တိရစ္ဆာန်အခွင့်ရေးအတွက် ကြိုးပမ်းနေကြတဲ့ နယ်သာလန်က PvdD ပါတီ
နိုင်ငံအများစုမှာ လူ့အခွင့်အရေးဆိုတာကို ရဖို့အတွက် မနည်းရုန်းကန်ကြိုးစားနေကြရ၊ တိုက်ယူနေကြရ ချိန်မှာ နိုင်ငံအချို့မှာတော့ လူ့အခွင့်အရေးကို ကျော်လွန်ပြီး တိရစ္ဆာန်အခွင့်အရေးအတွက် ကြိုးပမ်းအားထုတ်လာ နေကြပါပြီ။ တိရစ္ဆာန်တွေရဲ့ အခွင့်အရေးနဲ့၊ သက်သာချောင်ချိမှုအတွက် တိုက်ပွဲဝင်နေကြသူတွေ၊ အဖွဲ့အစည်းတွေဟာ ကမ္ဘာတလွှား အတော်လေးများပါတယ်။ ဒါပေမယ့် အများစုက ပရဟိတအဖွဲ့အစည်းတွေပါ။
အရာကိစ္စတွေအားလုံးဟာ နိုင်ငံရေးရဲ့ လက်အောက်ခံ ဖြစ်ပါတယ်။ ဒါကြောင့် တိရစ္ဆာန်အခွင့်အရေး ဆိုတာကလည်း နိုင်ငံရေးရဲ့ လက်အောက်ခံကိစ္စတစ်ရပ် ဖြစ်ပါတယ်။ နိုင်ငံကို ဦးဆောင်တဲ့ အစိုးရတွေ၊ ဥပဒေပြု လွှတ်တော်တွေ၊ တရားစီရင်ရေးတွေက တိရစ္ဆာန်အခွင့်အရေးကို မူဝါဒပိုင်းအရ အလေးထားမှသာ လက်တွေမှာ တိရစ္ဆာန်အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။
ဒီအချက်ကိုသိတဲ့ နယ်သာလန်နိုင်ငံက တိရစ္ဆာန်အခွင့်အရေး မြှင့်တင်ပေးလိုသူတွေကတော့ တိရစ္ဆာန်တွေဘက်က ရပ်တည်မယ့် နိုင်ငံရေးပါတီ တစ်ရပ်ကို တည်ထောင်ပြီး တိုက်ပွဲဝင်နေပါတယ်။
အဲဒီ နယ်သာလန် ပါတီကို Party for the Animals လို့ ခေါ်ပါတယ်။ ဒတ်ချ်ဘာသာစကားနဲ့တော့ Partij voor de Dieren (PvdD) လို့ ခေါ်ပါတယ်။ တိရစ္ဆာန်များအတွက် နိုင်ငံရေးပါတီလို့ တိုက်ရိုက်ဘာသာ ပြန်လို့ရပါတယ်။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ရွေးကောက်ပွဲဝင်ပြိုင်လို့ အနိုင်ရရှိပြီး လွှတ်တော်ထဲမှာ ဥပဒေပြုရေး ပါဝင်ဆွေးနွေးခွင့်ရရင် တိရစ္ဆာန်တွေရဲ့ အခွင့်အရေးနဲ့ သက်သာချောင်ချိမှုတွေကို အာမခံချက်ပေးနိုင်မယ့် ဥပဒေတွေ ပေါ်ထွက်လာအောင် တိုက်တွန်းဖို့ဖြစ်ပါတယ်။
PvdD ပါတီကို ၂၀၀၂ ခုနှစ် အောက်တိုဘာလ ၂၈ ရက်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ဦးဆောင်ပြီးတည်ထောင်ခဲ့သူက Marianne Thieme ဆိုတဲ့ အမျိုးသမီး နိုင်ငံရေးသမား တစ်ဦးပါ။ စတင်တည်ထောင်ခါစကတော့ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ဝင်ပါဖို့ထက် စမ်းသပ်တဲ့သဘောအနေနဲ့ တည်ထောင်ခဲ့တာပဲ ဖြစ်ပါတယ်။ တိရစ္ဆာန်အခွင့်ရေး၊ ကာကွယ်ရေးအပေါ် နိုင်ငံသားတွေက ဘယ်လိုသဘောထားသလဲ၊ အခြားနိုင်ငံရေးပါတီတွေက ဘယ်လို သဘောထားသလဲဆိုတာကို သိနိုင်ဖို့အတွက် စမ်းသပ်ဆောင်ရွက်ကြည့်ခဲ့တာပါ။
