ငါးမွေးမြူရေးအတွက် သင့်လျော်သော ကန်အောက်ခြေမြေသားကို ပြုပြင်စီမံခြင်း
ကန်တစ်ကန်၏ငါးထုတ်လုပ်မှု ပမာဏကို ကန်၏အောက်ခြေမြေသားများက ကောင်းမွန်စွာအဆုံးအဖြတ်ပေးပါသည်။ ကောင်းမွန်သော သက်ရှိအစာများ ထုတ်လုပ်ခြင်းသည် ကန်အောက်ခြေတွင်ရှိသော မြေဩဇာဓာတ်ရရှိမှုပေါ်တွင် မူတည်ပါသည်။
မွေးမြူရေးကန်များတွင် ကန်အောက်ခြေမြေသားနှင့်ပတ်သက်၍ ပြဿနာများရှိသဖြင့် ကန်အောက်ခြေမြေသားကို ပြုပြင်ထိန်းသိမ်းရန် နည်းစနစ်များ ပေါ်ပေါက်လာပါသည်။
မြေသားအမျိုးအစား
ငါးကန်များ၏ ရေဩဇာဓာတ်ကောင်းမွန်ရန်အတွက် မြေတွင်ပါ၀င်သော မြေဩဇာဓာတ် ကောင်းမွန်မှုသည် အလွန်အရေးကြီးသည်။ အလွန်သဲဆန်သောမြေဖြစ်ပါက ဩဇာဓာတ်များ စိမ့်ထွက်သွားနိုင်ပြီး အလွန်ရွှံ့ဆန်သောမြေဖြစ်ပါက ဩဇာဓာတ်များကို စုပ်ယူထိန်းသိမ်းထားနိုင်ပါသည်။
သဲဆန်သောမြေတွင် ကန်တည်ဆောက်ထားပါက သဘာ၀မြေဩဇာများကို မြောက်များစွာ ထည့်ပေးခြင်းဖြင့် ရေစိမ့်ထွက်ဆုံးရှုံးမှုကို ထိန်းသိမ်းပေးပါသည်။
အက်စစ်ဆန်သောမြေသား
ကန်အောက်ခြေမြေသားများတွင် အက်စစ်ဓာတ်လွန်ကဲစွာပါခြင်း၊ ထုံးဓာတ် လွန်ကဲစွာပါ၀င်ခြင်းတို့ စသည်ဖြင့်အမျိုးမျိုးဖြစ်နိုင်သည်။
ကန်အောက်ခြေမြေသား၏ ချဉ်ငန်နှုန်း pH သည် ၆ မှ ၈ အတွင်းမှာ စံနှုန်းအတိုင်းအတာဖြစ်သည်။
အက်စစ်ဓာတ်ဆန်သော မြေသားကန်သည် ထုံးဓာတ်နှင့် ရေစေးနှုန်းနိမ့်ကျသည်။ အလူမီနီယမ်နှင့် သံဓာတ်တို့ မြင့်မားစွာပါ၀င်တက်သည်။ အက်စစ်ဓာတ်များသောကန်သည် ကန်ရေဩဇာ မကောင်းနိုင်ပါ။ ထုံးထည့်ပေးခြင်းဖြင့် အက်စစ်ဓာတ်ဆန်သောမြေသားကန်ရှိ ရေဩဇာဓာတ်ပြည်၀စေသော တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ ထုံးဓာတ်သည် ချဉ်ငန်နှုန်းကောင်းသော မြေပေါ်တွင်ကြာမြင့်စွာ အကျိုးသက်ရောက်စေပါသည်။

ကန်အောက်ခြေမြေသားအားအခြောက်ခံခြင်း
ငါးမွေးမြူရေးမပြုလုပ်ခင် ကန်အောက်ခြေမြေသားအား၂ စင်တီမီတာခန့် အက်ကွဲခြောက်သွေ့သည်အထိ မဖြစ်မနေ အခြောက်ခံရပါသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် မြေသားအတွင်းသို့ အောက်စီဂျင်၀င်ရောက်လာကာ အန္တရာယ်ဖြစ်စေနိုင်သော အော်ဂဲနစ်ပစ္စည်းများနှင့် ပိုးမွှားများကိုပျက်စီးစေပါသည်။
မြေသားကို ရက်ပိုမိုရှည်ကြာစွာ အခြောက်ခံခြင်းဖြင့် မြေသားရှိ ပိုးမွှားများ၏ဥများနှင့် ၎င်းတို့၏ သားလောင်းများကိုပျက်စီး လျော့နည်းစေပါသည်။
ကန်အခြောက်ခံခြင်းကို ရက်သတ္တပတ် ၂ ပတ် ၃ ပတ်အထိ ဆောင်ရွက်ပါက အကောင်းဆုံးဖြစ်သည်။ မြေသားအတွင်းသို့ အောက်စီဂျင်ရရှိစေရန်အတွက် အခြောက်ခံထားသောမြေသားကို ထယ်ထိုး၍ မြေလှန်ရပါမည်။ ထို့နောက်ထုံးကြဲပတ်၍ ရေထည့်ကာ ငါးမွေးမြူရန်အတွက် အဆင်သင့်ပြုလုပ်လို့ရပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
မူလအီးအမ်ဆိုတာဘာလဲ။ ဘယ်လိုဟာမျိုးကို ပြောတာလဲ?
Kotori Min • 3 answers
ဝက်
danulay • 1 answers
OEM တေ ဘယ်မှာ လွယ်ကူစွာ ရရှိနိင်လဲဗျ လမ်းညွှန်ပေးကြပါအုံးဗျာ
karenma • 1 answers
ဒီငါးကိုဘယ်လိုမွေးရမှာလဲ သိချင်လို့ပါဗျ
ဂျိုးလေး • 1 answers
ထိုင်းငါးပြေမ စမွေးချင်လို့ပါဗျ ဖိုက်ဘာကန်နဲ့ မွေးလို့ရမရ ဘယ်လိုပုံ ဘယ်လိုနည်းဆောင်ရွက်ရမဘည်းသိချင်ပါတယ်။ သိရှိသူ မွေးမြူဖူးသူများ နည်းလမ်းအကြံဥာဏ်ပေးကြပါခင်ဗျ
ဖြိုးသန့်ကျော် • 0 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Rio Amora
See all
ငါးတန်ဆေးထိုးသားဖောက်နည်းနှင့် ငါးသားပေါက်ပြုစုနည်း
10/06/2022
ငါးမွေးမြူရေးကန်၏ရေအရည်အသွေး၊ မြေအရည်အသွေးနမူနာများအားဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရာတွင် လိုအပ်သည့်အချက်များ
06/06/2022
ငါးရံ့ဆေးထိုးသားဖောက်မွေးမြူနည်း
30/05/2022
ငါးပြေမဆေးထိုးသားဖောက်မွေးမြူခြင်း
19/05/2022
ငါးမွေးမြူရေးနှင့် ရေအရည်အသွေးစီမံခန့်ခွဲမှု အပိုင်း(၂)
13/05/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....