Green Way
ပီလောပီနံတွင် ကျရောက်မှုအများဆုံး ရောဂါ (၃) မျိုး

ပီလောပီနံတွင် ကျရောက်မှုအများဆုံး ရောဂါ (၃) မျိုး

အညိုရောင်အစင်းကျ ဗိုင်းရပ်စ်ရောဂါ (Cassava Brown Streak Virus - CBSV) 

ဒီရောဂါရဲ့ ထူးခြားချက်ကတော့ အပင်ကြည့်ရင် ကျန်းမာနေသလို ထင်ရပေမဲ့ ဥကို တူးကြည့်မှ ပုပ်နေတာကို တွေ့ရတတ်တာပါ။ လက္ခဏာအနေနဲ့ပြောရရင် အရွက်ကြောများတစ်လျှောက်မှာ အဝါရောင်အကွက်များ ဖြစ်ပေါ်ပြီး အထူးသဖြင့် အပင်အောက်ခြေက အရွက်ရင့်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ ထို့အပြင် ပင်စည်ရဲ့ အစိမ်းရောင်ရှိတဲ့ အစိတ်အပိုင်းတွေမှာ အညိုရောင် သို့မဟုတ် အမည်းရောင် အစင်းကြောင်းလေးများကို ထင်ရှားစွာ တွေ့ရတတ်ပါတယ်။ ပီလောပီနံ ဥကို လှီးကြည့်ပါက အတွင်းသားမှာ တစ်ရှူးများသေဆုံးကာ အညိုရောင်အကွက် (Necrosis) ဖြစ်နေပြီး ဥတစ်ခုလုံး ပုပ်ဆွေးသွားတတ်ပါတယ်။ ဒီရောဂါဟာ ဗိုင်းရပ်စ်ရောဂါဖြစ်တဲ့အတွက် ဆေးဖျန်းရုံနဲ့ ကုသလို့မရနိုင်ပါဘူး။ ကာကွယ်ခြင်းကသာ အဓိကဖြစ်ပါတယ်။ စိုက်ပျိုးတဲ့အခါ ရောဂါမရှိတဲ့စိုက်ခင်းက ကျန်းမာတဲ့ မျိုးကိုင်းများကိုသာ ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ ရောဂါသယ်ဆောင်တဲ့ ယင်ဖြူတွေကို ဓာတုပိုးသတ်ဆေး သို့မဟုတ် သဘာဝပိုးသတ်ဆေးများဖြင့် စနစ်တကျ နှိမ်နင်းသင့်ပါတယ်။ စိုက်ခင်းထဲမှာ ရောဂါလက္ခဏာတွေ့တာနဲ့ အပင်ကို အမြစ်ပါမကျန် နှုတ်ယူပြီး မီးရှို့ဖျက်ဆီးသင့်ပါတယ်။ မျိုးကိုင်းများ ဖြတ်တောက်တဲ့အချိန်မှာ ဓားတွေကို အပင်တစ်ပင်နဲ့တစ်ပင် ကူးတိုင်း (သို့မဟုတ်) စိုက်ခင်းတစ်ခုပြီးတိုင်း အယ်လ်ကိုဟော သို့မဟုတ် ကလိုရင်း (Bleach) ရည်နဲ့ ဆေးကြောသင့်ပါတယ်။ ဥတွေထဲမှာ အညိုရောင်အကွက်တွေ မပြန့်ပွားခင် (ဥပမာ - ၈ လ သို့မဟုတ် ၉ လသားမှာ) စောစောရိတ်သိမ်းခြင်းဖြင့် ဆုံးရှုံးမှုကို လျှော့ချနိုင်ပါတယ်။

ဘက်တီးရီးယား ရွက်ခြောက်ရောဂါ (Cassava Bacterial Blight - CBB) 

