၁၄ နှစ်အရွယ် တရုတ်လူငယ်တီထွင်ခဲ့တဲ့ လျှပ်စစ်မလိုသော ရေထုတ်စနစ်
တရုတ်နိုင်ငံမှ အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးဟာ လေထုအတွင်းရှိ ရေငွေ့များကို ငွေ့ရည်ဖွဲ့ခြင်း (Air condensation) နည်းလမ်းဖြင့် ရေထုတ်ယူပေးနိုင်သော လျှပ်စစ်ဓာတ်အားမလိုတဲ့ စနစ်တစ်ခုကို တီထွင်ခဲ့ပါတယ်။ ၎င်းစနစ်ဟာ ပျိုးပင်များကို ရေလောင်းပေးနိုင်ခြင်း၊ သစ်ပင်တွေရဲ့ ရှင်သန်နှုန်းကို မြှင့်တင်ပေးနိုင်ခြင်းတို့အပြင် တရုတ်နိုင်ငံမြောက်ပိုင်းရှိ ကမ္ဘာ့အကြီးဆုံး သစ်တောပြန်လည်ထူထောင်ရေး စီမံကိန်းကိုလည်း ပိုမိုအားကောင်းလာစေပါတယ်။
၂၀၂၄ ခုနှစ်မှာ တီထွင်ခဲ့တဲ့ အလိုအလျောက်ရေပေးဝေတဲ့စနစ် (Passive system) ဟာ အပင်များကို ရေလောင်းဖို့ရာအတွက် လေထုအတွင်းရှိ စိုထိုင်းဆကို အသုံးပြုထားတာဖြစ်ပါတယ်။ အဆိုပါစနစ်ဟာ ပြန်လည်တည်ထောင်ထားတဲ့ သစ်တောတွေမှာ အပင်များသေဆုံးမှုကို လျော့နည်းစေတာကြောင့် သုတေသီတွေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အာဏာပိုင်တွေရဲ့ အာရုံစိုက်မှုကို ရရှိနေပါတယ်။
ဒီနည်းပညာဟာ ၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံမြောက်ပိုင်းရှိ သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု ကြီးမားသော ဖြေရှင်းချက်တစ်ခုအနေနဲ့ အရေးပါလာခဲ့ပါတယ်။ သဲကန္တာရဖြစ်ထွန်းလာမှု ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ Chifeng ဒေသက အသက် ၁၄ နှစ်အရွယ် ဆယ်ကျော်သက်လူငယ် Jia Mingxuan ဟာ လေထုစိုထိုင်းဆကနေ ရေထုတ်ယူပေးနိုင်တဲ့ အလိုအလျောက်ရေပေးစက်ကိရိယာ (Passive device) တစ်ခုကို တီထွင်ခဲ့ပါတယ်။ အဲ့ဒီနည်းပညာဟာ လျှပ်စစ်ဓာတ်အား၊ ရေစုပ်စက်များနဲ့ ရေလှောင်ကန်များ အသုံးပြုဖို့ရာ မလိုအပ်တာကြောင့် သုတေသီများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့ သစ်တောပြန်လည်တည်ထောင်ရေး အာဏာပိုင်များအကြား ချက်ချင်းဆိုသလို စိတ်ဝင်စားမှု မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီအချိန်ကစလို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အေဂျင်စီတွေဟာ အဆိုပါတီထွင်မှုကို တရုတ်နိုင်ငံရဲ့ "မဟာအစိမ်းရောင်တံတိုင်း (Great Green Wall)" စီမံကိန်းအတွက် မဟာဗျူဟာမြောက် ဖြေရှင်းချက်တစ်ခုအဖြစ် စတင်အကဲဖြတ်ခဲ့ကြပါတယ်။ တရုတ်အစိုးရရဲ့ အချက်အလက်များအရ အဆိုပါစီမံကိန်းဟာ ၁၉၇၀ ပြည့်နှစ်ကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး သစ်တောပြန်လည်တည်ထောင်ရေးစီမံကိန်းအဖြစ် အသိအမှတ်ပြုခံထားရတာ ဖြစ်ပါတယ်။
နေ့စဉ် လေ့လာစောင့်ကြည့်ခြင်းမှသည် ရိုးရှင်းသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဖြေရှင်းချက်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့ခြင်း
