တီလားပီးယားငါး စနစ်တကျသားပေါက်ထုတ်လုပ်နည်း (၁)
၁။ တီလားပီးယားသားပေါက်ထုတ်လုပ်ရန် လိုအပ်ချက်များ
တီလားပီးယားသားပေါက်ထုတ်လုပ်ရန်အတွက် အခြေခံလိုအပ်ချက်များမှာ-

- (က) လုံလောက်သော မျိုးငါးအရေအတွက်ကို ထိန်းထားရန်နှင့် မွေးမြူပြုစုထားရှိရန်အတွက် မြေသားကန်နှင့် အုတ်ကန်များ၊
- (ခ) သားဖောက်ရန်အတွက် ပိုက်လှောင်အိမ်၊ အုတ်ကန် (သို့မဟုတ်) ဖိုင်ဘာရေလှောင်ကန်များ၊မြေသားကန်များ၊
- (ဂ) သားလောင်းနှင့် သားပေါက်ပြုစုရန်အတွက် ပိုက်လှောင်အိမ်၊ အုတ်(သို့မဟုတ်) ဖိုင်ဘာရေလှောင်ကန်များ၊ မြေသားကန်များ၊
- (ဃ) ငါးသားပေါက်များ မဖြန့်ဖြူးမီ ဖမ်းဆီးကိုင်တွယ်ရေတွက်မှုဒဏ်မှ ပြန်လည်ကောင်းမွန်လာစေရန်နှင့် ငါးသားပေါက်များ ကျင့်သားရစေရန် ပိုက်လှောင်အိမ်နှင့် အုတ်ရေလှောင်ကန်များ၊
- (င) ရေလည်စနစ်ဖြင့် ငါးသားဖောက်ခြင်းစနစ်(အသုံးပြုနိုင်မည်ဆိုပါက)
- (စ) ရေဖြည့်တင်းမှု(သို့မဟုတ်)ရေပေးစနစ်၊
- (ဆ) လေပေးစနစ်(အသုံးပြုနိုင်မည်ဆိုလျှင်)
- (ဇ) ဇလုံ၊ ရေပုံး၊ ရေခွက်များ၊
- (စျ) ငါးသားပေါက်ဆွဲပိုက်များ၊ ဒိုင်းဝန်းများ၊ သားပေါက်များ အရွယ်ခွဲသည့်ပုံးနှင့် ဆန်ကာများ၊
- (ည) ငါးသားပေါက်ငါးသန်အရွယ်နှင့် ငါးဖျန်းအရွယ်များကို ချိန်တွယ်နိုင်မည့်ချိန်ခွင်ကောင်းကောင်းတစ်ခု၊
- (ဋ) ငါးသားပေါက်များ ထုပ်ပိုးမည့် အသုံးအဆောင်ပစ္စည်းများ(လေအိုး၊ လေပိုက်၊ ပလတ်စတစ်၊သားရေကွင်း၊ ငါးသားပေါက်ချိန်ခွင်၊ ဖော့ပုံး(သို့မဟုတ်)ကတ္ထူစက္ကူပုံး၊
- (ဌ) ငါးသားပေါက်များ ထုပ်ပိုးခြင်းနှင့် တင်/ချ ပြုလုပ်မည့်နေရာ
စသည်တို့ လိုအပ်ပါသည်။
၂။ မျိုးငါးကန်
- (က) တီလားပီးယားမျိုးငါးကန်သည် ရေရယူနိုင်သော ရေအရင်းအမြစ်နှင့် နီးသောနေရာတွင် ရှိရပါမည်။
- (ခ) ၎င်းကန်သည် ရေသွင်းရေထုတ်ပြုလုပ်ရန် အဆင်ပြေလွယ်ကူပြီး ဆိတ်ငြိမ်သောပတ်ဝန်းကျင်နှင့် သယ်ယူပို့ဆောင်ရေး လွယ်ကူအဆင်ပြေသောနေရာ ဖြစ်ရပါမည်။
- (ဂ) ယေဘုယျအားဖြင့် တီလားပီးယားသားဖောက်မည့် မြေသားကန်သည် ဧရိယာအနေဖြင့် ၁၄၀၀-၄၀၀ဝ မီတာ ပတ်လည်ခန့် (၀.၃၅ ဧကအရွယ်မှ ၀.၉၉ ဧက) ရှိရပါမည်။
- (ဃ) မျိုးငါးများထည့်သွင်းပြီးနောက် များမကြာမီ ကန်ရေအနက်ကို(၁.၄-၁.၅)မီတာ ထည့်သွင်းဖြည့်တင်းပြီးထိန်းထားပါက ပိုမိုကောင်းမွန်ပါသည်။
