စိုက်ပျိုးသုတ မေလ
မေလမှာ မုတ်သုန်လေစတင်ဝင်ရောက်သည်နှင့် မိုးဦးကျပါတော့မည်။ နိုင်ငံအထက် ပိုင်းဒေသများ၌ မိုးဦးသီးနှံများဖြစ်သော နှမ်း၊ မြေပဲ၊ ပြောင်း၊ ပဲမျိုးစုံ စသည့် ယာသီးနှံများကို စတင်စိုက်ပျိုးနိုင်ကြပါတော့မည်။ တစ်ချိန်တည်းတွင် စိုက်ပျိုးထားဆဲ နွေစပါးခင်းများ အပင် ဖြစ်ထွန်းကြီးထွားဖွံ့ဖြိုးရေးကိုလည်း ဆောင်ရွက်ကြရပါဦးမည်။ သို့ဖြစ်၍ မေလဆိုင်ရာ သိရှိ သင့်သည်များကို စိုက်ပျိုးသုတပေးဝေမျှလိုပါသည်။
နွေစပါး
မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွင် စိုက်ပျိုးသော နွေစပါးအများစုသည် ပင်ပိုင်းကြီးထွား မှုအဆင့် (Vegetative Phase) ၌ ရှိနေဆဲဖြစ်သည်။ ဤအဆင့်သည် စပါးအထွက်နှုန်း အလားအလာ ကောင်းမွန်ရန်အတွက် အလွန်အရေးကြီးသော အခြေခံအုတ်မြစ်ဖြစ်ပါသည်။
ပင်ပိုင်းကြီးထွားမှုအဆင့်သည် မျိုးစေ့မှ အပင်ပေါက်ချိန်မှစ၍ မှို့ကပ် (သို့မဟုတ်) သန္ဓေစတင်ဖြစ်ပေါ်ချိန်အထိ ကြာမြင့်သည်။ ဤကာလအတွင်း အပင်၏ ရှင်သန်ကြီးထွားမှု အောင်မြင်ဖြစ်ထွန်းမှသာ နောက်ဆုံးအဆင့်တွင် ပြည့်ဖြိုးသော အနှံများ ဖြစ်ပေါ်စေပြီး အထွက် ကောင်းမွန်စေမည် ဖြစ်ပါသည်။
ထို့ကြောင့် ပင်ပိုင်းကြီးထွားမှုအဆင့်တွင် အထွက်နှုန်းတိုးစေရန်အတွက် အောက်ပါအချက်များကို အလေးထား ဆောင်ရွက်ခြင်းဖြင့် နွေစပါးများ သန်စွမ်းကြီးထွားကာ အထွက်နှုန်းလည်း မြင့်မားနိုင်မည် ဖြစ်ပါသည်။
၁။ မြေသြဇာကျွေးခြင်း
အထူးသဖြင့် အပင်ပွားအများဆုံးထွက်ရှိချိန်တွင် နိုက်ထရိုဂျင်အာဟာရကို အပင်များ အလွယ်တကူရရှိနိုင်အောင် ကျွေးပေးရန် လိုအပ်ပါသည်။
၂။ ရေထိန်းသိမ်းမှု
စိုက်ခင်းအတွင်း အပင်ပွားထွက်နှုန်းကောင်းမွန်စေရန် ရေအနက်ကို ၂ စင်တီမီတာမှ ၅ စင်တီမီတာအတွင်း(အနည်းငယ်သာ) ထားရှိသင့်ပါသည်။
၃။ ပေါင်းမြက်နှိမ်နင်းခြင်း
ကြီးထွားမှုအစောပိုင်းကာလတွင် စပါးပင်ငယ်များသည် အလင်းရောင်နှင့် အာဟာရ အတွက် ပေါင်းမြက်များနှင့် ယှဉ်ပြိုင်ရခြင်းမရှိစေရန် အထူးဂရုပြုရမည်။ လယ်ကွက်အတွင်း ရေပြတ် ပါက ပေါင်းမြက်များ ထူပြောနိုင်သည်ကို သတိပြုပြီး ရေထိန်းသိမ်းမှု ကောင်းမွန် အောင်လည်း ဆောင်ရွက်သင့်ပါသည်။
