Green Way
စိုက်ပျိုးသုတ စက်တင်ဘာလ

စိုက်ပျိုးသုတ စက်တင်ဘာလ

ဆင်းသီဟ
ဆင်းသီဟ 04/09/2025

စက်တင်ဘာလသည် မိုးလယ်ယာသီးနှံများအောင်မြင်ရေး၊ မိုးနှောင်းသီးနှံ နေကြာ စိုက်ပျိုးရေးနှင့် မိုးစပါးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် အထူးဂရုပြု ဆောင်ရွက်သင့်သည်လ ဖြစ်ပါသည်။ လအတွင်းဆောင်ရွက်သင့်သည်များကို စိုက်ပျိုးသုတ ပေးဝေမျှလိုပါသည်။

၁။ မိုးစပါးသီးနှံ 

သာမန်စိုက်ခင်းများ

မိုးစပါးအောင်မြင်ရေးအတွက် စဉ်ဆက်မပြတ် စောင့်ကြည့် ဆောင်ရွက်သင့်သည်မှာ လယ်တစ်ကွက်ချင်းအတွင်း အောင်ရေထိန်းသိမ်းရေး ဖြစ်ပါသည်။

အထွက်ကောင်းစပါးမျိုးများသည် မြေသြဇာကျွေးသည်နှင့်အမျှ မြေသြဇာအပေါ်တုန့်ပြန် သည့် စပါးအထွက်ကို ပေးစွမ်းနိုင်ကြသည်။ မိုးရာသီစပါးစိုက်ပျိုးပြီး အပင်လုပ်ချိန်တွင် ကျွေးသင့်သည့်မြေသြဇာမှာ နိုက်ထရိုဂျင်မြေသြဇာဖြစ်ပါသည်။

နိုက်ထရိုဂျင်ပါသော ဓာတ်မြေသြဇာများကိုသုံးစွဲရာတွင် နိုက်ထရိုဂျင်၏သဘောသဘာဝအရ လေလွင့်ဆုံးရှုံးနိုင်သည်ကို သတိမူသင့်ပါသည်။ ထည့်ပေးသမျှအာဟာရပမာဏကို စပါးပင်က အပြည့်အဝရရှိနိုင်ခြင်းမရှိပါ။ ထို့ကြောင့်တစ်ကြိမ်တည်းကျွေးပေးရုံဖြင့် မလုံလောက်နိုင်ပါ။ မြေသြဇာ၏အကျိုးအာနိသင် အပြည့်အဝကို ရရှိစေရန် အကြိမ်ကြိမ်လီ၍ ခွဲဝေကျွေးပေးသင့်ပါသည်။

သက်လျင်စပါးမျိုးများကို မြေအမျိုးအစားအလိုက် ထည့်သွင်းပေးရမည့် မြေသြဇာ၏ သုံးပုံတစ်ပုံစီကို လိုအပ်ပါက သုံးကြိမ်လီ၍ ကျွေးပေးပါ။

သက်လတ်အထွက်ကောင်းစပါးမျိုးများတွင်မူ ထည့်သွင်းပေးမည့် မြေသြဇာ၏ လေးပုံတစ်ပုံစီကို လိုအပ်ပါက လေးကြိမ်လီ၍ ကျွေးပေးပါ။ 

နိုက်ထရိုဂျင်အာဟာရဓာတ်က ဆုံးရှုံးလွယ်သည်။ သို့ဖြစ်၍ ထုထယ်တူ မြေဆွေး (သို့မဟုတ်) နွားချေးဆွေးနှင့် သမအောင်ရောစပ်၍ တစ်ညသိပ်နှပ်ထားပြီး နောက်နေ့တွင်မှ စပါးစိုက်ခင်းအတွင်း ညီညာစွာ ကြဲပက်ရန် ဖြစ်ပါသည်။

