စိုက်ပျိုးသုတ စက်တင်ဘာလ
အနောက်တောင်မုတ်သုန်လေဆုတ်ခွာမည်ဖြစ်သော်လည်း စက်တင်ဘာလအတွင်း မိုးရေရရှိဖို့ မျှော်မှန်းနိုင်ပါသည်။ အတွေ့အကြုံအရ ဒေသအလိုက် သြဂုတ်လ လောက်နီးပါး(၈၀ ရာခိုင်နှုန်း)ခန့် မိုးရွာသွန်းနိုင်သည့်ဒေသများရှိသလို သြဂုတ်လ၏ တစ်ဆခွဲလောက်(၁၅၀ ရာခိုင်နှုန်း) မိုးပိုမိုရွာသွန်းနိုင်သည့်ဒေသများလည်း ရှိနိုင်ပါသည်။
သို့ဖြစ်၍ မိုးရေကိုသာအားကိုးစိုက်ပျိုးသည့် ယာမြေတွေမှာ မိုးနှောင်းယာသီးနှံများကို အောင်မြင်စွာစိုက်ပျိုးနိုင်မည့် မိုးရေပမာဏကိုရရှိနိုင်သည့်အခြေအနေရှိပါမည်။ စိုက်ပျိုးသူဘက်က လိုလေသေးမရှိဆောင်ရွက်ရန်သာ ဖြစ်သည်ဟု ဆိုချင်ပါသည်။
၁။ ယာသီးနှံများ
မိုးနှောင်းယာသီးနှံများဖြစ်သည့် ချည်မျှင်ရှည်ဝါ၊ နေကြာ၊ ပဲမျိုးစုံသီးနှံစသည်တို့ကို စက်တင်ဘာလအတွင်း စိုက်ပျိုးကြရမှာ ဖြစ်သည်။
ပထမအချက်မှာ ရွေးချယ်စိုက်ပျိုးသင့်သည့်မျိုး မှန်ကန်ရပါမည်။ ရှိသင့်သည့် အရည်အချင်းများကို ဖော်ပြလိုပါသည်။
• သက်လျင်အထွက်ကောင်းမျိုးဖြစ်ရမည်။
• အပင်ပေါက်(၈၀)ရာခိုင်နှုန်းအထက်ရှိသည့် မျိုးသန့် ဖြစ်ရမည်။
• စိုစွတ်မှုဒဏ်(Excess Water) ခံနိုင်ပြီး အပင်ပေါက်သန်စွမ်း ကောင်းမွန်သည့် (good seedling vigour) မျိုး ဖြစ်သင့်သည်။
• ရေမြေဒေသကိုက်ညီဖြစ်ထွန်းစျေးကွက်ရှိသည့် ရာသီဥတုဒဏ်ခံမျိုး ဖြစ်သင့်ပါသည်။
ဒုတိယအချက်မှာ မိုးရွာသွန်းမှုသည်ပုံမှန်မဖြစ် ပြန့်နှံ့မှုမညီညာသွန်ချချင်သလို သွန်ချနိုင်သဖြင့် မိုးများခြင်းကြောင့်ဖြစ်တတ်တဲ့ အပင်ခြေရေဝပ်ခြင်းနဲ့ မြေဆီလွှာရေတိုက်စားခြင်းတို့ကို ကြိုတင်ကာကွယ်ရန်လိုပါသည်။
၂။ စပါးသီးနှံ
စိုက်ချိန်အလိုက် စိုက်ပျိုးထားသည့်မိုးစပါး တစ်ဧကအထွက်နှုန်းမြင့်မားဖို့ တနည်းအားဖြင့် မိုးစပါးအောင်မြင်ဖို့အတွက် စဉ်ဆက်မပြတ်စောင့်ကြည့် ဆောင်ရွက်သင့်သည်မှာ လယ်တစ်ကွက်ချင်းအတွင်း အောင်ရေထိန်းသိမ်းရေး ဖြစ်ပါသည်။
အချို့လယ်ကွင်းများမှာ သီးနှံပုံစံအရ ရှေ့သီးနှံ မလွတ်လို့ဖြစ်စေ၊ အကြောင်းကြောင်းကြောင့်ဖြစ်စေ၊ ရေကြီးရေလွှမ်းခဲ့လို့ဖြစ်စေ၊ စိုက်ပြီးကာစ(သို့မဟုတ်) တစ်လခန့် (သို့မဟုတ်) နှစ်လခန့်ရှိပြီဖြစ်ရာ မိုးစပါးအားလုံး၏အသက်အရွယ်ကို ကြီးထွားကာလ အနေဖြင့် ခြုံငုံလိုက်လျှင် နှစ်မျိုးသာဖြစ်ပါမည်။
၁။ ပင်ပိုင်းကြီးထွားသည့်ကာလအတွင်းရောက်ရှိနေသည့် စပါးခင်းများနှင့် ၂။မျိုးပွားပိုင်းကြီးထွားသည့်ကာလအတွင်း ရောက်ရှိနေသည့်စပါးခင်းများ ဖြစ်ပါသည်။
(က) ပင်ပိုင်းကြီးထွားကာလစပါးခင်းများ
အပင်ကြီးထွားသည့်ကာလသည် အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးနှံအရေ အတွက်(Panicles per unit area)များစေရေးကိုအဆုံးအဖြတ်ပြုပါသည်။
သို့ဖြစ်၍ ဆောင်ရွက်သင့်သည်များကို အသိပေးလိုပါသည်။
