စိုက်ပျိုးသုတ ဇန်နဝါရီလ
လယ်ယာစိုက်ခင်းတွေမှာ စိုက်ပျိုးထားသည့် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲပုပ်၊ မြေပဲ၊ နေကြာစသည့် ဆောင်းသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးနှင့် နွေစပါးစိုက်ပျိုးရေးဆိုင်ရာ ယခုလအတွင်း လုပ်ဆောင်သည်များနှင့် ပတ်သက်၍ သိရှိသင့်သည်များကို ဖော်ပြရေးသားလိုပါသည်။
၁။ ဆောင်းသီးနှံများ
မြေသြဇာအာဟာရရည်ပက်ဖျန်းခြင်း
စိုက်ပျိုးထားသည့်ဆောင်းသီးနှံများ ဖြစ်ထွန်းကောင်းမွန်ရေးအတွက် ရွက်ဖျန်းမြေသြဇာ(Leaf Fertilizer) သုံးစွဲခြင်းသည် အာဟာရဓာတ်များ လျင်မြန်စွာ ရောက်ရှိစေသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ကုန်ကျစရိတ်လည်း သက်သာသည်။ သို့သော် အကျိုးရှိအောင် ပက်ဖျန်းဖို့တော့လိုပါသည်။
ရှေးဦးစွာသီးနှံပင်တွင် ဖော်ပြလျက်ရှိသော ချို့တဲ့သည့်လက္ခဏာကို ကြည့်ရှုအကဲခတ်ပြီးလိုအပ်သည့် အာဟာရကို ခန့်မှန်းရန် ဖြစ်ပါသည်။
ထို့နောက် သီးနှံပင်၏လိုအပ်ချက်နှင့် ကိုက်ညီသည့် အဟာရဓာတ်တွေပါဝင်သော မြေသြဇာအရည်ကို ပက်ဖျန်းရန် ဖြစ်ပါသည်။
ပိုးမွှားရောဂါကာကွယ်ခြင်း
ဆောင်းသီးနှံများအပင်ဖြစ်ထွန်းရုံမက ပိုးမွှားရောဂါအဖျက်အဆီးကင်းစင်ရေးကိုလည်း ဆောင်ရွက်ရန်ဖြစ်သည်။ မြေသြဇာအာဟာရအရည်တွေပက်ဖျန်းသကဲ့သို့ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရန် စိုက်ပျိုးရေးဆေးဝါးတွေ ဝယ်ယူသုံးစွဲကြရာတွင် သီးနှံ အမျိုးအစားအပေါ်မူတည်ပြီး ကျရောက်လေ့ရှိသည့် ပိုးမွှားရောဂါ၊ ကျရောက်လေ့ရှိသည့် အချိန်တို့ကို ကြိုတင်သိရှိပြီး ကာကွယ်ဖို့၊ ကျရောက်လျှင် ကျရောက်ချင်း ထိထိ ရောက်ရောက် နှိမ်နင်းဖို့လိုပါသည်။
သို့ဖြစ်၍ သီးနှံအလိုက်အပင်ဖြစ်ထွန်းစဉ် ကျရောက်တတ်သော ပိုးမွှားရောဂါများကို ရှေးဦးစွာကင်းထောက် စစ်ဆေးသင့်ပါသည်။
ဆေးဖျန်းရန်လိုအပ်ပါက ကျရောက်သည့်ပိုးမွှားရောဂါအမျိုးအစားအတွက် မှန်ကန်သောပိုးမွှားရောဂါကာကွယ်ဆေးသုံးစွဲပြီး နည်းစနစ်မှန်ဖြင့် ထိရောက်စွာပက်ဖျန်းသင့်ပါသည်။ လိုအပ်ပါက နီးစပ်ရာ စိုက်ပျိုးရေးပညာပေးရေးဝန်ထမ်းများထံ မေးမြန်းဆွေးနွေး နည်းပညာရယူဆောင်ရွက်ရန် ဖြစ်ပါသည်။

၂။ နွေစပါးသီးနှံ
မျိုးကောင်းမျိုးသန့်သုံးစွဲရေး
တစ်ဧကအထွက်ကောင်းမွန်ရေးအတွက် မျိုးကောင်းမျိုးသန့်သုံးစွဲခြင်းသည် အရေးပါ သောအချက်ဖြစ်သည်။ မျိုးသန့်မျိုးစေ့ဆိုတာ တစ်ခြားစပါးမျိုးစေ့များ ပါဝင်စေခြင်း မရှိရပါ။ အစေ့အရွယ်အစားညီညာရပါမည်။ ပေါင်းမြက်စေ့များ၊ အမှိုက်သရိုက်များကင်းစင်ရပါမည်။ ထို့ပြင် ပိုးမွှားရောဂါဖြစ်ကြောင်းများ ကပ်ညီပါလာခြင်း မရှိစေရပါ။ စီးပွားဖြစ်မျိုးသန့် မျိုးစေ့(Certified Seed)ကို ရနိုင်လျင် ပိုမိုကောင်းမွန်ပါသည်။ အသုံးပြုစေချင်ပါသည်။ မျိုးကောာင်းမျိုးသန့်စိုက်ပျိုးခြင်းဖြင့် စပါးအထွက် တစ်ဧကလျှင် ၅ မှ ၂၀ ရာခိုင်နှုန်းတိုးနိုင်တာကို အသိပေးလိုပါသည်။
စိုက်ချိန်မှန်ရေး
မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ဒီဇင်ဘာလအတွင်း စတင်စိုက်ပျိုးသူများ စိုက်သည်။ နွေစပါးစိုက်ပျိုးရန်ုအသင့်တော်ဆုံးအချိန်ဟု ပြောလိုပါသည်။ မစိုက်ရသေးသူများ အချိန်မနောက်ကျမီ ဇန်နဝါရီလအတွင်း အမြန် စိုက်သင့်ပါသည်။
မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ အချို့က မိုးစပါးကို ရိတ်သိမ်းဆဲဖြစ်သည်။ မိုးစပါး-ဆောင်းသီးနှံ-နွေစပါးသီးနှံပုံစံကျင့်သုံးသည့်ဒေသများတွင် ဆောင်းသီးနှံများစိုက်ထား ဆဲ ဖြစ်သည်။ နွေစပါးအတွက် အလှည့်မပေးနိုင်သေးသလို ဆည်ရေကလည်း အကန့်အသတ် ဖြစ်သည်။ ဆည်ရေပေးသည့်အချိန်နှင့် နွေစပါးထယ်ရေးပြင်ချိန် ကိုက်ညီမှသာ စတင် စိုက်ပျိုးသင့်ပါသည်။
ပေါင်းမြက်ကာကွယ်နှိမ်နင်းရေး
စိုက်ပျိုးကုန်ကျစရိတ်သက်သာရေးအတွက် ပျိုးထောင်ကောက်စိုက်ခြင်းမပြုဘဲ တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးသဖြင့် စပါးပင်နှင့် ပေါင်းမြက်ပင်တို့ အတူယှဥ်ပြိုင် ပေါက်လာသည်။ အလျင်အမြန်ပြီးစီးရေးအတွက် ထယ်ရေးတမန်းကောင်းမွန်အောင် ပြုပြင်နိုင်ခြင်းမရှိဘဲ စိုက်ပျိုးသဖြင့် ပို၍ပေါင်းမြက်ထူပြောလာပြန်သည်။ သို့ဖြစ်၍ ပေါင်းမြက် ကာကွယ်နှိမ်နင်းရေး အလေးထားရန်လိုပါသည်။
ပေါင်းသတ်ဆေးသုံးစွဲသင့်ပါသည်။ ပေါင်းပင်မပေါက်မီပက်ဖျန်းရသည့်ဆေး(Pre-emergence Herbicide)(သို့မဟုတ်)ပေါင်းပင်ပေါက်ပြီးမှပက်ဖျန်းရသည့်ဆေး (Post-emergence Herbicides )တို့ကို သုံးစွဲနိုင်သည်။ ဆေးအမျိုးအစားမှန်ပြီး ဆေးဖျန်းနည်းစနစ်နှင့် ဖျန်းသင့်သည့်အချိန် မှန်ကန်ဖို့လိုပါသည်။
စိုက်ပျိုးထားသည့်ဆောင်းသီးနှံများသာမက စိုက်ပျိုးဆဲနှင့် စိုက်ပျိုးမည့်နွေစပါးများ အောင်မြင်ဖြစ်ထွန်းကာ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားအောင် ဆောင်ရွက်နိုင်ကြစေလိုပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
စိုက်ပျိုးဗဟုသုတ
Applicable farm inputs (Ad)
U Myo Tint
1 year ago2022.2023.2024.နွေစပါးမိုးစပါးကျဲတယ်မလုပ်စပါးတွေတအားပေါက်လိုဘာဆေးသုံးရမလဲသိပရစေ
U Myo Tint
1 year agoပါးကျဲ။ပ်စပါ
U Myo Tint
1 year ago2025.မိုးစပါးမလုပ်စပါးတွေပေါက်နေလိုဘယ်လိုသက်ရမလဲဖြေပေးပါ
U Myo Tint
1 year agoမိုးစပါး.2025.မလုပ်စပါးပေါနေလိုဘယ်လိုသက်ရမလဲဖြေပေးပါ
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဆင်းသီဟ
See all