Green Way
ယင်ကောင်နက် (BSF) မွေးမြူရေး(၆) အညစ်အကြေး လက်ခံရယူရေး

ယင်ကောင်နက် (BSF) မွေးမြူရေး(၆) အညစ်အကြေး လက်ခံရယူရေး

သက်ခိုင်
သက်ခိုင် 06/01/2023

အညစ်အကြေး လက်ခံရယူရေးနှင့် အကြိုပြင်ဆင်မှု ယူနစ် (လက်တွေ့လုပ်ငန်းများ)

BSF သားဖောက်စခန်းတစ်ခုတွင် လုပ်ငန်းယူနစ် ၅ ခု ဖွဲ့စည်းကာ စီမံခန့်ခွဲရန် အကြံပြုထားရာ အညစ်အကြေး လက်ခံရယူရေးနှင့် အကြိုပြင်ဆင်မှုယူနစ် (Waste receiving and pre-processing unit) သည် ကုန်ကြမ်းလက်ခံရာနေရာဖြစ်ပြီး ယင်းကုန်ကြမ်းများကို BSF သားလောင်းအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရန် အသင့်ဖြစ်အောင် ပြင်ဆင်ပေးရသည့် ယူနစ်ဖြစ်ပါသည်။

ယင်းယူနစ်တွင် အောက်ပါလုပ်ငန်းများကို လက်တွေ့ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ 

လက်ခံရယူခြင်း

  • ယူနစ်သို့ စွန့်ပစ်အညစ်အကြေးများရောက်ရှိလာသည်နှင့်တပြိုင်နက် အရည်အသွေးစစ်ဆေးမှုကို စတင်လုပ်ဆောင်ရမည် ဖြစ်သည်။ အန္တရာယ်ရှိသောအရာများပါဝင်သည့် စွန့်ပစ်အညစ်အကြေးများကို လက်ခံခြင်း မပြုသင့်ပါ။ ၄င်းတို့သည် သားလောင်းများနှင့် လက်ကျန်အညစ်အကြေးအနည်အနှစ်များ၏ အရည်အသွေးကို ထိခိုက်စေနိုင်ပါသည်။
  • အထူးသဖြင့် အရည်ပုံစံဖြင့်ရှိနေသော အန္တရာယ်ရှိပစ္စည်းများ (liquid pollutants) သည် အညစ်အကြေးများထဲတွင် အလွယ်တကူ ပျော် ဝင်နိုင်ပြီး စမ်းသပ်ရှာဖွေရန် ခက်ခဲသဖြင့် ပို၍ သတိထားကာ စစ်ဆေးသင့်ပါသည်။ 
  • BSF စခန်းတွင် အညစ်အကြေးများ လက်ခံရယူရန် တာဝန်ရှိသူသည် အညစ်အကြေးများတွင် ပါဝင်လာနိုင်ချေရှိသည့် အန္တရာယ်ရှိပစ္စည်းများ (potential hazard) အကြောင်းကို ကောင်းစွာသိရှိထားသူ ဖြစ်သင့်ပါသည်။
  • အညစ်အကြေး တစ်သုတ်ရောက်ရှိလာတိုင်း လက်ခံရယူသူအနေဖြင့် ယင်းအညစ်အကြေးများ၏အရင်းအမြစ်နှင့် ပါဝင်လာနိုင်ချေရှိသော အန္တရာယ်ရှိပစ္စည်းများကို မေးမြန်းပြီးမှ လက်ခံရယူရမည် ဖြစ်ပါသည်။ အန္တရာယ်ရှိသောပစ္စည်းများ ပါဝင်လာသည်ဟု သံသယဖြစ်ရန် ခိုင်လုံသော အကြောင်းရှိပါက ၎င်းတို့ကို လက်မခံဘဲ ပယ်သင့်ပါသည်။ 
  • ထိုသို့ မေးမြန်းပြီးနောက် မျက်မြင်စစ်ဆေးမှု ဆက်လက်ပြုလုပ်ရပါမည်။ 

အကြမ်းသန့်စင်ခြင်း (Rough sorting)

