ယင်ကောင်နက် (BSF) မွေးမြူရေး - ၃
BSF သားလောင်းထုတ်လုပ်ရန် ကြိုတင်စဉ်းစားရမည့်အချက်များ
စွန့်ပစ်အညစ်အကြေးများကို ကောင်းမွန်စွာ စီမံခန့်ခွဲပြီး၊ BSF သားလောင်းများကို စီးပွားဖြစ် ထုတ်လုပ်နိုင်ရန်အတွက် BSF သားဖောက်စခန်းကို တည်ထောင်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထိုသို့ သားဖောက်စခန်းတည်ထောင်ဆောင်ရွက်ရာတွင် ပထမဆုံးဦးစားပေးစဉ်းစားရမည့် အချက်မှာ BSF များ၏ ဘဝစက်ဝန်း (Life cycle)ပင် ဖြစ်ပါသည်။ (BSF များ၏ ဘဝစက်ဝန်းအကြောင်းများကို အောက်ပါလင့်များတွင် ဖတ်ရှုနိုင်ပါသည်။)
https://greenwaymyanmar.com/posts/Black_Soldier_Fly_1
https://greenwaymyanmar.com/posts/Black_Soldier_Fly_2
BSF များ၏ ဘဝစက်ဝန်းတလျှောက် သားလောင်း၊ သက်ကြီးကောင် စသည်ဖြင့် ဖွံ့ဖြိုးမှုအဆင့်အလိုက် လိုအပ်သည့် အကောင်းဆုံးပတ်ဝန်းကျင်အခြေအနေကို သားဖောက်စခန်းတွင် ဖန်တီးပေးရပါမည်။ သို့မှသာ BSF သားလောင်းများကို အကောင်းဆုံးအရည်အသွေးဖြင့် ပမာဏအများဆုံး ထုတ်လုပ်နိုင်မည်ဖြစ်သည်။
သားလောင်းများအတွက် သတိပြုရမည့်အချက်များ

- နွေးထွေးသောရာသီဥတု - အကောင်းဆုံးအပူချိန်မှာ ၂၄ ဒီဂရီစင်တီဂရိတ် မှ ၃၀ ဒီဂရီစင်တီဂရိတ် အကြား ဖြစ်သည်။ အပူချိန် မြင့်မားလွန်းပါက သားလောင်းများသည် အစာထဲတွင် မနေတော့ဘဲ အေးသည့်နေရာကို ရှာဖွေတော့မည်ဖြစ်သည်။ အေးလွန်းပါက သားလောင်းများ၏ ဇီဝကမ္မဖြစ်စဉ်မှာ နှေးကွေးသွားပြီး အစာစားနှုန်း ကျသွားသည်။ ကြီးထွားဖွံ့ဖြိုးမှုမှာလည်း နှေးကွေးသွားတော့သည်။
- အရိပ်ရသော ပတ်ဝန်းကျင်အခြေအနေ - သားလောင်းများသည် အလင်းရောင်ကို ရှောင်ရှားကြပြီး နေရောင်ခြည်ကို ကာကွယ်ထားနိုင်သည့် အမိုးအကာရှိသော ပတ်ဝန်းကျင်ကိုသာ ရှာဖွေလေ့ရှိကြသည်။ အကယ်၍ သားလောင်းများနေထိုင်ရာ အစာကန် (အညစ်အကြေးကန်)သည် နေရောင်ခြည် တိုက်ရိုက်ထိတွေ့ ပါက ၎င်းတို့သည် အစာများအတွင်းသို့ နက်နက်ရှိုင်းရှိုင်းတိုးဝင်ကာ အလင်းရောင်ကို ရှောင်ရှားကြမည်ဖြစ်သည်။
- အစာတွင်ရေပါဝင်မှု - သားလောင်းများအတွက် အစာကန်သည် စိုစွတ်နေရန် လိုအပ်သည်။ ရေပါဝင်မှု ၆၀% နှင့် ၉၀% အကြားရှိရန် လိုအပ်သည်။ သို့မှသာ သားလောင်းများက အစာကို စားသောက်နိုင်မည် ဖြစ်သည်။
- အစာတွင် အာဟာရဓာတ်ပါဝင်မှု - အသားဓာတ်ကြွယ်ဝသော အစာနှင့် အလွယ်တကူရယူနိုင်သည့် ကာဗိုဟိုက်ဒြိတ်များ ပါဝင်ပါက သားလောင်းများ၏ ကြီးထွားနှုန်းကို ကောင်းမွန်စေသည်။ ဆောင်ရွက်ဆဲ သုတေသနများမှ အချက်အလက်များအရ အညစ်အကြေးများသည် ဗက်တီးရီးယားနှင့် မှိုများကြောင့် ဆွေးမြည့်သည့် ဖြစ်စဉ် (decomposition) ဖြစ်ပေါ်နေမည်ဆိုပါက ယင်းတို့ကို သားလောင်းများ စားသုံးရန် ပိုမိုလွယ်ကူသည်ကို တွေ့ရသည်။
