ငါးတန်ဆေးထိုးသားဖောက်နည်းနှင့် ငါးသားပေါက်ပြုစုနည်း
ငါးတန်ငါးမျိုးသည်မဲခေါင်မြစ်၏မျိုးရင်းဖြစ်ပြီး ကန်တွင်းမွေးမြူရာ၌ မျိုးပွားခြင်းမရှိပါ။
- မျိုးပွားလိုပါက မျိုးငါးများကိုကန်အတွင်းပြုစုမွေးမြူပြီး မျိုးပွားရာသီ၌ ဆေးထိုး သားဖောက်နည်းဖြင့်ဖောက်ယူကာသားပေါက်များထုတ်လုပ်ရသည်။
- အသက်၂ နှစ်မှ ၃ နှစ်အတွင်း မျိုးပွားရန်အတွက် အရွယ်ရောက်ကြသည်။
- အထီးများက အမများထက်အရွယ်ရောက်စောသည်။ အနွေးပိုင်းဒေသ၌ အရွယ်ရောက်ပိုစောကြသည်။
ငါးတန်များကို တနှစ်အတွင်း အကြိမ်များစွာ ဖောက်ယူနိုင်သည်။

ဆေးထိုးသားဖောက်နည်း
- ဆေးထိုးသားဖောက်မျိုးပွားရန်အတွက် သင့်တော်သောမျိုးငါးမ၊ မျိုးငါးထီးများကို ပြုစုကန်မှရွေးချယ်ကြရသည်။
- ရေအပူချိန် 26°C မှ 31°C အတွင်း သားဖောက်ရန် သင့်တော်ပါသည်။ မျိုးငါးမ၊ ငါးထီးများကိုချိန်တွယ်ပြီး သီးခြားခွဲခြား၍ ခြင်ထောင် (သို့မဟုတ်) ရေ ၂ ပေခန့်ရှိသော အုတ်ကန်ထဲတွင် ထားရှိရမည်။
- မျိုးငါးမများကို Ovaprim ဟော်မုန်းထိုးဆေးတစ်ကောင်လျှင် 0.4 ml / kg နှုန်းနှင့်အထီးများကိုမူ 0.2 mg / kg နှုန်းဖြင့် ထိုးပေးရသည်။
- ဆေးထိုးပြီး ၁ဝ နာရီခန့်အကြာတွင် ငါးမများကို ဥညှစ်ခြင်း(Stripping) ပြုလုပ်ရန်အဆင့်သင့်ဖြစ်ပြီဖြစ်၍ ငါးမများ၏ ဦးခေါင်းပိုင်းကို ရေစိုအဝတ်စဖြင့်ဖုံးအုပ်၍ ဥများကို ဇလုံများထဲသို့ ညှစ်ယူရသည်။
- ထို့နောက် ငါးထီးကိုလည်း ခေါင်းကို ရေစိုအဝတ်စဖြင့်ဖုံးအုပ်၍ မျိုးရည်ကို ညှစ်ယူကာ ဇလုံထဲရှိ ငါးဥများပေါ်သို့ကျစေပြီး ကြက်တောင်ဖြင့်ကောင်းစွာသမအောင်မွှေကာ ရောစပ်ပေးရပါမည်။။ ၁ မိနစ်၂ မိနစ်ခန့်မွှေပေးရပါမည်။

- ထို့နောက်ယင်းဥများပေါ်သို့ (ဆား + Carbamide ) ဖျော်ရည်ကို ဥများမြုပ်သည်ထိ လောင်းပေးမွှေထားပေးပြီး ယင်းဖျော်ရည်ဖြင့် ၂ ကြိမ်ခန့်ဆေးကြောပေးရပါမည်။
- ဆက်လက်၍ ဥများကို မကပ်စေရန်Tunnin ဆေးဖျော်ရည် (5gm /10 lit) ထဲသို့ လောင်းထည့်ပြီး ၅ စက္ကန့်ခန့်မွှေပေးပြီးနောက် ရေသန့်ဖြင့်ကောင်းမွန်စွာဆေးကြောပေးရမည်။ ထိုအခါဥများ၏ စေးကပ်မှုပျောက်သွားလိမ့်မည်။
- ထို့နောက်ဥဖောက်ရေလည်ကတော့များထဲသို့ ထည့်သွင်းဖောက်ယူနိုင်ပါသည်။ ဥဖောက်ရေလည်ကတော့ထဲ၌ ရေအပူချိန် 28°C မှ 31°C အတွင်း၂၄ နာရီမှ ၃၆ နာရီအကြာတွင်ဥမှငါးမှုန်များပေါက်လာမည်။
- ငါးမှုန်များမှာ ၂ ရက်အတွင်း ဥအစာအိတ်ကုန်ခမ်းသွားမည်ဖြစ်၍ အမြန်ဆုံးပြုစုရန်မြေသားကန်ထဲသို့ ထည့်သွင်းရမည်ဖြစ်သည်။
