ယင်ကောင်နက် (BSF) မွေးမြူရေး(၇) အညစ်အကြေးများကို ရေဓာတ်လျှော့ချခြင်း
အညစ်အကြေးလက်ခံရယူရေးနှင့် အကြိုပြင်ဆင်မှုယူနစ် (အစိုဓာတ်လျှော့ချခြင်း)
BSF သားလောင်းအတွက် အစာအဖြစ်အသုံးပြုမည့် စွန့်ပစ်အညစ်အကြေးများသည် ရေဓာတ် (အစိုဓာတ်) ၆၀% မှ ၉၀% အတွင်း ရှိနေရမည် ဖြစ်သည်။
အကယ်၍ ကြိတ်ချေပြီး စွန့်ပစ်အညစ်အကြေးများသည် ရေဓာတ် ၆၀% အောက် လျော့နည်းနေပါက ရေထပ်ထည့်ပေးနိုင်သည်။ ယင်းမှာ ရိုးရှင်းလွယ်ကူလှသည်။
အကယ်၍ ကြိတ်ချေပြီး စွန့်ပစ်အညစ်အကြေးများသည် ရေဓာတ် ၈၅% အထက်တွင် ရှိနေပါက ၈၅% အောက်သို့ ရောက်ရှိအောင် လျှော့ချပေးရန် လိုအပ်သည်။ အစိုဓာတ်များနေခြင်းက အစိုဓာတ်နည်းနေခြင်းထက် ကိုင်တွယ်ပြုပြင်ရန် ပိုမိုခက်ခဲသည်။ များသောအားဖြင့် အညစ်အကြေးများကို ကြိတ်ချေပြီးပါက အစိုဓာတ်နည်းနေခြင်းထက် များနေခြင်းကို ပို၍ တွေ့ရတတ်သည်။
- ရေဓာတ်ကို လျှော့ချရာတွင် ပေါပေါများများ ရရှိနိုင်ပြီး ခြောက်သွေ့သည့် စပါးခွံ၊ ဂျုံဖွဲကြမ်းများကို အညစ်အကြေးများထဲသို့ ရောနှောထည့်သွင်းအသုံးပြုခြင်းဖြင့် သတ်မှတ်ထားသည့် အစိုဓာတ်သို့ ရောက်ရှိနိုင်ပါသည်။
- အရင်းအနှီးကြီးကြီးမားမားဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ပါက horizontal screw press သို့မဟုတ် cider press ကဲ့သို့သော နည်းပညာများကို အသုံးပြု၍လည်း အစိုဓာတ်ကို လျှော့ချနိုင်ပါသည်။
- အလွယ်ကူဆုံး၊ အရိုးရှင်းဆုံးနည်းလမ်းမှာ အညစ်အကြေးများကို ရေစစ်ချခြင်း (passive dewatering) ဖြစ်သည်။

ပုံ - ရေဓာတ်လျှော့ချသည့် နည်းစနစ်အမျိုးမျိုး (Passive dewatering (ဘယ်အစွန်ပုံ)၊ Screw press (အလယ်ပုံ)၊ cider press (ညာအစွန်ပုံ))
ရေစစ်ချခြင်း (Passive dewatering)
ရေစစ်ချခြင်းဆိုသည်မှာ ကမ္ဘာ့ဆွဲငင်အားဖြင့် ရေကိုဖယ်ထုတ်သည့်နည်းလမ်း ဖြစ်သည်။
(၁) ရှေးဦးစွာ ရေဓာတ်လျှော့သည့်ပုံးတစ်ခုကို ပြင်ဆင်ရပါမည်။
- ပုံးအလွတ်တစ်ခုကိုယူပါ။
- ပုံးအတွင်းသို့ ပလပ်စတစ်တန်း(ဖရိန်)ကို ပုံတွင်ပြထားသည့်အတိုင်း ထည့်ပါ။
- အဝတ်စတစ်ခုကိုယူ၍ ပလပ်စတစ်ဖရိန်အပေါ်တွင်ထားပါ။
- အဝတ်စ၏ အစွန်းပိုင်းကို ပုံးလွတ်၏ထိပ်ပိုင်းတွင် ချိတ်ဆက်တပ်ဆင်ပြီး ကြိုးဖြင့် ခိုင်မာစွာ ချည်ထားပါ။

