၊ အသက်အရွယ်အလိုက် ထိုက် သင့်သည့် ကိုယ်အလေးချိန်မရရှိသေးသော နွားများကို ဝယ်ယူကာ Concentrated fattening ပြုလုပ်၍ အသားတိုး မွေးမြူပြီး ဈေးကွက်တင်ရောင်းချလေ့ ရှိပါသည်။
အသားအရည်အသွေးမှာ ထိပ်တန်းမရနိုင်သော်လည်း စီးပွားရေးအရ အကျိုးအမြတ်ဖြစ်ထွန်းသည့် နည်းလမ်းဖြစ်ပါသည်။ အထူးသဖြင့် မြေဧရိယာ ကျယ်ကျယ်ဝန်းဝန်း မရှိသူများအနေဖြင့် နေရာကျဉ်းကျဉ်းတွင် အချိန် တိုတိုမွေးမြူကာ ငွေပြန်ဖော်နိုင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်ပါသည်။
အနှစ်ချုပ် သုံးသပ်ချက်
မြန်မာနိုင်ငံမှ နွားများကို ဈေးကွက်အတွင်း လိုက်လံဝယ်ယူကာ ပြုပြင်မွေးမြူခြင်းမရှိဘဲ တိုက်ရိုက်တင်ပို့ ရောင်းချခြင်းထက် မိမိတို့နိုင်ငံတွင် စနစ်တကျ အသားတိုးမွေးမြူပြီးမှ အရှင်အတိုင်းရောင်းချခြင်း သို့မဟုတ် အသားအဖြစ် ပြုပြင်ထုတ်လုပ်ပြီးမှ အေးခဲရောင်းချခြင်းများကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါသည်။ ထိုသို့ စဉ်းစားဆောင်ရွက်မည်ဆိုပါက အသားစားနွားမွေးမြူရေး၏ အခြေခံသဘောတရားများကို သိရှိထားရန်လိုအပ်မည် ဖြစ်ပါ သည်။ နွားများ၏ ကြီးထွားမှုသဘာဝနှင့် မိမိတို့နိုင်ငံ၏ အခြေအနေ၊ အသုံးပြုမည့် မွေးမြူရေးစနစ်တို့ ဟန်ချက်ညီ ကိုက်ညီမှသာ အကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင်မည် ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Dr. မောင်စိုးမိုး
7 months agoRuminants များအတွက် အကျိုးကျေးဇူးများ ၁။ အစာခြေစနစ် ကျန်းမာရေး · Rumen Microflora ညီမျှခြင်း: ကျေးဇူးပြုဘက်တီးရီးယားများ ပေါက်ပွားမှုကို အားပေးခြင်း · pH Level ထိန်းညှိခြင်း: Lactic Acid Accumulation ကို ကာကွယ်ပေးခြင်း · Fiber ချေဖျက်နိုင်စွမ်း မြင့်တက်ခြင်း: Cellulolytic Bacteria များ ပေါက်ပွားမှု ကောင်းမွန်ခြင်း ၂။ အာဟာရဓာတ် စုပ်ယူမှု · Volatile Fatty Acids (VFA) ထုတ်လုပ်မှု မြင့်တက်ခြင်း · အစာမှ စွမ်းအင်ရရှိမှု ပိုမိုကောင်းမွန်ခြင်း · အစာစားချင်စိတ် (Feed Intake) ကောင်းမွန်ခြင်း ၃။ ကျန်းမာရေး ကောင်းမွန်ခြင်း · ခုခံအားစနစ် မြှင့်တင်ခြင်း · အူနံရံ ကျန်းမာရေး ကောင်းမွန်ခြင်း · ရောဂါကူးစက်မှု လျှော့ချပေးခြင်း Probio containing LAB ( Lactic Acid Bacterias ) 10^10 CFU & Saccharomyces 10^9 CFU / Kg ( Tapioca Carrier ) Please see <a href="https://www.facebook.com/share/1BW7fRvVmL">https://www.facebook.com/share/1BW7fRvVmL</a> အသုံးပြုနည်း နည်းလမ်းများ နည်းလမ်း (၁) - TMR / နေ့စဉ်အစာရောစပ်ခြင်း (အကောင်းဆုံးနည်းလမ်း) အသုံးပြုပုံ: · နွားတစ်ကောင်လျှင် 10-15 gram/g နှုန်း · TMR Mixer အတွင်း အစာများနှင့် ရောစပ်ပါ · အနည်းဆုံး 5-10 မိနစ်ခန့် သေချာရောမွှေပါ အားသာချက်များ: · ညီမျှသော ဖြန့်ဖြူးမှု · အလုပ်သက်သာခြင်း · စွမ်းဆောင်ရည် တိုးတက်ခြင်း နည်းလမ်း (၂) - ရေဖျော်၍ ဖြန်းခြင်း (စျေးသက်သာပြီး ထိရောက်သောနည်း) အသုံးပြုပုံ: · Probio P 100 gram ကို ရေ 1-2 လီတာဖျော်ပါ · စိမ်းစား/ခြောက်စာပေါ်သို့ ဖြန်းကျဲပါ · ဖျော်ပြီး 24 နာရီအတွင်း အသုံးပြုပါ အားသာချက်များ: · စျေးပိုသက်သာခြင်း · အကျိုးသက်ရောက်မှုမြန်ခြင်း · လွယ်ကူသောနည်းလမ်း နည်းလမ်း (၃) - Silage Inoculant အဖြစ် အသုံးပြုခြင်း (အလွန်တန်ဖိုးရှိသောနည်း) အသုံးပြုပုံ: · Silage 1 တန်လျှင် Probio P 100-200 gram · ရေဖျော်၍ စိမ်းစားပေါ်ဖြန်းပါ · လေလုံအောင် ပြုလုပ်သိမ်းဆည်းပါ အားသာချက်များ: · Silage အရည်အသွေး မြင့်မားခြင်း · အာဟာရဓာတ် ဆုံးရှုံးမှု နည်းပါးခြင်း · တိရစ္ဆာန်များ ကြိုက်နှစ်သက်ခြင်း ဆေးပမာဏ (Dosage) သတ္တဝါအမျိုးအစား နေ့စဉ်ကျွေးရန် ပမာဏ ကျွေးရမည့်ကာလ လူကြီးနွား/ကျွဲ 10-15 gram/တစ်ကောင် နေ့စဉ် ပုံမှန်ကျွေးရန် ကလေးနွား/ကျွဲ 5-10 gram/တစ်ကောင် နေ့စဉ် ပုံမှန်ကျွေးရန် သိုး/ဆိတ် 2-5 gram/တစ်ကောင် နေ့စဉ် ပုံမှန်ကျွေးရန် အထူးအသုံးပြုရမည့် အခြေအနေများ ၁။ အစာပြောင်းလဲကျွေးမွေးချိန် · အစာအသစ်သို့ ပြောင်းလဲကျွေးသည့် အချိန် 1-2 ပတ် ကြိုတင်၍ စတင်ကျွေးပါ ၂။ စိတ်ဖိစီးမှုများသော အချိန်များ · ခွဲစိတ်ကုသခြင်း · ကားစီးခြင်း · နေရာပြောင်းရွှေ့ခြင်း · ရာသီဥတုပြင်းထန်ခြင်း ၃။ ပဋိဇီဝဆေး အသုံးပြုပြီးချိန် · ပဋိဇီဝဆေး ကျွေးမွေးပြီး 2-3 ရက်ကြာမှ စတင်ကျွေးပါ · အူအတွင်း ကျေးဇူးပြုဘက်တီးရီးယားများ ပြန်လည်ဖြည့်တင်းရန် သိထားရမည့် အချက်များ ၁။ သိုလှောင်သိမ်းဆည်းမှု · ခြောက်သွေ့အေးမြသော နေရာတွင် သိမ်းဆည်းပါ · နေရောင်တိုက်ရိုက်မကျသော နေရာတွင် ထားပါ · လေလုံသော ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးထားပါ ၂။ ရှောင်ကြဉ်ရမည့် အချက်များ · ရေနွေးပူပူ/ဆူပွက်နေသော ရေနှင့် မရောမွှေပါနှင့် · ပဋိဇီဝဆေးများနှင့် တစ်ချိန်တည်း မကျွေးပါနှင့် · ထုပ်ပိုးအိတ်ကို ကြာရှည်စွာ ဖွင့်မထားပါနှင့် ၃။ အောင်မြင်သော အသုံးပြုမှုအတွက် အကြံပြုချက်များ · ပုံမှန်ကျွေးမွေးမှုသည် သော့ချက်ဖြစ်သည် · ညွှန်ကြားချက်အတိုင်း မှန်ကန်စွာ အသုံးပြုပါ · ယုံကြည်ရသော ထုတ်လုပ်သူမှ ထုတ်ကုန်ကို ရွေးချယ်ဝယ်ယူပါ နိဂုံးချုပ် Probio P သည် Ruminants များ၏ အစာခြေစနစ်၊ ကျန်းမာရေးနှင့် ထုတ်လုပ်မှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်သော ထိရောက်သည့် Probiotic ဖြစ်ပါသည်။ ညွှန်ကြားချက်အတိုင်း မှန်ကန်စွာ အသုံးပြုပါက မွေးမြူရေးလုပ်ငန်းအတွက် စီးပွားရေးအရ အကျိုးအမြတ်ကောင်းမွန်စေမည်ဖြစ်ပါသည်။
Related questions
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ဖားမွှေးမြူရေးအားမည်သည့်အချိန်စသင့်သနည်း။
Aung Thet Myo • 1 answers
နွားချောင်းဆိုးသာ ဘယ်လိုလုပ်ရမလဲဗျ ပြောပြပါအုံး
hein gyi • 0 answers
နွားအစားပြတ်နေလို့ ဘယ်လိုလုပ်ရမလဲဗျ
hein gyi • 3 answers
cpကြက်နဲ့ငါးတွဲးမွေးချင်လို့ဘယ်လိုငါးမျိုးနဲ့တွဲးမွေးသင့်လည်းဗျ
ဇလွန်သား • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်ခိုင်
See all
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025
လူ့အမြင်..နွားအမြင်
08/08/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....