ကင်ဆာရောဂါပျောက်ကင်းပြီး ဆီးချိုရောဂါကို ဟန့်တားပေးနိုင်သော ဆေးဖက်ဝင် အပင်
ကျန်းမာ သွက်လက် စွမ်းအင် အပြည့်နှင့် အသက်ရှည်ရှည်နေချင်သူများ အတွက် ကျွန်မဆေးဖက်ဝင် အပင် တစ်မျိုးကို မိတ်ဆက်ပေးချင်ပါတယ်။ အရှေ့တောင် အာရှတွင် အများဆုံး စိုက်ပျိုး ဖြစ်ထွန်းလျက် ရှိသော အံ့ဖွယ် အပင်ဖြစ်သည့် ဒန့်သလွန် (Moringa oleifera) အပင် ဖြစ်ပါသည်။ နှစ်ပေါင်း များစွာ ကတည်းက တိုင်းရင်းဆေးတွင် အသုံးပြုခဲ့သော Moringa oleifera ကိုဒန့်သလွန်ပင်(Drumstick) လို့လည်းသိကြပြီး ဓာတ်တိုး အာနိသင်(antioxidant) များဖြင့် ပြည့်ဝသောဆေးဘက်ဝင် အပင် ဖြစ်ပါသည်။
ကျန်းမာရေးနှင့် ညီညွတ်သောဆေးဖက်ဝင် အပင် အဖြစ် အသိအမှတ်ပြုခြင်း ခံထားရသော်လည်းဒန့်သလွန်အပင်၏ အကျိုးကျေးဇူးများကို စူးစမ်း စစ်ဆေးလျက် ရှိနေပါသေးသည်။ဒန့်သလွန် အသီးနှင့် အရွက်များကို စားသုံးသင့်သော အကြောင်းအရင်း(၇)ချက် ရှိပါသည်။
အစာ အာဟာရ တန္ဖိုး
ဒန့်သလွန်ပင်ဧ။် အသီးနှင့် အရွက်တွင် သတ္တုဓာတ်နှင့် ဗီတာမင်များစွာ ပါဝင်ပါသည်။သီးတောင့်(၁)ခွက်စာသည် သင့်အား ဗီတာမင်စီ ၁၅၇% RDAပေးစွမ်း နိုင်ပါသည်။
တစ်ခွက်စာတွင် ဗီတာမင်ဘီ6( ၁၉%) (နေ့စဉ်လိုအပ်ချက်)၊ ဗီတာမင်အေ(၉%)၊ ပရိုတင်း (၂ဂရမ်)၊ ဗီတာမင်စီ(၁၂%) ၊ ဗီတာမင်ဘီ၂- riboflavin (၁၁%)၊ သံဓာတ်(၁၁%)နှင့် မက်ဂနီစီယမ်(၈%)တို့ပါဝင်ပါသည်။
အရွက်ခြောက်များကို ဖြည့်စွက်စာ အဖြစ် အသုံးပြုနိုင်သည်ကိုတွေ့ရပါသည်။ သို့သော် သဘာဝ အပင်သည် ပို၍ အစွမ်းထက်ကြောင်းတွေ့ရှိရပါသည်။
(၁) အရိုးများကိုသန်မာစေခြင်း
ဒန့်သလွန်ကို စားသုံးခြင်းဖြင့် အရိုးများကို ပိုမို သန်မာစေပါသည်။ အရိုး ထိခိုက်မှုကိုလျော့ပါးစေနိုင်သော ကယ်လစီယမ်နှင့် သံဓာတ်များ ပါဝင်ပါသည်။ ထို့အပြင် ဆယ်ကျော်သက် လူငယ်များ စားသုံးပေးခြင်းဖြင့် လူငယ်များ၏ ခံနိုင်ရည် သက်လုံကောင်းမှုနှင့် ကျန်းမာရေးကို မြှင့်ပေးနိုင်ကြောင်းတွေ့ရပါသည်။
(၂) ကင်ဆာရောဂါပျောက်ကင်းစေခြင်း
ဒန့်သလွန်ပင်တွင် ဓာတ်တိုး အာနိသင် (Antioxidant) များစွာ ပါရှိပြီး ကင်ဆာရောဂါ ပိုမို ပြန့်ပွားမှု ဖြစ်စေနိုင်သော ဆဲလ်များကို တိုက်ခိုင်နိုင်စွမ်း ရှိပါသည်။ ဓာတ်တိုး အာနိသင်များသည် ကင်ဆာဆဲလ် ဖြစ်ပေါ်မှုကို ရပ်တန့်စေနိုင် ပါသည်။ ဗီတာမင်စီ၊ beta carotene၊ chlorogenic acid နှင့်quercetin အစရှိသော ဓာတ်တိုး အာနိသင်များသည် ကင်ဆာရောဂါပိုမို ပြန့်ပွားမှု ဖြစ်စေနိုင်သော ဆဲလ်များကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပါသည်။
(၃) ခေါင်းကိုက်ဝေဒနာ သက်သာစေခြင်း
ဒန့်သလွန် အပင်အမြစ်ကို ယူူ၍ ဖျော်ရည်ပြုလုပ်ပါ။ သကြားနှင့်ရောမွှေပြီးလျှင် တစ်ငုံစာ နည်းနည်းချင်းစီ စုပ်သောက်ပေးခြင်းဖြင့်ခေါင်းကိုက်ဝေဒနာ သက်သာစေ ပါသည်။
