ပန်းသီးအနာဖေးရောဂါ သတိပြုပါ(Apple scab)
တောင်သူဦးကြီးများခင်ဗျ
ပန်းသီးစိုက်ပျိုးသော တောင်သူဉီးကြီးတို့အနေဖြင့် မိမိအခင်းတွင် ပန်းသီးအနာဖေးရောဂါ ကျရောက် လာပါက အသီးဈေးကွက်ဝင်နိုင်မည် မဟုတ်သောကြောင့် ပန်းသီး အနာဖေး ရောဂါအား တင်ပြလိုက်ရပါသည်။
ပန်းသီးအနာဖေးရောဂါအကြောင်း
ပန်းသီးအနာဖေးရောဂါဖြစ်စေသော သက်ရှိ၏သိပ္ပံအမည်မှာ Venturia inaequalis ဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းပန်းသီး စိုက်ပျိုးကြသည့် နေရာဒေသအများစုတွင် ကျရောက်တတ်သည့် ရောဂါဖြစ်ပြီးရောဂါဖြစ်ပြီး ရောဂါကျရောက်ပါက အရွက်နှင့် အသီးပုံပျက်ခြင်း၊ အသီးများအချိန်မတိုင်မီမှည့်၍ ကြွေကျခြင်း၊ နှင့် ဈေးကွက်မဝင်ခြင်းများ ဖြစ်ပေါ်လာနိုင်သည်။ ပန်းသီးအနာဖေးရောဂါကြောင့် တောင်သူဉီးကြီးတို့၏အခင်းအား အထွက်နှုန်း၇၀ ရာခိုင်နှုန်း အထိ ထိခိုက်စေနိုင်ပါသည်။
ရောဂါလက္ခဏာနှင့်ဖျက်စီးတိုက်ခိုက်ပုံ
ပန်းသီးအနာဖေးရောဂါ ကျရောက်ခဲ့သည်ဆိုပါက ပန်းသီး၏အရွက်များစတင် သိသာလာပါသည်။ အရွက်၏အပေါ်ဘက် မျက်နှာပြင်တွင် နီညိုရောင် အနားသတ်ရှိ၍ အလယ်တွင် မီးခိုးရောင် အစက်အပြောက်များစတင် ကျရောက်လာပါသည်။ရောဂါကျရောက်လာသည်နှင့်အမျှ အရွက်မှတစ်ဆင့် အသီးအပွင့်များပေါ်သို့ ကူးစက်ပျံ့နှံ့ပါသည်။ အသီးအပွင့်များပေါ်တွင်လည်း အရွက်သကဲ့သို့ ရောဂါလက္ခဏာများပြသကာ အချိန်ကြာလာသည်နှင့်အသီးပေါ်တွင် အနာဖေးများတက်လာသကဲ့သို့ ဖြစ်ပေါ်လာသည်။ အနာဖေးများ များပြားလာပါက အသီးတစ်ခုလုံးပုံပျက်ခြင်းနှင့် ကြွေကျခြင်းများ ဖြစ်ပေါ်စေပါသည်။
ရောဂါဖြစ်စေရန်အခြေအနေပေးသော ရာသီဥတု၏ဖြစ်ပေါ်မှုနှင့် ရောဂါဖြစ်စေသောသက်ရှိ၏ရှင်သန်ပုံ
ရာသီဥတုသည် ပူနွေး၍ စိုထိုင်းနေခြင်းဉပမာ- နွေဦးကာလ၊ ပူနွေး၍ အေးမြနေခြင်း၊ နှင့် ပန်းသီးပင်အရွက််များပေါ်တွင် စိုထိုင်းစများခြင်း၊ရေစက်များ များပြားစွာတင်ရှိခြင်းသည် ရောဂါ ပေါက်ဖွား ရှင်သန်၍ အကောင်းဆုံးသော အခြေအနေများဖြစ်သည်။
ရောဂါဖြစ်စေသောသက်ရှိသည် ကြွေကျနေသော ပန်းသီးများအရွက်များနှင့် မြေကြီးထဲတွင် ခိုအောင်းနေနိုင်ပါသည်။ ရာသီဥတု အခြေအနေပေးသော အချိန်တွင် ရောဂါဖြစ်စေသော သက်ရှိမှ ထုတ်လွှတ်သော မှိုစပိုးများသည် မိုးရေ၊လေနှင့် မြေကြီးမှ လွင့်စင်လာသော ရေမှုန်ရေမွှားများမှတစ်ဆင့် ပန်းသီးအပင်သို့ တိုက်ခိုက်ဖျက်စီးပါသည်။
ကာကွယ်နှိမ်နင်းနည်းလမ်း
• ပန်းသီးပင်အားမကြာခဏစစ်ဆေးပေးခြင်း
• ရေသွင်းခြင်းကို စနစ်တကျပြုလုပ်ပေးခြင်းနှင့် ကြွေကျနေသော အသီးအရွက်များအား ရှင်းလင်း ပေးခြင်း
• အခင်းအားလေဝင်လေထွက်ကောင်းစေခြင်း(ဉပမာ- ကိုင်းချိူင်ခြင်း၊မလိုအပ်သော အရွက်များ အားရှင်းလင်းခြင်း)
• ခံနိုင်ရည်ရှိသော မျိုးနှင့်ရောဂါကင်းလွတ်သော မျိုးစေ့များစစ်ဆေးအသုံးပြုခြင်း
• ယခင်နှစ်တွင် ရောဂါကျရောက်ခဲ့မည်ဆိုပါက ရောဂါကျရောက်ခဲ့သော ပန်းသီးပင်များ အား ရှင်းလင်းခြင်းနှင့် အချိန်ကြာမြင့်စွာ မြေလှပ်ထားခြင်း
• ပင်ခြားတန်းကြားအကွာအဝေး မှန်ကန်စွာစိုက်ပျိုးခြင်း
• ဓာတုနည်းအားဖြင့် နှိမ်နင်းမည်ဆိုပါက ဘန်ဇီမီတာဇိုးအုပ်စု(Benzilmidazole) မှိုသတ်ဆေးသည် ပန်းသီး အနာဖေး ရောဂါအတွက် အကောင်းဆုံးဖြစ်သည်။
• မှိုသတ်ဆေးအားရောဂါမှခံနိုင်ရည်မရှိလာစေရန် ဆေးအာနိသင်မတူသော အမျိုးအစားများပေါင်းစပ်ပတ်ဖြန်းပေးခြင်း
တောင်သူဉီးကြီးများခင်ဗျာ ဓာတုဆေးများကို အသုံးပြုရာတွင် ၎င်းဆေးများ တွင်ပါဝင်သောအညွှန်း၊ပမာဏ၊အကြိမ်နှင့် ကာကွယ်တပ်ဆင်ရမည့် ပစ္စည်းများပြည့်စုံစွာ တပ်ဆင်ပြီးမှ အသုံးပြုစေလိုကြောင်း တင်ပြလိုက်ပါသည်။
Reference:
https://www.planetnatural.com/pest-problem-solver/plant-disease/apple-scab/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဘုန်းဟိန်းနိုင်
See all