ယင်ကောင်နက် (BSF) မွေးမြူရေး - ၁
နိဒါန်း
ဇီဝအညစ်အကြေးများကို အကျိုးရှိရှိ ပြန်လည်အသုံးချသည့် နည်းလမ်းများစွာရှိသည့်အနက် ရိုးရှင်းလွယ်ကူပြီး ဝင်ငွေတိုးနိုင်သည့် နည်းလမ်းတစ်ခုမှာ ယင်းအညစ်အကြေးများအား အင်းဆက်သားလောင်းများအဖြစ် ပုံစံပြောင်းထုတ်လုပ်ကာ ပြန်လည်အသုံးချသည့် နည်းလမ်းဖြစ်သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း Hermetia illucens မျိုးစိတ် ယင်ကောင် Black Soldier Fly (BSF) ကို အသုံးပြု ကာ အညစ်အကြေးများအား စီမံခန့်ခွဲသည့်နည်းလမ်းမှာ အာရုံစိုက်မှု အထူးခံခဲ့ရသည်။
BSF သားလောင်းကို အာရုံစိုက်ခံရခြင်းမှာ ယင်းသားလောင်းများအား တိရစ္ဆာန်အစာထဲတွင် အသားဓာတ်အရင်းအမြစ် (protein source) အဖြစ် ပြန်လည်အသုံးပြုခြင်းဖြင့် သမားရိုးကျအစာထက် ပိုမို၍ တန်ဖိုးကြီးမားသည့် အစာအမယ်အသစ်အဖြစ် အသုံးချနိုင်မည့်အခွင့်အလမ်း ရှိနေသောကြောင့် ဖြစ်ပါသည်။
စီးပွားရေးလုပ်ငန်းကြီးများ အသေးစားစွန့်ဦးတီထွင်လုပ်ငန်းရှင်များအနေဖြင့် ယင်းနည်းပညာအတွက် အတိုင်းအတာတစ်ခုအထိမြင်သာသည့် ငွေကြေးအရင်းအနှီးများကို ရင်းနှီးမြှုပ်နှံနေကြပြီ ဖြစ်သည်။ ၎င်းတို့အနေဖြင့် လက်တွေ့ BSF မွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ကုန်ကျစရိတ်နှင့်ထိုက်တန်သည့် အမြတ်အစွန်းရရှိနိုင်သော နည်းလမ်းများအား ရှာဖွေဖော်ထုတ်ကာ ယင်းနည်းလမ်းများအား ယှဉ်ပြိုင်စမ်းသပ် အသုံးပြုကြည့်ရန်လည်း စိတ်ဝင်စားနေကြပါသည်။
BSF နည်းပညာ
BSF နည်းပညာတွင် သားလောင်းပျိုးကန် (nursery) တွင် မွေးမြူထားသော BSF သားလောင်းများ စားသုံးရန် ဇီဝအညစ်အကြေးများကို ကျွေးမွေးသည့်လုပ်ငန်း ပါဝင်မည်ဖြစ်ပါသည်။ သားလောင်းများသည် ထိုသို့ ကျွေးမွေးလိုက်သည့် ဇီဝအညစ်အကြေးများကို စားသုံးကာ ကြီးထွားလာကြသကဲ့သို့ အညစ်အကြေးပမာဏမှာလည်း လျော့ကျလာမည် ဖြစ်သည်။ နောက်ဆုံးတွင် သားလောင်းများအား ဖမ်းယူခြင်း (harvesting) ပြုလုပ်ကာ သင့်လျော်သော တိရစ္ဆာန်အစာအမျိုးအစားတွင် ထည့်သွင်း၍ (လိုအပ်ပါက ထပ်မံ၍ ပြင်ဆင်ထုတ်လုပ်မှု ပြုလုပ်ပြီး) ရောစပ်ရမည် ဖြစ်ပါသည်။ ကျန်ရှိနေသော အညစ်အကြေး အနည်အနှစ်(residue) များကိုလည်း လိုအပ်သလို ထပ်မံပြုပြင်ထုတ်လုပ်ကာ မြေဆီလွှာပြုပြင် ထိန်းသိမ်းခြင်းနှင့် မြေသြဇာဖြည့်စွက်ခြင်းတို့အတွက် ရောင်းချခြင်း သို့မဟုတ် ကိုယ်တိုင်အသုံးပြုခြင်းများ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
