အပူချိန်မြင့်တက်လာလို့ အထွက်နှုန်းကျတာကို ပုံမှန်လိုဖြစ်လာမှာ ဗြိတိန်တောင်သူများ စိုးရိမ်
2025 နှစ်ဟာ ဗြိတိန်နိုင်ငံရဲ့ သမိုင်းတလျှောက်မှာ အပူချိန်အမြင့်ဆုံးနဲ့ အခြောက်သွေ့ဆုံးဖြစ်ခဲ့တဲ့ နွေဦးကာလနဲ့ နွေရာသီတို့ရဲ့ သက်ရောက်မှုတွေဟာ ဆောင်းဦးရာသီအထိကို ဆက်လက်ခံစားနေရဆဲဖြစ်ပြီး မြက်အထွက်နှုန်းလည်း နည်းပါးလာတဲ့အတွက် လယ်သမားတွေနဲ့ မွေးမြူရေးသမားတွေအတွက် အခက်အခဲဖြစ်ပေါ်နေကြောင်း BBC သတင်းက ဖော်ပြခဲ့ပါတယ်။
လက်ရှိမှာဘာတွေ ဖြစ်နေသလဲ?
၂၀၂၅ ခုနှစ်ရဲ့ နွေရာသီဟာ ဗြိတိန်နိုင်ငံအတွက် သမိုင်းတစ်လျှောက်မှာ အပူချိန်အမြင့်ဆုံး နွေရာသီဖြစ်ခဲ့တာပါ။
ပိုဆိုးတာက ဗြိတိသျှအမျိုးသားမိုးလေဝသဌာနက (Met Office) က နိုင်ငံရဲ့သမိုင်းတလျှောက် အပူချိန်အမြင့်ဆုံး နွေဦးရာသီဖြစ်မယ်လို့ ကြေညာပြီးတဲ့နောက်ပိုင်းမှာပဲ အလွန်ပူပြင်းတဲ့နွေရာသီက အရှိန်အဟုန်နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ခြောက်သွေ့ပူပြင်းတဲ့ ကာလများကြောင့် ဆောင်းရာသီအတွက် ရိတ်သိမ်းရမဲ့အပင်တွေ အထွက်နှုန်း အလွန်နည်းသွားပြီး မြက်စိုက်ပျိုးတဲ့ တောင်သူများနဲ့ ၎င်းတို့ရဲ့ မွေးမြူရေးတိရစ္ဆာန်များကို အစာကျွေးဖို့ရာ ဒေသထွက်မြက်ခြောက်များကို မှီခိုနေရတဲ့သူတွေအတွက်တော့ ထိခိုက်နစ်နာစေခဲ့ပါတယ်။
“ကျွန်တော်တို့ရရှိသင့်တဲ့ ပုံမှန်မြက်ခြောက်အထွက်နှုန်းထက် ၆၀ ရာခိုင်နှုန်းခန့်လောက် လျော့ကျသွားတာမို့ ဒီဒေသမှာရှိတဲ့ မွေးမြူရေးခြံတွေကို ထောက်ပံ့ဖို့ရာအတွက် အတော်လေးခက်ခဲခဲ့ပါတယ်” လို့ မြက်ခြောက် ရောင်းချသူ အိုလီမော်ရစ်စ် (Olly Morris) က BBC ကို ပြောခဲ့ပါတယ်။ မော်ရစ်စ်ကတော့ အခုလို မြက်ခြောက်တွေပြတ်လပ်နေတာကို “တစ်နိုင်ငံလုံး ကြုံတွေ့ရတဲ့ပြဿနာ” လို့ ဖော်ပြခဲ့ပါတယ်။
မြက်ခြောက် အထွက်နှုန်းနည်းပါးတာကြောင့် အရောင်းအဝယ်ပြုလုပ်သူတွေ စီးပွားရေးအရ ထိခိုက်မှုရှိခဲ့ပြီး အဆိုပါအခက်အခဲကို ဖြေရှင်းဖို့ရာအတွက် အခြားဒေသများမှထွက်ရှိသော ပိုမိုစျေးကြီးသည့် မြက်ခြောက်များအပေါ် အားကိုးနေရကြောင်း BBC က ဖော်ပြခဲ့ပါတယ်။

ဗြိတိန်မှာ မြက်ခြောက်တွေပြတ်လပ်မှုက ဘာလို့အရေးကြီးတာလဲ?
