မတ်ပဲတွင်ကျရောက်တတ်သော ဖျူစေရီယမ်ပင်ညှိုးရောဂါ
မတ်ပဲစိုက်ပျိုးသည့် တောင်သူဦးကြီးတို့အနေဖြင့် မိမိအခင်းတွင် ပင်ညှိုးရောဂါကျရောက်ခဲ့ပါက ကာကွယ်ရမည့်အချက်များနှင့် ကျရောက်မှုမဖြစ်စေရန် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို သိရှိစေရန်အတွက် တင်ပြလိုက်ရပါသည်။
မြန်မာနိုင်ငံတွင် မတ်ပဲကို မြေပြန့်ဒေသတွင်သာမက တောင်ပေါ်ဒေသတွင်လည်း စိုက်ပျိုးကြသည်။ ပဲအမျိုးမျိုးရှိသည့်အနက် မတ်ပဲသည် နိုင်ငံခြားမှ ဝယ်ယူအားမြင့်သည့် ပဲဖြစ်သည့်အလျောက် ရောဂါပိုးမွှားဒဏ်နှင့် အခြားသော ရေ၊ မြေ၊ အာဟာရဓာတ် ညီညွတ်မျှတစွာ ထိန်းသိမ်းစိုက်ပျိုးရန် လိုအပ််သည်။ ပဲအလုံးအဆံနှင့် လိုအပ်သော အရည်အသွေးထွက်မှသာလျှင် ပြည်တွင်းဈေးကွက်နှင့် နိုင်ငံခြားဝင်ငွေဈေးကွက် တိုးမြှင့်လာနိုင်မည်ဖြစ်သည်။
မတ်ပဲ ဖျူစေရီယမ်ပင်ညှိုးရောဂါနှင့် ရောဂါလက္ခဏာများ
ရောဂါဖြစ်စေသော သက်ရှိ၏သိပ္ပံအမည်မှာ Fusarium oxysporum နှင့် Fusarium solani မှိုဗီဇနှစ်မျိုးဖြစ်သည်။ မတ်ပဲပင်၏ကြီးထွားမှုအဆင့် မည်သည့်အဆင့်မဆို ဝင်ရောက်တိုက်ခိုက်ဖျက်စီးနိုင်စွမ်းရှိပြီး အများဆုံးကျရောက်မှုဖြစ်သော အချိန်သည် မတ်ပဲပင် အပွင့်ပွင့်ပြီးနောက် အသီးကြီးထွားရင့်မှည့်ချိန်ဖြစ်သည်။ ပင်ညှိုးရောဂါကျရောက်ပါက သိသာထင်ရှားစေသောလက္ခဏာများမှာ အပင်ပုခြင်း၊ အရွက်များ အဝါရောင်ပြောင်းကာ ညှိုးခြင်းနှင့် အပင်အား အမြစ်ပါအောင်ဆွဲနှုတ်ကြည့်ပါက မတ်ပဲပင်၏ ရေသောက်မြစ်သည် ပုပ်နေခြင်း သို့ အညိုရောင်ပြောင်းနေခြင်းများ ဖြစ်နေသည်။
ရောဂါပျံ့နှံ့ပုံ
ရောဂါဖြစ်စေသောသက်ရှိ၏ မျိုးရိုးဗီဇနှစ်မျိုးလုံးသည် ၎င်းတို့ ရှင်သန်ကြီးထွားရန်အတွက် မှိုစပိုးများ ထုတ်လုပ်နိုင်စွမ်းရှိပြီး ထိုမှိုစပိုးများသည် ရောဂါကျရောက်မှုဖြစ်ပွားနေသော အခင်းမြေထဲနှင့် အပင်၏အမြစ်များတွင်သာမက ရောဂါကျရောက်မှုမရှိသော အခင်း၏ပတ်ဝန်းကျင်၊ မြေကြီးနှင့် အပင်များ၏ အမြစ်များတွင်ပါ ရှင်သန်ခိုအောင်းနေနိုင်စွမ်းရှိသည်။ ၎င်းမှိုစပိုးများအား ပျံ့နှံ့မှုဖြစ်စေသော အရာများမှာ ပင်ကြွင်းပင်ကျန်များ၊ လယ်ယာသုံးပစ္စည်းများ၊ လူ၊ ကျွဲနွားတိရစ္ဆာန်များနှင့် ရေသွင်းရေထုတ်ပြုလုပ်မှုများမှလည်း ပျံ့နှံ့နေကြပါသည်။
ကာကွယ်နှိမ်နင်းခြင်းနည်းလမ်း
- မတ်ပဲခင်းအား စိုက်ပျိုးရာတွင် ပင်ကြားတန်းကြားမှန်ကန်စွာ စိုက်ပျိုးခြင်း၊ အပင်သိပ်သည်းမှုအား ကာကွယ်ခြင်း
- တစ်သီးတည်းစိုက်ပျိုးခြင်းမပြုလုပ်ဘဲ သီးလှည့်စိုက်ပျိုးခြင်းများ ပြုလုပ်ခြင်း (ဥပမာ-မတ်ပဲပင်ညှိုးရောဂါသည် မတ်ပဲပင်မှထုတ်သော ဇီဝကမ္မဖြစ်စဉ် ဟော်မုန်းများအား လွန်စွာနှစ်သက်သောကြောင့် ရောဂါမနှစ်သက်သည့် ပြောင်းမျိုးနွယ်ဝင်ပင်များ စိုက်ပျိုးခြင်း)
