ယင်ကောင်နက် (BSF) မွေးမြူရေး (၄)
BSF သားဖောက်စခန်း စတင်တည်ထောင်ခြင်း
စွန့်ပစ်အညစ်အကြေးများကို ကောင်းမွန်စွာစီမံခန့်ခွဲပြီး BSF သားလောင်းများကို စီးပွားဖြစ် ထုတ်လုပ်နိုင်ရန်အတွက် BSF သားဖောက်စခန်းကို တည်ထောင်ဆောင်ရွက်ရမည် ဖြစ်ပါသည်။
BSF မွေးမြူရေးပညာရှင်များဖြစ်ကြသည့် Bram Dortmans, Stefan Diener, Bart Verstappen နှင့် Christian Zurbrügg တို့ ပြုစုရေးသားသော “BSF ယင်ကောင်သားလောင်းများဖြင့် ဇီဝအညစ် အကြေးများ ပြုပြင်ထုတ်လုပ်အသုံးချခြင်း - လက်တွေ့ဆောင်ရွက်ပုံအဆင့်ဆင့် (Black Soldier Fly Biowaste Processing: Step-by-Step Guide)” စာအုပ်သည် BSF သားလောင်းများကို စီးပွားဖြစ်ထုတ်လုပ်လိုသူများအတွက် အထူးသင့်လျော်သည့် လုပ်ငန်းလမ်းညွှန်စာအုပ်တစ်အုပ် ဖြစ်ပါသည်။ အဆိုပါလမ်းညွှန်ချက်စာအုပ်က BSF သားဖောက်စခန်းတစ်ခုတွင် လုပ်ငန်းယူနစ် ၅ ခု ဖွဲ့စည်းကာ စီမံခန့်ခွဲရန် အကြံပြုထားပါသည်။
BSF သားဖောက်စခန်းတွင် ပါဝင်သည့် အစိတ်အပိုင်းများ
- (၁) BSF မွေးမြူရေးယူနစ် (BSF rearing unit)
- (၂) စွန့်ပစ်ပစ္စည်းအညစ်အကြေး လက်ခံရယူရေးနှင့် အကြိုပြင်ဆင်မှုယူနစ် (Waste receiving and pre-processing unit)
- (၃) BSF အညစ်အကြေးပြုပြင်ထုတ်လုပ်မှုယူနစ် (BSF waste treatment unit)
- (၄) သားလောင်းဖမ်းယူမှုယူနစ် (Product harvesting unit)
- (၅) ထပ်ဆင့်ပြုပြင်ထုတ်လုပ်မှုယူနစ် (Post-treatment unit) (ဤယူနစ်တွင် သားလောင်းများကို သန့်စင်ခြင်းနှင့် အနည်အနှစ်များအား ပြုပြင်ထုတ်လုပ်ခြင်းများ ဆောင်ရွက်ပါသည်။)

BSF သားဖောက်စခန်းတစ်ခုတွင် ပါဝင်သင့်သည့် အစိတ်အပိုင်းများ
(Source: Black Soldier Fly Biowaste Processing: Step-by-Step Guide)
BSF သားလောင်းများ မွေးမြူထုတ်လုပ်ရာတွင် BSF ယင်ကောင်များ၏ ဘဝစက်ဝန်း (Life cycle) ကို ထိန်းချုပ်ကာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထို့ကြောင့် BSF များ၏ ဘဝစက်ဝန်းနှင့်အညီ ထုတ်လုပ်မှုကွင်းဆက် (production cycle) ကို ထိန်းညှိထားရန် လိုအပ်ပါသည်။ အကယ်၍ BSF များအတွက် အစာ(substrate) ဖြစ်သော အညစ်အကြေးနှင့်စွန့်ပစ်ပစ္စည်းများ ရရှိနိုင်မှု မတည်ငြိမ်ပါက ထုတ်လုပ်မှုကိုလည်း တည်ငြိမ်အောင် ဆောင်ရွက်နိုင်ရန် ခက်ခဲမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ မိမိတည်ထောင်မည့် BSF သားဖောက်စခန်း၏ လုပ်ငန်းပမာဏနှင့် မပြတ်တမ်း ရရှိနိုင်မည့် အစာ ပမာဏကို ကြိုတင်ချိန်ညှိထားရန် လိုအပ်မည်ဖြစ်ပါသည်။
ထို့ပြင် ထွက်ရှိလာသည့် ကုန်ချောဖြစ်သော BSF သားလောင်းများကို မည်သို့ထပ်ဆင့်ထုတ်လုပ်ကာ သိုလှောင်သိမ်းဆည်းမည်၊ မည်သည့်တိရစ္ဆာန်များအတွက် အစာအဖြစ်အသုံးပြုမည်၊ တစ်ရက်လျှင် မည်မျှလိုအပ်မည်ဆိုသည့် အချက်ကိုလည်း ကြိုတင်ထည့်သွင်းစဉ်းစားထားသင့်ပါသည်။
သားဖောက်စခန်း၏ အကျယ်အဝန်းနှင့် ဖွဲ့စည်းပုံ