- ဥမှပေါက်ပြီး ၃၆ နာရီအတွင်း မြေသားကန်ထဲသို့ ထည့်ပေးရမည်ဖြစ်သည်။
- ငါးမှုန်ပြုစုကန်မြေကန်များအတွင်းသို့ အော်ဂဲနစ်မြေဩဇာများ ကြိုတင်ထည့်သွင်းပြီး သတ္တမျှော (Monia)များကို ပွားများလာအောင် ပြုလုပ်ပေးရမည်။ကန်ထဲသို့လွှတ်လိုက်သောငါးမှုန်များက ပထမဆုံး အစာအဖြစ်သတ္တမျှော(Moina) များကို စားသုံးကြမည် ဖြစ်သည်။
- (၁၀)ရက်ခန့်အကြာ၌ ငါးမှုန်စာအဖြစ် ငါးပေါင်းမှုန့် ၅၀%နှင့် ဖွဲနုကို ရောစပ်ကာ ၃၅% ပရိုတိန်းအစာအဖြစ် တစ်နေ့ ၂ ကြိမ်မှ ၃ ကြိမ်ခန့် ကျွေးပေးရပါမည်။ ၁ လခန့်မြေသားကန်ထဲ၌ပြုစုပြီးနောက် ၁၄ လက်မအရွယ်သို့ ရောက်ရှိနိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Swe Mg. Mg
2 months agoဆေးကဘယ်မြို့နယ်မှာရောင်းလဲ
ဝေယံ
1 year agoကျေးဇူးတင်ပါတယ် ငရန့်သားဖောက်နည်းလေးလဲ သိချင်ပါတယ် ဆရာ
နေပိုင်
3 years agoငခူးဆေးထိုးနည့်လေးမျှဝေပေပါဆရာ
Aung Myint Naing
4 years agoသားပေါက် လိုချင်တယ် ဘယ်မှာရမလဲဗျ
kyaw Htet
4 years agolivefood (monia) culture လေးပါ တစ်ပါတည်း ဖော်ပြပေးပါ
Related questions
ငါးကို ဆေးထိုးသာဖောက်တာဘယ်လိုဆေးကိုအသုံပြုလဲငါးရဲ့ဘယ်နေရာကိုထိုးရလဲ ဘယ်လောက်ccထိုးပေးရလဲ
Swe Mg. Mg • 4 answers
ငါးခူသားပေါက် ၂လက်မဆိုဒ်တေ ၂ရက်အတွင်းသေတာ ၅၀၀ရှိပါပြီ ဘာကြောင့်ဖြစ်တာလဲယ ဘာဆေးသူံးပေးရမလဲဗျာ
Tun Tun Naing • 0 answers
ငါးမြစ်ချင်း သားပေါက်ဖေါက်နည်းသိချင်ပါတယ် ခင်ဗျာ
စိုးထိုက်အောင် • 1 answers
goldfish fry သားပေါက်လေးတွေပါ သိချင်တာကတော့ မွေးမြူရေး ငါးသားဖောက်တဲ့အခါ ငါးသားပေါက်လေးတွေ ကိုဘယ်အစာကျွေးလဲ လမ်းညွှန်ပေးပါ
မင်းမခ • 1 answers
ငါးခူသားပေါက် ဘယ်မှာဝယ်လို့ရလဲ ရန်ကုန်ကပါ
ဦးချစ်ကောင်း • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Rio Amora
See all
ငါးမွေးမြူရေးကန်၏ရေအရည်အသွေး၊ မြေအရည်အသွေးနမူနာများအားဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရာတွင် လိုအပ်သည့်အချက်များ
06/06/2022
ငါးရံ့ဆေးထိုးသားဖောက်မွေးမြူနည်း
30/05/2022
ငါးမွေးမြူရေးအတွက် သင့်လျော်သော ကန်အောက်ခြေမြေသားကို ပြုပြင်စီမံခြင်း
24/05/2022
ငါးပြေမဆေးထိုးသားဖောက်မွေးမြူခြင်း
19/05/2022
ငါးမွေးမြူရေးနှင့် ရေအရည်အသွေးစီမံခန့်ခွဲမှု အပိုင်း(၂)
13/05/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....