ချယ်ရီခရမ်းချဉ်သီးကို အိုး ဒါမှမဟုတ် ဗန်းနဲ့ ဘယ်လိုစိုက်ပျိုးမလဲ?
ချယ်ရီခရမ်းချဉ်သီးများကို အိုးနှင့်ဘယ်လိုစိုက်ပျိုးမလဲ?
ချယ်ရီခရမ်းချဉ်သီးတွေကို အိုး ဒါမှမဟုတ် ဗန်းထဲမှာ ဘယ်လိုစိုက်ပျိုးမလဲဆိုတာကို ဒီနေ့ ကျွန်တော်တို့ ဆွေးနွေးကြရအောင်။
ချယ်ရီခရမ်းချဉ်ပင်များသည် သေးငယ်၍ လုံးဝိုင်းသော ခရမ်းချဉ်သီးများကို သီးပါသည်။ အဆိုပါ ခရမ်းချဉ်သီးများသည် လတ်လတ် ဆတ်ဆတ် အစိမ်းစား၍ရသလို သုပ်စား၍လည်း ရပါသည်။ သေချာဂရုတစိုက် စိုက်ပျိုးမည်ဆိုပါက ချယ်ရီခရမ်းချဉ်ပင် တစ်ပင်သည် မိသားစုတစ်စုစားသုံးရန် လုံလောက်သော ခရမ်းချဉ်သီးများကို သီးပေးနိုင်ပါသည်။
ချယ်ရီခရမ်းချဉ်ပင်များသည် နွေးသောရာသီဥတုကို နှစ်သက်သောအပင်များဖြစ်သဖြင့် အိုး (သို့မဟုတ်) ထည့် စရာခွက်တစ်ခုခုတွင် ထည့်စိုက်ပါက ကောင်းမွန်စွာ ဖြစ်ထွန်းနိုင်ပါသည်။ ချယ်ရီခရမ်းခဉ်ပင်ကို ယခုမှ စတင် စိုက်ပျိုးမည့် တောင်သူများပင်လျှင် အိုးနှင့်စိုက်ပျိုးခြင်းကို အောင်မြင်စွာပြုလုပ်နိုင်ပါသည်။
ချယ်ရီခရမ်းချဉ်အစေ့များသည် မြန်မြန်အညှောင့်ပေါက်ပြီး အမိုးအကာအောက်တွင် စိုက်ပျိုးမည်ဆိုပါက ဂရုစိုက်ပေးရန် လိုအပ်ပါသည်။ ခက်ခက်ခဲခဲမဟုတ်ဘဲ အထွက်နှုန်းကောင်းကောင်း ရနိုင်သော ခရမ်းချဉ်မျိုးကို စိုက်ပျိုးလိုသည့် တောင်သူများအတွက် ချယ်ရီခရမ်းချဉ်သည် အကောင်းဆုံး ဖြစ်ပါသည်။ ချယ်ရီခရမ်းချဉ်သီးများသည် အရောင်အမျိုးမျိုး (ဥပမာ- လိမ္မော်ရောင်၊ အဝါရောင်၊ အဖြူရောင်) ရှိနိုင်ပါသည်။ မိမိဥယျာဉ်ခြံအတွင်းစိုက်ပျိုးရန် အလွန်ကောင်းမွန်သော်လည်း အိုးများ၊ ခရမ်းချဉ်စိုက်ပျိုးသည့် အိတ်များဖြင့်လည်း စိုက်ပျိုးနိုင်ပါသည်။
ချယ်ရီခရမ်းချဉ်စိုက်ပျိုးရန် နည်းလမ်းအဆင့်ဆင့်ကို ပြေပြသွားပါမည်။
သင့်တော်သော ရာသီဥတု
ချယ်ရီခရမ်းချဉ်သီးများကို မည်သည့်ပတ်ဝန်းကျင် အခြေအနေမျိုးတွင်မဆို စိုက်ပျိုးနိုင်ပါသည်။ သို့သော် စီးပွားဖြစ်စိုက်ပျိုးမည်ဆိုပါက နောက်ဆုံးအကြိမ် နှင်းခါးများကျပြီးသည့်အချိန်တွင် စိုက် ပျိုးပါက ပိုမိုကောင်းမွန်ပါသည်။ အကယ်၍ သင့်နေဖြင့် ချယ်ရီခရမ်းချဉ်ကို အိုးအတွင်းထည့်၍ စိုက် ပျိုးလိုပါက အစေ့များကို ပြုပြင်ထားသောမြေ ထည့်ထားသည့် ခွက်ငယ်အတွင်းထည့်၍ စိုက်ပျိုးသင့်သည်။