BSF သားလောင်းများအတွက် အစာအဖြစ် အသုံးပြုမည့် စွန့်ပစ်ပစ္စည်းများ၏ ပမာဏနှင့် မိမိထုတ်လုပ်လိုသည့် BSF သားလောင်းပမာဏကို သိရှိပြီးပါက ၎င်းတို့အပေါ်မူတည်၍ သားဖောက်စခန်းအအတွက် လိုအပ်မည့် မြေနေရာ အကျယ်အဝန်းနှင့် ဖွဲ့စည်းတည်ဆောက်ပုံတို့ကို ကြိုတင်စီစဉ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ယေဘုယျအားဖြင့် BSF သားလောင်းထုတ်လုပ်သည့်နေရာ (nursery) အတွက် မြေအကျယ်အဝန်း ၁ ယူနစ်နှင့် နေ့စဉ်ထပ်မံဝင်ရောက်လာမည့် စွန့်ပစ်ပစ္စည်း အညစ်အကြေး အသစ်များအတွက် မြေအကျယ်အဝန်း ၂ ယူနစ်အဖြစ် အခြေခံသတ်မှတ်၍ မိမိ၏ BSF စခန်း အရွယ်အစားကို တွက်ချက်ယူရမည်။
BSF သားဖောက်စခန်းတစ်ခုတွင် ပါဝင်သင့်သည့် အစိတ်အပိုင်းများကို အောက်ပါပုံတွင် လေ့လာနိုင်ပါသည်။

တစ်ရက်လျှင် အညစ်အကြေး ၂ တန်အား BSF သားလောင်းအဖြစ် ပြုပြင်ထုတ်လုပ်ပေးနိုင်မည့် BSF သားဖောက်စခန်း အတွက် ပုံစံအကြမ်း
(Source: Black Soldier Fly Biowaste Processing: Step-by-Step Guide)
စီးပွားရေးအရ တွက်ချေကိုက်မှု
- BSF စခန်းတစ်ခု၏ စီးပွားရေးအရ တွက်ခြေကိုက်မှုသည် မိမိတို့ဒေသ အခြေအနေများစွာပေါ်တွင် မူတည်၍ ကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ ယင်းတို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -
- BSF စခန်း ၏ လုပ်ငန်းအရွယ်အစား၊ ရင်းနှီးမြှုပ်နှံမှု၊ လုပ်ငန်းလည်ပတ်စရိတ်
- ရာသီဥတု (အပူချိန်၊ စိုထိုင်းဆ)
- အညစ်အကြေး ပြုပြင်ထုတ်လုပ်မှုမှ ပြန်လည်ရရှိနိုင်မည့် ဝင်ငွေ
- သားလောင်းကို ထပ်ဆင့်ထုတ်လုပ်သည့် ထုတ်ကုန်များမှ ရနိုင်သည့် ဝင်ငွေ (ဥပမာ သားလောင်း (whole larvae)၊ သားလောင်းပရိုတင်း (protein meal)၊ သားလောင်းမှထုတ်ယူသည့် အဆီ (larval oil))
- အနည်အနှစ်များအား မြေဆီလွှာပြုပြင်ထိန်းသိမ်းခြင်းနှင့် ဇီဝဓာတ်ငွေ့စက်ရုံသို့ ရောင်းချခြင်းမှ ရရှိနိုင်မည့် ဝင်ငွေ
BSF သားဖောက်စခန်းကို တည်ထောင်ရာတွင် BSF များ၏ သဘာဝ ဘဝစက်ဝန်းနှင့်ကိုက်ညီသည့် ပတ်ဝန်းကျင်အခြေအနေကို ဖန်တီးပေးနိုင်ရန် ဦးတည်ထားရမည်ဖြစ်သကဲ့သို့ သားဖောက်စခန်းအတွက် ရရှိနိုင်သည့် အစာအရင်းအမြစ်၊ ကုန်ချောကို ပြန်လည်ရောင်းချနိုင်မည့် ဈေးကွက်တို့ကိုလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါသည်။ ယင်းအပေါ် မူတည်၍ သားဖောက်စခန်းအတွက် မည်မျှရင်းနှီးမြှုပ်နှံမည်ဆိုသည့်အချက်ကို ဆုံးဖြတ်ရမည် ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Aung Kyaw Moe
1 year agoကျေးဇူးပါ
စိုင်း၀န်းယင်း
1 year agoကျနော်လည်း မွေးမြူတဲ့နေရာ သိချင်ပါတယ်
Pont
2 years agoရန်ကုန်မှာ black solider fly မွေးမြူတဲ့ သူရှိလားရှင့်
Related questions
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ဖားမွှေးမြူရေးအားမည်သည့်အချိန်စသင့်သနည်း။
Aung Thet Myo • 1 answers
နွားချောင်းဆိုးသာ ဘယ်လိုလုပ်ရမလဲဗျ ပြောပြပါအုံး
hein gyi • 0 answers
နွားအစားပြတ်နေလို့ ဘယ်လိုလုပ်ရမလဲဗျ
hein gyi • 3 answers
cpကြက်နဲ့ငါးတွဲးမွေးချင်လို့ဘယ်လိုငါးမျိုးနဲ့တွဲးမွေးသင့်လည်းဗျ
ဇလွန်သား • 1 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်ခိုင်
See all
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025
လူ့အမြင်..နွားအမြင်
08/08/2025