စိုက်ပျိုးသုတ ဇူလိုင်လ
ဇူလိုင်လတွင် အပင်ဖြစ်ထွန်းသည့် ယာသီးနှံများကို ပြုစုဂရုစိုက်ရန် လိုအပ်သည်များရှိသကဲ့သို့ မိုးရွာသွန်းမှုနည်းပါးမှုကြောင့် ဇူလိုင်မိုးခေါင် (July Drought) အပြီးတွင်မှ ရွာသွန်းသည့် မိုးရေကို စောင့်ဆိုင်းစိုက်ပျိုးရမည့် ယာသီးနှံများလည်း ရှိနိုင်ပါသည်။
မိုးရွာသွန်းမှုနှင့် ဆည်ရေ/ သွင်းရေရရှိမှုအရ ပျိုးထောင်မည့် စပါးသီးနှံ၊ စတင် စိုက်ပျိုးမည့်စပါးသီးနှံနှင့် ရိတ်သိမ်းမည့် စပါးသီးနှံများလည်း ရှိမည်ဖြစ်ပါသည်။
ဖော်ပြပါ အခြေအနေအရပ်ရပ်ရှိသည့် သီးနှံများနှင့် ပတ်သက်၍ ဆောင်ရွက်သင့်သည်များကို အသိပေး ရေးသားလိုပါသည်။
၁။ ယာသီးနှံများ
စိုက်ပျိုးထားသည့် ယာသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် အောက်ပါတို့ကို ဆောင်ရွက်ရန်ဖြစ်ပါသည်။
နှမ်းလျင်သီးနှံ
- အပင်ဖြစ်ထွန်းချိန်နှင့် ပန်းပွင့်ချိန်/ အသီးစတင်ဖြစ်ပေါ်ချိန်များ၌ မြေကြီးထဲတွင် လုံလောက်သော အစိုဓာတ်ရှိချိန် နိုက်ထရိုဂျင်မြေသြဇာထည့်သွင်းပေးပါ။
- မြေသြဇာမကျွေးမီ စိုက်ခင်းအတွင်းရှိ ပေါင်းမြက်များကို ရှင်းလင်းပါ။
- ဘက်ပေါင်းစုံကာကွယ်နှိမ်နင်းရေးနည်းစနစ်များ လုပ်ဆောင်ပါ။
ပဲတီစိမ်းသီးနှံ
- အပင်ကြီးထွားချိန်နှင့် သီးပွင့်ချိန်တို့တွင် နိုက်ထရိုဂျင်မြေသြဇာနှင့် ပိုတက်စီယမ် မြေသြဇာများကို ကျွေးပေးပါ။
- လိုအပ်ပါက ရွက်ဖြန်းမြေသြဇာများ အသုံးပြုပါ။
- မြေသြဇာမကျွေးမီ စိုက်ခင်းအတွင်းရှိ ပေါင်းမြက်များကို ရှင်းလင်းပါ။
အစေ့ထုတ်ပြောင်းသီးနှံ
- (၃)ပတ်သားကြားထွန်လိုက်စဥ်နှင့် (၅- ၆)ပတ်သားဘောင်တင်ချိန်များတွင် နိုက်ထရိုဂျင်မြေသြဇာနှင့် ပိုတက်စီယမ်မြေသြဇာများကို ကျွေးပေးပါ။
- မြေသြဇာမကျွေးမီ အပင်ခြေရှိ ပေါင်းမြက်များကို ရှင်းလင်းပါ။
- အပင်ပေါက်ပြီး တစ်လသားအတွင်း ပေါင်းမြက်ကင်းစင်ရေးနှင့် ရေမဝပ်စေရေး ဆောင်ရွက်ပါ။
- ဘက်ပေါင်းစုံကာကွယ်နှိမ်နင်းရေးနည်းစနစ်များ လုပ်ဆောင်ပါ။
မိုးမြေပဲသီးနှံ
- စိုက်ပြီးတစ်လသားအတွင်း ကြားပေါင်းလိုက်ခြင်း၊ လက်ပေါင်းလိုက်ခြင်းနှင့် ကြားတိုက်ခြင်းတို့ကို အပြီးဆောင်ရွက်ပါ။
