ခရမ်းချဉ်စိုက်ပျိုး၍ အထွက်နှုန်းတိုးစေဖို့ စောပင်နာကျရောဂါကာကွယ်စို့
ခရမ်းချဉ်စိုက်ပျိုးနေသော တောင်သူဉီးကြီးတို့အနေဖြင့် အခင်းတွင် ခရမ်းချဉ်စောပင်နာကျရောဂါကျရောက်ခဲ့မည်ဆိုပါက အထွက်နှုန်းအားလျော့ကျစေပြီး ခရမ်းချဉ်သီး၏ ဈေးကွက်ဝင်မှုအရည်အသွေး ကျဆင်းစေမည်ဖြစ်သည်။ ထို့ကြောင့် ခရမ်းချဉ်စောပင်နာကျရောဂါအကြောင်းနှင့် ကာကွယ်နှိမ်နင်းနည်းအကြောင်းကို တင်ပြလိုက်ရပါသည်။
ခရမ်းချဉ်စိုက်ပျိုးဒေသများ
ခရမ်းချဉ်သည် သမပိုင်းနှင့်မျှတသော ရာသီဥတုရှိသောဒေသများတွင် ကောင်းစွာဖြစ်ထွန်းသည်။ မြန်မာနိုင်ငံတွင် မကွေး၊ စစ်ကိုင်း၊ ရှမ်းပြည်နှင့် အလယ်ပိုင်းဒေသများတွင် အဓိကစိုက်ပျိုးသည်။ ခရမ်းချဉ်မျိုးများစွာရှိပြီး ဒေသအလိုက်ကြိုက်နှစ်သက်သော မျိုးအား စိုက်ပျိုးကြသည်။ စိုက်ပျိုးနည်းများသည် မျိုးအလိုက် ကွဲပြားလျက်ရှိပြီး မှိုရောဂါများစွာကျသော ဟင်းသီးဟင်းရွက်မျိုးဖြစ်သည်။
ခရမ်းချဉ်စောပင်နာကျရောဂါအကြောင်း
ခရမ်းချဉ်၏အထွက်နှုန်းကို အဓိကကျဆင်းစေသောရောဂါဖြစ်သည့် ခရမ်းချဉ်စောပင်နာကျရောဂါသည် မှိုကြောင့်ဖြစ်သော ရောဂါဖြစ်သည်။ ရောဂါဖြစ်စေသောမှို၏ သိပ္ပံအမည်မှာ Alternaria solani ဖြစ်ပြီး ခရမ်းချဉ်၏ မည်သည့်ကြီးထွားမှုအဆင့်မဆို ဖျက်ဆီးနိုင်ပါသည်။ ခရမ်းချဉ်ခင်း၏ မြေအစိုဓာတ်၊ ရေရရှိမှုများအပေါ် မူတည်ကာ ရောဂါကျရောက်မှုသည် တိုက်ရိုက်ပတ်သတ်နေသည်။
စောပင်နာကျရောဂါနှင့်တိုက်ခိုက်ဖျက်ဆီးပျံ့နှံ့ပုံ
ရောဂါကျရောက်ပြီဆိုပါက သတိပြုမိစေသောပုံစံမှာ ခရမ်းချဉ်၏ ပင်စည်နှင့်ကပ်နေသော အရွက်များပေါ်တွင် မဲညိုရောင်အစက်အပြောက်များ စတင်ပေါ်ပေါက်လာပါသည်။ ရောဂါကြီးရင့်လာသည်နှင့်အမျှ အရွက်ပေါ်တွင်ရှိသော အစက်အပြောက်များ ကျယ်ပြန့်လာကာ ပုံသဏ္ဌာန်မမှန်သော ထောင့်များဖြစ်ပေါ်ကာ ကျယ်ပြန့်မှုရပ်တန့်ပြီး အတွင်းတွင်မဲနက်ကာ သိသာသော အရစ်ကွင်းများ ဖြစ်ပေါ်လာပါသည်။ ကျန်ရှိနေသောအရွက်၏ အစိတ်အပိုင်းများသည် အဝါပြောင်းကာ အရွက်အားကြွေကျစေသည်။

ဖျက်စီးပုံသည် အပင်၏အရွက်ကြွေနှုန်းမြင့်မားကာ အသီးများပေါ်တွင် နေလောင်ကွက်များကဲ့သို့ လက္ခဏာများ ဖြစ်ပေါ်စေပါသည်။ ပင်စည်ပေါ်တွင် ကျရောက်တတ်ပြီး လက္ခဏာသည် အရွက်ပေါ်တွင်ကျရောက်သည့်ပုံစံဖြစ်သည်။ ပင်စည်ပေါ်ရှိ မှိုများသည် အပင်၏ မြေကြီးမှစုပ်ယူသော အာဟာရများကိုထိန်းချုပ်၍ အပင်အား တိုက်ခိုက်ဖျက်ဆီးပါသည်။ ပျိုးထောင်စိုက်ပျိုးသောမျိုးများတွင် မှိုသည် ပျိုးပင်၏စေ့ရွက်များအား ဖျော့တော့သော အရောင်ဖြစ်စေကာ ပျိုးပင်သေသည်အထိ တိုက်ခိုက်နိုင်ပါသည်။

ကာကွယ်နှိမ်နင်းနည်း
ရောဂါဖြစ်စေသောမှိုသည် မြေကြီးထဲတွင် အောင်းခိုနိုင်သော အစွမ်းသတ္တိရှိသောကြောင့် ကာကွယ်နှိမ်နင်းရာတွင် သေချာစွာပြုမှုဆောင်ရွက်ရမည်။
(၁) ခြင်းဖြင့်ရောဂါကင်းလွတ်သောမျိုးစေ့များ သေချာစွာ စမ်းသပ်စိုက်ပျိုးထုတ်လုပ်ခြင်း။
