ရေချိုပုစွန် စနစ်တကျ သားဖောက်နည်း
ရေချိုပုစွန် သားဖောက်ရာတွင် ကိုယ်တိုင် သားဖောက်မွေးမြူခြင်းနှင့် သားပေါက်ဝယ်ယူမွေးမြူခြင်းအနက် ကိုယ်တိုင် သားဖောက်မွေးမြူခြင်းက သားပေါက်လိုအပ်သလောက်ကို ထုတ်လုပ်မွေးမြူနိုင်သည့် အားသာချက်ရှိသည်။ ပုစွန်သားဖောက်ရာတွင် ပထမဆုံး ဥကပ်ပုစွန်ကို ရွေးချယ်ရမည်။ ဥကပ်ပုစွန်သည်အလေးချိန် ၅၀ ဂရမ်အထက် ရှိရမည်။ အဆိုပါ ဥကပ်ပုစွန်တုပ်မများကို သဘာဝ မြစ်၊ချောင်း၊ အင်း၊ အိုင်များမှ လည်းကောင်း၊ မွေးမြူရေးကန်များမှ လည်းကောင်း ရနိုင်သည်။ ဥကပ်ပုစွန်တုပ်ကို ရွေးချယ်ရာတွင်လည်း ဥပြည့်နေသော ပုစွန်မကြီးများ၊ ဥအညိုရင့်ရောင်ရှိနေသည့် ဥကပ်ပုစွန်မကြီးမျိုးကို ရွေးချယ်ရမည်။ ဥကပ်ပုစွန်မကြီးများအတွက် ရေသည် သန့်စင်ဖို့လိုသည်။ ရေသန့်စင်ဖို့ ရေလဲပေးခြင်း၊ အောက်ဆီဂျင်ဖြည့်ပေးခြင်းတို့ ပြုလုပ်ပေးရသည်။ ဥကပ်ပုစွန်ကို သယ်ယူရာတွင် အထူးဂရုစိုက်ဖို့လိုသည်။ သယ်ယူစဥ်အထိအခိုက်မရှိအောင် ဂရုစိုက်ဖို့ လိုသလို ဥများပျက်စီးမှု မရှိအောင်၊ သေကျေခြင်း မရှိအောင် အထူးဂရုစိုက်ရသည်။
သယ်ယူရာတွင် သယ်ယူသည့်ပုံး၊ သို့မဟုတ် အခြားသယ်ယူသည့်ပစ္စည်းသည် မျက်နှာပြင်ကျယ်ရမည်။ သယ်ယူမည့်ပစ္စည်းအတွင်းရှိရေသည် ၂လီတာ အထက်ရှိဖို့လိုသည်။ ထိုကဲ့သို့ စနစ်တကျ သယ်ယူမှသာ ဥကပ်ပုစွန်တုပ်မကြီးများ အသေအကျေနှင့် အထိအခိုက်နည်းမည်ဖြစ်သည်။ ဥကပ်ပုစွန်တုပ်မကြီးများ၏ ခန္ဓာကိုယ်ကို သန့်ရှင်းစေရန် ဖော်မလင်ဆေးရည် ၁၀ မှ ၂၀ ပီပီတီ ပါသော အသင့်ပြုပြင်ထားသော ကန်အတွင်း မိနစ် ၃၀ သို့မဟုတ် မိနစ် ၆၀ အထိ ထားပေးရမည်။
ဥကပ်ပုစွန်တုပ်မကြီးမှ ဥချပြီး တစ်ပတ်အတွင်း ဥမှ သားလောင်းလေးများ ပေါက်လာသည်။ ဥကပ်ပုစွန်တုပ်မအား အစာအဖြစ် အာလူး၊အုန်းသီး၊ ကန်စွန်းဥအစိမ်း၊ ဖော်စပ်စာတို့ကို ကျွေးပေးရသည်။ အစာကျန်များကို ဖယ်ထုတ်ပေးခြင်း၊ ရေကို ၂၅ ရာခိုင်နှုန်း လဲပေးခြင်းတို့ ပြုလုပ်ပေးရသည်။

သားလောင်းထိန်းသိမ်းခြင်း
ပုစွန်သားလောင်းများကို သုံးရက်မြောက်နေ့တွင် မှန်လှောင်အိမ်တစ်ဖက်ကို ချန်၍ ပတ်ပတ်လည်ကို အမှာင်ချထားပေးရသည်။ ထိုအခါ သားလောင်းများသည် တစ်ဖက်ချန်ထား၍ အလင်းရောင်ရှိသောနေရာတွင် လာစုကြသည်။ ထိုသားလောင်းများကို ပလတ်စတစ်ပိုက်အပျော့ကိုအသုံးပြု၍ ပလတ်စတစ်ပုံးထဲသို့ ရွှေ့ပြောင်းကာ ကောင်ရေကို ခန့်မှန်းရသည်။ ထိုသားလောင်းများကို သားလောင်းပြုစုကန်အတွင်း ထည့်သွင်းပြုစုပေးရသည်။
သားလောင်းထိန်းသိမ်းပြုစုရာတွင် ရေသည် အဓိကဖြစ်သည်။ ရေသန့်စင်ဖို့ လိုသည်။ ရေသန့်စင်စနစ်ကို အသုံးပြုပြီး သားလောင်းထည့်သွင်းမွေးမြူသည့်စနစ် နှစ်မျိုးရှိသည်။
(၁) တိုက်ရိုက်ထည့်သွင်း မွေးမြူခြင်း