- အစာအရွယ်အစား - သားလောင်းများတွင် အစာများကို ကိုက်ဖျက်စားသုံးနိုင်သည့် ပါးစပ်ပိုင်း မပါရှိပါ။ ထို့ကြောင့် အစာများကို အလွန်သေးငယ်သည့် အစိတ်အပိုင်းများအဖြစ်ဖြင့်လည်းကောင်း၊ အရည်အဖြစ်ဖြင့်လည်းကောင်း သို့မဟုတ် ခပ်ပျော့ပျော့နယ်ဖတ်ထားသည့်ပုံစံ (paste) အဖြစ်ဖြင့်လည်းကောင်း ဖြည့်ဆည်းပေးပါက သားလောင်းများက အာဟာရဓာတ်များကို ပိုမိုရယူစားသုံးနိုင်မည် ဖြစ်သည်။
သက်ကြီးယင်ကောင်များအတွက် သတိပြုရမည့် အချက်များ
- ယင်ကောင်ဘဝဖြင့် သက်တမ်းတစ်ပတ်ခန့်သာ ဆက်လက်၍ ရှင်သန်ကြသည်။ ထိုသို့ ရှင်သန်နိုင်သည့် ကာလတိုအတွင်းမှာပင် အဖော်ရှာခြင်း၊ မိတ်လိုက်ခြင်းနှင့် အမများ ဥ အုချခြင်းများကို ဆောင်ရွက်သည်။
- ယင်ကောင် ဘဝတွင် BSF များသည် အစားစားခြင်း၊ ရေသောက်ခြင်း မရှိပါ။
- ခန္ဓာကိုယ်အတွက် လိုအပ်သည့်ရေကို ရရှိရန် ပတ်ဝန်းကျင်တွင် စိုထိုင်းသောမျက်နှာပြင်များရှိရန်သာ လိုအပ်ပါသည်။
- သဘာဝအလင်းရောင်းများစွာရရှိရန်နှင့် နွေးထွေးသောအပူချိန် (၂၅-၃၂ ဒီဂရီ စင်တီဂရိတ်) ရရှိရန် လိုအပ်ပါသည်။
- စိုဆိုင်းဆများသော ပတ်ဝန်းကျင်အခြေအနေရှိပါက ယင်ကောင်၏ သက်တမ်းကို ပိုမို၍ ရှည်လျားစေနိုင်ပြီး မျိုးပွားနှုန်းကို ပိုမိုကောင်းမွန်စေပါသည်။
- BSF ယင်ကောင်များသည် နံနက်ခင်းအလင်းရောင်တွင် မိတ်လိုက်ခြင်းကို ပိုမိုနှစ်သက်ကြောင်း တွေ့ရှိရသည်။
BSF သားဖောက်စခန်းတည်ထောင်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များ
- ဇီဝအညစ်အကြေးများကို နေ့စဉ်နှင့်အမျှ ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် BSF များ၏ ဘဝစက်ဝန်းကို လူက လုံးဝထိန်းချုပ်ထားနိုင်ရန် လိုအပ်သည်။
- ယင်းသို့ ထိန်းချုပ်နိုင်ရန် မိမိတွင်ရှိနေသည့် ပတ်ဝန်းကျင်ဖြင့်ပင် ဖြစ်သလို မွေးမြူ၍ မရနိုင်ပေ။ မိမိ မွေးမြူထားသည့် BSF ယင်ကောင်များအတွက် သီးခြား ပတ်ဝန်းကျင် (biosystem) တစ်ခုကို ဒီဇိုင်းထုတ်ဖန်တီးထားရန် လိုအပ်သည်။
- မွေးမြူထားသော BSF ယင်ကောင်များအတွက် သဘာဝနှင့် ခြားနားမှုမရှိသော ဇီဝပတ်ဝန်းကျင်ကို ဖန်တီးထားနိုင်ရန်နှင့် တပြိုင်နက်တည်းတွင် အညစ်အကြေးများကို အဆက်မပြတ် ပြုပြင်ပြောင်းလဲကာ သားလောင်းများအဖြစ် ထုတ်လုပ်ပေးနိုင်ရန်အတွက် BSF စခန်းနေရာ ရွေးချယ်ရာတွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားသင့်သည်။
- အညစ်အကြေးအသစ်များ (fresh waste) ကို ကုန်ကျစရိတ်နည်းနည်းဖြင့် လုံလုံလောက်လောက် ရရှိနိုင်ရမည်။ ပုံမှန်ပမာဏ မည်မျှရရှိနိုင်မည်ကို ကြိုတင်ခန့်မှန်းထားနိုင်ရန် လိုအပ်ပါသည်။
- အညစ်အကြေးများ BSF စခန်းသို့ သယ်ယူလာရန်နှင့် BSF စခန်းတွင် ပြင်ဆင်ထုတ်လုပ်ပြီးသော အနည်အနှစ်များကို သယ်ယူသွားရန်လမ်းကြောင်းသည် ကောင်းစွာ ပြင်ဆင်ထိန်းသိမ်းထားပြီး တစ်နှစ်ပတ်လုံး အသုံးပြုနိုင်ရပါမည်။
- လူနေထူထပ်သော နေရာများတွင် BSF စခန်းကို မထားရှိသင့်ပါ။ BSF စခန်းနှင့် မျက်နှာချင်းဆိုင်နှင့် ကပ်လျက်ရှိသော အိမ်နီးချင်းများက BSF စခန်း ထားရှိရန်မသင့်လျော်ဟု ယူဆပါကလည်း ထိုနေရာမျိုးကို ရှောင်ရှားသင့်သည်။
