နွေရာသီမှာ ပန်းလေးတွေကြာရှည်ခံဖို့ စိုက်ပျိူးသူများ လုပ်ဆောင်ရမယ့်အချက်များ
ဒီလိုနွေဦးရာသီလေးမှာ ရာသီဥတုပူလာတဲ့အတွက်ကြောင့် ဖြတ်ပန်းလေးတွေဟာ ဘုရားပန်းအဖြစ် သုံးသုံး၊ ပန်းအလှဆင်တဲ့နေရာမှာသုံးသုံး ကြာရှည်လန်းဆန်းမှုမရှိနိုင်ကြပါဘူး။ ဘုရားပန်းတွေ ရက်ကြာလာတဲ့အခါ အနံ့အသက်ဆိုးလာတာ အိမ်ရှင်မတိုင်း ကြုံဖူးကြမှာပါ။
ဘာတွေကြောင့်များအနံ့တွေ မကောင်း ဖြစ်လာသလဲ?
ဘယ်လိုနည်းတွေနဲ့ ပန်းလေးတွေလန်းဆန်းနေအောင် လုပ်လို့ရသလဲနဲ့
ပန်းလေးတွေရဲ့ကြာရှည်ခံမှုအပေါ်ဘယ်အချက်တွေက အဓိက လွှမ်းမိုးနေကြသလဲဆိုရင် အဲ့ဒီအတွက် အဖြေကတော့ စိုက်ပျိုးနေစဉ် ကာလ၊ ရိတ်သိမ်းစဉ်ကာလနှင့် ရိတ်သိမ်းချိန်လွန်ကာလစတဲ့ အခြေအနေ (၃) မျိုးဖြစ်ပါတယ်။
ပန်းပွင့်လေးလန်းဆန်းလှပကြာရှည်ခံဖို့က သူ့ကိုယူလာတဲ့မိခင်အပင်နဲ့ဆိုင်ပါတယ်။ မိခင်ပင်လေးက အစာအဟာရကောင်းကောင်းလုံလောက်ခဲ့ရဲ့လား? မိခင်ပင်လေးက ရေပုံမှန်ရခဲ့ရဲ့လား? ပိုးမွှားရောဂါ ကာကွယ်ခဲ့ရဲ့လား? စသဖြင့် မရိတ်သိမ်းခင် လုပ်ငန်းများ ( preharvest practices) ကအရေးပါပါတယ်။
အဲ့အချက်တွေအကုန်ပြည့်စုံတယ်ဆိုရင် ရပြီလားလာလို့ဆိုလာရင်လည်း မရသေးဘူးရှင့်။
- ပထမအချက်အနေနဲ့ ပန်းခူးတော့မယ်ဆိုရင် သူ့ရဲ့အခူးသင့်ဆုံးအချိန်ကိုသိနေရပါမယ်။ နှင်းဆီပန်းအချင်းချင်းတောင် အရောင်ပေါ်မူတည်ပြီး ခူးသင့်တဲ့အချိန်မတူဘူးရှင့်။
- အနီရောင်နှင်းဆီမှာ ပန်းရဲ့ပွင့်ဖတ် အစိမ်းလေးတွေ ၉၀ ဒီဂရီနားလောက် လန်ကျနေမှခူးရပါမယ်။
- အဖြူရောင်နှင်းဆီမှာ ပွင့်ဖတ်အစိမ်းလေးတွေ ၉၀ ဒီဂရီအောင်လန်ကျနေမှခူးရမယ် မဟုတ်ရင် ပန်းကမပွင့်လာတော့ပဲ အဖူးအတိုင်းညှိုးသွားတတ်ပါတယ်။
- အဝါရောင်နှင်းဆီ ပွင့်ဖတ်လေးကတော့ နည်းနည်းအာပီဆို ခူးလို့ရပါတယ်။ သူကပွင့်လွယ်ဆုံးပါပဲ။ ဒါကြောင့်အစောခူးရပါတယ်။
ဒီအချက်တွေကိုတော့ ရိတ်သိမ်းချိန် အညွှန်းကိန်း ( Maturity index) လို့ခေါ်ပါတယ်။
ပန်းလေးတွေရဲ့မျိုးအပေါ်မူတည်ပြီး ခူးဆွတ်သင့်တဲ့ အဆင့်လေးတွေသိဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ပို့ဆောင်ရမယ့် ခရီးအကွာအဝေးကိုလည်းထည့် သွင်းစဉ်းစားပြီး ခရီးဝေးရင် စောခူးသင့်ပြီး ပို့ဆောင်ရမယ့်နေရာကနီးရင်တော့ သူရဲ့မှန်ကန်တဲ့ ခူးဆွတ်ရမယ့် အချိန်အတိုင်းပဲ ခူးသင့်ပါတယ်။