(၄) မျက်လုံးဝေဒနာများ
မျက်ခွံ အတွင်းသားရောင်ရမ်းနာခြင်းမျိုး ကဲ့သို့သော မျက်စိနာရောဂါဝေဒနာများကို သက်သာစေနိုင်ပါသည်။ အရွက်ကို ယူ၍ကောင်းစွာကျေညက်အောင် ကြိတ်ပါ။ ရလာသော အနှစ်ရည်များကိုနာနေသော မျက်စိပေါ်တွင် သုတ်လိမ်းပေးနိုင် ပါသည်။ အရွက်ကို ကြိတ်၍ ရလာသော အနှစ်ရည်ကို ပျားရည်ဖြင့်ြ ပုလုပ်လျှင် မျက်ခမ်းနှင့် မျက်ကြည်လွှာဝေဒနာများတွင် အသုံးပြုနိုင်ပါသည်။ မျက်စိရောင်ခြင်းကိုလည်း သက်သာစေပါသည်။
(၅) သွေးချိုကိုလျော့ကျစေခြင်း
သင်သည် ဆီးချိုဝေဒနာသည် ဖြစ်နေပါက ဤေဆးဖက်ဝင် အပင်က သင့်ကို ကူညီနိုင်ပါသည်။ လေ့လာ စမ်းသပ်မှုများ အရ ဆီးချို၊၊ သွေးချိုဝေဒနာများကို သက်သာပျောက်ကင်းစေနိုင်ကြောင်း တွေ့ရှိခဲ့ရပါသည်။ တိရိစ္ဆာန်များတွင် စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် အရွက်မှုန့် (၇) ဂရမ်စီ (ငါးမူးသား) ဖြင့်ဆီးချို၊ သွေးချိုဝေဒနာသည် အမျိုးသမီးဦးရေ (၃၀) ဦးကို (၃)လ စမ်းသပ်မှု ပြုလုပ်ခဲ့သော စမ်းသပ်မှု တစ်ခုမှ ဆီးချို သွေးချို (၁၃.၅) ရာခိုင်နှုန်း လျော့ကျစေနိုင်ကြောင်းလေ့လာ သိရှိခဲ့ရပါသည်။
(၆) သွေးသန့်စေခြင်း
သီးတောင့်နှင့် အရွက်များသည်သွေးသန့်စေရန် အတွက်လည်းကောင်းမွန်ပါသည်။ ဥပမာ- သီးတောင့်နှင့် အရွက်များကိုဟင်းချိုရည် ပြုလုပ်ပါ။ ဝက်ခြံနှင့် အရေပြားရောဂါများကို စင်ကြယ်စေပါသည်။ ဝက်ခြံရောဂါများတွင် အဓိက အသုံးပြုနိုင် ပါသည်။ ပဋိဇီဝဆေးဖြစ်သည့် အတွက် အနာရောဂါများကိုပျောက်ကင်းစေနိုင် ပါသည်။
(၇) အရွယ်တင်နုပျိုစေခြင်း
ဗီတာမင်အေ ပါဝင်မှုကြောင့် အိုမင်း ရင့်ရော်ခြင်းကိုလျော့နည်းစေ ပါသည်။ ဒါ့အပြင်ရောဂါ ခံနိုင်ရည် အားကိုလည်းပိုမို အားကောင်းစေနိုင် ပါသည်။
ဆေးဘက်ဝင် အပင်Moringa (ခေါ်)
ဒန့်သလွန် အပင်၏အစွမ်း အာနိသင်များကို စူစမ်းလေ့လာဖော်ထုတ်နေဆဲ ဖြစ်ပါသည်။ သေချာတာ တခုကတော့
ဒန့်သလွန်ပင်သည် ကျန်းမာရေး အတွက်ကောင်းမွန်သောဆေးဘက်ဝင် အပင် ဖြစ်သဖြင့် နေ့စဉ် ပုံမှန် အစားအစာတွင်ပါဝင် ထည့်သွင်း စားသုံးသင့်ပါကြောင်း ဤဆောင်းပါးဖြင့် သတင်းကောင်း မျှဝေအပ် ပါသည်။
Royal Thazin
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Thin Thazin
See all
ချယ်ရီခရမ်းချဉ်သီးကို အိုး ဒါမှမဟုတ် ဗန်းနဲ့ ဘယ်လိုစိုက်ပျိုးမလဲ?
29/04/2019
ပလပ်စတစ်စားတဲ့ ခူကောင်တစ်မျိုးကို သိပ္ပံပညာရှင်များ တွေ့ရှိ
22/01/2018
လိုင်ချီးသီး ညီ အဖြစ် တင်စားခံရတဲ့ လေချူသီး (Longan) အကြောင်း
22/01/2018
“ပျား”များကို ပိုးသတ်ဆေးအန္တရာယ်မှ ကာကွယ်နိုင်မည့် နည်းလမ်းများ
16/01/2018
ဂျင်းစိုက်ပျိုးခြင်း/ ရိတ်သိမ်းခြင်းနှင့် ရိတ်သိမ်ပြီးနောက်ပိုင်း လုပ်ငန်းများ
15/01/2018