(၂) ခရမ်းချဉ်ပင်များအား လုံလောက်သော အာဟာရဓာတ်ကျွေးကာ ကြံခိုင်တောင့်တင်းအောင် ထိန်းသိမ်းခြင်း။
(၃) အခင်းအား မြေစိုထိုင်းဆမြင့်မားမှုရှောင်ကျဉ်ခြင်းနှင့် ရေဝပ်ခြင်းအားကာကွယ်ခြင်း။
(၄) ခရမ်းချဉ်ပင်၏ ရေရရှိမှုပေါ်မူတည်၍ အပင်၏အရွက်တွင် စိုထိုင်းစများပါက ရောဂါဖြစ်စေနိုင်သဖြင့် အပင်၏ စိုထိုင်းဆအား ထိန်းချုပ်ခြင်။
(၅) ခရမ်းချဉ်အား နှစ်စဉ်မစိုက်ပျိုးဘဲ ၂ နှစ် ၃ နှစ် ခြားတစ်ခါ သီးလှည့်စိုက်ပျိုး၍ ရောဂါဖြစ်မှုနှင့် ရောဂါဖြစ်စေသောသက်ရှိ၏ မျိုးမှုန်ထုတ်လုပ်မှုအား ကာကွယ်ခြင်း။
(၆) ရောဂါကျရောက်သောအပင်များအား ရှင်းလင်းခြင်း၊ စိုက်ခင်းအတွင်းနှင့် အပြင်ပေါင်းပင်များအား ရှင်းလင်းခြင်းနှင့် အစွန်းကျသော အပင်များအား ရှင်းလင်းခြင်းသည် ရောဂါကျရောက်မှုကို ကာကွယ်ပေးနိုင်ပါသည်။
(၇) ယခင်နှစ်က ရောဂါဒဏ်ခံနိုင်ရည်မဲ့သောမျိုးများအစား အခြားသီးနှံပင်စိုက်၍ မြေကာကွယ်ကာခံနိုင်ရည်ရှိသောမျိုးများ စိုက်ပျိုးခြင်း။
(၈) ပင်စည်နှင့်ကပ်နေသည့်အရွက်များအား ဖယ်ရှားခြင်းနှင့် အရွက်များထိတွေ့မှုအားရှောင်ကျဉ်ခြင်း၊ တစ်နည်းအားဖြင့် အရွက်များ လေဝင်လေထွက်ကောင်းမှုနှင့် ခြောက်သွေ့စေရန် ထိန်းသိမ်းခြင်း။
(၉) ဓာတုနည်းဖြင့်နှိမ်နင်းမှုသည် လွယ်ကူသော်လည်း သတိပြုရန်အချက်များစွာရှိသည်။
ခရမ်းချဉ်စောပင်ကျနာရောဂါ ကာကွယ်နိုင်သော မှိုသတ်ဆေးများဖြစ်သည့် ( မန်ကိုဇက် Mancozeb, ကလိုရိုသာလိုနေး Cholorothalonil, ကော့ပါးဟိုက်ဒရော့ဆိုဒ် Copper hydroxide, ဒိုင်ဖီနိုကိုနိုဇိုး Difenoconozole, Pyrimethanil, ကော့ပါးအောက်ဆီကလိုရိုက် Copper Oxychloride…etc) တို့သည် စျေးကွက်တွင်အလွယ်တကူရရှိနိုင်သည်။
တောင်သူလယ်သမားဦးကြီးများခင်ဗျာ ဓာတုဆေးကိုအသုံးပြုရာတွင် မိမိဝယ်ယူအသုံးပြုသော ဆေးများတွင်ပါဝင်သည့် နှုန်းထားအကြိမ်နှင့် သတိပြုတပ်ဆင်ရမည့် ပစ္စည်းများကို ပြည့်စုံစွာ အသုံးပြုစေလိုကြောင်း တင်ပြလိုက်ရပါသည်။
Reference:
https://extension.umn.edu/disease/early-blight-tomato
https://gardenerspath.com/how-to/disease-and-pests/early-blight-tomato/
ဘုန်းဟိန်းနိုင်
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Continue reading related topics, questions and articles.
Topic 1
ခရမ်းချဉ်စောပင်နာကျရောဂါ
နိုင်ထက်ဦး
10 months agoမိှုကျရင်ရေဖျက်ထားသင့်လား
Anonymous
2 years agoအဲရောဂေါကျရင် အထွက်နူန်း ဘယ်လောက်ထိ ထိခိုက်နိုင်ပါသလဲ
u lay myo
5 years agoခရမ်းချဉ်အထူးအားဆေးကဘာဆေးကိုဆိုလိုတာလဲ
Ko Lynn
5 years ago111
အောင်ငြိမ်းချမ်း
5 years ago111ဆိုရင်ရော
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဘုန်းဟိန်းနိုင်
See all