၂၀၀၃ ခုနှစ်မှာ ကျင်းပတဲ့ နယ်သာလန်နိုင်ငံ အောက်လွှတ်တော် (House of Representatives) ရွေးကောက်ပွဲမှာ PvdD က လက်ရည်စမ်းကြည့်တဲ့သဘော ပါဝင်ယှဉ်ပြိုင်ကြည့်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ပါတီ စတင် ထူထောင်ခါစပဲ ရှိသေးပြီး၊ သက်တမ်း ၃ လတောင် မပြည့်သေးပါဘူး။ မဲဆန္ဒနယ် ၁၉ ခုရှိရာမှာ ၁၈ ခုမှာ PvdD က ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ PvdD က မဲအရေအတွက် ၄၇၄၅၄ မဲ ရရှိခဲ့ ပါတယ်။ ဒါဟာ တစ်နိုင်ငံလုံး မဲပေးသူ စုစုပေါင်းရဲ့ ၀.၅ ရာခိုင်နှုန်းပဲ ရှိခဲ့တာပါ။ နယ်သာလန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအရ လွှတ်တော်မှာ ကိုယ်စား လှယ်တစ်နေရာစာ ရရှိဖို့ မဲစုစုပေါင်းရဲ့ ၀.၆၇ ရာခိုင်နှုန်း ရရှိ ဖို့ လိုအပ်ပါတယ်။
၂၀၀၄ ခုနှစ်၊ ဥရောပါပါလီမန် အတွက် ရွေးကောက်ပွဲကျင်းပချိန်မှာလည်း PvdD က ပါဝင်ယှဉ်ပြိုင်ပြန်ပါတယ်။ မဲစုစုပေါင်းရဲ့ ၃.၂ ရာခိုင်နှုန်းရရှိပေမယ့် ဥရောပပါလီမန်မှာလည်း ကိုယ်စားလှယ်နေရာ မရရှိခဲ့ပါဘူး။ ဒါပေမယ့် ရလဒ်အရ ၂၀၀၃ ခုနှစ်ထက် ပိုပြီး အခြေအနေကောင်းလာတာကို တွေ့ရပါတယ်။
၂၀၀၆ ခုနှစ်မှာတော့ နယ်သာလန်အောက်လွှတ်တော်မှာ ပထမဆုံးအကြိမ် PvdD အမတ်တွေအတွက် နေရာ စပြီး ရလာပါတော့တယ်။ ပါတီခေါင်းဆောင် Marianne Thieme နဲ့ Esther Ouwehand တို့ဟာ အောက်လွှတ်တော်ရဲ့ PvdD အမတ်တွေ ဖြစ်လာပါတယ်။ နှစ်ဦးစလုံး အမျိုးသမီးတွေ ဖြစ်နေတာကလည်း ထူးခြားတဲ့ကိစ္စပါ။ အဲဒီပါတီမှာ လူသိထင်ရှားတဲ့ ပုဂ္ဂိုလ်ကျော်တွင် ပူးပေါင်းပါဝင်လာတာကလည်း ပါတီအတွက် အားတက်စရာ ဖြစ်ခဲ့ပါတယ်။ ဥပဒေပါမောက္ခ Paul Cliteur ၊ ဇီဝဗေဒပညာရှင် စာရေးဆရာ Maarten 't Hart ၊ ဟာသပညာရှင် ရုပ်သံကြယ်ပွင့် Kees van Kooten ၊ ကဗျာဆရာ နဲ့ အက်ဆေးရေးသားသူ Rudy Kousbroek ၊ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် Georgina Verbaan နဲ့ ပန်းချီဆရာနဲ့ စာရေးဆရာ Jan Wolkers တို့ဟာ ပါတီမှာ ပူးပေါင်းပါဝင်ခဲ့တာပါ။
