Related topics
တရုတ်သို့ မြန်မာ့ဒူးရင်းသီး တင်ပို့သွားရန် စီစဉ်နေ
လက်ရှိတွင် မြန်မာ့ဒူးရင်းသီးက ပြည်တွင်းစားသုံးမှုသာ အဓိကရှိပြီး ဈေးနှုန်းအနေဖြင့် အသီးအရည်အသွေးပေါ် မူတည်၍ တစ်ကီလိုလျှင် ၆၀,၀၀၀ ကျပ်လောက်အထိ အမြင့်ဆုံး ဈေးပေါက်ပြီး အလုံးလိုက်ဈေးကမူ သိန်းဂဏန်းအထိ ဈေးရှိသည်ဟု သိရသည်။
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၁ - ၁၅. ၅. ၂၀၂၆)
မြေပဲလက်ကျန် လျော့နည်းလာချိန် လုပ်ငန်းသုံးရန် ဆီစက်များ၏ ဝယ်လိုအားရှိနေသဖြင့် မြေပဲပြည်တွင်းဈေးက အမျိုးအစားအလိုက် အနည်းငယ် မြင့်တက်လာသည်။ သို့သော် ပြည်ပရောင်းချသည့် မြေပဲ (လုံးဆန်) FOB ဈေးက ယခုလတွင် ဈေးငြိမ်နေသည်။
မေလဆန်းပိုင်းမှစ၍ ကြက်သွန်ဖြူဈေး ဆက်တိုက်မြင့်တက်နေ
ကြက်သွန်ဖြူက အဝင်ပိုနည်းလာတဲ့အပြင် လုဝယ်နေရတာကြောင့် ဈေးတက်လာတဲ့ အနေအထားမျိုး တွေ့နေရပါတယ်။
တစ်ပတ်စာဈေးကွက်သုံးသပ်ချက် (၄ - ၈.၅.၂၀၂၆)
ဆောင်းရာသီစိုက်ပြောင်းသစ် ပေါ်ချိန်တွင် သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် တောင်သူများ အခက်ကြုံခဲ့ရသော်လည်းသင်္ကြန်အပြီးတွင် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး၌ အရေးပါသည့် အာရှကုန်သွယ်ရေးလမ်းမကြီး ပြန်ဖွင့်မည့်သတင်းနှင့်အတူ ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။
ပြည်တွင်းပြည်ပ ပြောင်းဆံဈေးများ မြင့်တက်လာ
ယခုနှစ်တွင် ပြောင်းစိုက်ပျိုးမှု ကုန်ကျစရိတ်များ မြင့်တက်လာသည့်အတွက် ပြောင်းဆံတစ်ပိဿာလျှင် ၂,၀၀၀ ကျပ်ခန့် ရရှိမှသာ တွက်ခြေကိုက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
အိန္ဒိယပို့ကုန်အချို့ ပြည်တွင်းဈေးကျ
ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်း ပြည်ပရောင်းချသည့် FOB (free on board) ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၀ ဝန်းကျင် ဈေးမြင့်တက်လာသည်။
သရက်သီးမှည့်များ စပေါ်ချိန် ပြည်တွင်း၌ ဈေးကောင်းမရ
ယခင်နှစ်များက သရက်သီးမှည့်များ စတင်ပေါ်ချိန်တွင် ဈေးကွက်၌ တစ်လုံးလျှင် ကျပ် ၄,၀၀၀ ခန့်အထိ ရောင်းချခဲ့ရခြင်းဖြစ်သည်။
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
မြန်မာဈေးကွက်တွင် ပဲစင်းငုံက ပြည်တွင်းဈေးသာမက ပြည်ပဈေးလည်း ကျဆင်းနေသည်။
တရုတ်ဝယ်လိုအားကြောင့် ပြည်တွင်းမြေထောက်ပဲ (ဘိုစားပဲ) ဈေးနှုန်းများ မြင့်တက်လာ
ယခုနှစ် ဆောင်းရာသီတွင် မြေထောက်ပဲစိုက်ဧက လျော့ကျခဲ့သဖြင့် အထွက်နှုန်းနည်းပါးနေပြီး တောင်သူလက်ထဲတွင်လည်း ပဲလက်ကျန်နည်းပါးနေကြောင်း သိရသည်။
သင်္ကြန် ပိတ်ရက်နီးကပ်လာချိန် ပြည်ပသို့တင်ပို့နေသည့် လယ်ယာပို့ကုန်များ ဈေးအနည်းငယ်မြင့်တက်
ဆောင်းရာသီအဓိကစိုက်ပျိုးသည့် ပဲတီစိမ်းက အသစ်စတင်ပေါ်ချိန် ဈေးကျမှုများရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ဈေးဆက်တိုက်မြင့်တက်လာသည်။
ပြည်ပသို့ ဆန်/ဆန်ကွဲ တင်ပို့မှု မြင့်တက်လာသော်လည်း ပို့ကုန်ရငွေ ဒေါ်လာ သန်း ၂၆၀ ကျော် လျော့ကျ
ပြီးခဲ့တဲ့နှစ် ဧပြီကနေ ဩဂုတ်လလောက်အထိ ပြည်ပဈေးကွက် ကောင်းခဲ့တယ်။ အဲဒီနောက်ပိုင်း ဈေးပြန်ကျလာတာ အခုထိပါပဲ။
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (မတ်လ ၃၀ ရက်မှ ဧပြီ ၃ ရက်နေ့အထိ)
မြေပဲအထွက်နည်းခြင်း၊ ဆီစက်များမှ ဝယ်လိုအားရှိခြင်းနှင့် ပဲဖတ်ဈေးကောင်းနေခြင်းတို့က မြေပဲဆံဈေးကို မြင့်တက်စေသည့် အကြောင်းရင်းများ ဖြစ်သည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers