ထောပတ်ပင်၏ ကိုင်းနူနာရောဂါ
ထောပတ်ပင်စိုက်ပျိုးထားသော တောင်သူဦးကြီးများအနေဖြင့် မိမိအခင်းတွင် ကိုင်းများ နူနာရောဂါကျရောက်ပါက ထောပတ်သီးအရည်အသွေးမပြည့်မီကာ ဈေးကွက်မဝင်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ထောပတ်ပင်၏ကိုင်းများတွင် ကျရောက်တတ်သော နူနာရောဂါအကြောင်း တင်ပြလိုက်ရပါသည်။

ရောဂါဖြစ်ပေါ်ပုံလက္ခဏာ
ရောဂါဖြစ်ပေါ်စေသောသက်ရှိများသည် Bolryosphaeriaceae မျိုးအုပ်စုတွင်ပါဝင်ကြပြီး များသောအားဖြင့် သစ်မာပင်များ၏ အခေါက်၊ ပင်စည်နှင့် ကိုင်းများအားတိုက်ခိုက်ဖျက်ဆီးကြပါသည်။ ဝင်ရောက်တိုက်ခိုက်မှုအားပေးသော အခြေအနေနှင့် အပြုအမူများမှာ ထောပတ်ပင် ကိုင်းကူး၊ ကိုင်းဆက်မျိုးကူးခြင်းတွင် ဖြစ်ပေါ်လာသောဒဏ်ရာများ၊ နှင်းကျမှုများပြားကာ အပင်၏အခေါက်များပျော့၍ ဒဏ်ရာဖြစ်ပေါ်ခြင်းနှင့် စိုက်ပျိုးခင်းသုံးပစ္စည်းများကြောင့်ထိခိုက်မှု စသဖြင့် အမျိုးမျိုးဖြစ်ပေါ်စေနိုင်သည်။ ထောပတ်ပင်တွင် ရောဂါကျရောက်ခဲ့ပါက နောက်ဆုံးတွင် ပင်စည်ပုပ်ခြင်းများ ဖြစ်ပေါ်စေနိုင်သည်။ ရောဂါလက္ခဏာမှာ -
- ထောပတ်ပင်မှထုတ်သော သစ်စေးများ ခြောက်သွေ့ကာ အညိုရောင်နှင့် အဖြူရောင်အမှုန့်များအဖြစ် ပြောင်းလဲသွားခြင်း၊
- အပင်အခေါက်များကွဲအက်ခြင်း၊ သိသိသာသာ အရောင်ပြောင်းလဲခြင်း (သို့) နေလောင်ကွက်အနည်းငယ်ဖြစ်ပေါ်ခြင်း၊
- ကိုင်းများတွင် နူနာရောဂါကျရောက်မှုအချိန်ကြာပါက နူနာကျရောက်နေသော ကိုင်း၏နေရာအား အလွယ်တကူဖယ်ရှားနိုင်ခြင်း၊(အဘယ်ကြောင့်ဆိုသော် ရောဂါကျရောက်မှု ကြာမြင့်ပါက ကိုင်း၏အခေါက်များသည် မာတင်းမှုလျော့နည်းကာ ကောင်းစွာ အလုပ်မလုပ်နိုင်သောကြောင့်ဖြစ်သည်)။
ရောဂါလက္ခဏာအား ကောင်းစွာသိရှိစေသောအချက်မှာ ထောပတ်ပင်၏ကိုင်းကို ဖြတ်ကြည့်ပါက သပ်ပုံသဏ္ဍာန်နူနာများသည် ထောပတ်ကိုင်း၏ ရေလမ်းကြောင်းထဲသို့ ထိုးဝင်နေသကဲ့သို့ သိသာစွာမြင်နိုင်ပါသည်။ ထောပတ်ပင်၏ရေလမ်းကြောင်းအား နူနာရောဂါတိုက်ခိုက်မှု များပြားပါက ထောပတ်ပင်၏ ကိုင်းဖြာထွက်မှုအားနည်းခြင်း၊အရွက်များ အညိုရောင်ပြောင်းခြင်းနှင့် အရွက်များမီးလောင်သကဲ့သို့ အငွေ့ထွက်ခြင်းများဖြစ်ပေါ်စေကာ အသီးသီးချိန်တွင် ကိုင်းမှတစ်ဆင့် အသီး၏အညှာအတွင်းပိုင်းသို့ ရောဂါဝင်ရောက်လာစေနိုင်ပါသည်။

ရောဂါဖြစ်စေသောသက်ရှိ၏ပျံ့နှံ့ပုံ
Bolryosphaeriaceae မျိုးအုပ်စုတွင်ပါဝင်သော မှိုမျိုးများ၏ မှိုစပိုးများသည် ထောပတ်ပင် ကိုင်းကူးကိုင်းဆက်ရာတွင် ဖြစ်ပေါ်သောဒဏ်ရာများမှ အဓိကဝင်ရောက်တိုက်ခိုက်ပါသည်။ မိုးရွာသွန်းမှုများပြားခြင်းသည် မှိုစပိုးထုတ်လုပ်မှု များပြားစေကာ ထိုမှိုစပိုးများသည် လေ၊ မိုး၊ ရေသွင်းရေထုတ်ပြုလုပ်မှုများမှတစ်ဆင့် ပျံ့နှံ့နိုင်ပါသည်။ထောပတ်ပင်စိုက်ပျိုးမှု ပင်ကြားတန်းကြားမမှန်ကန်ခြင်း၊ အပင်သိပ်သည်းခြင်းနှင့် တောအုပ်ကဲ့သို့ လေဝင်လေထွက်မကောင်းခြင်း၊ ရေသွင်းရေထုတ်မှု အားနည်းခြင်း၊အပင်အာဟာရမမျှတခြင်းနှင့် ရေငတ်မှုဖြစ်ပေါ်ခြင်း စသည်တို့သည် ရောဂါပျံ့နှံ့မှု အားကောင်းစေကာ အထွက်နှုန်းကျဆင်းစေပါသည်။