မှန်ကန်တဲ့ခူးရမယ့်အချိန်ကိုသိပြီဆိုရင်တော့ ဒုတိယအနေနဲ့ဂရုစိုက်ရမယ့်အချက်ကတော့ ပန်းလေးတွေကို ဘယ်လိုခူးမှာလဲဆိုတာပါပဲ။ အလွယ်တကူ လက်နဲ့လိမ်ချိုးခူးမလား? ကတ်ကြေးထက်ထက်လေးနဲ့ အပင်မနာအောင်ခူးမလား? တွေးရမယ့်အပိုင်းပါ။
အကောင်းဆုံးကတော့ ပန်းရဲ့ရိုးတံလေးလည်းမထိခိုက်အောင် ကျန်ခဲ့တဲ့အပင်လေးလည်းမနာအောင် ကတ်ကြေးထက်ထက် ဓားထက်ထက်ဖြင့်သာ ခူးသင့်ပါတယ်ရှင်။
ဒါတင်ပဲလားဆိုတော့ တတိယအချက်ရှိသေးတယ်ရှင့်။ ဘယ်အချိန်ခူးမလဲ? ဆိုတာပါပဲ။
မနက် အစောလေး နေအေးချိန် ခူးမလား? နေ့လည်နေပူချိန်ခူးမလား? ညနေနေအေးချိန်ခူးမလား? စသည်ဖြင့် ခူးလာတဲ့ ပန်းလေးတွေကိုလည်း နေရိပ်ထဲ ထားမလား? နေပူထဲထားမလား? ရေစိမ်မလား? စျေးမှာ ရေစိုအဝတ်လေး ပတ်ထားမလား? ရေစိမ်မလား? ရေတောက်မလား? စသဖြင့် ဂရုစိုက်ရမယ့်အချက်တွေ အများကြီး ရှိပါတယ်။
အကောင်းဆုံး ခူးဆွတ်သင့်တဲ့ အချိန်ကတော့ နေအေးနေတဲ့ မနက်ခင်း ညနေခင်းတို့ ဖြစ်ပါတယ်။ မနက်စောစောခူးဆွတ်ခြင်းကိုတော့ ပိုပြီးလုပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပန်းခူးပြီးတာနဲ့ နောက်ပိုင်း လုပ်ငန်းတွေဖြစ်တဲ့ ပန်းရွေးခြင်း၊ ပန်းစည်းခြင်း၊ ပို့ဆောင်ခြင်းတွေလုပ်ရမှာဖြစ်တဲ့အတွက် မနက် အစောခူးခြင်းက ပန်းလေးတွေအတွက် ဈေးကွက်မပို့ခင် လုပ်ဆောင်ရမယ့်လုပ်ငန်းလုပ်ဖို့ အချိန်လုံလောက် စွာ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ရိတ်သိမ်းနေစဉ် ကာလတလျှောက် ဒီ အချက် (၃) ချက်ကိုတော့ သေချာဂရုစိုက် ပေးနိုင်မယ်ဆိုရင်ဖြင့် ပန်းလေးတွေ ကြာရှည်ခံနိုင်ဖို့ အများကြီးအထောက်အကူဖြစ် မှာဖြစ်ပါတယ်။

ရိတ်သိမ်းပြီး နောက်ပိုင်းမှာတော့ ပန်းရဲ့အရည်အသွေးပေါ်လွှမ်းမိုးနေတဲ့အချက်တွေ အများကြီး ရှိပါတယ်။ Respiratory substrate လို့ခေါ်တဲ့ သူ့မှာ အစာ (Carbohydrate) ဘယ်လောက်ပါသလဲ? ပန်းအဖူးရဲ့အရွယ်အစား၊ အရွက်အရွယ်အစား၊ ရိုးတံရဲ့တောင့်တင်းမှု ကိုကြည့်ပြီး သိနိုင်ပါတယ်။ အစာနည်းနေရင် သကြားထည့်သုံးလို့ရပါတယ်။ နောက်ပြီး ရေစုပ်ယူနိုင်မှု (Water uptake) ကောင်းအောင် ပန်းရဲ့ရိုးတံအခြေကို ၄၅ ဒီဂရီခန့် ရေစုပ်ယူမယ့်မျက်နှာပြင်ဧရိယာပိုကျယ်အောင် စောင်းဖြတ်သင့်ပါတယ်။
