မတ်ပဲအဝါရောင်မိုစေ့ဗိုင်းရပ်စ်ရောဂါ ကာကွယ်ပါ
ယခုလတ်တလောတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားသို့ မတ်ပဲတင်ပို့ရောင်းချနိုင်ရန် မတ်ပဲအား အားပြုစိုက်ပျိုးနေကြရပါသည်။ မတ်ပဲစိုက်ပျိုးသော တောင်သူဦးကြီးတို့အနေဖြင့် မိမိအခင်းတွင် အဝါရောင်မိုစေ့ဗိုင်းရပ်ရောဂါ ကျရောက်ခဲ့သည်ဆိုပါက အထွက်နှုန်းကျကာ အမြတ်မတင်ဘဲ ဝင်ငွေကျဆင်းစေနိုင်မည်ဖြစ်သည်။
ရောဂါလက္ခဏာ
ရောဂါကျရောက်လာသည်ဆိုပါက မတ်ပဲပင်၏အရွက်များသည် အဝါရောင်ကွက်များဖြစ်ပေါ်ကာ တစ်ခင်းလုံးဝါသည်အထိ ဖျက်စီးနိုင်ပါသည်။ ရောဂါကျရောက်သော အခင်းသည် အပင်ကြီးထွားမှုနှေးခြင်း၊ အသီးတောင့်များမပြည့်မီခြင်း၊ အဖျင်းအမော်များခြင်းနှင့် ရိတ်သိမ်းရန်မကျန်ရှိသည်အထိ ဖျက်ဆီးတိုက်ခိုက်ပါသည်။
ရောဂါဖြစ်စေသော အကြောင်းအရာနှင့် ကာကွယ်နှိမ်နင်းခြင်း
အဓိကအကြောင်းအရင်းမှာ မတ်ပဲခင်းသို့ ယင်ဖြူကျရောက်ခြင်းကြောင့်ဖြစ်သည်။ ယင်ဖြူသည် အဝါရောင်မိုစေ့ရောဂါကို သယ်ဆောင်သူဖြစ်သည်။ မတ်ပဲပင်၏ အစိတ်ပိုင်းတစ်ခုခုသို့ ယင်ဖြူထိုးစုပ်ချိန် ခြောက်စက္ကန့်ကြာလျှင် အပင်ထဲသို့ရောက်ရှိနိုင်ပါသည်။ ထို့ကြောင့် တစ်ကြိမ်ထိုးစုပ်သည်နှင့် အပင်ထဲသို့ရောက်ရှိပြီး ဗိုင်းရပ်စ်အရေအတွက် သောင်းသိန်းချီအောင် ပွားများနိုင်ပါသည်။ ရောဂါကျရောက်လျှင် အချိန်ပမာဏနည်းနည်းဖြင့် တစ်ခင်းလုံးဝါသည့်တိုင် ပျံ့နှံ့နိုင်သော ရောဂါမျိုးဖြစ်သည်။
ကာကွယ်နှိမ်နင်းခြင်း
မတ်ပဲခင်းသို့ ယင်ဖြူကျရောက်သည်ကို သိရှိပြီးမှ ပိုးသတ်ဆေးဖျန်းလျှင် ယင်ဖြူရန်မှ ကာကွယ်နိုင်မည်ဖြစ်သော်လည်း အဝါရောင်မိုစေ့ဗိုင်းရပ်အား ကာကွယ်တားဆီးနိုင်မည်မဟုတ်ပါ။ ရောဂါကျရောက်ပြီးလျှင် ထိရောက်စွာကာကွယ်နှိမ်နင်းရန် မလွယ်ကူသောကြောင့် ကြိုတင်ကာကွယ်နည်းလမ်းကို အသုံးပြုရန် လိုအပ်သည်။ ယင်ဖြူကျရောက်မှုကို တားဆီးပြီး ရောဂါကာကွယ်နိုင်ရန်အတွက် ကြိုတင်ကာကွယ်ခြင်း နည်းလမ်းခြင်း ၃ မျိုးရှိသည်။
(၁) ခံနိုင်ရည်ရှိသောမျိုးများ စိုက်ပျိုးခြင်း
အဝါရောင်မိုစေ့ဗိုင်းရပ်ရောဂါအား ခံနိုင်ရည်ရှိသောမတ်ပဲမျိုးသည် ရေဆင်း ၇ ဟု ထုတ်ပြန်ထားသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မျိုးစေ့မလုံလောက်ခြင်းနှင့် ရေဆင်း ၇ မျိုးသည် မိမိစိုက်ပျိုးမည့်နေရပ်ဒေသနှင့် ကိုက်ညီမှုမရှိခြင်း စသည့် အခက်အခဲများကြောင့် ဤနည်းလမ်းသည် အနည်းငယ်သာ အောင်မြင်မှုရှိပါမည်။
(၂) စိုက်ချိန်မှန်မှန်စိုက်ခြင်း (သို့) စောစိုက်ခြင်း
ဤနည်းလမ်းသည် မိုးစပါးအပြီး ဆောင်းသီးနှံ များများစိုက်ပျိုးရခြင်းဖြစ်သည့်အတွက် မိုးစပါးရိတ်သိမ်းချိန်များတွင် တစ်ချို့နေရာတွင် အခက်အခဲဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် မိုးနည်းသည့် မိုးစပါးရိတ်သိမ်းချိန် မှန်ကန်မှုမရှိသော နေရာများတွင် အဆင်ပြေနိုင်သော်လည်း ရိတ်သိမ်းမှုအခက်အခဲရှိသော နေရာများတွင် ထိရောက်စွာ ကာကွယ်နိုင်မှုမရှိပါ။
(၃) ပိုးမွှားရောဂါကြိုတင်ကာကွယ်ခြင်း
မတ်ပဲအဝါရောင်မိုစေ့ရောဂါမဖြစ်စေရန်အတွက် အဓိက ကာကွယ်ရန်မှာ ယင်ဖြူဖြစ်သည်။ ထို့ကြောင့်မတ်ပဲအပင်နှင့် အရွက်များသန်မာမှုရှိစေရန်နှင့် ယင်ဖြူအားကာကွယ်ရန် သဘာဝရွက်ဖျန်းမြေဩဇာများနှင့် တမာပိုးသတ်ဆေးအား ပေါင်းစပ်အသုံးပြုခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ တောင်သူဦးကြီးတို့အနေဖြင့် မိမိကြိုက်နှစ်သက်ရာ သဘာဝရွက်ဖျန်းမြေဩဇာနှင့် တမာပိုးသတ်ဆေးအား ပေါင်းစပ်ကာ အချိန်မှန်မှန်ကြိုတင်အသုံးပြုရန်လိုအပ်ပါသည်။ ကြိုတင်ပေါင်းစပ်အသုံးပြုရာတွင် မတ်ပဲပင် ၁၅ ရက်သားမှစကာ ၁၀ ရက်တစ်ကြိမ် ပုံမှန်ပက်ဖျန်းပေးခြင်းအားဖြင့် ကာကွယ်နိုင်သည်။ ပမာဏများမှာ ရွက်စိမ်းမြေဩဇာ ရေ ၄ ဂါလံတွင် ၅၀ စီစီနှင့် တမာဆေးဆီ ရေ ၄ ဂါလံတွင် ၅၀ စီစီမှ ၇၀ စီစီထိရောစပ်ကာ ပေါင်းစပ်ပက်ဖျန်းနိုင်ပါသည်။ ဆေးများပက်ဖျန်းသည့်အခါ မတ်ပဲပင်၏ အရွက်အပေါ်နှင့်အောက် ညီညွတ်မျှတစွာ ဖျန်းပေးရမည်။ အများအားဖြင့် ယင်ဖြူသည် အရွက်၏အောက်မျက်နှာပြင်တွင် ခိုအောင်းကပ်တွယ်နိုင်သောကြောင့် မတ်ပဲပင်၏ အရွက်အောက်မျက်နှာပြင် အားဆေးရည်ရရှိရန် အထူးလိုအပ်သည်။
ကာကွယ်နှမ်နင်းခြင်း ၃ မျိုးအနက် ၃ ခုမြောက်နည်းလမ်းသည် ထိရောက်မှုရှိသော်လည်း ကျန်၂ ခုသည် ထိရောက်မှုမရှိဟု ဆိုလိုခြင်းမဟုတ်ပါ။ မိမိနေထိုင်ရာ အရပ်ဒေသအလိုက် အဆင်ပြေစေမည့် နည်းလမ်းများအား ပေါင်းစပ််အသုံးပြုခြင်းဖြင့် မတ်ပဲတွင်ကျရောက်သော အဝါရောင်မိုစေ့ဗိုင်းရပ်ရောဂါအား ကြိုတင်ကာကွယ်နိုင်ပြီး မတ်ပဲအထွက်တိုး၊ ဝင်ငွေတိုးကာ ကျန်းမာ ချမ်းသာပါစေဟု ဆုမွန်ကောင်းလိုက်ရပါသည်ခင်ဗျ။
Reference:
https://www.planthealthaustralia.com.au/wp-content/uploads/2014/02/Mungbean-yellow-mosaic-virus-FS.pdf
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
မတ်ပဲအရွက်ဝါပြဿနာ
Tin Win Kyaing
4 years agoမတ်ပဲအဝါရောင်အရွက်တွေများလာတာဘာဆေးဖျန်းရမှာလဲခင်ဗျာ
ဝေယံဖြိုး
4 years agoဘယ်လိုကာကွယ်ရမလဲ
ဦးကိုလတ်
5 years agoဖတ်လို့လဲမရဘူး
pp
5 years agoလှေးပိုးကိုဘာဆေးသုံးရမလဲ
Daw Ni NiWin
5 years agoပုလိပ်တမာပိုးသတ်ဆေးစက်ရုံမှာဝယ်ရပါတယ်
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဘုန်းဟိန်းနိုင်
See all