- နိုက်ထရိုဂျင်မြေသြဇာနှင့် ပိုတက်စီယမ်မြေသြဇာတို့ကို အပင်ကြီးထွားချိန်၊ အစိုဓာတ်ရှိချိန်တွင် မြေသြဇာဆုံးရှုံးမှုနည်းစေရန် အကြိမ်ခွဲ၍ကျွေးပါ။
- မြေသြဇာမကျွေးမီ စိုက်ခင်းအတွင်း ပေါင်းမြက်ကို ပြောင်အောင်ရှင်းပါ။
- လိုအပ်ပါက ရွက်ဖြန်းမြေသြဇာများ အသုံးပြုပါ။
- ဘက်ပေါင်းစုံကာကွယ်နှိမ်နင်းရေးနည်းစနစ်များ လုပ်ဆောင်ပါ။
ယခုအချိန်ထိ သေချာရေရာနိုင်လောက်သည့် မိုးရွာသွန်းမှုအခြေအနေမရှိသောကြောင့် မိုးရာသီယာသီးနှံများ စိုက်ပျိုးနိုင်ခြင်းမရှိသေးပါက စောင့်ဆိုင်းပြီး ဇူလိုင်မိုးခေါင် (July Drought)အပြီး မိုးလှိုင်လှိုင်ပြန်လည်ရွာသွန်းမှသာ ယာသီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးသင့်သည်။ (မိုးဦးယာသီးနှံများကို မိုးလယ်ယာသီးနှံများအဖြစ် ပြောင်းလဲစိုက်ပျိုးခြင်းပင် ဖြစ်ပါသည်။)

၂။ မိုးစပါးသီးနှံ
ပျိုးထောင်ခြင်း
အထွက်ကောင်းစပါးမျိုးသည် သက်တမ်းအလိုက် အနှံထွက်ရင့်မှည့်သောသဘာဝ ရှိသည်။ စပါးအပြီး သီးထပ်သီးနှံကို စိုက်ချိန်မှန်တွင် စိုက်ပျိုးနိုင်ရေးအတွက် ပျိုးထောင် ချိန် နောက်မကျဖို့လိုပါသည်။
ရာသီစပါးမျိုးက အလင်းရောင်တုန့်ပြန်မှုရှိ(Potoperiod Sensitive)သဖြင့် ပန်းပွင့်သည့်ရက်ပုံသေ(Date fixed)ဖြစ်သည်။ မျိုး၏သဘာဝအရ ပျိုးထောင်ချိန် စောသည်ဖြစ်စေ နောက်ကျသည်ဖြစ်စေ စပါးပန်းပွင့်သည့်ရက်မှာ ပုံသေဖြစ်သဖြင့် စိုက်ချိန်မှန်မှသာ ပုံမှန်စပါးအထွက်ကို ရရှိနိုင်မည်ဖြစ်ပါသည်။
သို့ဖြစ်၍-
- ပျိုးခင်းတွင် ကောင်းစွာဆွေးမြေ့သောသဘာဝမြေသြဇာများ ထည့်သွင်းပါ။
- အထွက်ကောင်းစပါးမျိုးများနှင့် အလင်းရောင်တုံ့ပြန်မှုရှိသည့်ရာသီစပါးမျိုး အားလုံး ဇူလိုင်လကုန် နောက်ဆုံးထား၍ ပျိုးထောင်ပြီးစီးရေး ကြိုးစားပါ။
ရွှေ့ပြောင်းစိုက်ခြင်း
- စိုက်ခင်းတွင် ကောင်းစွာဆွေးမြေ့သောသဘာဝမြေသြဇာများ ထည့်သွင်းပါ။
- ပျိုးသက် (၂၀-၂၅)ရက်သားတွင် လက်ဆ(၂-၃)ပင်ကို ပျိုးပင်အနက် (၁.၅”)ထက် မနက်စေဘဲ စိုက်ပျိုးပါ။
- မျိုးစေ့(Seed)ထုတ်ကွက်များကို ၆ တန်း ၁ တန်းလှပ် စိုက်ပျိုးပါ။
တိုက်ရိုက်မျိုးစေ့ချခြင်း
- စိုက်ခင်းတွင် ကောင်းစွာဆွေးမြည့်သောသဘာဝမြေသြဇာများ ထည့်သွင်းပါ။