BSF နည်းပညာ၏ သော့ချက်များ
- BSF နည်းပညာတွင် ဇီဝအညစ်အကြေးများအား အင်းဆက်သားလောင်းများ (Larvae) နှင့် အနည်အနှစ်များ (Residue) အဖြစ် ပြောင်းလဲသွားစေသည်။ သားလောင်းများတွင် အသားဓာတ် ±၃၅% နှင့် အဆီဓာတ် ±၃၀% ပါဝင်သည်။ ယင်းအင်းဆက်ထွက်အသားဓာတ်သည် အရည်အသွေးမြင့်မားပြီး ကြက်နှင့် ငါးမွေးမြူသူများအတွက် အရေးကြီးသည့် အစာအရင်းအမြစ်တစ်ခု ဖြစ်သည်။ အစာထုတ်လုပ်စမ်းသပ်မှု သုတေသနရလဒ်များက BSF သားလောင်းသည် ငါးပေါင်းမှုန့် (Fish meal) ကို အစားထိုးရန်အတွက် သင့်လျော်သည်ဟု အတည်ပြုထားကြသည်။
- သားလောင်းများကို အညစ်အကြေးများ ကျွေးမွေးပေးလိုက်ခြင်းဖြင့် အညစ်အကြေးအတွင်းတွင် ပါရှိသော ကူးစက်ရောဂါ များ ဖြစ်ပွားစေသော ဆယ်လ်မိုနဲလား (Salmonella spp) အစရှိသည့် ဗက်တီးရီးယားများကို အစွမ်းမဲ့စေကြောင်း တွေ့ရှိ ရသည်။ ထို့ကြောင့် ကြက်မွေးမြူရေးခြံများနှင့် ငါးကန်များတွင် အသုံးပြုခြင်းဖြင့် လည်းကောင်း၊ တိရစ္ဆာန်ထွက် အညစ်အကြေးများ (ဥပမာ - ကြက်ချေးများ၊ သားသတ်ရုံထွက် အညစ်အကြေး များ)အား ပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းများတွင် လည်းကောင်း၊ BSF နည်းပညာကို အသုံးပြုခြင်းဖြင့် တိရစ္ဆာန်များ အချင်းချင်းအကြား ရောဂါကူးစက်မှုနှင့် တိရစ္ဆာန်နှင့်လူများအကြား ရောဂါကူးစက်မှုများကို လျှော့ချနိုင်သည်ဟု ယူဆနိုင်သည်။
- သို့ရာတွင် ထို့သို့ ဗက်တီးရီးယားများကို အစွမ်းမဲ့စေရုံ တစ်ခုတည်းဖြင့် ရောဂါကူးစက်မှု လျှော့ချနိုင်မည်မဟုတ်ပါ။ အညစ်အကြေးပမာဏကို ±၈၀% သို့ရောက်ရှိအောင် လျော့ချနိုင်မှသာလျှင် ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးရည်မှန်းချက် အမှန်တကယ်အောင်မြင်နိုင်မည် ဖြစ်ပါသည်။
- BSF နည်းပညာသည် အညစ်အကြေး (အစို) အလေးချိန်ကို ၈၀% အထိ လျော့ချနိုင်ကြောင်း လက်တွေ့ စမ်းသပ်ချက်များက ဖော်ပြနေပါသည်။ အကယ်၍ ဇီဝအညစ်အကြေးထွက်ရှိရာ အရင်းအမြစ်တွင် BSF နည်းပညာကို တိုက်ရိုက်အသုံးချနိုင်ပါက ယင်းအညစ်အကြေးများကို သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ထားရှိရန်၊ မြေမြှုပ်ရန်နေရာ စသည့်ကုန်ကျစရိတ်များကို သိသိသာသာ လျှော့ချနိုင်မည် ဖြစ်ပါသည်။ ထို့ပြင် ဝင်ငွေနည်းနှင့် ဝင်ငွေ အလယ်အလတ်နိုင်ငံများတွင် လက်တွေ့ခံစားနေရသည့် အကာအရံမဲ့ အမှိုက်စုပုံမှုများကိုလည်း လျှော့ချနိုင်မည် ဖြစ်ပါသည်။