နိုင်ငံအဝှမ်းစိုက်ပျိုးထားသမျှစပါးစိုက်ခင်းများသည် အချို့မှာ စိုက်ပြီးကာစဖြစ်မည်။ အချို့မှာတစ်လခန့် ရှိလောက်ပေပြီ။ ဒီထက် နှစ်လခန့် စပါးခင်းများလည်း ရှိမည်။ အသက် အရွယ်အမျိုးမျိုးဖြစ်နိုင်ပါသည်။ မည်သို့ဖြစ်စေ စပါးခင်းများ၏အသက်အရွယ်ကို ခြုံလိုက်လျင် နှစ်မျိုးသာဖြစ်ပါမည်။

၄င်းတို့မှာ - 

၁။ ပင်ပိုင်းကြီးထွားသည့်ကာလအတွင်း ရောက်ရှိနေသည့် စပါးခင်းများနှင့်

၂။ မျိုးပွားပိုင်းကြီးထွားသည့်ကာလအတွင်း ရောက်ရှိနေသည့် စပါးခင်းများ ဖြစ်ပါသည်။

အပင်ကြီးထွားသည့်ကာလသည် အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးနှံအရေအတွက် (Panicles per unit area)များစေရေးကို အဆုံးအဖြတ်ပြုသဖြင့် မြေသြဇာကျွေးသည့် လုပ်ငန်းများအပြင် ပေါင်းမြက်ကင်းစင်ရေး၊ ပိုးမွှားရောဂါကာကွယ်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်ပါ။

မျိုးပွားပိုင်းကြီးထွားသည့်ကာလသည် အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးတစ်နှံတွင် ပါဝင်သည့် အစေ့အရေအတွက် (Grains per panicle)များရေးကို အဆုံးအဖြတ်ပြုသဖြင့် ပေါင်းမြက်ကင်းစင်ရေး၊ ပိုးမွှားရောဂါကာကွယ်ရေးလုပ်ငန်းများကိုပါ ဆက်လက်ဆောင်ရွက်ပါ။

မျိုးစေ့ထုတ်စိုက်ခင်းများ

သာမန်စိုက်ခင်းများမဟုတ်သည့် စီးပွားဖြစ်မျိုးသန့်မျိုးစေ့(Certified Seed)မျိုးစေ့ထုတ် စိုက်ခင်း၊ ကိုယ့်အားကိုယ်ကိုယ်ကိုးမျိုးသန့်(Good Seed)မျိုးစေ့ထုတ်စိုက်ခင်းများစသည့် မျိုးစေ့ ထုတ်စိုက်ခင်း (Seed Production Field)များ၌ သာမန်စပါးစိုက်ခင်းတွင် ဆောင်ရွက်သည့် လုပ်ငန်းများအပြင် ဆောင်ရွက်သင့်သည်များ ရှိပါသည်။

ပင်ပွားအများဆုံးထွက်ချိန်၌ မျိုးကွဲများကို နှုတ်ပယ်မှုစတင်ပါ။

စိုက်ပျိုးထားသောစပါးမျိုးနှင့်အပင်အရပ်အနိမ့်အမြင့် ခြားနားသောအပင်၊ အပင်ဖြစ်ထွန်းမှုပုံစံ မတူညီဘဲ ပင်စည်စုထောင်ခြင်း၊ ပြန့်ကားခြင်း၊ အရွက်အလျားနှင့်အကျယ်၊ ပင်စည်မှ အရွက် ထွက်ပုံ ထောင့်အကျဉ်းအကျယ် ကွာခြားသောအပင်များကို မျိုးကွဲအပင်များဟု မှတ်ယူကာ နှုတ်ပယ်ပါ။

စိုက်ခင်းအတွင်း စိုက်ပျိုးသောစပါးမျိုးမဟုတ်သည့် မျိုးလေမျိုးလွင့်များလည်း ပေါက်ရောက်နိုင်သည်ဖြစ်ရာ စနစ်တကျအခါခါစစ်ဆေးနှုတ်ပယ်ပါ။