အဆိုပါနည်းလမ်းကို တီထွင်ဖန်တီးခဲ့တဲ့ စိတ်ကူးဟာ ဓာတ်ခွဲခန်းအတွင်းကနေ ပေါ်ထွက်လာတာမျိုး မဟုတ်ပါဘူး။ အေးမြတဲ့ ဆောင်းရာသီနေ့ရက်များအတွင်း မီးဖိုချောင်ရှိ ရေခဲနေတဲ့မျက်နှာပြင်များပေါ်မှာ ရေစက်ကလေးတွေ ဖြစ်ပေါ်လာတာကို လူငယ်လေး Jia Mingxuan က သတိပြုမိခဲ့ပါတယ်။ ၎င်းဖြစ်စဥ်ဟာ လေထုထဲမှာရှိသော ရေငွေ့တွေ ငွေ့ရည်ဖွဲ့ခြင်း (Condensation) ရဲ့ ရိုးရှင်းတဲ့ရလဒ်ပဲ ဖြစ်ပါတယ်။ အဲ့ဒီလေ့လာတွေ့ရှိချက်အပေါ်မှာ အခြေခံပြီး ၎င်းသဘောတရားကို သဘာဝပတ်ဝန်းကျင်မှာရော အသုံးချလို့ ရ၊ မရ မေးခွန်းထုတ်စဥ်းစားရာကနေ တီထွင်စမ်းသပ်မှုကို စတင်ခဲ့တာဖြစ်ပါတယ်။
အဆိုပါလူငယ်လေးဟာ သူရဲ့ ပထမဆုံးစမ်းသပ်မှုတွေကို ပျိုးပင်တွေရဲ့ အစောပိုင်းကာလ ရှင်သန်ကြီးထွားမှုအပေါ်မှာ အဓိကထားပြီးလုပ်ဆောင်ခဲ့တာပါ။ အပင်တွေရဲ့ အစောပိုင်းကြီးထွားမှုကာလဟာ သစ်တောပြန်လည်ထူထောင်ခြင်းလုပ်ငန်းစဉ်မှာ အရေးကြီးဆုံးအချိန် ဖြစ်ပါတယ်။ အဲ့ဒီအဆင့်မှာ လုံလောက်တဲ့ ရေသွင်းပေးနိုင်မှုမရှိပါက သစ်ပင်တွေရဲ့ သေဆုံးမှုနှုန်းကို သိသိသာသာ မြင့်တက်စေနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။
ဒီစနစ်ရဲ့လုပ်ဆောင်ပုံက သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ အပူချိန်ကွာခြားချက်များကို အသုံးချခြင်း ဖြစ်ပါတယ်။
နည်းပညာအရပြောရရင် ဒီစနစ်ဟာ မြေကြီးထဲမှာ စတီးပိုက်တွေကို တစ်စိတ်တစ်ပိုင်းမြှုပ်နှံထားကာ ပိုက်ရဲ့အပေါ်ဘက်ခြမ်းကိုတော့ မြေပေါ်မှာဖော်ထားပြီး လေနဲ့ထိတွေ့အောင် ထားရှိထားတာ ဖြစ်ပါတယ်။ အဲ့ဒီနည်းလမ်းဟာ မြေအောက်အလွှာနဲ့ ပြင်ပလေထုအကြားက အပူချိန်ကွာခြားမှုကြောင့် လေထုအတွင်းရှိ စိုထိုင်းဆ(ရေငွေ့များ) ကို ငွေ့ရည်ဖွဲ့စေရန် လှုံ့ဆော်ပေးတာ ဖြစ်ပါတယ်။
ငွေ့ရည်ဖွဲ့ပြီးနောက် ဖြစ်ပေါ်လာတဲ့ ရေစက်တွေဟာ ပိုက်ရဲ့ အတွင်းပိုင်းတစ်လျှောက် အောက်သို့ စီးဆင်းသွားပြီး အပင်တွေရဲ့ အမြစ်များဆီသို့ တိုက်ရိုက်ရောက်ရှိသွားတာကြောင့် ရေ လေလွင့်ဆုံးရှုံးမှုကိုလည်း လျှော့ချပေးပါတယ်။ ဒါ့အပြင် ပိုက်ရဲ့ အပေါ်ဘက်မှာ တပ်ဆင်ထားတဲ့ အဖုံးဟာဆိုရင်လည်း ခြောက်သွေ့တဲ့ ပတ်ဝန်းကျင်အခြေအနေမှာတောင် လေဝင်လေထွက်ရှိပြီး အဆက်မပြတ်လည်ပတ်နိုင်တာ ဖြစ်ပါတယ်။ လူငယ်လေး Jia ဟာ ဒီရှေ့ပြေးစမ်းသပ်မှုပုံစံ (Prototype) ကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ဖို့ရာအတွက် ဒီဇိုင်းပြုပြင်ခြင်းနဲ့ စုဆောင်းရရှိထားတဲ့ စိုထိုင်းဆ (ရေငွေ့များ) ကို တိုင်းတာခြင်းပြုလုပ်ရန်အတွက် ကီလိုမီတာ ၃၀ ခန့်ရှိတဲ့ ခရီးကို အကြိမ်ကြိမ်သွားရောက်ခဲ့ရပါတယ်။
အစဥ်အဆက် သဲကန္တာရဖြစ်ပေါ်လာမှုများဟာ သစ်တောပြန်လည်ထူထောင်ရေး လုပ်ငန်းများအပေါ် ဖိအားပေးလျက်ရှိနေပါတယ်။