ပုံစာ - ပလပ်စတစ်တန်း (Plastic frame)အား ရေစစ်ပုံးအတွင်း ရေစစ်ဝတ်အောက်တွင် ထားရှိခြင်းဖြင့် အညစ်အကြေးအတွင်းမှအရည်များ အဝတ်အိတ်အတွင်းမှစစ်ကျရန် နေရာရရှိစေသည်။
(၂) ချေမွထားသော အညစ်အကြေးများကို အဝတ်စထဲသို့ ထည့်ပါ။ ထို့နောက် ပုံးကို အလေးချိန် ချိန်တွယ်ကာ မှတ်သားပါ။ ပြီးလျှင် အဖုံးအုပ်၍ ၂၄ နာရီ ထားပါ။

ပုံစာ - လိုအပ်မည့်ကိရိယာများ
- (၁) ရေစစ်ပုံး(Dewatering buckets) – အညစ်အကြေးများအား အဝတ်ဖြင့် ရေစစ်ချရန် အသုံးပြုသည်။
- (၂) ပလပ်စတစ်တန်း (Plastic frame) - ရေစစ်ပုံးအတွင်း ရေစစ်ဝတ်အောက်တွင် ထားရှိသည်။ ထိုသို့ ထားရှိခြင်းဖြင့် အညစ်အကြေးအတွင်းမှ အရည်များ စစ်ကျရန် နေရာကို ဖန်တီးပေးသည်။
- (၃) ကတ္တား (bulk scale) – ၁၅၀ ကီလိုဂရမ်အထိ ချိန်တွယ်နိုင်ရမည်။
(၃) ၂၄ နာရီ ပြည့်ပြီးပါက အောက်ပါတို့ကို ဆောင်ရွက်ပါ။
- ပုံးနှစ်ပုံးအတွင်းမှ အဝတ်စ နှစ်ခုအတွင်းရှိ ရေအထိုက်အလျောက်စစ်ပြီးသော အညစ်အကြေးများကို ပေါင်းထည့်ပါ။
- ထို့နောက် ယခင်အတိုင်း နောက်ထပ် ၂၄ နာရီ ထပ်မံစောင့်ဆိုင်းပါ။
- ရေလျော့သွားသဖြင့် ပုံးအပိုများ ထွက်လာပါမည်။ အပိုထွက်လာသည့် ပုံး၊ ပလပ်စတစ်တန်းနှင့် အဝတ်တို့ကို ဖိအားမြှင့်ရေပိုက်ဖြင့်ထိုး၍ ဆေးကျောသန့်စင်ပါ။
(၄) ၄၈ နာရီ ပြည့်သည့်အခါ အောက်ပါတို့ကို ဆောင်ရွက်ပါ။
- အဝတ်အိတ်ကို ထုတ်ယူပြီး ယင်းအထဲမှ ရေစစ်ပြီးအညစ်အကြေးများကို ထုတ်ယူပါ။
- ထို့နောက် ပုံးအတွင်းကျန်ရှိနေသော အရည်များကို နောက်ထပ်ပြုပြင်ထုတ်လုပ်မှုများအတွက် ပြန်သုံးပါ။ သို့မဟုတ် စွန့်ပစ်ပါ။
- ရေစစ်ထားသော အညစ်အကြေးများကို ပုံးအလွတ်ထဲသို့ ပြန်ထည့်ကာ အလေးချိန် ချိန်တွယ်ပါ။
- ချေမွထားသော အညစ်အကြေးများ၏ အလေးချိန်နှင့် အစိုဓာတ်လျှော့ချထားပြီး အညစ်အကြေးများ၏ အလေးချိန်တို့ ခြားနားချက်သည် စွန့်ထုတ်ပစ်လိုက်သော ရေ၏ အလေးချိန် ဖြစ်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Aung Kyaw Moe
1 year agoကျေးဇူးပါ
Related questions
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ဖားမွှေးမြူရေးအားမည်သည့်အချိန်စသင့်သနည်း။
Aung Thet Myo • 1 answers
နွားချောင်းဆိုးသာ ဘယ်လိုလုပ်ရမလဲဗျ ပြောပြပါအုံး
hein gyi • 0 answers
နွားအစားပြတ်နေလို့ ဘယ်လိုလုပ်ရမလဲဗျ
hein gyi • 3 answers
cpကြက်နဲ့ငါးတွဲးမွေးချင်လို့ဘယ်လိုငါးမျိုးနဲ့တွဲးမွေးသင့်လည်းဗျ
ဇလွန်သား • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်ခိုင်
See all
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025
လူ့အမြင်..နွားအမြင်
08/08/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....