ချယ်ရီခရမ်းချဉ်များကို အိုးဖြင့်စိုက်ပျိုးခြင်း
ချယ်ရီခရမ်းချဉ်မျိုးစေ့များကို အိုးဖြင့်စိုက်ပျိုးမည်ဆိုပါက အိုးအချင်းသည် အနည်းဆုံး (၃ လက်မ) ခန့် ရှိရမည်။ အိုးအနက်သည် တစ်လက္မခန့်ရှိရမည်ဖြစ်ပြီး အိုးတစ်အိုးလျှင် မျိုးစေ့နှစ်စေ့ထည့်၍ စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြီးပါက စိုက်ပျိုးရန် ပြုပြင်ထားသောမြေကို အိုးအတွင်း ထပ်မံဖြည့်ပေးရမည်။ ပြုပြင်ထားသော မြေသည် အစိုဓာတ်ကို ထိန်းသိမ်းနိုင်စွမ်းရှိရမည်။
မျိုးစေ့များအညှောင့်ပေါက်ရန် အချိန်နှစ်ပတ်ခန့် ကြာမြင့်မည်ဖြစ်သည်။ အိုးကို ကြည်လင်သန့်ရှင်း သော ပလက်စတစ်အိတ်ဖြင့် ဖုံးအုပ်ထားခြင်းဖြင့် မျိုးစေ့များကို လျင်မြန်စွာ အညှောင့်ပေါက်စေပါသည်။ အိုးများကို ပလက်စတစ်အိတ် မဖယ်ဘဲ နွေးထွေးသော အခန်းအတွင်း ထည့်သွင်းထားရပါမည်။ မျိုးစေ့များ စတင်အညှောင့်ပေါက်ပြီဆိုပါက ပလက်စတစ်အိတ်များကို ဖယ်ရှားပြီး အိုးများကို နေရောင်ခြည် လုံလုံလောက် လောက်ရသည့်နေရာတွင် ရွှေ့ပြောင်းထားရမည်။ အိုးအတွင်းရှိ မြေကြီးခြောက်သွေ့နေပါက အစိုဓာတ်ရရှိရန် ရေလောင်းပေးရမည်ဖြစ်သော်လည်း ရေကိုအလွန်အကျွံ မလောင်းသင့်ပေ။ အပင်များ တဖြည်းဖြည်း ကြီးထွားလာပါက အရွယ်အစားပိုကြီးသော အိုးအတွင်းသို့ ရွှေ့ပြောင်းနိုင်သည်။ အချင်း (၆ လက္မ မှ ၈ လက္မ) ရှိသော ရွှံ့စေးမြေအိုးများသည် အပင်များကို ထောက်ပံ့မှုကောင်းကောင်းပေးနိုင်သဖြင့် ရွှေ့ပြောင်းစိုက်ပျိုးရန်အတွက် မြေအိုးများကို ရွေးချယ်မည်ဆိုပါက ပိုမိုကောင်းမွန်ပါသည်။ သင့်အနေဖြင့် အရည်အသွေးကောင်းမွန်သော ပလက်စတစ်အိုးများကိုလည်း အသုံးပြုနိုင်ပါသည်။
ချယ်ရီခရမ်းချဉ်စိုက်ပျိုးရန် ပြုပြင်ထားသောမြေသည် အော်ဂဲနစ်မြေအမျိုးအစား ဖြစ်သင့်သည်။ ထိုမြေထဲသို့ မြေဆွေးများကိုလည်း ရောနှောအသုံးပြုနိုင်သည်။ ပြုပြင်ထားသောမြေကို အိုး၏သုံးပုံတစ်ပုံခန့်အထိဖြည့်ပြီး အလယ်တွင် အပေါက်ဖောက်ထားရမည်။ ဖောက်ထားသောအပေါက်သည် အမြစ်များ ကောင်းမွန်စွာဝင်ဆံ့ရန် (ထည့်လိုက်ပါက အမြစ်များမခေါက်စေရန်) သင့်လျော်သည့်အကျယ်အဝန်း ရှိရမည်။ ထို့နောက် အပင် (သို့) ပျိုးပင်များကို ၎င်းအပေါက်ထဲသို့ ရွှေ့ပြောင်းစိုက်ပျိုးနိုင်ပြီဖြစ်သည်။ စိုက်ပြီးပါက အပေါက်ကို မြေကြီးဖြည့်ပေးရမည်ဖြစ်ပြီး အပင်မယိုင်လဲအောင် အပင်အောက်ခြေရှိမြေကြီးကို အနည်းငယ် ဖိနှိပ်ပေးရမည်။ ပျိုးပင်များကို ရေလောင်းရန် မမေ့ပါနှင့်။