Chifeng မြို့ဟာ တရုတ်နိုင်ငံမြောက်ပိုင်းရှိ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးအလွယ်ဆုံး ဒေသများထဲမှ တစ်ခုဖြစ်ပါတယ်။ ပတ်ဝန်းကျင်ဆိုင်ရာ မှတ်တမ်းများအရ ၁၉၆၀ ပြည့်နှစ်များမှ ၁၉၉၀ ပြည့်နှစ်များအတွင်း ထိုဒေသဟာ တစ်နှစ်လျှင် ပျမ်းမျှမိုးရေချိန် ၃၈၀ မီလီမီတာခန့်သာ ရရှိခဲ့တာဖြစ်ပါတယ်။ ၎င်းပမာဏဟာ မြေဆီလွှာရဲ့ အစိုဓာတ်မျှခြေကို ထိန်းသိမ်းဖို့အတွက် လုံလောက်တဲ့ ပမာဏမဟုတ်ပါဘူး။ အကျိုးဆက်အနေနဲ့ သဲသောင်ပြင်များနဲ့ မြေလွတ်ဧရိယာများ အရှိန်အဟုန်နဲ့ တိုးပွားလာခဲ့တာ ဖြစ်ပါတယ်။
ဆယ်စုနှစ်များစွာကြာအောင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် လက်ရှိကာလမှာတော့ ၂၀၂၃ ခုနှစ်ရဲ့ တရားဝင်အချက်အလက်များအရ သစ်တောဖုံးလွှမ်းမှုဟာ ၄၀ ရာခိုင်နှုန်းထက်ကို ကျော်လွန်နေပြီဖြစ်ပါတယ်။ သို့ပေမဲ့လည်း သဘာဝပတ်ဝန်းကျင်ရဲ့ မျှခြေအခြေအနေကတော့ နုနယ်လွန်းနေဆဲဖြစ်ပါတယ်။ သဲကန္တာရဖြစ်ပေါ်လာမှုကို ထိန်းချုပ်ရန်အတွက် သစ်တောပြန်လည်ထူထောင်ခြင်းနဲ့ ဆိုလာ (Photovoltaic panels) များ တပ်ဆင်ခြင်းတို့ကို ပေါင်းစပ်လုပ်ဆောင်နေတဲ့ စီမံကိန်းများ ရှိနေပေမဲ့လည်း လုံလောက်တဲ့ရေသွင်းပေးနိုင်မှု မရှိတာကြောင့် ထောင်ပေါင်းများစွာသော ပျိုးပင်တွေဟာ ဆက်လက်သေဆုံးနေကြရဆဲ ဖြစ်ပါတယ်။
သစ်ပင်များရဲ့ ရှင်သန်မှုနှုန်းကို မြှင့်တင်ပေးခြင်းက ပိုမိုထိရောက်ကြောင်း သက်သေပြနေပါတယ်။
အဆိုပါအခြေအနေကို စဥ်းစားသုံးသပ်ပြီးတဲ့နောက် အပင်အသစ်တွေကို အကန့်အသတ်မရှိ တိုးချဲ့စိုက်ပျိုးနေခြင်းထက် စိုက်ပျိုးပြီးသား သစ်ပင်များရဲ့ ရှင်သန်မှုနှုန်း (Survival rate) ကို မြှင့်တင်ပေးခြင်းက ပိုမိုကောင်းမွန်သော ရလဒ်များကို ထွက်ပေါ်လာစေနိုင်ကြောင်း Jia က ကောက်ချက်ချခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ သူ တီထွင်ထားတဲ့ စက်ကိရိယာဟာ လျှပ်စစ်ဓာတ်အား၊ အာရုံခံကိရိယာ (Sensors) များ သို့မဟုတ် ဒီဂျစ်တယ် အခြေခံအဆောက်အအုံများ မရှိသော ဒေသများအတွက် အထူးသင့်လျော်ပြီး ကုန်ကျစရိတ်သက်သာစေသော ဖြေရှင်းချက်တစ်ခုအဖြစ်နဲ့ အသုံးဝင်နေခြင်း ဖြစ်ပါတယ်။
ထို့အပြင် အဆိုပါနည်းစနစ်ဟာ လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပေါ်တတ်သော ထိခိုက်ပျက်စီးမှုများကို လျှော့ချရာမှာလည်း အထောက်အကူပြုပါတယ်။ လေပြင်းတိုက်ခတ်တဲ့အခါ နုနယ်သော အပင်များရဲ့ အမြစ်ကို မြေကြီးအတွင်းလှုပ်ခါစေတတ်ပြီး ပျိုးပင်များရဲ့ ရှင်သန်ကြီးထွားမှုကို ထိခိုက်စေတတ်တာကြောင့် ဖြစ်ပါတယ်။

အသိအမှတ်ပြုခံရမှု၊ ပိုမိုကောင်းမွန်အောင် မြှင့်တင်မှုနှင့် နိုင်ငံတကာအဆင့်အထိ ရောက်ရှိလာမှု
