“ပျား”များကို ပိုးသတ်ဆေးအန္တရာယ်မှ ကာကွယ်နိုင်မည့် နည်းလမ်းများ
ယခု ဖော်ပြပါ ဆောင်းပါးသည် စိုက်ပျိုးသူများ ဓာတု ဆေးဝါးများ သုံးစွဲရာတွင် ပတ်ဝန်းကျင်တွင် ရှိနေသော မိတ်ဆွေပိုးများကို ထိန်းသိမ်း ကာကွယ်မှုရစေရန် (သို့) ဗဟုသုတ ရစေရန် ရည်ရွယ်ချက်ဖြင့် ဝါရှင်တန် စိုက်ပျိုးရေး ဌာန၊ ပိုးသတ်ဆေး စီမံခန့်ခွဲမှု ဌာနခွဲမှ ထုတ်ဝေထားသော လက်ကမ်းစာစောင်ကို ဘာသာပြန်၍ ဖော်ပြလိုက်ပါသည်။
နီရိုနီကိုတီနွိုက်(Neonicotinoids) ဆိုတာဘာလဲ?
ပျများ၊ ကောက်ပဲသီးနှံများတွင် ကျရောက်သည့် ပိုးများ (ဥပမာ-ဆန်ပိုး)နှင့် အခြား အင်းဆက်များကို ထိန်းချုပ်နှိမ်နင်းရန် အသုံးပြုသည့်ဆေး (ပိုးသတ်ဆေး)တစ်မျိုးကို နီရိုနီကိုတီနွိုက်လို့ ခေါ်ပါတယ်။ အချို့ နီရိုနီကိုတီနွိုက်များသည် သုံးစွဲပြီးနောက် ရက်ပေါင်းများစွာ တိုင်အောင် ပျားများကို ပြင်းပြင်းထန်ထန် အဆိပ်အတောက် ဖြစ်စေပါတယ်။ အမေရိကန်နိုင်ငံတွင် စိုက်ပျိုးရေးဌာနမှ ဝတ်မှုန်ကူးသည့် အင်းဆက်များကို ကာကွယ်ရန်(အန္တရာယ်မဖြစ်စေရန်) အတွက် မည်သည့် ပိုးသတ်ဆေး အမျိုးအစားကို သုံးစွဲသည် ဖြစ်စေဂရုတစိုက် ကိုင်တွယ်ရန် အသုံးပြုကြရန် အကြံပြုထားပါတယ်။
ကျွန်ုပ်တို့သည်“ပျား” များကို လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပျားရည် ထုတ်လုပ်သည့် ပျားများ၊ ပိတုန်းများ၊ မေဆင်ပျား(mason bees) နှင့်အခြား ဝတ်မှုန်ကူးပေးသည့် အင်းဆက်များသည်ကျွန်ုပ်တို့၏ ဟင်းသီးဟင်းရွက် အခင်းများနှင့် သဘာဝပေါက်ပင်များကို ဝတ်မှုန်ကူးပေးပါတယ်။ ၎င်းအင်းဆက်များသည် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်နှင့် စီးပွားရေးအတွက် အလွန် အရေးပါလှပါတယ်။
ဖျက်ပိုးများကို နှိမ်နင်းရန် အတွက် ထုတ်ကုန်များ(ပိုးသတ်ဆေး)ကို သင့်တင့်လျောက်ပတ်စွာ သုံးစွဲခြင်းသည် အပင်များ ကျန်းမာ သန်စွမ်းရေး အတွက် ထိန်းသိမ်းမှုမှာ အကူအညီ တစ်ရပ် ဖြစ်ပါတယ်။ နီရိုနီကိုတီနွိုက် အမျိုးအစား အပါအဝင် အချို့ပိုးသတ်ဆေးများသည် ပျားများနှင့် အခြား အကျိုးပြုအင်းဆက်များကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ သို့ပေမဲ့ ဒီအန္တရာယ်ကိုကျွန်ုပ်တို့လျှော့ချနိုင်ပါတယ်။
ကျွန်ုပ်တို့၏ မိတ်ဆွေဖြစ်သော‘ပျား’များကို ကာကွယ်ဖို့ ကျွန်ုပ်တို့ ဘယ်လို ကူညီနိုင်မလဲဆိုတော့ အောက်ဖော်ပြပါ အချက်တွေနဲ့ ကူညီနိုင်ပါတယ်။
