လိုင်ချီးသီး ညီ အဖြစ် တင်စားခံရတဲ့ လေချူသီး (Longan) အကြောင်း
လေချူ အပင်သည် အပူပိုင်း သစ်ပင်တစ်မျိုးဖြစ်ပြီး ၎င်း၏အသီးမှာ စား၍ ရသည်။ အပူပိုင်းဒေသတွင်ပေါက်ရောက်သော ကျိချွဲသည့် အသီးပျော့မျိုးရင်းဝင်ဖြစ်ပြီး လူသိများသည့် အပင်တစ်မျိုးဖြစ်သည်။ မူရင်းပေါက်ရောက်ရာဒေသမှာ အာရှတိုက်တောင်ပိုင်းဒေသ ဖြစ်သည်။ သိပ္ပံ အမည်မှာ Dimocarpus longan ဖြစ်သည်။
လေချူ အသီးမှာ လိုင်ချီးသီးနှင့် ဆင်တူပြီး “လိုင်ချီးသီး၏ညီ” ဟုပင် တင်စားခြင်းခံရသည်။ လိုင်ချီးသီးထက် အနည်းငယ်သေးပြီး လိုင်ချီးသီး အခွံထက် ပို၍ချောမွေ့သော အညိုဖျော့ရောင် ရှိသည်။ အရသာမှာ လိုင်ချီးသီးနှင့် ဆင်တူသည်။
(၁) အာဟာရပါ၀င်မှု
(အစေ့အလေးချိန်၁၀၀ဂရမ်တွင်ပါဝင်မှုဖြစ်သည်)
ကယ်လိုရီ - ၆၀ဂရမ်
အဆီ - ၀.၁ဂရမ်
ဆိုဒီယမ် -၀ဂရမ်
ပိုတက်ဆီယမ် -၂၂၆မီလီဂရမ်
ကာဘိုဟိုက်ဒြိတ်-၁၅.၁၄ဂရမ်
ကျေညက်သောအမျှင်-၁.၁ဂရမ်
ပရိုတင်း -၁.၃၁ဂရမ်
ဗီတာမင်အေ -၀%
ဗီတာမင္စီ -၁၄၀%
ကယ်လစီယမ် -၀%
သံဓာတ် -၁%
(၂) ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူး
လေချူပင်ကိုအစာအိမ်ရောဂါ၊ အိပ်မပျော်ခြင်း၊ မကြာခဏသတိမေ့ခြင်းနှင့် ရေဖျဉ်းရောဂါများသက်သာစေရန်သုံးစွဲကြသည်။
၎င်းကိုပုံမှန်စားသုံးခြင်းဖြင့် သာမန်စွမ်းအားဖြည့် အားဆေးများထက်အကျိုးကျေးဇူး ပိုမိုရရှိနိုင်ပါသည်။
လေချူသီးသည် နှလုံးနှင့်သရက်ရွက်ကို ကျန်းမာသန်စွမ်းစေပြီး သွေးအားကောင်းမွန်ခြင်းနှင့်အာရုံကြောစနစ်ကိုကောင်းမွန်စေပါသည်။
ဗီယက်နမ်နိုင်ငံတွင်လေချူအစေ့၏ မျက်စိကို မြွေကိုက်ဒဏ်ရာတွင် အုံပေးခြင်းဖြင့် မြွေဆိပ်များကို စုပ်ယူနိုင်သည်ဟု လက်ခံ ယုံကြည်ကြသည်။
လေချူသီး အသားနှင့် သကြားကို ဆတူရော၍ ရေနှင့်ရောကာ ပျစ်ချွှဲသည်အထိ ကျိုပေးပြီး တစ်နေ့တစ်ဇွန်း သုံးစွဲနိုင်ပါသည်။
လေချူသီး အသား အခြောက်နှင့် ပြုလုပ်ထားသော အားဆေးကို အိပ်မပျော်ခြင်း၊ အာရုံကြော အားနည်းခြင်းနှင့် စိတ်ကျရောဂါများကုသရာတွင် သုံးကြသည်။
လေချူအစေ့သည် အလွန်အမင်းချွေးထွက်ခြင်းကို ကုသနိုင်ပါသည်။ အမှုန့်ကြိတ်ထားသောအစေ့တွင် saponin၊ tannin နှင့် အဆီပါဝင်ပြီး သွေးထွက်လွန်ခြင်းကို ဟန့်တားပေးနိုင်ပါသည်။
Royal Thazin
ကိုးကား- Fruits and Nutrition and Benefits App
Wai Khant Ko
5 months agoကနစို နဲ့တူတာလား ကနစိုသီးလား
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Thin Thazin
See all
ချယ်ရီခရမ်းချဉ်သီးကို အိုး ဒါမှမဟုတ် ဗန်းနဲ့ ဘယ်လိုစိုက်ပျိုးမလဲ?
29/04/2019
ပလပ်စတစ်စားတဲ့ ခူကောင်တစ်မျိုးကို သိပ္ပံပညာရှင်များ တွေ့ရှိ
22/01/2018
“ပျား”များကို ပိုးသတ်ဆေးအန္တရာယ်မှ ကာကွယ်နိုင်မည့် နည်းလမ်းများ
16/01/2018
ကင်ဆာရောဂါပျောက်ကင်းပြီး ဆီးချိုရောဂါကို ဟန့်တားပေးနိုင်သော ဆေးဖက်ဝင် အပင်
16/01/2018
ဂျင်းစိုက်ပျိုးခြင်း/ ရိတ်သိမ်းခြင်းနှင့် ရိတ်သိမ်ပြီးနောက်ပိုင်း လုပ်ငန်းများ
15/01/2018