ဂျင်းစိုက်ပျိုးခြင်း/ ရိတ်သိမ်းခြင်းနှင့် ရိတ်သိမ်ပြီးနောက်ပိုင်း လုပ်ငန်းများ
ဂျင်းပင်သည် မျိုး၏ ရင့်မှည့်မှုပေါ်မူတည်ပြီး ၈ လ မှ ၁၀ လ ဝန်းကျင်အတွင်း ရိတ်သိမ်းရန် အ သင့်ဖြစ်သည်။ အရွက်ရင့်များ အကုန်အဝါရောင်းပြောင်းပြီးနောက် တဖြည်းဖြည်းခြောက်လာ သည်။
အုပ်စုလိုက် ပေါက်ပြား သို့မဟုတ် ကျင်းတူးခက်ရင်းဖြင့် ဂရုတစိုက်မတင်ပြီး ဂျင်းအတက်များ ကို အရွက်၊ အမြစ်ခြောက်၊ မြေကြီးတို့နှင့် တွယ်ကပ်နေခြင်းမရှိအောင် ခွဲပေးရသည်။ မျိုးပေါ်မူ တည်ပြီး တစ်ဟက်တာ (၂.၄၇ ဧက) တွင် ဂျင်းအစို ပျှမ်းမျ ၁၅ မှ ၂၅ တန်ထွက်ရှိသည်။
ဟင်းသီးဟင်းရွက် ဂျင်းပြုလုပ်ရန်အတွက် ဂျင်းကို စိုက်ပျိုးပြီး ၆လ နောက်ပိုင်းတွင် စတင် ရိတ်သိမ်းသည်။ ရိတ်သိမ်းပြီးနောက် ဂျင်းအတက်များကို ရေတွင် ၂ ကြိမ် ၃ ကြိမ်ဆေးကြောပြီး တစ်ရက်အခြောက်လှမ်းသည်။
ဂျင်းအခြောက်ပြင်ဆင်ရန်အတွက် အဆင့်များ
ဂျင်းအခြောက်ပြင်ဆင်ရန်အတွက်
1. ရေတွင် တစ်ညသိပ်စိမ်သည်။
2. ဂျင်းတက်ကိုဆေးရန် ၎င်းတို့ကို ကောင်းမွန်စွာပွတ်တိုက်သည်။
3. ဆေးကြောပြီး ရေမှ ဂျင်းတက်များကို ဖယ်သည်။
4. ဝါးချွန် သို့ အချွန်ပါသော အသားဓားနှင့် အပြင်အသားကိုခွာသည်။ သံဓားကို အသုံးပြု ရန် ခွင့်ပြုမထားပါ။ အရောင်ပျယ် (အရောင်မလှ) သွားနိုင်ခြင်းကြောင့်ဖြစ်သည်။
5. နောက်ဆုံးအသား သို့မဟုတ် အညစ်အကြေးကို ဖယ်ရှားရန် ဂျင်းတက်အချင်းချင်း ပွတ် တိုက်သည်။
6. အခွံခွာထားသော ဂျင်းအတက်များကို ဆေးကြောပြီး နေရောင်အောက်တွင် ညီညာစွာ တစ်ပတ် အခြောက်ခံသည်။
7. ၁၁ % အစိုဓာတ်ရောက်အောင် အခြာက်ခံသည်။
8. သိုလှောင် ဖျက်ပိုးများ၏ ဖျက်ဆီးမှုမှကာကွယ်ရန် ကောင်းမွန်စွာ သိုလှောင်ပါ။
ဂျင်းအခြောက်များ ကြာရှည်စွာ သိုလှောင်ခြင်းကို မလိုလားပါ။ မျိုးနှင့် စိုက်ပျိုးသောနေရာ လိုက်ပြီး ဂျင်းအခြောက်အထွက်နှုန်းသည် ဂျင်းအစို၏ ၁၆ - ၂၅ % သာ ဖြစ်သည်။ ဂျင်းပြုပြင် စီရင်သည့်အခါ ဆာလဖာလောင်ကျွမ်းခြင်းကို ခွင့်မပြုပါ။
Source: http://agritech.tnau.ac.in/
Royal Thazin
10.11.2017
အောင်စိုး
3 years agoဂျင်းကို ဘယ်ချိန်စစိုက်ရင် အကောင်းဆုံးလဲ
ချမ်းပြည့်အောင်
5 years agoဂျင်းပင်ကို ဘယ်အချိန်မှာ စိုက်လို့ အကောင်းဆုံးပါလဲ ခင်ဗျာ
Related articles
Related questions
ကုလားပဲ
TSM • 1 answers
ရော်ဘာ
win le oo • 1 answers
(မင်္ဂလာပါခင်ဗျာ) မတ်ပဲအသီးေတွကမဲေနပီးမိုးကရွာနေတော ပဲထောင်ထဲ့ကိုမှို့ဝင်မှာဆိုလိုဘာမှို့ဆေးမျာသုံးရမလဲခင်ဗျာ သိတဲဆရာများလမ်ညွှန်ပါဗျာ ကျေးဇူတင်ပါတယ်
ကိုစိုးအောင် • 1 answers
စပါးကို မည်သည့်အချိန်မှာ ရိတ်သိမ်းသင့်သလဲ။ ရှင်းပြပေးနိုင်မလားရှင့်
Thiri Aung • 2 answers
ဒီနှစ် ဆောင်းသီးနှံပဲတီစိမ်း ပိဿာ20 ကိုဘယ်စျေးလောက်ရှိမယ်ထင်ကြလဲ
ဝဏ္ဏစိုး • 1 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Thin Thazin
See all
ချယ်ရီခရမ်းချဉ်သီးကို အိုး ဒါမှမဟုတ် ဗန်းနဲ့ ဘယ်လိုစိုက်ပျိုးမလဲ?
29/04/2019
ပလပ်စတစ်စားတဲ့ ခူကောင်တစ်မျိုးကို သိပ္ပံပညာရှင်များ တွေ့ရှိ
22/01/2018
လိုင်ချီးသီး ညီ အဖြစ် တင်စားခံရတဲ့ လေချူသီး (Longan) အကြောင်း
22/01/2018
“ပျား”များကို ပိုးသတ်ဆေးအန္တရာယ်မှ ကာကွယ်နိုင်မည့် နည်းလမ်းများ
16/01/2018
ကင်ဆာရောဂါပျောက်ကင်းပြီး ဆီးချိုရောဂါကို ဟန့်တားပေးနိုင်သော ဆေးဖက်ဝင် အပင်
16/01/2018