ချယ်ရီခရမ်းချဉ်ပင်များ နေရောင်ခြည်ရရှိမှုအနေဖြင့် တစ်နေ့လျှင်အနည်းဆုံး ခြောက်နာရီရရှိနိုင်သည့် နေရာတွင် အိုးများကိုထားရမည်။ အစိုဓာတ်ကို သေချာထိန်းသိမ်းထားရမည်ဖြစ်ပြီး အရမ်းမစိုစွတ်စေရန် သတိပြုရမည်။ အာဟာရအနေဖြင့် ရေတွင်ပျော်ဝင်သော မြေသြဇာများကို တစ်ပတ်လျှင်တစ်ကြိမ် ကျွေးနိုင်သည်။ နောက်ထပ် အဓိကဂရုစိုက်ရမည့်အချက်မှာ ချယ်ရီခရမ်းချဉ်ပင်များကို ဒေါက်ထောက်ပေးခြင်း ဖြစ်သည်။ ဒေါက်ထောက်ပေးခြင်းဖြင့် အပင်များကြီးလာသည့်အခါ ယိုင်လဲမသွားအောင် ထိန်းထားနိုင်သည်။
ဖျက်ပိုးကာကွယ်နှိမ်နင်းရေး
ချယ်ရီခရမ်းချဉ်ပင်များကို ပိုးမွှားမကျရောက်စေရန် ကာကွယ်ရေးသည် အလွန်အရေးကြီးပါသည်။ ပင်စိမ်းပင်နှင့် ထပ်တရာပင်များကို ချယ်ရီခရမ်းချဉ်ပင်များအနီး စိုက်ပျိုးထားခြင်းဖြင့် ဖျက်ပိုးများကို ကာကွယ်နိုင်သည်။ ထို့အပြင် မိမိဒေသရှိ စိုက်ပျိုးရေးဌာန၏ လမ်းညွှန်အကြံပြုချက်နည်းလမ်း များကိုလည်း အသုံးပြုနိုင်ပါသည်။
သင့်လျော်သော ဂရုစိုက်မှုပေးမည်ဆိုပါက ချယ်ရီခရမ်းချဉ်ပင်များသည် နွေရာသီအလယ်မှစ၍ ဆောင်းရာသီကုန်သည်အထိ ကောင်းမွန်သော အထွက်နှုန်းကို ပေးစွမ်းနိုင်ပါသည်။
ချယ်ရီခရမ်းချဉ်များကို ဗန်းဖြင့်စိုက်ပျိုးခြင်း
ပထမဦးဆုံးအနေဖြင့် ပြုပြင်ထားသောမြေများကို ပျိုးဗန်းနှုတ်ခမ်းမရောက်မီ တစ်လက္မခန့်အထိ ဖြည့်ပါ။ မျက်နှာပြင်ညီညာအောင် လက်ဖြင့်ညှိပါ။ မြေကြီးနှံ့စပ်အောင် ရေလောင်းပေးရန်လိုအပ်ပြီး လုံးဝစိုစွတ်မနေစေရန် သတိပြုပါ။ ပုံမှန်ရေလောင်းပေးခြင်းဖြင့် မြေကြီးသည် ဗန်းထဲတွင်အသားကျနေမည် ဖြစ်သည်။ ခဲတံကိုအသုံးပြု၍ လက္မဝက်ခန့် အပေါက်များပြုလုပ်ပါ။ ပင်ကြားအကွာအဝေးသည် တစ်လက္မခန့်ရှိပြီး အပေါက်တစ်ပေါက်လျှင် အစေ့တစ်စေ့ချ၍ စိုက်ပျိုးပါ။ မျိုးစေ့များကို မြေခပ်ပါးပါး ဖုံးအုပ်ပါ။ ဗန်းများကို ပလက်စတစ်အပါးစဖြင့် ဖုံးအုပ်ပါ။ လေဝင်လေထွက်ကောင်းစေရန်အတွက် တစ်ဖက်ကို အနည်းငယ် ဖွင့်ထားရမည်။ ဗန်းများကို မှောင်၍ နွေးသောနေရာတွင် ထားရမည်ဖြစ်ပြီး အပူချိန်သည် အနည်းဆုံး (၂၁ ဒီဂရီ စင်တီဂရိတ်) ရှိရမည်။ မျိုးစေ့များ အညှောင့်ထွက်လာပြီး မြေကြီးပေါ် ပေါ်လာသည်အထိ ထားရမည်။ ထို့နောက် ဗန်းပေါ်ရှိ ပလက်စတစ်အပါးစများကို ဖယ်ရှားပြီး ဗန်းများကို လျှပ်စစ်မီး (အပင်များကြီးထွားစေရန် ပြုလုပ်ထားသော အလင်းရောင်ပေးသည့် လျှပ်စစ်မီးအလင်း) အလင်းရောင်အောက်ရှိ စင်ပေါ်တွင်ထားပါ။ နေဝင်၍ မှောင်လာသည်နှင့်တပြိုင်နက် ထိုလျှပ်စစ်မီးကို ဖွင့်ပေးရမည်။ ဗန်းများကို မီးအလင်းရောင်နှင့် (၆ လက္မ) အကွာတွင်ထားရမည်။ ဝပ်အားများသော လျှပ်စစ်မီးလုံးများအသုံးပြုလျှင် အပင်များကို မလောင်ကျွမ်းစေရန် မီးလုံးနှင့် ဗန်းများကြား အကွားအဝေးကို လက္မအနည်းငယ်ခန့် ညှိပေးနိုင် သည်။ ဗန်းထဲရှိပျိုးပင်များ (၄ လက္မ) ခန့်ရှိပြီဆိုပါက ပျိုးပင်များကို ရွှေ့ပြောင်းစိုက်ပျိုးနိုင်ပြီဖြစ်သည်။ ခရမ်းချဉ်အပွင့်များ ပွင့်လန်းလာစေရန် ပန်းပွင့်များကို အသာအယာလှုပ်ပေးရမည်။ အသီးများ၏ အလေးချိန်ကြောင့် ပင်စည်မကွေးညွတ်စေရန်နှင့် ပင်စည်မကျိုးစေရန်အတွက် အပင်ကိုထောင်မတ်ပေးမည့် အထောက်အပံ့ (ဒေါက်တိုင်) များထားပေးရမည်။ ချယ်ရီခရမ်းချဉ်သီးများမှည့်လာပြီဆိုပါက အသီးများကို ရိတ်သိမ်းပေးနိုင်ပါသည်။ သို့မှသာ အပင်မှ အသီးများ ထပ်မံသီးနိုင်မည်ဖြစ်ပါသည်။
Royal Thazin
10.4.2019
Continue reading related topics, questions and articles.
Topic 1
ခရမ်းချဉ်စိုက်ပျိုးနည်း
U HTUN SOE
5 years agoနွေရာသီမှာစိုက်လို့ရလား
Related articles
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အောင်မြင်သော ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်နည်း
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 1 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Thin Thazin
See all
ပလပ်စတစ်စားတဲ့ ခူကောင်တစ်မျိုးကို သိပ္ပံပညာရှင်များ တွေ့ရှိ
22/01/2018
လိုင်ချီးသီး ညီ အဖြစ် တင်စားခံရတဲ့ လေချူသီး (Longan) အကြောင်း
22/01/2018
“ပျား”များကို ပိုးသတ်ဆေးအန္တရာယ်မှ ကာကွယ်နိုင်မည့် နည်းလမ်းများ
16/01/2018
ကင်ဆာရောဂါပျောက်ကင်းပြီး ဆီးချိုရောဂါကို ဟန့်တားပေးနိုင်သော ဆေးဖက်ဝင် အပင်
16/01/2018
ဂျင်းစိုက်ပျိုးခြင်း/ ရိတ်သိမ်းခြင်းနှင့် ရိတ်သိမ်ပြီးနောက်ပိုင်း လုပ်ငန်းများ
15/01/2018
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....