ဤစနစ်သည် ဥကပ်ပုစွန်တုပ်မကြီးမှ ပေါက်လာသောသားလောင်းများကို သားပေါက်ကန်အတွင်းသို့ သတ်မှတ်သားပေါက်နှုန်းအတိုင်း တိုက်ရိုက်ထည့်သွင်း မွေးမြူပြုစုခြင်း ဖြစ်သည်။ ဥပမာ- ငါးတန်သားလောင်းပြုစုကန်အတွင်း တစ်ကန် ၃၀၀၀၀ ထည့်မည်ဆိုလျှင် ငါးတန်ကန်ဆိုလျှင် သားလောင်း ၁၅၀၀၀၀ ကို တိုက်ရိုက်ထည့်၍ သားပေါက်ပြန်ရသည်အထိ မွေးမြူခြင်း သို့မဟုတ် ရောင်းတန်းဝင်သည်အထိ မွေးမြူခြင်းမျိုးဖြစ်သည်။
(၂) အဆင့်ခွဲမွေးမြူခြင်း
ဤစနစ်သည် ဥကပ်ပုစွန်တုပ်မကြီးမှ ပေါက်လာသည့် သားလောင်းများကို ပထမအဆင့် သားလောင်းပြုစုကန်အတွင်း ၁၀ ရက်ခန့် ပြုစုမွေးမြူပြီးမှ သားပေါက်ပြုစုကန်သို့ ပြန်ခဲ့ပြီး ဒုတိယအဆင့်အနေဖြင့် သာမန်ထည့်နှုန်းအတိုင်း ကန်အတွင်းသို့ထည့်၍ မွေးမြူခြင်းဖြစ်သည်။ ပထမအဆင့် ငါးတန်ကန်အတွင်း သားလောင်းကောင်ရေ ၃၀၀၀၀၀ ထည့်ပြီး ၁၀ ရက်ကြာ ပြုစုပေးပြီး နောက်တစ်ခါ အဆိုပါသားလောင်းများကို ကန်နှစ်ကန်သို့ ပြောင်းထည့်ရသည်။ ထိုအခါ ပထမအဆင့်မှာ သားလောင်း ၃၀၀၀၀၀ မှ ဒုတိယအဆင့် ကန်နှစ်ကန်သို့ ထည့်သဖြင့် တစ်ကန်လျှင်သားလောင်းကောင်ရေ ၁၅၀၀၀၀ ခန့် ဖြစ်သွားသည်။
သားပေါက်ပြုစုနည်း
သားလောင်းများအား သားလောင်းကန်မှ ဖမ်းဆီးပြီး အဆင်သင့်ပြင်ထားသော သားပေါက် ကန်အတွင်း ပြောင်းရွှေ့ထည့်ပေးရသည်။ သားပေါက်ကန်သို့ သယ်ယူရာတွင် သယ်ယူမှု စနစ်မကျပါက သေကျေပျက်စီးနိုင်သည်။ သယ်ယူပြီး ချက်ချင်း မဖြစ်သော်လည်း နောက်ရက်များတွင် သေကျေပျက်စီးမှု ဖြစ်နိုင်သည်။ သားပေါက်ကန်အတွင်းသို့ ရွှေ့ပြောင်းလာသောကြောင့် ပထမဆုံး အသုံးပြုမည့် ရေအငန်နှုန်းမှာ ၈ ပီပီစီသာ ရှိရပါမည်။ ထို့နောက် နှစ်ရက်အကြာ ရေဟောင်းများထုတ်၍ ရေသစ်လဲပေးရသည်။ အစာအဖြစ် ငါးမှုန့်ကို တစ်နေ့လျှင် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ကျွေးရမည်။ အစာကြွင်းအစာကျန်များကို ရှင်းလင်းပေးရမည်။ သားပေါက်များကို သားပေါက်ပြုစုကန်အတွင်း နှစ်ရက်ခန့်ထားပြီးနောက် အသားတိုးမွေးမြူမည့် စခန်းသို့ ပို့ဆောင်ပေးရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
thann linn zaw
8 months agoသားပေါက်ခါစအကောင်ငယ်လေးတွေကိုဘယ်လိုဆေးဝါးမျိုးနဲ့ထိန်းသိမ်းသင့်ပါသလဲ
min kyaw zay ya
9 months agoလုပ်ကြည့်မယ်နော်
Related questions
ငါးကို ဆေးထိုးသာဖောက်တာဘယ်လိုဆေးကိုအသုံပြုလဲငါးရဲ့ဘယ်နေရာကိုထိုးရလဲ ဘယ်လောက်ccထိုးပေးရလဲ
Swe Mg. Mg • 4 answers
ငါးခူသားပေါက် ၂လက်မဆိုဒ်တေ ၂ရက်အတွင်းသေတာ ၅၀၀ရှိပါပြီ ဘာကြောင့်ဖြစ်တာလဲယ ဘာဆေးသူံးပေးရမလဲဗျာ
Tun Tun Naing • 0 answers
ငါးမြစ်ချင်း သားပေါက်ဖေါက်နည်းသိချင်ပါတယ် ခင်ဗျာ
စိုးထိုက်အောင် • 1 answers
goldfish fry သားပေါက်လေးတွေပါ သိချင်တာကတော့ မွေးမြူရေး ငါးသားဖောက်တဲ့အခါ ငါးသားပေါက်လေးတွေ ကိုဘယ်အစာကျွေးလဲ လမ်းညွှန်ပေးပါ
မင်းမခ • 1 answers
ငါးခူသားပေါက် ဘယ်မှာဝယ်လို့ရလဲ ရန်ကုန်ကပါ
ဦးချစ်ကောင်း • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....