- ကောက်စိုက်ပြီးတစ်ပတ်အတွင်း လိုအပ်ပါက မဖြစ်မနေကောက်ပင်ဖာပါ။
- မြေခံမြေသြဇာများမထည့်ရသေးပါက ကောက်စိုက်ပြီး ၁၄ ရက်အတွင်း နိုက်ထရိုဂျင်၊ ဖော့စဖရပ်နှင့် ပိုတက်စီယံ မြေသြဇာများကို ကျွေးပေးပါ။
- အပင်ပွားဆဲအချိန်တွင် နိုက်ထရိုဂျင်မြေသြဇာ ကျွေးပေးပါ။ (စပါးအပင်ပွား လှိုင်လှိုင်ပွားစေရေး ဖြစ်ပါသည်)
- ပေါင်းမြက်ကင်းစင်ရေးဆောင်ရွက်ပါ။
- ပိုးမွှားရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပါ။

(ခ) မျိုးပွားပိုင်းကာလစပါးခင်းများ
မျိုးပွားပိုင်းကြီးထွားသည့်ကာလသည် အထွက်မိတ်ဖက်တစ်ခုဖြစ်သော စပါးတစ်နှံ တွင်ပါဝင်သည့်အစေ့အရေအတွက် (Grains per panicle)များရေးကို အဆုံးအဖြတ်ပြုပါသည်။
သို့ဖြစ်၍ ဆောင်ရွက်သင့်သည်များကို အသိပေးလိုပါသည်။
- အနှံသန္ဒေတည်စအချိန်(တနည်း) မှို့ကပ်စအချိန်တွင် နိုက်ထရိုဂျင်မြေသြဇာကို ကျွေးပေးပါ။
- ပေါင်းမြက်ကင်းစင်ရေးဆောင်ရွက်ပါ။
- ပိုးမွှားရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပါ။
(ဂ) မျိုးစေ့ထုတ်စပါးစိုက်ခင်းများ
သာမန်စိုက်ခင်းများမဟုတ်သည့် စီးပွားဖြစ်မျိုးသန့်မျိုးစေ့(Certified Seed)မျိုးစေ့ ထုတ်စိုက်ခင်း၊ ကိုယ့်အားကိုယ်ကိုယ်ကိုးမျိုးသန့်(Good Seed)မျိုးစေ့ထုတ်စိုက်ခင်းများ စသည့် မျိုးစေ့ထုတ်စိုက်ခင်း (Seed Production Field)အားလုံးအတွက် သီးသန့် အသိပေးနှိုးဆော်လိုသည်များ ရှိပါသည်။
ပင်ပွားအများဆုံးထွက်ချိန်၌ မျိုးကွဲများကိုနှုတ်ပယ်မှု စတင်ပါ။
(စိုက်ပျိုးထားသောစပါးမျိုးနှင့် အပင်အရပ်အနိမ့်အမြင့် ခြားနားသောအပင်၊ အပင်ဖြစ်ထွန်းမှုပုံစံ မတူညီဘဲ ပင်စည်စုထောင်ခြင်း၊ ပြန့်ကားခြင်း၊ အရွက်အလျားနှင့်အကျယ်၊ ပင်စည်မှအရွက်ထွက်ပုံ ထောင့်အကျဉ်းအကျယ် ကွာခြားသောအပင်များကို မျိုးကွဲအပင်များဟုမှတ်ယူကာ နှုတ်ပယ်ရန် ဖြစ်ပါ သည်)
စိုက်ခင်းအတွင်း စိုက်ပျိုးသောစပါးမျိုးမဟုတ်သည့် မျိုးလေမျိုးလွင့်များလည်း ပေါက်ရောက်နိုင်သည်ဖြစ်ရာ စနစ်တကျအခါခါစစ်ဆေးနှုတ်ပယ်ပါ။
စက်တင်ဘာလသည် မိုးနှောင်းသီးနှံများရည်မှန်းချက်အတိုင်း ဧရိယာဧက ပြည့်မီအောင်စိုက်ပျိုးရေးနှင့် မိုးစပါးသီးနှံအထွက်နှုန်းမြင့်မားရန် စပါးပင်၏ရောက်ရှိနေသည့် ကြီးထွားကာလအလိုက် အာဟာရကျွေးရေးအပါအဝင် ပြုစုစောင့်ရှောက်မှု လုပ်ငန်းများအတွက် အရေးကြီးသောလဖြစ်ပါသည်။
ဆင်းသီဟ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
စိုက်ပျိုးဗဟုသုတ
Applicable farm inputs (Ad)
ဆုမြတ်နိုး
2 years agoရှေ့အချိုးများတာရွေးဝယ်ပါရှင့်
သန်းမင်းထက်
2 years agoနိုက်ထရိုဂျင်အများဆုံးပါတဲ့ဓါတ်မြေသြဇာကိုလမ်းညွှန်ပါအုံး ကောက်စိုက်ရက်၁၁ရက်သားရပီ ၁ဧကကောင်းကောင်းရှိတယ် ပုလဲ၁၂ပြီကျွေးထားတယ်
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဆင်းသီဟ
See all