- အနည်အနှစ်များသည် သဘာဝမြေဆွေးများနှင့် ဆင်တူပြီး စိုက်ပျိုးရေးတွင် အသုံးပြုရန်အတွက် အာဟာရဓာတ်များနှင့် သြဂဲနစ်ပစ္စည်း(organic matter) များ ပါဝင်ပါသည်။ ၄င်းတို့က မြေဆီလွှာ ပျက်ဆီးဆုံးရှုံးမှုကို လျော့ကျစေပါသည်။
- စွန့်ပစ်အညစ်အကြေးမှ ဇီဝထုတ်ကုန် (အင်းဆက်သားလောင်း) အဖြစ် ပြောင်းလဲနိုင်သည့်နှုန်း (waste-to-biomass conversion rate) သည် ၂၅% အထိရှိကြောင်း စမ်းသပ်တွေ့ရှိထားပြီး ဖြစ်ပါသည်။ ယင်းနှုန်းထားမှာ စီးပွားရေးရှုထောင့်မှ ကြည့်ပါက ကျေနပ်အားရဖွယ် ထုတ်လုပ်မှုပမာဏ ဖြစ်ပါသည်။
- BSF နည်းပညာကို အသုံးပြုမည်ဆိုပါက အလွန်ရှုပ်ထွေးသည့် နည်းပညာအမြင့်များ မလိုအပ်ပါ။ ထို့ကြောင့် လွယ်ကူရိုးရှင်းသော နည်းပညာနှင့် ကျွမ်းကျင်မှုနည်းသော ဝန်ထမ်းများကိုသာ အားကိုးရနိုင်သည့် ဝင်ငွေနည်းနိုင်ငံများအတွက် အလွန်သင့်လျော်ပါသည်။
BSF သားလောင်းမွေးမြူရန် ကြိုတင်လေ့လာသင့်သည့် အချက်များ
BSF စခန်းကို တည်ထောင်အသုံးပြုရာတွင် BSF များ၏ ဘဝစက်ဝန်း (life cycle) ပေါ်မူတည်၍ မိမိ၏ သတ် မှတ်ထားသော ရည်ရွယ်ချက်ကို ရောက်ရှိအောင် ဒီဇိုင်းရေးဆွဲကာ လုပ်ငန်းကို လည်ပတ်ရမည် ဖြစ်သည်။ ဥပမာအားဖြင့် မိမိ၏ မွေးမြူရေးလုပ်ငန်းနှင့် မွေးမြူရေးတိရစ္ဆာန်အရေအတွက်ပေါ်မူတည်၍ BSF သားလောင်း အရည်အသွေးကို မြှင့်တင်ခြင်း၊ အချိန်ကာလတစ်ခုအတွင်း သားလောင်းအရေအတွက် များပြားအောင်ထုတ်လုပ်ခြင်း စသည်ဖြင့် ဆောင်ရွက်ရမည် ဖြစ်ပါသည်။
ဆိုလိုသည်မှာ BSF သားလောင်းများကို အချိန်ကာလတစ်ခုအတွင်း သားလောင်းအရေအတွက် များပြားအောင်ထုတ်လုပ်ခြင်း စသည်ဖြင့် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ဆိုလိုသည်မှာ BSF သားလောင်းများကို အခြားမွေးမြူရေးတိရစ္ဆာန်များ (ကြက်၊ နွား စသည်) ကဲ့သို့ပင် ထုတ်လုပ်မှုကို ချိန်ညှိမွေးမြူရမည် ဖြစ်ပါသည်။
လိုအပ်ချက်ကွက်လပ်
BSF သားလောင်းမွေးမြူရေးသည် ပတ်ဝန်းကျင်တွင် အညစ်အကြေးများကင်းစင်ကာ သာယာလှပစေရေး အ တွက် အထောက်အကူပြုနိုင်သည့်အပြင် တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးတက်ရရှိရေးအတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်ပါသည်။