ဆီထွက်သီးနှံများ (နှမ်းနှင့် မြေပဲ)
မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသ၏ အရေးပါဆုံးသောသီးနှံများမှာ နှမ်းလျင်နှင့် မြေပဲတို့ ဖြစ်ကြသည်။ ထို့ပြင် ယင်းတို့သည် နိုင်ငံ၏ စားသုံးဆီဖူလုံမှုအတွက် အဓိကကျသော အရင်းအမြစ်များလည်း ဖြစ်ပါသည်။
သီးနှံ နှစ်မျိုးလုံးသည် အရေးပါသော်လည်း မြေပဲတွင် ဆီပါဝင်မှုမှာ ၄၀% မှ ၄၅% ခန့်အထိ ရှိပါသည်။
စိုက်ပျိုးချိန်နှင့် မြေတွင်းအစိုဓာတ်
စိုက်ပျိုးခြင်းလုပ်ငန်းကို မေလအစောပိုင်းတွင် စတင်ရွာသွန်းသော မိုးဦးမိုးဖြင့် စတင်သင့်သည်။ သို့သော် စိုက်ပျိုးမည့်အချိန်ကို သေချာစွာ ချိန်ဆရန် လိုအပ်ပါသည်။ မျိုးစေ့မချမီ မြေဆီလွှာတွင် အစိုဓာတ် လုံလောက်စွာရရှိရန် စောင့်ဆိုင်းရမည် ဖြစ်ပါသည်။ အကြောင်းမှာ စိုက်ပျိုးပြီး နောက်ပိုင်း မိုးပြတ်ခြင်းနှင့် စိုက်ပျိုးပြီးစကာလတွင် အစိုဓာတ်မလုံလောက်ပါက အပင်ပေါက် မညီခြင်း (စိုက်ခင်းအတွင်း ကွက်တိကွက်ကြားဖြစ်ခြင်း)၊ အပင်ကြီးထွားမှု နှေးကွေးခြင်း၊ သေကြေပျက်စီးခြင်းနှင့် သီးနှံအထွက်နှုန်း ကျဆင်းခြင်း ဆိုးကျိုးများ ဖြစ်ပေါ်နိုင် သည်ကို သတိပြုရန် လိုအပ်ပါသည်။
စိုက်ပျိုးနည်းစနစ်များ
၁. နှမ်းလျင်စိုက်ပျိုးခြင်း
နှမ်းလျင်သီးနှံအထွက်နှုန်းအများဆုံး ရရှိရန်အတွက်-
မျိုးစေ့ရွေးချယ်ခြင်း– အပင်ပေါက်နှုန်း ၈၀% ရှိသော မျိုးစေ့ကို အသုံးပြုပါ။
မြေပြင်ခြင်း– အစိုဓာတ်နှင့် ရေရရှိမှု ညီညွတ်စေရန် မြေမျက်နှာပြင်ကို ညီညာအောင် အထူးဂရုပြု ပြင်ဆင်ပါ။
ရေနုတ်မြောင်း– နှမ်းလျင်သီးနှံသည် ရေဝပ်ခြင်းကို မခံနိုင်သဖြင့် စနစ်တကျရှိသော ရေနုတ်မြောင်းများ ပြုလုပ်ထားရန် လိုအပ်ပါသည်။
အပင်ပြုစုခြင်း– အပင်ငယ် ၆ ရွက်ထွက်ချိန်တွင် သားခွဲခြင်း (Thinning) ပြုလုပ်ပေးပါ။ ပေါင်းနှိမ်နင်းခြင်း-အပင်ငယ်စဉ်တွင် ပေါင်းမြက်များကို စနစ်တကျ ရှင်းလင်းပေးရန် လိုအပ်သည်။
၂. မြေပဲစိုက်ပျိုးခြင်း
မြေပဲသီးနှံအထွက်နှုန်းအများဆုံး ရရှိရန်အတွက်-
