ဖရဲသီးဈေးကောင်းရဖို့ မှည့်ပြောက်စွန်းရောဂါကာကွယ်စို့
ဖရဲသီးစိုက်ပျိုးသော တောင်သူဦးကြီးတို့အနေဖြင့် မိမိအခင်းတွင် မျိုးစေ့ဆောင်မှည့်ပြောက်စွန်းရောဂါ ကျရောက်ခဲ့မည်ဆိုပါက ရောဂါလက္ခဏာများ သိရှိစေရန်နှင့် ကာကွယ်နှိမ်နင်းနည်းများကို ဖော်ပြလိုက်ရပါသည်။
ဖရဲသီးအား မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် စိုက်ပျိုးကြပြီး ရေဓာတ်ပါဝင်မှုများပြားကာ စားကောင်းသော ဆေးဖက်ဝင်သီးနှံတစ်မျိုးဖြစ်သည်။ အသီးကြီးထွားချိန်သည် မြေကြီးနှင့် ထိတွေ့မှုများသောကြောင့် အသီးလှ၍ ဈေးကွက်ဝင်စေရန် အထူးဂရုပြုစိုက်ပျိုးမှသာ ရောဂါကင်းလွတ်ပေလိမ့်မည်။
မှည့်ပြောက်စွန်းရောဂါအကြောင်း
မှည့်ပြောက်စွန်းရောဂါဖြစ်စေသော မှို၏အမည်မှာ Colletotrichum.sp ဖြစ်သည်။ မျိုးစေ့ဆောင်ရောဂါဖြစ်သောကြောင့် မျိုးစေ့များအား မစိုက်ပျိုးမီ အထူးသတိပြုရန်လိုအပ်သည်။ ရောဂါကျရောက်မှုကို သိရှိနိုင်စေရန်လက္ခဏာမှာ ဖရဲပင်၏ ပင်စည်၊ အရွက်နှင့် ရွက်ညှာများပေါ်တွင် အစက်အပြောက်လေးများ ဖြစ်ပေါ်လာသည်။ အပင်သည် အသီးသီးချိန်ရောက်လာသည့်အခါ သီးကင်းများပေါ်သို့ အစက်အပြောက်မှိုမျှင်စုများ ကူးစက်ကျရောက်ပါသည်။ အသီးစသီးချိန်တွင် ရောဂါကျရောက်မှုပြင်းထန်ပါက အရွက်ကြွေခြင်း၊ အပင်ညှိုးခြင်းနှင့် အသီးအကင်းကြွေခြင်းများ ဖြစ်ပေါ်စေလာနိုင်ပါသည်။ ရောဂါပြင်းထန်စွာဖြစ်ပေါ်မှုသည် အသီးကြီးရင့်ချိန်တွင်ဖြစ်ပေါ်ပါက အသီး၏မျက်နှာပြင်တွင် နေလောင်နာကွက်များ ဖြစ်ပေါ်လာစေကာ အသီးအားဈေးကွက်မဝင် ဖြစ်စေပါသည်။ ရောဂါကျရောက်မှုအား သိသာစေသော လက္ခဏာများမှာ ဖရဲပင်၏အရွက်များနှင့် အသီးများပေါ်တွင် မည်းနက်ရောင် (သို့) ဝါမီးခိုးရောင်အစက်အပြောက်များကို မြင်နိုင်မည်ဖြစ်သည်။
ရောဂါကျရောက်မှုဖြစ်ပေါ်ရန် အခြေအနေများနှင့် ကူးစက်ပျံ့နှံ့မှုများ
- ဖရဲခင်းအားရေပေးသွင်းမှုများပြားခြင်း
- ဖရဲခင်းတွင် ပိုးမွှား၊ ပေါင်းပင်များ များပြားခြင်း
- ဖရဲပင်၏အရွက်များနှင့် ဖရဲခင်းတွင် စိုထိုင်းမှုပမာဏများပြားခြင်း (သို့) ရေဝပ်ခြင်း
- ခူးဆွတ်ရိတ်သိမ်းချိန်ပြီး ထုပ်ပိုးသိုလှောင်သောအချိန်တွင် အသီးများ ပူးကပ်စွာသိုလှောင်ခြင်းနှင့် အကာကွယ်မဲ့ထုပ်ပိုးခြင်း
- မိမိ၏ဖရဲခင်းသည် ရေသွင်းရေထုတ်နှင့် လေဝင်လေထွက်မျှတမှုမရရှိခြင်း
- အသုံးပြုသောပစ္စည်းကိရိယာများအား သန့်ရှင်းမှုမရှိခြင်း၊ တစ်နည်းအားဖြင့် တစ်ခင်းနှင့်တစ်ခင်း ရောဂါပျံ့နှံ့မှုဖြစ်စေရန် အခြေအနေပေးခြင်း