- အခြောက်ထယ်ရေး အခြောက်မျိုးစေ့ချစနစ်(Dry Direct Seeded Rice Method) ဖြင့် ကြဲပက်(သို့မဟုတ်)အတန်းလိုက် စိုက်ပျိုးနိုင်သည်။
- သို့မဟုတ် အစိုတမန်းပြင်ပြီး တိုက်ရိုက်မျိုးစေ့ချစနစ် (Wet Direct Seeded Rice Method)ဖြင့် ကြဲပက် (သို့မ ဟုတ်) အတန်းလိုက် စိုက်ပျိုးနိုင်သည်။
ဤနည်းများဖြင့် စိုက်ပျိုးသောစပါးခင်းများတွင် စပါးပင်နှင့် ပေါင်းမြက်ပင် များသည် တစ်ပြိုင်တည်း ပေါက်ရောက်ကြီးထွားရန် အခွင့်အလန်းရရှိနေသည်။ သို့ဖြစ်၍-
- (၁) ပေါင်းမြက်ကင်းစင်စေရေး အထူးဂရုပြုပါ။
- (၂) လယ်ကွက်အတွင်း ရေမပြတ်စေရန် ဂရုပြုပါ။ ရွာသွန်းလာသော မိုးရေကို စုဆောင်းသိုလှောင်ပါ။
စပါးစိုက်ပျိုးရာတွင် အသုံးပြုမည့်မျိုးစေ့နှင့်ပတ်သက်၍လည်း အကြံပြုလို ပါသည်။
- ရေမြေဒေသနှင့် ကိုက်ညီ ပိုးမွှားရောဂါကင်းစင် အရည်အသွေးကောင်းမျိုးများကို အသုံးပြုပါ။
- စပါးမျိုးစေ့တွင် မျိုးကွဲသန့်စင်၊ အပင်ပေါက်နှုန်းကောင်းပါစေ။
- မျိုးစေ့နှုန်းကို ပျိုးထောင်ကောက်စိုက်စပါးခင်းအတွက် တစ်ဧကလျင် တစ်တင်းနှုန်း၊ တိုက်ရိုက်မျိုးစေ့ချ စပါးခင်းအတွက် ( ၁.၅ မှ ၂ ) တင်းနှုန်း အသုံးပြုပါ။
၃။ နွေစပါးသီးနှံ
ဧပြီလဝန်းကျင်တွင် စိုက်ပြီး ဇူလိုင်မှာ ရိတ်သိမ်းမည့်နွေစပါးများ အထွက်စွမ်းရည် အပြည့်အဝရရှိရေးအတွက်-
- ပန်းပွင့်ပြီး (၂၅-၃၅) ရက်အကြာ (သို့) စပါးနှံများ၏ (၈၅%) ခန့်ရင့်မှည့်ချိန်(သို့) စပါးနှံ၏ အနည်းဆုံး ၃/၄ ခန့် အဝါရောင်သို့ပြောင်းချိန်တွင် ရိတ်သိမ်းပါ။
- ရိတ်သိမ်းပြီး ၂၄ နာရီအတွင်း အစိုဓာတ်ကျဆင်းစေရန် ခြောက်၍ သန့်ရှင်းသော မိုးကာစ၊ ပလပ်စတစ်ပေါ်တွင် စပါးကို အခြောက်ခံပါ။
ဇူလိုင်လသည် စိုက်ပျိုးရေးနှစ်၏ အစောပိုင်းကာလဖြစ်သဖြင့် ယာသီးနှံ၊ မိုးစပါး သီးနှံစသည့် ပထမသီးနှံများ စိုက်ချိန်မှန်ရေး၊ အပင်ဖြစ်ထွန်းရေးတို့အတွက် အရေးပါသောလ ဖြစ်သည်။ သို့ဖြစ်၍ စိုက်ပျိုးအောင်မြင်အောင် ဆောင်ရွက်ကြရန် အသိပေး နှိုးဆော်အပ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
စပါးစိုက်ပျိုးနည်း
Topic 2
စိုက်ပျိုးဗဟုသုတ
Applicable farm inputs (Ad)
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဆင်းသီဟ
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....