- ‘ပျား’ များကို ဆွဲဆောင်မှုရှိသော အလှပန်းပင်များ(ဥပမာ-ဟက်သာပင်၊ လာဗင်ဒါရေမွှေး ပန်းပင်၊ လင်ဒန်သစ်ခွ၊ တောင်ဇလပ် ပန်းပင်နှင့် နှင်းဆီပင်) ပန်းပွင့်သည့် အချိန်တွင်ပိုးသတ်ဆေး၊ မှိုသတ်ဆေး စသည့် ဖျက်ပိုး ကာကွယ် နှိမ်နင်းဆေးများ အသုံးပြုခြင်းမှရှောင်ကြဉ်ပါ။ “ပျား” နှင့် အခြားအင်းဆက်များသည် ပိုးသတ်ဆေး ပါဝင်သော ဝတ်ရည် (သို့) ဝတ်မှုန်ကို စားသုံးမိပါက ထိခိုက်သေဆုံးနိုင်ပါသည်။
- ပန်းပင်၏ ပွင့်ဖတ်များကြွေကျပြီး ချိန်တွင် ‘ပျား’များကို ဆွဲဆောင်နိုင်မှုလျော့ကျလာပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးများကို ပွင့်ဖတ်ကြွေကျပြီး ချိန်ရောက်မှသာ အသုံးပြုပါ။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ပျားများကို ပိုးသတ်ဆေးနှင့်ထိတွေ့မှုမှ ကာကွယ်လျှော့ချနိုင်ပါတယ်။
- အကယ်၍ ပန်းပွင့်ချိန်တွင် မဖြစ်မနေ ပိုးသတ်ဆေး အသုံးပြုရမည်ဆိုပါက‘ပျား’များကို အဆိပ်အတောက်ဖြစ်မှု နည်းသော ပိုးသတ်ဆေးကိုရွေးချယ် အသုံးပြုပါ။
- ပိုးသတ်ဆေးတွင် နီရိုနီကိုတီနွိုက်နှင့်အောက်ဖော်ပြပါ ပါဝင်ပစ္စည်း(ဓာတုဆေးများ) ပါဝင်မှုရှိ/မရှိသေချာစွာ ဖတ်ပါ။
၁။ ကလိုသီရာနီဒင်း(Clothianidin)
၂။ ဒိုင်နီတီဖျူရမ်(Dinotefuran)
၃။ အင္မီဒါ ကလိုရိုပစ္(Imidacloprid)
၄။ သီရာမီသောက်ဇမ်(Thiamethoxam)
အထက်ဖော်ပြပါ ဓာတု ပစ္စည်းများ ပါဝင်သော ပိုးသတ်ဆေးများကို ပန်းပွင့်၏ ပွင့်ဖတ်များကြွေကျပြီးချိန်မှသာ အသုံးပြုသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းပိုးသတ်ဆေးများသည် အသုံးပြုပြီးသည့်နောက် ရက်ပေါင်း များစွာကြာသည့် တိုင်အောင် ပျားများကို အဆိပ်အတောက်ဖြစ်စေပါတယ်။
- ပျားများကို ကာကွယ်ရန် ပိုးသတ်ဆေး အညွှန်းတွင် ပါဝင်သော အချက်များကို တိတိကျကျ လိုက်နာဖို့ လိုအပ်ပါတယ်။ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့တွင် အွန်လိုင်း ပိုးသတ်ဆေးသတင်း အချက်အလက်ဌာနမှ ပိုးသတ်ဆေးများနှင့် ပတ်သက်သည့် သတင်း အချက်အလက်များ၊ ရောင်းချရန် သင့်လျော်သော ပိုးသတ်ဆေးများကို စာရင်း ပြုစု ထိန်းသိမ်းထား ရှိပါတယ်။
- နီရိုနီကိုတီနွိုက်ပါဝင်သော ပိုးသတ်ဆေးများကိုမြေကြီးတွင် ပျက်ဖျန်းခြင်း၊ ပျားများကို ဆွဲဆောင်သော အပင်၏ ပင်စည်ထဲ ထိုးသွင်းခြင်းစသည့် နည်းလမ်းများကိုရှောင်ကြဉ်ပါ။ ထိုသို့ ပြုလုပ်ခြင်းသည် ပိုးသတ်ဆေးသုံးပြီးနောက် နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ပန်းဝတ်ရည်နှင့် ပန်းဝတ်မှုန်များကို ညစ်ညမ်းစေပါတယ်။