- စိုက်ပျိုးခင်းတွင်း ရေအလွန်အကျွံ့များပြားခြင်းနှင့် ခြောက်ကပ်ခြင်းမဖြစ်စေရန်ထိန်းသိမ်းခြင်း
- မတ်ပဲခင်းတွင် Fusarium ပင်ညှိုးရောဂါကျရောက်ခဲ့ပါက ထိုအခင်းတွင် နောက်၅ နှစ်ကြာသည်အထိ မတ်ပဲ စိုက်ပျိုးခြင်းမှ ရှောင်ကျဉ်ခြင်း
- မတ်ပဲခင်း၏ ယခင်ပင်ကြွင်းပင်ကျန်များအား အမြစ်ပြတ်ရှင်းလင်းခြင်း
- ရောဂါဒဏ်ခံနိုင်သောမျိုးများ အသုံးပြုခြင်းနှင့် စိုက်ပျိုးမြေမြေဆီလွှာ ကောင်းမွန်စေရန်ပြုပြင်ခြင်း
- အခင်း၏ဘောင်ပတ်လည်နှင့် အစွန်ကျနေသော မတ်ပဲပင်များသည် ရောဂါကျရောက်မှု ဖြစ်နိုင်ချေများသောကြောင့် ဂရုပြုစစ်ဆေးခြင်းနှင့် ပေါင်းပင်များအားရှင်းလင်းခြင်း
- ရေသွင်းရေထုတ်မှုအား စနစ်တကျပြုလုပ်ခြင်း (ဥပမာ- ရောဂါကျရောက်နေသော အပင်အား ရေသွင်းရေထုတ်ပြုလုပ်ခြင်းမှတစ်ဆင့် အခြား ကျရောက်မှုမရှိသောအခင်းသို့ ရေစီးဆင်းမှုမရှိစေရန် ထိန်းချုပ်ခြင်း)
- မတ်ပဲခင်းအား ပေါင်းရှင်းခြင်း၊ ဆေးဖြန်းခြင်းများပြုလုပ်ရာတွင် တစ်ခင်းအား ဆေးဖျန်းပြီးပါက အသုံးပြုပြီသော လယ်ယာသုံးစက်ပစ္စည်းများ၊ လူနှင့် အခြားသောအရာများတွင် ယခင်အခင်း၏ အပင်ကြွင်းကျန်များ ကပ်ငြိပါလာခြင်းအား သေချာစွာဖယ်ရှားပြီးမှ နောက်အခင်းသို့ဝင်ရန်။
- မတ်ပဲခင်း၏ ပန်းပွင့်မှုပမာဏ သိပ်သည်းများပြားမှုသည် ရောဂါဖြစ်ပွားမှုအား အားပေးသောကြောင့် ပန်းပွင့်မှုအား လက်ဖြင့်အနည်းငယ်ခူးချွေကာ ထိန်းသိမ်းကာကွယ်ခြင်း (မှတ်ချက်-အခင်းတွင် ပန်းပွင့်မှုများပြားသိပ်သည်းမှသာလျှင် အပင်တစ်ပင်ချင်းစီ၏ အပွင့်အနည်းငယ်သာ ဖယ်ရှားခြင်း)
ဓာတုဆေးအသုံးပြုလိုပါက မတ်ပဲပင်ညှိုးရောဂါကိုနှိမ်နင်းရန် အတိအကျဆေးမရှိသော်လည်း နာမည်ရှိ မှိုမျိုးရိုးများအား နှိမ်နင်းနိုင်သောဓာတုဆေးများ ဈေးကွက်တွင်ဝယ်ယူရနိုင်ပါသည်။
Reference:
https://thebestsheet.com.au/have-you-seen-this-mungbean-disease-recently/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
မတ်ပဲပင်ညှိုးပြဿနာ
Topic 2
မတ်ပဲဖျူစေရီယမ်ပင်ညှိုးရောဂါ
Applicable farm inputs (Ad)
ဒေါ်စန်းရီ
5 years agoဖရဲပင်ညိုတယ်တယ်အမြစ်ရောဂါဖြစ်နေလိုဘာဆေးသုံးရမလဲရှင်သိသူပြောပေးပါနော်ကျေးဇူးတင်ပါတယ်ရှင်
ထာဝရ
5 years agoဆေးလေးလမ်းညွန်ပါ ဖရဲး အတွက် ပါ
ဘုန်းဟိန်းတိုင်
5 years agofusarium မှိုမျိုးကိုနိုင်မည့်ဆေးတစ်မျိုးမျိုးအားဆေးဆိုင်နှင့် ဆွေးနွေးပြီ အသုံးပြုလျှင်ပိုသင့်တော်မည်ထင်ပါသည်
zaw minn soe
5 years agoပင် ညှိုး ရောဂါကျရင်ဘာဆေးသုံးရမ လဲ
ကိုမျိုးသူ
5 years ago.
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဘုန်းဟိန်းနိုင်
See all