ဘက်တီးရီးယား ရွက်ခြောက်ရောဂါဟာ ပီလောပီနံပင်ရဲ့ အရွက်၊ ပင်စည်နဲ့ အကိုင်းအခက်များကို ထိခိုက်စေနိုင်သော ရောဂါတစ်မျိုးဖြစ်ပြီး အထူးသဖြင့် မိုးများသောရာသီမှာဆိုရင် ပိုမိုပျံ့နှံ့လွယ်ပါတယ်။ ရောဂါလက္ခဏာများကတော့ ပထမဦးစွာ အရွက်များပေါ်မှာ ရေစိုနာကွက် (Angular water-soaked spots) လေးများ စတင်ပေါ်ပေါက်လာတတ်ပါတယ်။ ထိုအကွက်များ တဖြည်းဖြည်း ကြီးထွားလာပြီး အရွက်များ ညှိုးနွမ်းကာ လိပ်သွားခြင်း၊ ခြောက်သွေ့၍ ကြွေကျခြင်းတို့ ဖြစ်ပေါ်စေတတ်ပါတယ်။ ထို့ပြင် ရောဂါပြင်းထန်ပါက ပင်စည်နဲ့ အကိုင်းအခက်များမှ ဝါကြင့်ကြင့်အရောင်ရှိသော အစေးများ ထွက်လာတတ်ပြီး အပင်ထိပ်ပိုင်းမှစ၍ အောက်ခြေအထိ သေဆုံးသွားနိုင်ပါတယ်။ ကာကွယ်နှိမ်နင်းဖို့အတွက်ဆိုရင်  ရောဂါပိုးဟာ ဓား၊ ပေါက်ပြားနဲ့ ထွန်ယက်ကိရိယာများမှတစ်ဆင့် တစ်ပင်မှတစ်ပင်သို့ ကူးစက်နိုင်တာကြောင့် အသုံးမပြုမီနဲ့ အသုံးပြုပြီးအချိန်တိုင်းမှာ ပိုးသတ်ဆေးရည် သို့မဟုတ် အယ်လ်ကိုဟောဖြင့် စနစ်တကျ သန့်စင်ပေးရပါမယ်။ ရောဂါရအပင် စတင်တွေ့ရှိတာနဲ့ အပင်ကို နှုတ်ယူပြီး စိုက်ခင်းနှင့်ဝေးရာမှာ မီးရှို့ဖျက်ဆီးခြင်းဖြင့် ရောဂါကူးစက်မှုကို ဖြတ်တောက်ရပါမယ်။ မြေကြီးထဲမှာ ခိုအောင်းနေနိုင်သော ဘက်တီးရီးယားပိုးများ သေကြေပျက်စီးသွားစေရန် ပီလောပီနံ တစ်မျိုးတည်းကို ဆက်တိုက်မစိုက်ဘဲ ပဲမျိုးစုံ သို့မဟုတ် အခြားသီးနှံများနဲ့ အနည်းဆုံး တစ်ရာသီမှ နှစ်ရာသီခန့် လှည့်လည်ပီးစိုက်ပျိုးပေးသင့်ပါတယ်။

မိုစိတ်ရွက်ပြောက်ဗိုင်းရပ်စ်ရောဂါ (Cassava Mosaic Virus)

မိုစိတ်ရွက်ပြောက်ရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော ရောဂါတစ်မျိုးဖြစ်ပြီး အပင်ရဲ့ ရှင်သန်ကြီးထွားမှုနဲ့ ဥအထွက်နှုန်းတို့ကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပါတယ်။ ရောဂါလက္ခဏာအားဖြင့် အရွက်များပေါ်မှာ ပုံမှန်မဟုတ်သော အစိမ်းဖျော့ရောင်နဲ့ အဝါရောင် အကွက်အပြောက်များ အနှံ့အပြား ဖြစ်ပေါ်လာတတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးရဲ့ တိုက်ခိုက်မှုကြောင့် အရွက်များဟာ ပုံမှန်အတိုင်း မပြန့်ကားနိုင်တော့ဘဲ ပုံသဏ္ဌာန်ပျက်ယွင်းခြင်းနဲ့ တွန့်လိပ်ခြင်းတို့ ဖြစ်ပေါ်စေပါတယ်။ အပင်ဟာ အရွက်များမှတစ်ဆင့် အာဟာရဓာတ်ကို ပြည့်ဝစွာ မထုတ်လုပ်နိုင်တော့တဲ့အတွက် မြေအောက်ရှိ ပီလောပီနံဥများဟာ မူလအရွယ်အစားထက် သိသိသာသာ သေးငယ်သွားပြီး အထွက်နှုန်းကို ကျဆင်းစေပါတယ်။ မိုစိတ်ရွက်ပြောက်ရောဂါဟာလည်း ယင်ဖြူ (Whitefly) မှတစ်ဆင့် ကူးစက်တတ်တာဖြစ်လို့ စိုက်ခင်းအတွင်း ပိုးမွှားနှိမ်နင်းရေးကို ဂရုပြုဆောင်ရွက်သင့်ပါတယ်။ 

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

You

Related questions

မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ

Kyaw Zin • 1 answers

ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ

ဦးဝင်းအောင် • 3 answers

ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ

ko. latt • 2 answers

နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ

Ukyaw • 1 answers

တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့

သန်းထိုက်အောင် • 3 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....