၂။ ယာသီးနှံများ

စက်တင်ဘာလသည် မိုး‌နှောင်းနေကြာကို စတင်စိုက်ပျိုးရန် အကောင်းဆုံးအချိန် ဖြစ်ပါသည်။

နေကြာသီးနှံ

နေကြာအောင်မြင်စွာစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးနည်းစနစ်မှန်ရန် လိုပါသည်။

မြေဆီသြဇာထက်သန်သော သဲနုန်းမြေစေး၊ နုန်းမြေနှင့် သဲနုန်းမြေတို့မှာ ထယ်ရေး နက်နက် ထွန်ရေးညက်ညက်မြေပြုပြင်ပြီး တစ်ဧကတွင် အပင်ဦးရေ (၂၉,၀၀၀) ရရှိအောင် တန်းကြား(၂) ပေ ၊ ပင်ကြား(၉ လက်မ)ထားကာ၊ တစ်ကျင်းလျှင် မျိုးစေ့(၂ စေ့)နှုန်း၊ မျိုးစေ့ကို(၁.၅ လက်မ) မှ (၂ လက်မ)အနက်မှာ စိုက်ပျိုးပါ။

စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ထုတ်ဝေထားသည့် ရေဆင်းစပ်မျိုးနေကြာ−၁ (သို့မဟုတ်) ဆင်းရွှေကြာ-၂ မျိုးတို့ကို အသုံးပြုပါ။

မြေမပြုပြင်မီ နွားချေး၊ ကြက်ချေး သို့မဟုတ် သဘာဝမြေဆွေးများ ထည့်ပေးပါ။ မြေပြုပြင်စဥ်မှာ နိုက်ထရိုဂျင်၊ ဖေါ့စ်ဖါးရပ်နှင့် ပိုတက်စီယံအာဟာရဓာတ်များပါသော မြေသြဇာ ထည့်ပေးပါ။

အပင်သက်တမ်း ၁၅ ရက်သားအတွင်း တစ်ကျင်းလျှင် တစ်ပင်ချန်၍ အပြီးသားခွဲပါ။ 

အခြားယာသီးနှံများ

သြဂုတ်လတွင် မိုးလယ်ယာသီးနှံများဖြစ်သည့် မြေပဲ၊ ပဲတီစိမ်းနှင့် ချည်မျှင်ရှည်ဝါသီးနှံတို့အား စိုက်ပျိုးခဲ့ကြရာ ဆောင်ရွက်သင့်သည်များမှာ

ပေါင်းမြက်ကင်းစင်ရေးဆောင်ရွက်ပါ။

မိုးကြီးရွာသွန်းမှုကြောင့် အပင်ခြေရေမဝပ်ရေးအတွက် ရေထုတ်မြောင်း၊ စိမ့်မြောင်း၊ ပတ်မြောင်းများထားရှိပါ။

စက်တင်ဘာလသည် မိုးလယ်/မိုးနှောင်းယာသီးနှံများစိုက်ပျိုးအောင်မြင်ရေးနှင့် စိုက်ပျိုးထားရှိသော မိုးစပါး စိုက်ခင်းများအထွက်နှုန်းမြင့်မားရေးအတွက် အရေးပါသောလ တစ်လဖြစ်ပါသည်။ စိုက်ပျိုးထုတ်လုပ်မှု မြင့်မားကြစေလိုပါသည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

Continue reading related topics, questions and articles.

1
Anonymous

Anonymous

10 months ago

နေကြာမျိုးစေ့ဘယ်လောက်စျေးလဲ

You

Related questions

ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်

Hnin Nu Wai • 3 answers

တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ

မောင်ကျော်ခိုင် • 2 answers

ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်

Theint Theint Nway • 2 answers

ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ

ko saw moe oo • 2 answers

ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်

ဒေါ်ဝင်းလဲ့ဝါ • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....