ထို့ပြင် ထွက်ရှိလာသည့် သားလောင်းများသည် မွေးမြူရေးကဏ္ဍအတွက် တန်ဖိုးမြင့် အစာအရင်းအမြစ်တစ်ခု ဖြစ်လာနိုင်သကဲ့သို့ လက်ကျန်မြေဆွေးများကလည်း စိုက်ပျိုးရေးကဏ္ဍအတွက် အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။ တစ်ချက်ခုတ်ရုံဖြင့် နှစ်ချက်၊ သုံးချက်မက ပြတ်နိုင်သည့် BSF သားလောင်းမွေးမြူရေးကို သိပ္ပံနည်းကျ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။
BSF နှင့် ပတ်သက်သည့် ပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းများ ပိုမိုများပြားလာသော်လည်း၊ လက်တွေ့မွေးမြူ ထုတ်လုပ်ရာတွင် စီးပွားရေး အကျိုး အမြတ်ရရှိနိုင်ရေးနှင့် လုပ်ငန်းခွင်တွင် နေ့စဉ်နှင့်အမျှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆွေးနွေးဖော်ထုတ်ပေးနိုင်မှု မရှိသေးဘဲ နောက်ကျကျန်ရစ်နေဆဲ ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
U Aung Kyaw Moe
1 year agoBSF မျိုးက ဝယ်စရာမလိုပါဘူးနော် တောင်လတ်တီကျု့ 45- မြောက်လတ်တီကျု့ 40 အတွင်းရှိ သော နေရာဒေသတိုင်းမှာ ကိုယ်တိုင်မျိုးကို ဖန်တီးလို့ရပါတယ် ခင်ဗျ ကျေးဇူးပြုပြီး စာအုပ်ကို သေချာနားလည်အောင်ဖတ်ပြီး ကိုယ်တိုင်စမ်းသပ်လုပ်ကိုင်ကြည့်စေချင်ပါတယ် အဆင်ပြေပါစေ ခင်ဗျ
Htun Eain Oo
2 years agoBSF မျိုး ဝယ်ချင်တာလိုက်ရှာတာလဲ နှံ့နေပြီဗျ ဘယ်မှာဝယ်ရမလဲ ပြောပြပေးကြပါအုံးဗျာ
ဦးမျိုးမင်းသိုက်
2 years agoစာအုပ်လိုခြင်ပါတယ်
Hein Thet Paing
3 years agoစာအုပ်ရှိရင် ဘယ်လိုမှာလို့ရနိုင်မလဲ
ရန်နိုင်
3 years agoလိုရင်းကို မရောက်ဘူး
Related questions
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ဖားမွှေးမြူရေးအားမည်သည့်အချိန်စသင့်သနည်း။
Aung Thet Myo • 1 answers
နွားချောင်းဆိုးသာ ဘယ်လိုလုပ်ရမလဲဗျ ပြောပြပါအုံး
hein gyi • 0 answers
နွားအစားပြတ်နေလို့ ဘယ်လိုလုပ်ရမလဲဗျ
hein gyi • 3 answers
cpကြက်နဲ့ငါးတွဲးမွေးချင်လို့ဘယ်လိုငါးမျိုးနဲ့တွဲးမွေးသင့်လည်းဗျ
ဇလွန်သား • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်ခိုင်
See all
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025
လူ့အမြင်..နွားအမြင်
08/08/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....