- အကယ်၍ နီရိုနိကိုတီနွိုက် ပါဝင်သော ပိုးသတ်ဆေးများ ကိုမြေကြီးပေါ်တွင် ပက်ဖျန်းခြင်း၊ ပင်စည် အတွင်းသို့ ထိုးသွင်းခြင်း နည်းလမ်းများဖြင့် မဖြစ်မနေ အသုံးပြုရမည် ဆိုပါက ပွင့်ဖတ်များကြွေကျပြီးချိန်မှသာ အသုံးပြုသင့်ပါတယ်။ ထို့အပြင် ပျားများကို ထိခိုက်မှုလျော့နည်းစေရန် တတ်နိုင်သမျှ ထိရောက်မှုရှိသော အနိမ့်ဆုံးဆေး နှုန်းထားကိုသာ သုံးဖို့ လိုအပ်ပါတယ်။ ပိုးမွှားများကို နှိမ်နင်းရာတွင် ပန်းပင်ထဲတွင် ကြာရှည် မနေသော(ဓာတ်ကြွင်း အာနိသင် ကာလတိုသော) ပိုးသတ်ဆေးကိုရွေးချယ် အသုံးပြုပေးပါ။
- ပျားများကို ဆွဲဆောင်မှု ရှိသော အလှပန်းပင်များ ဝယ်ယူသည့်အခါ အထက်ဖော်ပြပါ ပိုးသတ်ဆေး (၄)မျိုး မပက်ဖျန်း ထားရသေးသော(မသုံးစွဲရသေးသော) ပန်းပင်များကိုရွေးချယ် ဝယ်ယူပါ။
- တကယ်လို့ ပိုးသတ်ဆေး ကိုင်တွယ် အသုံးပြုခြင်းနှင့် ပျားများကို ထိန်းသိမ်း ကာကွယ်ခြင်း ဆိုင်ရာနဲ့ ပတ်သက်ပြီး ကိုယ်တိုင်လေ့လာ သင်ယူလိုပါက ပျားများနှင့် ပိုးသတ်ဆေးများ အကြောင်း သတင်း အချက်အလက်များကိုအောက်ဖော်ပြပါ ဝက်ဆိုက်များတွင်လေ့လာ ကြည့်ရှုနိုင်ပါသည်။
Royal Thazin
· www.beeinformed.org – Bee Informed Partnership
· www.entomology.umn.edu/cues/ pollinators – Center for Urban Ecology and Sustainability / Pollinator Conservation
· www.npic.orst.edu – National Pesticide Information Center
· www.pesticidestewardship.org – Pesticide Environmental Stewardship (click Pollinator Protection link)
· www.pollinator.org – Pollinator Partnership
· extension.wsu.edu/wsprs/Pages/ default.aspx – WSU PICOL
· pep.wsu.edu – WSU Urban Integrated Pest Management and Pesticide Safety Education
Source-http://agr.wa.gov/fp/pubs/docs/388-tenwaystoprotectbeesfrompesticides.pdf
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Thin Thazin
See all
ချယ်ရီခရမ်းချဉ်သီးကို အိုး ဒါမှမဟုတ် ဗန်းနဲ့ ဘယ်လိုစိုက်ပျိုးမလဲ?
29/04/2019
ပလပ်စတစ်စားတဲ့ ခူကောင်တစ်မျိုးကို သိပ္ပံပညာရှင်များ တွေ့ရှိ
22/01/2018
လိုင်ချီးသီး ညီ အဖြစ် တင်စားခံရတဲ့ လေချူသီး (Longan) အကြောင်း
22/01/2018
ကင်ဆာရောဂါပျောက်ကင်းပြီး ဆီးချိုရောဂါကို ဟန့်တားပေးနိုင်သော ဆေးဖက်ဝင် အပင်
16/01/2018
ဂျင်းစိုက်ပျိုးခြင်း/ ရိတ်သိမ်းခြင်းနှင့် ရိတ်သိမ်ပြီးနောက်ပိုင်း လုပ်ငန်းများ
15/01/2018