၂၀၀၇ ခုနှစ်မှာ ပြည်နယ်ရွေးကောက်ပွဲတွေ ကျင်းပတော့ PvdD ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြည်နယ် ၈ ခုမှာ ကိုယ် စားလှယ် ၉ နေရာစာ အနိုင်ရရှိခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ မြို့တော်ကြီးတွေရဲ့ ကောင်စီရွေးကောက်ပွဲတွေ ကျင်းပ ခဲ့ရာမှာ PvdD က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နယ်သာလန်နိုင်ငံရဲ့ မြို့တော် အမ်စတာဒမ် (Amsterdam) အပါအဝင် မြို့ကြီး ၇ မြို့ရဲ့ မြို့တော်ကောင်စီတွေမှာ ပါဝင်ခွင့် ရရှိလာပါတယ်။ ဒါအချက်ဟာ PvdD အနေနဲ့ နယ်သာလန်နိုင်ငံ ရဲ့ အုပ်ချုပ်ရေးအဆင့်ဆင့်မှာ ပါဝင်ခွင့် ရရှိလာတယ်ဆိုတဲ့ အချက်ကို ဖော်ညွှန်းနေတာပါ။
နယ်သာလန်နိုင်ငံရဲ့ အောက်လွှတ်တော်ရွေးကောက်ပွဲတွေ ၂၀၁၀၊ ၂၀၁၂၊ ၂၀၁၄ တွေမှာ ကျင်းပပြုလုပ်ခဲ့ ရာမှာ PvdD ဟာ လွှတ်တော်အမတ် ၂ နေရာကို ပုံမှန်လေး ရယူနိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ အောက်လွှတ် တော်မှာ အမတ်နေရာ ၅ နေရာအထိ ရရှိလာခဲ့တာမို့ အကောင်းဆုံးအခြေအနေကို ရောက်လာခဲ့ပြီလို့ ဆိုရမှာပါ။ ဒါ ပေမယ့် အဲဒီအမတ် ၅ ဦးထဲက တစ်ဦးဖြစ်တဲ့ Van Kooten ဟာ ၂၀၁၉ ခုနှစ်မှာ PvdD ရဲ့ ကိုယ်စားလှယ် အဖြစ် မဟုတ်ဘဲ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ပြောင်းလဲသွားတာမို့ ၄ နေရာပဲ ပါတီအတွက် ကျန်ပါတော့တယ်။ Van Kooten ကလည်း အမျိုးသမီးတစ်ဦးပါပဲ။ သူ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ပြောင်းလဲသွားတာကတော့ ပါတီဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ တိရစ္ဆာန်အခွင့်အရေးတွေအတွက်ပဲ အာရုံစိုက်လွန်းတာမို့ သိပ်ပြီးမကျယ်ပြန့်ဘူးလို့ ခံစားရလို့ ဖြစ်ပါတယ်။
တကယ်တော့ PvdD ပါတီဝင်တွေဟာ တိရစ္ဆာန်တွေကို အစွန်းရောက် ချစ်ပြတဲ့ ပါတီတော့ မဟုတ်ပါဘူး။

သူတို့ပါတီရဲ့ နောက်ခံအတွေးအခေါ်ကတော့ ဒီကနေ့ခေတ် နိုင်ငံတွေ၊ အစိုးရတွေဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပဲ အလွန်အမင်း အာရုံစိုက်လွန်းတဲ့အတွက် တိရစ္ဆာန်တွေရဲ့ မူလအခွင့်အရေးတွေ ဆုံးရှုံးနစ်နာရသလို၊ သဘာဝပတ်ဝန်းကျင်ဟာလည်း ဒီကနေ့မြင်တွေ့နေရတဲ့အတိုင်း ပျက်စီးယိုယွင်းလာတာ ဖြစ်တယ်ဆိုတဲ့အချက်ပါ။
ဒါ ကြောင့် တိရစ္ဆာန်တွေရဲ့ အခွင့်အရေးကို ဖွဲ့စည်းပုံမှာ ပေါ်လွင်ထင်ရှားအောင် အသိအမှတ်ပြုထားဖို့ လိုအပ်တယ်လို့ သူတို့က ယူဆပါတယ်။ သူတို့က တိရစ္ဆာန်အခွင့်အရေးကို ဦးတည်ထားပေမယ့် အဲဒါနဲ့ ဆက်စပ်နေတဲ့ အခြားလူမှု ရေးကိစ္စရပ်တွေကိုလည်း အာရုံစိုက်ပါတယ်။ ဥပမာ ရေရှည်တည်တံ့နိုင်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ နိုင်ငံသား အားလုံးအတွက် ပုံမှန်ဝင်ငွေရရှိရေး စတဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်မှာတော့ Marianne Thieme ဟာ ပါတီခေါင်းဆောင် အဖြစ်ကနေ အနားယူပြီး Esther Ouwe-hand က ပါတီကို ဆက်လက်ဦးဆောင်လျက်ရှိပါတယ်။
၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ PvdD ဟာ မဲ အရေအတွက် စုစုပေါင်းရဲ့ ၂.၂၅ ရာခိုင်နှုန်း ရရှိခဲ့ပြီး အောက်လွှတ်တော် ကိုယ်စားလှယ်နေရာ ၁၅၀ မှာ ၃ နေရာ ရရှိ ထားပါတယ်။ အထက်လွှတ်တော် (Senate) မှာ ကိုယ်စားလှယ်နေရာ ၇၅ နေရာ ရှိတဲ့အနက် PvdD က ၃ နေရာ ရရှိပြန်ပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ အားလုံး စုဖွဲ့ထားတဲ့ ဥရောပပါလီမန် မှာတော့ နယ်သာလန်နိုင်ငံအတွက် ကိုယ်စားလှယ်နေရာ ၂၉ နေရာ ရှိတဲ့အ နက် PvdD က ကိုယ်စားလှယ် ၁ နေရာစာ ရရှိထားတာကို တွေ့ရပါတယ်။
တိရစ္ဆာန်အခွင့်အရေး ကာကွယ်ပေးဖို့ နိုင်ငံရေးလုပ်ကြမယ်ဆိုတဲ့ နယ်သာလန်နိုင်ငံက PvdD ကတော့ အောင်မြင်မှုအရှိန်အဟုန် ပြင်းပြင်းနဲ့ တိရစ္ဆာန်တွေအရေး ကြိုးပမ်းဆောင်ရွက်နေကြပါပြီ။
တိရစ္ဆာန်အခွင့်အရေး ဆိုတာကို အသာထားလို့ လူ့အခွင့်အရေး ဆိုတာကိုတောင် ကောင်းကောင်း နားမလည်ကြတဲ့ ကမ္ဘာအရပ်ရပ်က လူ ရမ်းကားတွေကိုလည်း “ဒီနေ့ကမ္ဘာမှာ လူလူချင်း နှိပ်စက်ဖို့အသာထားလို့ တိရစ္ဆာန်တွေရဲ့ အခွင့်အရေးကိုတောင် ဥပဒေနဲ့အညီ ကာကွယ်နိုင်ဖို့ ကြိုးစားနေကြတဲ့ လူ့အဖွဲ့အစည်းတွေ ရှိနေပြီ” ဆိုတဲ့ အတွေးလေး ရစေချင်မိပါတယ်။ မြန်မာနိုင်ငံသားအားလုံးလည်း လူ့အခွင့်အရေး အပြည့်အဝရရှိပြီး တိရစ္ဆာန်အခွင့်အရေးကို ကြိုးပမ်း ဆောင်ရွက်နိုင်သူတွေ ဖြစ်နိုင်ကြစေဖို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
နိုင်ငံတကာသတင်း
Related articles
၁၄ နှစ်အရွယ် တရုတ်လူငယ်တီထွင်ခဲ့တဲ့ လျှပ်စစ်မလိုသော ရေထုတ်စနစ်
အပူချိန်မြင့်တက်လာလို့ အထွက်နှုန်းကျတာကို ပုံမှန်လိုဖြစ်လာမှာ ဗြိတိန်တောင်သူများ စိုးရိမ်
ဖိလစ်ပိုင်နိုင်ငံက ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်ပမှ ဆန်တန်ချိန် ၃ သိန်း ၀ယ်ယူရန်စီစဉ်နေ
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်ခိုင်
See all
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025
လူ့အမြင်..နွားအမြင်
08/08/2025