  • အညစ်အကြေးများ၏ အရည်အသွေးကို စစ်ဆေးလက်ခံပြီးနောက်၊ အညစ်အကြေးသယ်ဆောင်လာသည့် ယာဉ်ပေါ်မှ သြဂဲနစ်အညစ်အကြေးများကို သယ်ယူကာ အညစ်အကြေးချေစက် (shredder) အနီးတွင် ချရမည်။
  • ထိုသို့ဆောင်ရွက်နေစဉ်မှာပင် သြဂဲနစ်မဟုတ်သော အရာများပါဝင်လာပါက ဖယ်ရှားရမည်။ ယင်းကို အကြမ်းသန့်စင်ခြင် (rough sorting) ဟု ခေါ်သည်။

အရွယ်အစားလျှော့ချခြင်း (Waste particle size reduction)

ဇီဝအညစ်အကြေးများ၏ အရွယ်အစားကို လျှော့ချရန်နှင့် ပါဝင်ပစ္စည်းများ တစ်သားတည်း ရောနှောသွားရန်အတွက်  ၎င်းတို့ကို စက်ဖြင့် ကြိတ်ချေခြင်း (shredding) ပြုလုပ်ပေးရန် လိုအပ်သည်။ သို့မှာသာ သားလောင်းများနှင့် ဗက်တီးရီးယားများ က ၄င်းတို့၏ အစာကို အလွယ်တကူ ရယူအသုံးပြုနိုင်မည် ဖြစ်သည်။ 

  • အညစ်အကြေးချေစက်၏ အထွက်ပိုင်းတွင် တံဆိပ် (label)ကပ်ထားသော ပုံးတစ်ပုံးကိုထားကာ ချေစက်ကို ဖွင့်ပေးရမည်။   
  • အညစ်အကြေးချေစက်ထဲသို့ အညစ်အကြေးများ ထည့်နေစဉ်အတွင်း သြဂဲနစ်မဟုတ်သော ပစ္စည်းများကို ဖယ်ရှားပေးရမည်။
  • စက်ထဲသို့ အညစ်အကြေးများ ထည့်ရာတွင် လွယ်ကူစေရန် သစ်သားချောင်းဖြင့် ထိုးပေးနိုင်သည်။
  • ကြိတ်ချေပြီး အညစ်အကြေးများ ပုံးအတွင်းပြည့်သွားပါက တံဆိပ်ကပ်ထားသော ပုံးအသစ်ဖြင့် အစားထိုးပေးရမည်။
  • ကြိတ်ချေပြီးသော ဇီဝအညစ်အကြေးများ၏ အရွယ်အစားမှာ အချင်း ၁-၂ စင်တီမီတာခန့်သာ ရှိသင့်သည်။ 

အလေးချိန် ချိန်တွယ်ခြင်း (Weighing)

ကြိတ်ချေပြီး အညစ်အကြေးများပါဝင်သည့် ပုံးကို ကတ္တားပေါ်တင်ကာ အလေးချိန် ချိန်တွယ်ပြီး မှတ်တမ်းတင်ထားရမည်။ ထိုသို့ မှတ်တမ်းတင်ထားမှသာ သားလောင်းများအတွက် သင့်လျော်သည့် အညစ်အကြေးပမာဏကို ချိန်တွယ် ကျွေးမွေးနိုင်မည် ဖြစ်သည်။ 

အညစ်အကြေးအားလုံးကို ကြိတ်ခွဲချေမွပြီးပါက စက်၏ အတွင်း၊ အပြင်နှင့် ပတ်ဝန်းကျင်ကို ဖိအားမြှင့်ရေပိုက်ဖြင့်ထိုး၍ သန့်ရှင်းအောင် ဆေးကြောပေးရမည်။ ထွက်ရှိလာသော ရေဆိုးများကို ကောင်းစွာ စွန့်ပစ်ရန် လိုအပ်သည်။

