ခရမ်းသီး Cercospora ရွက်ပြောက်ရောဂါ
ခရမ်းစိုက်သူ တောင်သူဉီးကြီးများအနေဖြင့် မိမိအခင်းတွင် Cercospora ရွက်ပြောက် ရောဂါကျရောက်ခဲ့ပါက အသီးဈေးကွက်မဝင်ခြင်း၊ အပင်အရွက်ညိုးခြင်း ၊ကြွေကျခြင်းများ ဖြစ်စေနိုင်သောကြောင့် ခရမ်းသီးCercospora ရွက်ပြောက်ရောဂါ အကြောင်းဖော်ပြလိုက်ရပါသည်။
မြန်မာနိုင်ငံတွင် ခရမ်းသီးစိုက်ပျိုးမှုသည်အေးသော တောင်ပေါ်ဒေသမှလွဲ၍ ကျန်သောဒေသများတွင် ဖြစ်ထွန်းနိုင်ပါသည်။
ခရမ်းသီးCercospora ရွက်ပြောက်လက္ခဏာနှင့် တိုက်ခိုက်ဖျက်စီးပုံ
ခရမ်းသီးCercospora ရောဂါဖြစ်စေသော သက်ရှိ၏သိပ္ပံအမည်မှာ Cercospra melogenae ဖြစ်ပြီးအပင်ရိုးပြတ်များနှင့် မြေကြီးထဲတွင် ၁နှစ်နီးပါးခိုအောင်း ရှင်သန်နိုင်စွမ်းရှိပါသည်။ ရောဂါဖြစ်ပွားမှုသည် အပင်၏ကြီးထွားမှုအချိန်ဘယ်ချိန်မဆို အရွက်၊ရွက်ညှာနှင့် ပင်စည်များပေါ်တွင်ကျရောက်နိုင်သည်။ ရောဂါစတင်ကျရောက်သည်ဆိုပါက ပင်စည်တွင်ရှိသော ကြီးရင့်သောအရွက်များ၏ အပေါ်ဘက်မျက်နှာပြင်တွင်သေးငယ်လုံးဝန်းသော နေလောင် ပြောက်ကဲ့သို့ အစက်ပြောက်လေးများကျရောက်လာပါသည်။ ရောဂါကြီးရင့်လာသည်နှင့် အမျှ နေလောင်ပြောက်ကြီးရင့်ကျယ်ပြန့်လာကာ အနားသတ်တွင် အဝါရောင်လိုင်းလေးများ ဝန်းရံလာပါသည်။ ရောဂါကျရောက်ပြီးနောက်ပိုင်းတွင် ရောဂါလက္ခဏာများအား အရွက်၏အပေါ်ဘက်တွင် သာမကအောက်ဘက်တွင် ပါမျက်လုံးဖြင့် မြင်လာနိုင်သော အရွယ်အစားပမာဏ ရောက်ရှိလာပါသည်။ ရောဂါလက္ခဏာအား ချက်ချင်းသိနိုင်ပုံမှာ ခရမ်းသီးပင်၏အရွက်များပေါ်တွင် အဝါရောင်အပြောက်များနှင့် အညိုရောင်၊ခြောက်သွေ့ရောင်် အစက်အပြောက်များ ရောနှောစွာဖြစ်ပေါ်နေမှုဖြစ်သည်။
ရောဂါဖြစ်စေသော သက်ရှိသည် ခရမ်းပင်၏အရွက်ကိုသာ တိုက်၍ အသီးအားတိုက်ရိုက် တိုက်ခိုက်နိုင်ခြင်းမရှိပါ။သို့သော် အသီးအာဟာရများ လုံလောက်စွာ ရယူမှုမပေးနိုင်သောကြောင့် အသီးကြီးထွားမှုနှေးကာ အသီး မအောင်မြင်ခြင်းများ ဖြစ်စေနိုင်ပါသည်။ ရောဂါဆိုးရွားစွာ ဖြစ်ပေါ်မည်ဆိုပါက အရွက်များတွန့်လိမ် ကောက်ကွေးခြင်းနှင့် အရွက်ကြွေကျခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။
Cercospora ရွက်ပြောက်ရောဂါဖြစ်စေသော သက်ရှိပျံ့နှံ့ကူးစက်ပုံ
Cercosporaသည် လေအားဖြင့်သော်လည်းကောင်း၊ ရေအားဖြင့်သော်လည်းကောင်း၊ လူနှင့်အခြားသောစိုက်ပျိုးကိရိယာများမှလည်းကောင်း ခရမ်းပင်၏အရွက်အပေါ်ဘက် အောက်ဘက်မျက်နှာပြင်ပေါ်သို့ကူးစက်ဖျက်စီးနိုင်ပါသည်။ အပင်၏ ပင်စည်နှင့်ကပ်နေသော အရွက်များမှတစ်ဆင့် အထက်ပိုင်းငယ်ရွယ်သော ရွက်ညှာနှင့်အခြားသော အရွက်များအားဖျက်စီး တိုက်ခိုက်နိုင်ပါသည်။ ရောဂါဖြစ်စေရန်အခြေအနေပေးသော ရာသီဉတု အခြေအနေမှာ စိုစွတ်မှုပမာဏများ၍ စိုထိုင်းမှုဖြစ်ပေါ်နေသော အခြေအနေများ (မိုးရာသီကာလ) အပင်သည်စိုစွတ်မှုအား အမြဲလိုလို ထိတွေ့နေသောအချိန်မျိုးဖြစ်သည်။
