ငါးပြေမဆေးထိုးသားဖောက်မွေးမြူခြင်း
ငါးပြေမသည် မြန်မာလူမျိုးများကြိုက်နှစ်သက်သော တိုင်းရင်းငါးမျိုးဖြစ်ပြီး မြစ်၊ချောင်း၊ အင်း၊ အိုင်၊ သဘာ၀ရေပြင်များတွင် အများအပြားတွေ့ရှိရသည်။
အရသာကောင်းမွန်ခြင်း၊ အသားဓာတ်များပြားခြင်း၊ အစာချေဖျက်လွယ်ခြင်း စသည်တို့ကြောင့် မြန်မာလူမျိုးများ နှစ်ခြိုက်စွာစားသုံးကြသည်။
ငါးပြေမငါးများသည် ပါးဟပ်၏အတွင်းပိုင်းတွင် အပိုလေရှူအင်္ဂါပါသောကြောင့် ကုန်းပေါ်တွင်အသက်ရှူ၍ သွားလာနိုင်သည်။ ထို့ကြောင့်အောက်ဆီဂျင်အနည်းငယ်သာလိုအပ်၍ ကောင်ရေပမာဏ များစွာထည့်သွင်းမွေးမြူနိုင်သည်။
မိုးရာသီအခြေအနေတွင် မြေပေါ်သို့တွယ်တက်သွားလာတတ်သဖြင့် မွေးမြူထားသောကန်ပတ်ပတ်လည်တွင် ဇာပြာများလုံခြုံစွာ ကာထားရန် လိုအပ်သည်။
မျိုးပွားခြင်း
- တစ်နှစ်သားအရွယ်တွင် အရွယ်ရောက်၍ မျိုးပွားရာသီမှာ ဇွန်လမှ စက်တင်ဘာလအထိဖြစ်သည်။
- မျိုးငါးအမများသည် ဥများတည်ရှိ၍ ၀မ်းဗိုက်များဖောင်းကားနေသည်။ အရွယ်အားဖြင့် ၁၀၀ ဂရမ် ၀န်းကျင်တွင် ဥရင့်မှည့်၍ အရွယ်ရောက်သည်။
- မျိုးငါးအမ၏ အလေးချိန်ကိုလိုက်၍ ဥအရေအတွက် ကွာခြားမှု ရှိနိုင်သည်။ ဥအလေးချိန် ၁ ဂရမ်တွင် ဥအလုံးရေ ၃၅၀ မှ ၄၀၀ အထိ ရှိသည်။
မျိုးငါးအထီးများသည် အရွယ်ရောက်ချိန်တွင် အမများထက် အကောင်ပိုသေးသည်။
ငါးအထီးများသည် အရွယ်ရောက်ချိန်တွင် ၀မ်းဗိုက်မှ စအိုဘက်သို့ ဖြည်းညင်းစွာ ညှစ်ကြည့်ပါက မပျစ်မကျဲ မျိုးရည်ထွက်လာသည်ကို တွေ့ရှိရသည်။

ဆေးထိုးသားဖောက်ခြင်း
- ငါပြေမ အထီးနှင့်အမအား (၁:၁)အချိုးဖြင့်ဆေးထိုးသားဖောက်သည်။
- မျိုးငါးအထီးနှင့်အမများအား ဟော်မုန်းဆေး (Suprefact+Motilium) အားတစ်ကြိမ်ထိုးပြီးနောက် ၆နာရီအကြာတွင် မိတ်လိုက်ဥချပါသည်။
- ငါးပြေမ၏သန္ဓေအောင်ဥများသည်ရေပေါ်တွင်ပေါ်လေ့ရှိသည်။ သန္ဓေအောင်ပြီးဥသည် ရေအပူချိန် ၃၀ ဒီဂရီ စင်တီဂရိတ်တွင် ၁၈ နာရီအတွင်း ဥမှအကောင်ပေါက်ပါသည်။
၁ရက်သားအရွယ် ငါးမှုန်များသည် ရေပေါ်ပေါ်နေပါသည်။ ၃ ရက်သားတွင်ရေအောက်၌ကူးခတ်၍ အစာစတင်စားပါသည်။
သားလောင်းပြုစုခြင်း
- ငါးပြေမ ငါးမှုန်များအား ကြက်ဥအနှစ်ကို ကျွေးမွေးရပါမည်။
ထို့နောက် အသားတိုးကန်သို့ပြောင်းရွေ့မွေးမြူရပါမည်။
မြေသားကန်အရွယ် ၀.၂၅ ဧကတွင် ငါးပြေမငါးမှုန် ၁.၅သိန်း ထည့်သွင်းမွေးမြူနိုင်ပါသည်။
- အသားဓာတ် ၄၀%ရှိသော အစာများကို တစ်ရက်လျှင် ၃ ကြိမ်နှုန်းဖြင့် ကျွေးမွေးရပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျော်ကျော်
2 years agoဘာစာမှမတွေ့
အောင်ခန့်
2 years agoထောက်ကြံ မှာရပါတယ်
နေပိုင်
3 years agoဆေးထိုးအက်ဆိုဒ်နဲ့ဆေးရန်ကုန်အတွင်ဘယ်မှာဝယ်လိုရနိင်လဲဗျ
Related questions
ငါးမွေးချင်လို့ပါ ဘယ်လိုငါးအမျိုးအစားမွေးရင်ကောင်းမလဲ အကြံပေးကြပါအုံး၏
yeaung • 1 answers
ဘာငါးမွေးသင့်လဲ ကန်က တူပြီးသားရှိတယ်
Tann Ta • 1 answers
ငါးအခုမှစမွေးမှာမို့လို့ စျေးကွက်ထဲရောင်းရဆူံး ငါးမျိုးစိတ်နဲ့ အစာကျွေးရလွယ်တဲ့ငါးမျိုး ဘယ်ငါးမျိုးမွေးရမလည်းဗျာ့ အကြံဉာဏ်ပေးကြပါအုံးဗျာ့
Nay Ye Thwin • 1 answers
ပုစွန်မွေးမြူနည်း
Than Htut Oo • 2 answers
ငါးကိုအသေနည်းပါးပီးကြီးထွားနှုန်းကောင်းအောင်ဘယ်လိုမွေးသင့်ပါသလဲ
MYO HLAING WIN • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Rio Amora
See all
ငါးတန်ဆေးထိုးသားဖောက်နည်းနှင့် ငါးသားပေါက်ပြုစုနည်း
10/06/2022
ငါးမွေးမြူရေးကန်၏ရေအရည်အသွေး၊ မြေအရည်အသွေးနမူနာများအားဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရာတွင် လိုအပ်သည့်အချက်များ
06/06/2022
ငါးရံ့ဆေးထိုးသားဖောက်မွေးမြူနည်း
30/05/2022
ငါးမွေးမြူရေးအတွက် သင့်လျော်သော ကန်အောက်ခြေမြေသားကို ပြုပြင်စီမံခြင်း
24/05/2022
ငါးမွေးမြူရေးနှင့် ရေအရည်အသွေးစီမံခန့်ခွဲမှု အပိုင်း(၂)
13/05/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....