  • (၁) အညစ်အကြေးချေစက် (shredder) – အညစ်အကြေးချေစက် အမျိုးမျိုးရှိနိုင်သည်။ hammer mill သို့မဟုတ် single-shaft shredder ၊ twin-shaft shredder တို့ကို အသုံးပြုနိုင်သည်။ 
  • (၂) အညစ်အကြေးထည့်သည့်ပုံး (buckets) - အညစ်အကြေးများ ထည့်ထားရန် ဖြစ်သည်။ 
  • (၃) ကတ္တား (bulk scale) – ၁၅၀ ကီလိုဂရမ်အထိ ချိန်တွယ်နိုင်ရမည်။ 

လိုအပ်ပါက အစိုဓာတ်လျှော့ချခြင်း (Dewarting)

အစိုဓာတ်လျှော့ချမှု မပြုလုပ်မီ အညစ်အကြေးတွင် ရှိနေနှင့်ပြီးသား အစိုဓာတ်ကို ကြိုတင်တိုင်းတာသိရှိထားရန် လိုအပ်သည်။ ချေမွထားပြီးသားအညစ်အကြေးများတွင် ပါဝင်သည့် အစိုဓာတ်ပမာဏကို လက်ဖြင့်တိုင်းတာစစ်ဆေးရမည်။

အညစ်အကြေးများကို လက်တစ်ဆုပ်ရယူ၍ ညှစ်ကြည့်ပါ။ 

လက်ချောင်းများအကြားမှ ရေစက်အနည်းငယ်သာ ကျဆင်းလာပါက အစိုဓာတ် ၆၀% အောက်သာ ရှိသည်ဟု ယူဆနိုင်သည်။ ယင်းအခြေအနေတွင် အစိုဓာတ် ၇၀ ရာခိုင်နှုန်းခန့် ရရှိလာစေရန် ရေအနည်းငယ် ထည့်ပေးရမည်။ အညစ်အကြေးများထဲသို့ ရေထပ်ထည့်ပေးပါက အသုံးပြုသည့်ရေသည် ဘေးကင်းပြီး ရောဂါပိုးမွှားများ၊ heavy metals များနှင့် အခြားသော အာဟာရဓာတ်ကို ပျက်စီးစေသည့် အရာများ မပါဝင်ရန် လိုအပ်ပါသည်။

အကယ်၍ အညစ်အကြေးများသည် သစ်သီးဖျော်စက်ထဲတွင် သစ်သီးများ ကြိတ်ချေပြီး အရည်ဖျော် ထားသကဲ့သို့ အရည်များကဲ့သို့ ဖြစ်နေပါက ရေဓာတ် ၈၅% အထက်တွင် ရှိနေသည်ဟု ယူဆနိုင်သည်။ ၄င်းအခြေအနေတွင် အစိုဓာတ် (ရေ) ကို ၈၅% အောက် (အကြမ်းဖျဉ်း ၈၀% ဝန်းကျင်) သို့ ရောက်အောင် လျှော့ချရန် လိုအပ်သည်။ (ရေဓာတ်လျှော့ချရန် နည်းလမ်းများကို သီးသန့် ဖော်ပြပါမည်။)

သတိပြုရမည့် အချက်များ

  • ဇီဝအညစ်အကြေးများအား ချေစက်ဖြင့် ကြိတ်ချေနေစဉ်တွင် ဝန်ထမ်းများသည် လက်အိတ်နှင့် အကာအကွယ်ဝတ်စုံကို ဝတ်ဆင်ထားရန် လိုအပ်သည်။ မျက်လုံးနှင့် နားရွက်ကိုလည်း ကာကွယ်ထားရမည်။ အညစ်အကြေးများထဲတွင် ရောဂါပိုးမွှားများ ပါဝင်နေသဖြင့် လူသို့ ကူးစက်ခြင်း မရှိရအောင် ကာကွယ်ပေးရခြင်း ဖြစ်သည်။
  • ချေစက်ကို အသုံးပြုရာတွင် လိုက်နာရမည့် ဘေးကင်းလုံခြုံရေး စည်းကမ်းများအားလုံးကို မဖြစ်မနေ လိုက်နာရမည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
U Aung Kyaw Moe

U Aung Kyaw Moe

1 year ago

ကျေးဇူးပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....