ယခုစမ်းသပ်တီထွင်မှုဟာ ၂၀၂၄ ခုနှစ်အတွင်းမှာပင် ဆုတံဆိပ်များနဲ့ ဒေသတွင်းဆိုင်ရာ အသိအမှတ်ပြုမှုများကို ရရှိခဲ့ပါတယ်။ သဲကန္တာရဖြစ်ပေါ်လာမှု ထိန်းချုပ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ယခုတီထွင်စမ်းသပ်မှုကို "မျိုးဆက်သစ်တို့ရဲ့ ဆန်းသစ်တီထွင်မှု" (Generational Innovation) အဖြစ် ရှုမြင်လာကြပါတယ်။ လက်ရှိမှာတော့ လူငယ်လေး Jia ဟာ Shanghai ရှိ သုတေသီများနဲ့ ပူးပေါင်းပြီး ဒီဇိုင်းကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ခြင်း၊ ဇီဝအခြေခံပလတ်စတစ် (Bioplastics) နဲ့ ပေါ့ပါးသော သတ္တုစပ် (Lightweight alloys) ကဲ့သို့သော အစားထိုးပစ္စည်းများကို စမ်းသပ်ခြင်းတို့အပြင် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုမရှိဘဲ ကြီးကြီးမားမား ထုတ်လုပ်နိုင်မဲ့ အခြေအနေများကို ဆောင်ရွက်လျက် ရှိပါတယ်။
တရုတ်နိုင်ငံအပြင် သဲကန္တာရဖြစ်ပေါ်မှု တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာအစီအစဉ်များနဲ့ ဆက်နွှယ်နေတဲ့ ကျွမ်းကျင်သူတွေဟာလည်း အာဖရိကရှိ Sahel ဒေသနဲ့ ဥရောပတောင်ပိုင်း ဒေသများကဲ့သို့သော မိုးနည်းခြောက်သွေ့သည့် ဒေသများအတွက် ယခုနည်းပညာကို လိုက်လျောညီထွေဖြစ်အောင် အသုံးချနိုင်မဲ့ အခြေအနေများကို သုံးသပ်အကဲဖြတ်လျက် ရှိကြပါတယ်။ အဆိုပါဒေသများမှာ ရိုးရှင်းပြီး အလိုအလျောက် လုပ်ဆောင်နိုင်တဲ့ ဖြေရှင်းနည်းများဟာ သစ်တောများ ပြန်လည်ထူထောင်ရေး အစောပိုင်းလုပ်ငန်းစဉ်များ အောင်မြင်ရန်အတွက် အဓိကသော့ချက် ဖြစ်လာနိုင်ပါတယ်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Green Way - Facebook
5 months agoCPG Click Petróleo e Gás မှာ ဖော်ပြထားသော ဆောင်းပါးကို မြန်မာဘာသာဖြင့် သင့်လျော်သလို ဘာသာပြန်ဆိုထားသော ဆောင်းပါးတစ်ပုဒ်ဖြစ်တဲ့အတွက် ပုံရှာဖွေရန်အခက်အခဲရှိနေလို့ပါရှင့်
moe win
5 months agoပုံလေးတွေ ပြလို့ရရင် ပိုကောင်းမယ်ထင်ပါတယ်ဗျ
Related articles
အပူချိန်မြင့်တက်လာလို့ အထွက်နှုန်းကျတာကို ပုံမှန်လိုဖြစ်လာမှာ ဗြိတိန်တောင်သူများ စိုးရိမ်
ဖိလစ်ပိုင်နိုင်ငံက ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်ပမှ ဆန်တန်ချိန် ၃ သိန်း ၀ယ်ယူရန်စီစဉ်နေ
အလှမွေးငါးတွေကို ကမ္ဘာတစ်ဝန်း ပို့ဆောင်ပေးတော့မယ့် ထိုင်းစာတိုက်လုပ်ငန်း
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဇင်ထူးနိုင်
See all
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
သခွားသီးတွေ ခါးခြင်းကို ဖြစ်စေတဲ့ အချက် (၄) ချက်
21/05/2026
ခိုချေးကို အပင်တွေမှာ အသုံးပြုလို့ရနိုင်ပါသလား..?
12/05/2026
ပီလောပီနံတွင် ကျရောက်မှုအများဆုံး ရောဂါ (၃) မျိုး
30/04/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....