ဖြတ်တဲ့အခါမှာလည်း ပန်းရဲ့ရိုးတံမှာ လေမခိုအောင် ရေအောက်ထဲမှာ စောင်းပြီးဖြတ်သင့်ပါတယ်။ လေခိုနေရင် ပန်းရဲ့ရိုးတံဟာ ရေကိုမစုပ်နိုင်ဘဲ ပန်းလေးဟာကြာရှည်မခံနိုင်တော့ပါဘူး။ ပန်းတွေရဲ့အရွက်မှ ရေဆုံးရှုံးမှု (transpiration) ရှိနိုင်တာကြောင့် ပန်းတွေခူးပြီးတဲ့အခါ အရွက်လေးတွေကို ခြွေပေးဖို့ လိုအပ်ပါတယ်။ ဥပမာ နှင်းဆီပန်းလေးတွေမှာ အပေါ်ဆုံးအရွက် (၃) ရွက်ပဲချန်ထားပေးခြင်းဖြင့် အရွက်များမှ ရေဆုံးရှုံးမှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
နောက်ထပ်ထည့်သွင်းစဉ်းစားရမှာကတော့ ဖြတ်ပန်းတွေရဲ့ အရည်အသွေးတွေကို ထိခိုက်စေတဲ့ ပန်းကွေးမှု (Tropic response)ဖြစ်ပါတယ်။ ဥပမာ သစ္စာပန်းဆို လှဲထားလို့ မရဘူး ထောင်ထားသင့်တယ်။ ကွေးကောက်ကုန်ရင် ပန်းရဲ့အရည်အသွေးကျပြီး ဈေးကောင်းမရ ဖြစ်တတ်လို့ပါ။
အခုပြောပြသွားတာကတော့ စိုက်ပျိုးသူများနဲ့ သက်ဆိုင်တာကတော့ စိုက်ပျိုးနေစဉ်ကာလ၊ရိတ်သိမ်းချိန်ကာလတွေမှာ ထည့်သွင်းစဉ်စား လိုက်နာရမယ့် အချက်များဖြစ်ပါတယ်။
ရိတ်သိမ်းချိန်လွန်ကာလကတော့(ပန်းအသုံးပြုသူများနှင်သက်ဆိုင်ပါတယ်)နဲ့ ပတ်သက်ပြီးတော့ အပိုင်း (၂) မှာဆက်လက်ပြောပြသွားပါ့မယ်ရှင်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related articles
Related questions
ကုလားပဲ
TSM • 1 answers
ရော်ဘာ
win le oo • 1 answers
(မင်္ဂလာပါခင်ဗျာ) မတ်ပဲအသီးေတွကမဲေနပီးမိုးကရွာနေတော ပဲထောင်ထဲ့ကိုမှို့ဝင်မှာဆိုလိုဘာမှို့ဆေးမျာသုံးရမလဲခင်ဗျာ သိတဲဆရာများလမ်ညွှန်ပါဗျာ ကျေးဇူတင်ပါတယ်
ကိုစိုးအောင် • 1 answers
စပါးကို မည်သည့်အချိန်မှာ ရိတ်သိမ်းသင့်သလဲ။ ရှင်းပြပေးနိုင်မလားရှင့်
Thiri Aung • 2 answers
ဒီနှစ် ဆောင်းသီးနှံပဲတီစိမ်း ပိဿာ20 ကိုဘယ်စျေးလောက်ရှိမယ်ထင်ကြလဲ
ဝဏ္ဏစိုး • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from အိဟေမာန်
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....