မျိုးစေ့ရွေးချယ်ခြင်း– အပင်ပေါက်နှုန်း ၈၀% ရှိသော မျိုးစေ့ကို ရွေးချယ်ပါ။
မျိုးစေ့လူးနယ်ခြင်း – မစိုက်ပျိုးမီ မျိုးစေ့များကို ရိုင်ဇိုဘီယမ် (Rhizobium) နိုက်ထရိုဂျင်ဖမ်း ဘက်တီးရီးယားနှင့် လူးနယ်ပေးသင့်သည်။ သို့မှသာ အပင်အတွက် လိုအပ်သော နိုက်ထရိုဂျင်ဓာတ်ကို ရရှိစေမည် ဖြစ်သည်။
မျိုးစေ့အတိမ်အနက်– အပင်ပေါက်ကောင်းစေရန် မျိုးစေ့ကို မြေအောက် ၂ လက်မခန့် အနက်တွင် စိုက်ပျိုးရမည်။
ပေါင်းမြက်နှိမ်နင်းခြင်း– အပင်ငယ်စဉ်တွင် အာဟာရနှင့် အလင်းရောင်အတွက် အပင်နှင့် ယှဉ်ပြိုင်မစားနိုင်စေရန် ပေါင်းမြက်များကို အချိန်မီ ရှင်းလင်းပေးရန် ဖြစ်သည်။
သီးထပ်သီးနှံပုံစံအတွက် ပထမသီးနှံ
မေလသည် သီးထပ်သီးနှံပုံစံချမှတ်၍ နှစ်သီး(သို့မဟုတ်)သုံးသီး စိုက်ပျိုးနိုင်သည့် ဒေသများအတွက် စိုက်ပျိုးနှစ်အတွင်း ပထမသီးနှံစတင်စိုက်ပျိုးနိုင်သည့်လ ဖြစ်သည်။ သီးထပ်သီးနှံပုံစံအတွက် ပထမသီးနှံရွေးချယ်မှုသည် သီးထပ်သီးနှံပုံစံတစ်ခုလုံး အောင်မြင်ရေး အတွက် အရေးကြီးသည်။ သို့ဖြစ်၍ စိုက်ပျိုးသည့်ပထမသီးနှံသည် အသက်လျင်၊ အထွက်ကောင်း ပြီး စျေးကွက်ရှိသောမျိုး ဖြစ်သင့်ပါသည်။
အသက်လျင်သောပထမသီးနှံကို ရွေးချယ်စိုက်ပျိုးခြင်းဖြင့် သီးထပ်သီးနှံပုံစံ၏ အဓိကသီးနှံဖြစ်သော မိုးစပါးကို ဇူလိုင်တွင် စိုက်ပျိူးနိုင်မည်။ မိုးစပါးရိတ်သိမ်းပြီးသည်နှင့် ဆောင်းသီးနှံကို နိုဝင်ဘာတွင် စိုက်ပျိုးနိုင်မည်။ ဤသို့ဖြင့် မိုးစပါးမတိုင်မီတွင် မိုးဦးသီးနှံနှင့် မိုးစပါးအပြီးတွင်လည်း ဆောင်းသီးနှံကို အောင်မြင်စွာ စိုက်ပျိုးနိုင်မည် ဖြစ်ပါသည်။
မေလမှစတင်သည့် သီးထပ်သီးနှံပုံစံအတွင်းရှိ သီးနှံအားလုံးအထွက်ကောင်းပြီး စိုက်ပျိုး ထုတ်လုပ် ကုန်ကျစရိတ်ထက် သီးနှံရောင်းချဝင်ငွေကပိုကာ စိုက်ပျိုးသူတောင်သူများအားလုံး လယ်ယာစိုက်ပျိုးအကျိုးအမြတ်ရှိကြစေလိုပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
စိုက်ပျိုးဗဟုသုတ
Applicable farm inputs (Ad)
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဆင်းသီဟ
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....