ကာကွယ်နှိမ်နင်းနည်းလမ်းများ
- ထောပတ်ပင်အား ပင်ကြားတန်းကြားမှန်ကန်စေကာ လေဝင်လေထွက်ကောင်းစေ၍ သန့်ရှင်းစေခြင်း
- ရောဂါကျရောက်ခဲ့ပါက ရောဂါကျနေသော ကိုင်း၊ အခက်အလက်များအား ဖယ်ရှားခြင်း
- အစေ့ဖြင့်စိုက်ပျိုးပါက ရောဂါဒဏ်ခံနိုင်သော မျိုးရွေးချယ်ခြင်း၊ ရောဂါကင်းလွတ်သောမျိုးစေ့များ အသုံးပြုခြင်းနှင့် ကိုင်းကူးကိုင်းဆက်စိုက်ပျိုးပါက ဒဏ်ရာဖြစ်ပေါ်မှုမရှိစေရန် ဂရုတစိုက်ပြုလုပ်ခြင်း
- အပင်၏ ခြောက်သွေ့သောကိုင်းခြောက်များနှင့် အသီးပုပ်များအား ဖယ်ရှားခြင်း၊ အသီးခူးဆွတ်ခြင်းနှင့် ကိုင်းခြောက်များဖယ်ရှားခြင်ကို ခြောက်သွေ့သောအခြေအနေတွင်သာပြုလုပ်ခြင်း
- စိုက်ခင်း၏ပတ်ဝန်းကျင်အား စစ်ဆေးခြင်း (ဥပမာ-အင်းဆက်ပိုးမွှားများ စိုက်ခင်းအတွင်းသို့ ဝင်ရောက်မှုရှိမရှိ)
- အပင်များအား ညီညွတ်မျှတသော အာဟာရကျွေးခြင်း၊ လေဝင်လေထွက်မကောင်းသောအခြေအနေမှ ကာကွယ်ခြင်း (အုံ့မှိုင်းသော အခြေအနေ) နှင့် ရေသွင်းရာတွင် ဆားဓာတ်များသော ရေငံများ အသုံးပြုခြင်းမှ ရှောင်ကြဉ်ခြင်း
- အပင်မျိုး ကိုင်းကူး၊ကိုင်းဆက်ပြုလုပ်ရာတွင် လက်ခံမျိုးအစိတ်အပိုင်းနှင့် ကူးပြောင်းမည့်မျိုးအစိတ်အပိုင်းအား မှိုသတ်ဆေးအသုံးပြုခြင်း။
- ပျိုးထောင်ထားသောနေရာအား သန့်ရှင်းစွာထားခြင်းနှင့် မျိုးကူးသောပစ္စည်းများပိုးသန့်ခြင်း
- ရေအများအပြားသွင်ခြင်းကိုမလုပ်ရန် (ရေဖြန်းကိရိယာ စပင်ကလာသည် ထောပတ်ပင်၏ ပင်စည်နှင့် အခေါက်အားစိုစွတ်မှု များပြားစေသောကြောင့် ရှောင်ကြဉ်ခြင်း)
- ရောဂါကျရောက်နေသောနေရာမှ ရေနှင့် မြေကြီးများ အခြားနေရာသို့ ပျံ့နှံ့မှုကို တားဆီးခြင်း
ဓာတုဗေဒနည်းဖြင့်နှိမ်နင်းခြင်း
- ပင်လုံးပြန့်မှိုသတ်ဆေး
- ဖိုးစတိုင်း-အေအယ်လ် (သို့) ပိုတက်စီယမ်
- ဖော့စဖိုနိတ်များအား မြေကြီးပြုပြင်ရာတွင် ထည့်၍အသုံးပြုခြင်း၊ အရွက်များအား ဖျန်းခြင်း၊ ပင်စည်သုတ်လိမ်းခြင်းနှင့် ပင်စည်ထဲသို့ ထိုးထည့်ခြင်းတွင် ဘာဖာစလူးရှင်း အသုံးပြုခြင်း (သို့) ရေသွင်းရာတွင် အသုံးပြုသောရေထဲသို့ ထည့်သွင်းအသုံးပြုခြင်း။မတ်တာဇီးအား အထက်ဖော်ပြပါပုံစံ အတိုင်းအသုံးပြုနိုင်သည်။
Reference
https://www.californainaavocadogrowers.com/cultural-management-library/avocado-branch-canker-disease-symptoms
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်” ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဦးကျော်သန်းအောင်
9 months agoမှိုသတ်ဆေး မအျိုးအစား သိချင်ပါတယ်
khant Zaw
3 years agoဘယ်လိုမှိုသတ်ဆေးသုံးရမလဲဗျ
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဘုန်းဟိန်းနိုင်
See all