ရောဂါကာကွယ်နှိမ်နင်းနိုင်သောနည်းလမ်းများ
ပထမဉီးစွာတောင်သူဦးကြီးတို့အနေဖြင့် မိမိတို့စိုက်ပျိုးမည့် ခရမ်းမျိုးသည် မည်သည့် ရောဂါကျရောက်မှုအား ခံနိုင်ရည်ရှိမရှိ သိရှိရန်လိုအပ်သည်။ ထို့ကြောင့်ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုးနှင့် ရောဂါကင်းလွတ်သော စိုက်ပျိုးမြေနှင့်မျိုးစေ့များ အားစစ်ဆေးအသုံးပြုရန်လိုအပ်ပါသည်။
1. အသုံးပြုမည့်စိုက်ပျိုးရေးကိရိယာများအားသန့်ရှင်းစွာထားခြင်းနှင့်ပေါင်းများနှိမ်နင်းခြင်း
2. လုံလောက်မျှတသောအပင်အာဟာရကျွေးခြင်း
3. ရေသွင်းမှု အလွန်အကျွံပြုလုပ်ခြင်းနှင့် စိုထိုင်းမှုမြင့်မားသော ရေပေးခြင်းများ ဖြစ်ပေါ်မှုအား ရှောင်ကြဉ်ခြင်း(ဉပမာ ရေပေးသွင်းမှုအားညနေမှ ပြုလုပ်ခြင်းထက် နံနက်ခင်းနေထွက်ချိန်တွင်ပေးခြင်း)
4. ရောဂါကျရောက်မှု ခံရသောအပင်နှင့် အပင်အစိတ်အပိုင်းများအားဖျက်စီးခြင်း
5. ပုံမှန်စိုက်ပျိုးနေသော စိုက်ပျိုးနည်းထက် သီးလှည့်စိုက်ပျိုးနည်းအသုံးပြုခြင်း
6. ဓာတုနည်းဖြင့်နှိိမ်နင်းမည်ဆိုပါက ကလိုရိုသာလိုနေး၊ မန်ကိုဇက်၊ ကော့ပါးဘေ့ဆော့၊ ရွက်ဖျန်းအားဆေးများကို ဈေးကွက်တွင် အလွယ်တကူဝယ်ယူကာအသုံးပြုနိုင်ပါသည်။
ကာကွယ်ဆေးနည်းများအတွက်အကြံပြုချက်
အပင်ရောဂါများ ကာကွယ်နှိမ်နင်းရာတွင် ဓာတုနည်းတစ်ခုထဲမဟုတ်ဘဲ ဘက်ပေါင်းစုံကာကွယ်နှိမ်နင်းနည်းများ ကိုပေါင်းစပ် နှိမ်နင်းစေလိုပါသည်။ တောင်သူဦးကြီးများခင်ဗျာ ဓာတုဆေးများ အသုံးပြုရာတွင်လည်း မိမိအသုံးပြုသော ဆေးတွင် ပါဝင်သော အညွှန်းအတိုင်း အကြိမ်နှုန်းပမာဏနှင့် တပ်ဆင်ရမည့် ပစ္စည်းများပြည့်စုံစွာ အသုံးပြုစေလိုပါသည်။
Reference:
https://plantix.net/en/library/plant-disease/100108/cercospora-leaf-spot-of-eggplant/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
KOချမ်း
4 years agoဂျစ်ပ်ဆမ်ကျွေး ရေတင်ပါ ရွက်ဖျန်းအားဆေး ကယ်မက်ဟတ် ကဲ့သို့သော ကယ်စီယမ် အချိုးမြင့်အားဆေးဖျန်းပါ
Anonymous
4 years agoတန်းပုပ်ရင် ရောဂါကြောင့်ဆိုတော့ ဘာဆေးသုံးသင့်ပါလဲ
shwe. myint
4 years agoဘက်တားနဲ့မိုရယ်လ်မုန်း က ဘယ်အပင်ဖြစ်ဖြစ်သုံးလို့ရပါသလား ခရမ်းပင်နဲ့ ဘူးပင်က အဓိကဖျန်းချင်တာပါဗျ ဖြေကြားပေးပါအုံး
IP Ghung
5 years agoအပင်ညှိုးပြီးသူ့ဘာသာသေနေတာ ဘာရောဂါလဲ။ဘယ်လိုကုသနိုင်ပါသလဲ🙏🙏🙏🙏
နျောဆနျး
5 years ago0
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဘုန်းဟိန်းနိုင်
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....