ဗြိတိန်မှာကြုံတွေ့နေရတဲ့ မြက်ခြောက်ပြတ်လပ်မှုကိစ္စဟာ ကမ္ဘာ့အပူချိန်မြင့်တက်လာမှုကြောင့် နယ်ပယ်အသီးသီးအပေါ် အကျိုးသက်ရောက်လာမှုများထဲက ဥပမာတစ်ခုမျှသာဖြစ်ပြီး အပူချိန် ပိုမိုပြင်းထန်လာတာနဲ့အမျှ ကမ္ဘာတစ်ဝန်းမှာ ပိုမိုရင်ဆိုင်လာရမဲ့ စိန်ခေါ်မှုတွေကို ညွှန်ပြလျက်ရှိနေတာလည်း ဖြစ်ပါတယ်။
လေထုထဲကို အပူစုပ်ယူထားနိုင်သော ညစ်ညမ်းမှုအမြောက်အမြား ထုတ်လွှတ်နေခြင်းဟာ ကမ္ဘာလုံးဆိုင်ရာ ပျမ်းမျှအပူချိန်ကို တိုးမြင့်လာစေပြီး အပူလှိုင်းကဲ့သို့ ပြင်းထန်သော ရာသီဥတုဖြစ်ရပ်များကို ပိုမိုဖြစ်ပေါ်လာစေနိုင်တယ်ဆိုပြီး လွန်ခဲ့သော ဆယ်စုနှစ်များစွာကတည်းက ကျွမ်းကျင်သူတွေ သတိပေးခဲ့ကြပြီးဖြစ်ပါတယ်။ သို့ပေမဲ့လည်း တစ်ချိန်က ပညာရပ်ဆိုင်ရာ ခန့်မှန်းချက်များသာ ဖြစ်ခဲ့တဲ့အရာတွေဟာ မဝေးလှတော့တဲ့အနာဂတ် ယနေ့အချိန်မှာ လျှင်မြန်စွာနဲ့ အမှန်တကယ် ဖြစ်လို့လာနေပါပြီ။
“သိပ္ပံပညာရှင်များအနေနဲ့ ကျွန်တော်တို့ဟာ ရာသီဥတုပြောင်းလဲမှုရဲ့ အနာဂတ်အကြောင်းကို ပြောဆိုနေကြပေမဲ့ ဖြစ်ပျက်ပြီးသား အကြောင်းအရာတွေကိုတော့ အပြည့်အဝပြောဆိုတာမျိုး မရှိကြသေးပါဘူး” လို့ University of Reading မှ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ပါမောက္ခ ရစ်ခ်ချက်ဒ်အဲလစ်စ် (Richard Ellis) က BBC ကို ပြောကြားခဲ့ပါတယ်။
ကမ္ဘာကြီးဟာ လက်ရှိအခြေအနေတွေကို အလျင်အမြန်နဲ့ ထိရောက်စွာပြောင်းလဲမှု မပြုလုပ်နိုင်ဘူးဆိုရင်တော့ ယခုကဲ့သို့ သီးနှံတွေ ပြတ်တောက်ဆုံးရှုံးတာတွေဟာ ပုံမှန်သဖွယ် ဖြစ်လာနိုင်ချေ ရှိနေတာဖြစ်ပါတယ်။
“လွန်ခဲ့တဲ့ နှစ် ၈၀ အတွင်းမှာကိုပဲ မြက်ခင်းတွေကို စိုက်ပျိုးထုတ်လုပ်နိုင်တဲ့ အလားအလာတွေက သိသိသာသာ ကျဆင်းသွားခဲ့တာပါ” လို့ Ellis က BBC ကို ရှင်းပြခဲ့ပါတယ်။ အဲ့ဒီလို အထွက်နှုန်းတွေ ကျဆင်းလာတာကြောင့် ဈေးနှုန်းတွေလည်း မြင့်တက်လာပြီး နောက်ဆုံးမှာတော့ အစားအစာတွေ ပိုမိုစျေးကြီးပြီး ရှားပါးလာတာဖြစ်ပါတယ်။
ယခုပြဿနာအတွက် ဘာတွေ လုပ်ဆောင်နေသလဲ?
ရေတိုကာလအတွက်ဆိုရင်တော့ အရောင်းအဝယ် ပြုလုပ်သူတွေအနေနဲ့ အထွက်နည်းတာကို ဖြေရှင်းဖို့ရာအတွက် မြက်ခြောက်နဲ့ အခြားစိုက်ပျိုးအသီးအနှံများကို ဝေးလံတဲ့ဒေသတွေကနေ ရှာဖွေဖြည့်တင်းလို့ ရနိုင်ပါတယ်။ သို့ပေမဲ့ ယခုပြဿနာကို ရေရှည်ဖြေရှင်းဖို့ရာအတွက် တစ်ခုတည်းသောနည်းလမ်းကတော့ လူသားတွေ ဖန်တီးထုတ်လွှတ်နေသော ကမ္ဘာ့အပူချိန်ကို ပိုမိုမြင့်စေနိုင်တဲ့ ညစ်ညမ်းမှုပမာဏကို သိသိသာသာ လျှော့ချရမှာဖြစ်ပါတယ်။ အဲ့ဒီလို လုပ်နိုင်ဖို့အတွက်ဆိုရင်တော့ ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုရှိနိုင်သော ရေနံ၊ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့များကဲ့သို့ ထုတ်ယူထားသော လောင်စာများကိုဖယ်ရှားကာ နေရောင်ခြည်ကဲ့သို့ သန့်စင်ပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များဖြင့် အစားထိုးရန် လိုအပ်မှာလည်း ဖြစ်ပါတယ်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
နိုင်ငံတကာသတင်း
Related articles
၁၄ နှစ်အရွယ် တရုတ်လူငယ်တီထွင်ခဲ့တဲ့ လျှပ်စစ်မလိုသော ရေထုတ်စနစ်
ဖိလစ်ပိုင်နိုင်ငံက ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်ပမှ ဆန်တန်ချိန် ၃ သိန်း ၀ယ်ယူရန်စီစဉ်နေ
အလှမွေးငါးတွေကို ကမ္ဘာတစ်ဝန်း ပို့ဆောင်ပေးတော့မယ့် ထိုင်းစာတိုက်လုပ်ငန်း
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဇင်ထူးနိုင်
See all
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
သခွားသီးတွေ ခါးခြင်းကို ဖြစ်စေတဲ့ အချက် (၄) ချက်
21/05/2026
ခိုချေးကို အပင်တွေမှာ အသုံးပြုလို့ရနိုင်ပါသလား..?
12/05/2026
ပီလောပီနံတွင် ကျရောက်မှုအများဆုံး ရောဂါ (၃) မျိုး
30/04/2026