- ရေနှင့် လျှပ်စစ် လုံလောက်စွာ ရရှိရန် လိုအပ်သည့်အပြင် စွန့်ပစ်ရေဆိုး စီမံခန့်ခွဲမှု နည်းလမ်းတစ်ခုခုကို အသုံးပြုနိုင်မည့် နေရာလည်း ဖြစ်ရမည်။
- BSF စခန်းကို ပတ်ဝန်းကျင်နှင့် ခွဲခြားပေးမည့် ကြားခံနေရာ (buffer) လုံလောက်စွာ ထားရှိပေးရမည်။ (ဥပမာ BSF စခန်းနှင့် အခြားနေရာများ၊ အဆောက်အဦးများအကြားတွင် သစ်ပင်များစိုက်ပျိုးထားခြင်း၊ မြေကွက်လပ်ထားရှိခြင်း၊ ခြံစည်းရိုးခတ်ထားခြင်း စသည်ဖြင့် ဖြစ်သည်။)
- BSF စခန်းကို ပတ်ဝန်းကျင်ရှိ လူနေရပ်ကွက်များနှင့် လေလမ်းကြောင်း ဆန့်ကျင်ဘက်အရပ်တွင် ထားရှိသင့်သည်။
- သားလောင်းထုတ်လုပ်သည့်နေရာ (nursery) အတွက် မြေအကျယ်အဝန်း ၁ ယူနစ် နှင့် နေ့စဉ်ထပ်မံ ဝင်ရောက်လာမည့် အညစ်အကြေးအသစ်များအတွက် မြေအကျယ်အဝန်း ၂ ယူနစ်အဖြစ် အခြေခံသတ်မှတ်၍ မိမိ၏ BSF စခန်း အရွယ်အစားကို တွက်ချက်ယူရမည်။
- ယင်ကောင်မွေးမြူသည့်နေရာသည် လေဝင်လေထွက်ကောင်းပြီး အပိတ် (closed) ဖြစ်နေရမည်။ သို့ရာတွင် မျိုးပွားခန်း (love cages) များသည် နေရောင်ခြည်ရရှိရန် လိုအပ်သည်။
- သားလောင်းများဖြင့် အညစ်အကြေးအား ပြုပြင်ပြောင်းလဲထုတ်လုပ်သည့် အခန်းများသည် နေရောင်ခြည် တိုက်ရိုက်ထိတွေ့ခြင်းမရှိအောင် အရိပ်ပေးကာရံထားရမည်။
- ရုံးခန်းနှင့် ဓာတ်ခွဲခန်းအတွက် နေရာသတ်မှတ်ထားရမည်။
- အိမ်သာနှင့် သန့်ရှင်းရေးပြုလုပ်ရန် နေရာထားရှိရမည်။
အထက်ပါအချက်အလက်များကို ပြည့်စုံစွာစဉ်းစားပြီး လိုအပ်ချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးခြင်းဖြင့် BSF သားဖောက်စခန်း၏လုပ်ငန်းများ ပိုမိုတွင်ကျယ်ကာ ထုတ်လုပ်မှုကောင်းမွန်သည့် စခန်းတစ်ခု ဖြစ်လာနိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Aung Kyaw Moe
1 year agoကျေးဇူးပါ
Aung Kyaw min
3 years agoကြက် ဘဲ ငါး အစာအဖြစ်ချင့်ချိန်ပြီးသုံးရင် အစာစရိတ်သက်သာမယ် ကြက်ဥ ဆိုလဲ အရည်အသွေးကောင်းမယ် ကြီးထွားနှုန်းလဲကောင်းမယ် ပုဇွန်ခြောက်မှုန့်ထက်တောင် အဆများစွာသာပါတယ်
မနီနီ
3 years agoဒီကောင်လေးတွေက ဘာအတွက်အကျိုးပြုပါသလဲရှင့်
Related questions
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ဖားမွှေးမြူရေးအားမည်သည့်အချိန်စသင့်သနည်း။
Aung Thet Myo • 1 answers
နွားချောင်းဆိုးသာ ဘယ်လိုလုပ်ရမလဲဗျ ပြောပြပါအုံး
hein gyi • 0 answers
နွားအစားပြတ်နေလို့ ဘယ်လိုလုပ်ရမလဲဗျ
hein gyi • 3 answers
cpကြက်နဲ့ငါးတွဲးမွေးချင်လို့ဘယ်လိုငါးမျိုးနဲ့တွဲးမွေးသင့်လည်းဗျ
ဇလွန်သား • 1 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်ခိုင်
See all
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025
လူ့အမြင်..နွားအမြင်
08/08/2025