စိုက်ပျိုးသုတ မေလ
မြေပဲနှင့် နှမ်းလျင်စိုက်ပျိုးခြင်းလုပ်ငန်းကို မေလအစောပိုင်းတွင် စတင်ရွာသွန်းသော မိုးဦးမိုးဖြင့် စတင်သင့်သည်။
စိုက်ပျိုးသုတ ဧပြီလ
ဧပြီလအတွင်း မိုးရွာသွန်းလာမှုရှိပါက အခြေအနေကို သုံးသပ်ရန်လိုသည်။ အနည်းဆုံး မိုးရေချိန် လက်မဝက်ခန့် မရွာဘဲ စတင်မစိုက်ပျိုးရန် အကြံပြုလိုပါသည်။
စိုက်ပျိုးသုတ မတ်လ
မိုးကြိုနှမ်းလျင်သည် ကာလတိုသီးနှံဖြစ်၍ ရင်းနှီးမြှုပ်နှံမှုအနည်းငယ်ဖြင့် အမြတ်အစွန်းများစွာရရှိနိုင်ကာ ဈေးကွက်ဝယ်လိုအားလည်း အဆက်မပြတ်ရှိသည့်သီးနှံ ဖြစ်ပါသည်။
စိုက်ပျိုးသုတ ဖေဖော်ဝါရီလ
မိုးစပါးကို ပုံမှန်စိုက်ချိန် ဇွန်၊ ဇူလိုင်တွင် စိုက်ပျိုးနိုင်ဖို့ မိုးကြိုသီးနှံ၏ အသက်ရက်သည် မရှည်သင့်ကြောင်း အသိပေးလိုပါသည်။
စိုက်ပျိုးသုတ ဒီဇင်ဘာလ
မတ်ပဲအရွက်အနုပေါ်မှာ အဝါရောင်အစက်အပြောက်များ၊ ပုံမမှန်ကွက်ကြားတွေ့ရှိပါက ရောဂါ ကျရောက်နေသောအရွက်တွေကို နှုတ်ယူမီးရှို့ရန် ဖြစ်သည်။
စိုက်ပျိုးသုတ စက်တင်ဘာလ
စက်တင်ဘာလသည် မိုးနှောင်းနေကြာကို စတင်စိုက်ပျိုးရန် အကောင်းဆုံးအချိန် ဖြစ်ပါသည်။
စိုက်ပျိုးသုတဇွန်လ
လယ်စပါးကို ဇွန်လအတွင်း မိုးရွာသွန်းမှုအခြေအနေကိုကြည့်ပြီး ပျိုးထောင်ပါ။ တစ်လအတွင်း မိုးရေချိန် ၈ လက်မ ပြည့်မီအောင် မိုးရွာသွန်းမှုရှိသင့်သည်။
စိုက်ပျိုးသုတ ဖေဖော်ဝါရီလ
မိုးကြိုသီးနှံများစိုက်ပျိုးရာတွင် ဦးစွာ မြေကို စိတ်ကြိုက်ပြုပြင်ပြီး ရေသွင်းရေထုတ် လယ်ကူစေရန်အတွက် (၃)ပေခန့်အကျယ်မြေဘောင်များပြုလုပ် စိုက်ပျိုးနိုင်သည်။
စိုက်ပျိုးသုတ ဇန်နဝါရီလ
နွေစပါးစိုက်ပျိုးရန်ုအသင့်တော်ဆုံးအချိန်ဟု ပြောလိုပါသည်။ မစိုက်ရသေးသူများ အချိန်မနောက်ကျမီ ဇန်နဝါရီလအတွင်း အမြန် စိုက်သင့်ပါသည်။
စိုက်ပျိုးသုတ အောက်တိုဘာလ
စပါးများ ရိတ်သိမ်းပြီးလျှင်ပြီးချင်း မြန်မြန်ချွေလှေ့သင့်ပါသည်။
စိုက်ပျိုးသုတ ဇွန်လ
ပေါင်းမြက်ကိုပြောင်အောင်ရှင်းပြီးမှ မြေအစိုဓာတ်ရှိချိန်တွင် မြေသြဇာကျွေး သင့်သည်။
စိုက်ပျိုးသုတ စက်တင်ဘာလ
အပင်ပွားဆဲအချိန်တွင် နိုက်ထရိုဂျင်မြေသြဇာ ကျွေးပေးပါ။ (စပါးအပင်ပွား လှိုင်လှိုင်ပွားစေရေး ဖြစ်ပါသည်)
စိုက်ပျိုးသုတ ဇူလိုင်လ
မြေသြဇာမကျွေးမီ စိုက်ခင်းအတွင်းရှိ ပေါင်းမြက်များကို ရှင်းလင်းပါ။
"မောင်းညို" ဆိုတာ.. (တောင်သူပညာပေးဆွေးနွေးပွဲအတွေ့အကြုံများ - ၉ )
တနည်းအားဖြင့် စပါးနှံမှ အစေ့များဟာ ၈၀ - ၈၅ ရာခိုင်နှုန်း အဝါရောင်ပြောင်းလာတဲ့အချိန်ကို မောင်းညိုချိန်လို့ ခေါ်ပါတယ်.... လို့ ဖြေလိုက်တော့...
စပါးစနစ်တကျ မျိုးညှောက်ဖောက်နည်း
အညှောင့်ဖောက်ထားတဲ့ မျိုးစေ့ကပျိုးခင်း/ စိုက်ခင်းထဲမှာ အမြန်ဆုံးအပင်ပေါက်နိုင်ပါတယ်။ ဒါ့ကြောင့် ကြွက်/ငှက်နဲ့ အင်းဆက်ပိုးတွေဖျက်စီးဖို့ အခွင့်အရေး နည်းသွားပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....