ကာကွယ်နှိမ်နင်းခြင်းနည်းလမ်းများ
မှည့်ပြောက်စွန်းရောဂါသည် ပူနွေးစိုစွတ်မှုများသောအချိန်တွင် ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့အပြင် ရောဂါဖြစ်စေသောသက်ရှိသည် အစေ့နှင့် အခြားသော အပင်ကြွင်းကျန်များတွင် ခိုအောင်း နေနိုင်စွမ်းရှိသည်။ ထို့ကြောင့် အောက်ပါနည်းလမ်းများ အလွယ်တကူပြုလုပ်ဆောင်ရွက်ရန် လိုအပ်ပါသည်။
မိမိအသုံးပြုမည့် ဖရဲမျိုးစေ့အား ရောဂါပါမပါသိရှိစေရန် မျိုးစေ့ကုသမှု ည်းလမ်းများပြုလုပ်ခြင်း (မိရိုးဖလာနည်းလမ်းများဖြင့် မျိုးစေ့အားရေပူစိမ်ခြင်းပြုလုပ်ခြင်း)
ရောဂါကျရောက်သော အပင်နှင့် အပင်အစိတ်အပိုင်းများကို ဖျက်စီးခြင်း
ရောဂါဒဏ်ခံနိုင်သောမျိုးများကို အသုံးပြုခြင်း
ဖရဲခင်းကို လေဝင်လေထွက်ကောင်းလာစေရန်နှင့် ရေအလွန်အကျွံမသွင်းခြင်း
အခင်းအား ဖရဲတစ်မျိုးတည်းစိုက်ပျိုးခြင်း မပြုလုပ်ဘဲ၂ နှစ် (သို့) ၃ နှစ်ခြား သီးလှည့်စိုက်ပျိုးခြင်း
ဖရဲခင်းတွင် ပေါင်းပင်များ ဂရုပြု၍ရှင်းလင်းခြင်း
အခင်း၏အစွန်း ဘောင်ပတ်လည်တွင် အခြားသောဘူးဖရုံမျိုးနွယ်ဝင်ပင်များပေါက်ရောက်နေမှုအား စစ်ဆေးခြင်း၊ ဖယ်ရှားခြင်း
ဖရဲခင်း၏ စိုစွတ်စိုထိုင်းမှုအား စစ်ဆေးခြင်း
ဖရဲခင်းအတွင်းသို့ သတိပြုဝင်ရောက်သွားလာခြင်း (ဖရဲပင်နှင့် အသီးများအား ဒဏ်ရာရမှုနည်းပါးစေခြင်း)
အသီးရိတ်သိမ်းချိန်တွင် အသီးအားဒဏ်ရာရမှုနည်းပါးစေခြင်း (ရိတ်သိမ်းချိန်လွန်ရောဂါများ ကျရောက်မှုအား ကာကွယ်ခြင်း)
ဓာတုနည်းလမ်းများဖြင့် နှိမ်နင်းလိုပါက မန်ကိုဇက်၊ ဘီနိုမိုင်း၊ ကတ်တာဖို ဆေးများအား အသုံးပြုနိုင်ပါသည်။
များသောအားဖြင့် မှည့်ပြောက်စွန်းရောဂါကို ဓာတုနည်းဖြင့်နှိမ်နင်းမှုသည် ထိရောက်မှုရှိသော်လည်း မျိုးစေ့ဆောင်ရောဂါဖြစ်သောကြောင့် မစိုက်ပျိုးမီ မျိုးစေ့အားစစ်ဆေးရန် အထူးလိုအပ်ပါသည်။
Reference:
https://www.google.com/imgres?imgurl=http%3A%2F%2Foxfarm.co.ke%2Fwp-content%2fuloads%2F2020%2F01%2Fanthracnose.jpg&imgerfurl=http%3A%2F%2Foxfarm.co.ke%2Fagri-biz-insights%2Fhow-to-mange-anthracnose-in-watermelon%2F&tbnid=24I7U8yYp.J3J3M&Vet-12ahUkewido6vSt-rsAhvXwXMBHT-gA0wQygCegUIARDpAQ.i&doci=RVyyxoQH4laSGM&w=768&h=514&q=chemicals%20control%20anthracnose%20of%20watermelon&ved=2ahUKEwido6vSt-rsAhVXwXMBHT-gA0wQMyCegUIARDpAQ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဘုန်းဟိန်းနိုင်
See all