- (င) မိတ်လိုက်ဥချသားပေါက်ချိန်တွင် ကန်ရေအနက်ကို (၀.၈-၁.၅)မီတာအနက်သို့ လျှော့ချရပါမည်။သို့သော် နွေရာသီအပူချိန်မြင့်မားသော ကာလအတွင်း ကန်ရေအနက်ကို (၁.၂-၁.၄)မီတာသို့ ဖြည့်တင်းမြှင့်တင်ထားပါက ကောင်းမွန်ပါသည်။
- (စ) ကန်ပုံစံသည် စတုဂံပုံဖြစ်ရမည်ဖြစ်ပြီး တောင်-မြောက် တန်းလျက်ရှိသောကန်ဘောင်ထက် အရှေ့-အနောက်တန်းနေသော ကန်ဘောင်က ပိုမိုရှည်ရမည်ဖြစ်ပါသည်။
- (ဆ) မျိုးငါးများ အသိုက်ပြုလုပ်ခြင်းနှင့် ဥချခြင်းပြုလုပ်နိုင်ရန် ကန်ရေအနက်သည် ကန်ဘောင်နှင့် နီးကပ်သည့်နေရာတွင် တိမ်ရမည်ဖြစ်သည်။
- (ဇ) ကန်၏အောက်ခြေမျက်နှာပြင်သည် ပြန့်ဖြူးညီညာ၍ ကန်အလယ်သို့ ချိုင့်ဝင်နေသောအနေအထား ရှိရပါမည်။
- (စျ) ကန်အောက်ခြေအနည်များသည် နုန်းမြေ(သို့မဟုတ်) သဲနုန်းမြေ အမျိုးအစားဖြစ်ရပါမည်။
- (ည) ကန်အတွင်းဘက်ကန်ဘောင်နှင့် နီးကပ်သောနေရာ ရေတိမ်ပိုင်းတွင် မြက်ရိုင်းများပေါက်နေပါက ငါးသားပေါက်များ ပိုက်ဆွဲဖမ်းဆီးရာတွင် အဆင်မပြေမှုများ ဖြစ်နိုင်ပါသည်။
၃။ သားဖောက်ခြင်းပြုလုပ်ရန် မြေသားကန်၊ အုတ်ကန် (သို့မဟုတ်) ပိုက်လှောင်အိမ်

- (က) တီလားပီးယားသားဖောက်ခြင်းပြုလုပ်မည့် မြေသား - ကန်များသည် ရေအရင်းအမြစ်နှင့် နီးကပ်သောနေရာတွင် တည်ရှိရမည်ဖြစ်ပြီး မျိုးငါးကန်များ၊ ပြုစုကန်များတို့နှင့် နီးကပ်သောနေရာတွင် ရှိရမည်ဖြစ်သည်။
- (ခ) ပတ်ဝန်းကျင်ဆိတ်ငြိမ်ပြီး သယ်ယူပို့ဆောင်ခြင်း အဆင်ပြေသည့်နေရာ၊ ရေသွင်းရေထုတ်ပြုလုပ်ရန် အဆင်ပြေသည့်နေရာဖြစ်ပါက ပိုမိုကောင်းမွန်ပါသည်။
- (ဂ) ယေဘုယျအားဖြင့် တီလားပီးယားသားဖောက်မည့် မြေသားကန်ဧရိယာအကျယ်အဝန်းသည် ၁၀၀၀-၄၀၀၀ မီတာပတ်လည်ခန့် (၀.၂၅ ဧကအရွယ်မှ ၀.၉၉ ဧက)ရှိရပါမည်။
- (ဃ) ကန်အရွယ်ကြီးလွန်းခြင်း(သို့မဟုတ်)သေးငယ်လွန်းခြင်းဖြစ်ပါက သားပေါက်များပြန်လည်ဖမ်းယူခြင်း (သို့မဟုတ်) ကန်ရေအရည်အသွေး ပြုပြင်ထိန်းသိမ်းစီမံခန့်ခွဲရန် အဆင်မပြေနိုင်ပါ။
- (င) မိတ်လိုက်ဥချသားပေါက်ချိန်တွင် ကန်ရေအနက်ကို (၀.၈ - ၁.၅) မီတာအနက်တွင် ထိန်းထားနိုင်ပါက ပိုမိုကောင်းမွန်ပါသည်။ သို့သော် နွေရာသီအပူချိန်မြင့်မားသောကာလအတွင်း ကန်ရေအနက်ကို (၁.၂-၁.၄)မီတာသို့ ဖြည့်တင်းမြှင့်တင်ထားပါက ကောင်းမွန်ပါသည်။
- (စ) ကန်ပုံစံသည် စတုပံပုံဖြစ်ရမည်ဖြစ်ပြီး တောင်-မြောက်တန်းလျက်ရှိသော ကန်ဘောင်အလျားထက် အရှေ့-အနောက်တန်းနေသော ကန်ဘောင်အလျားက ပိုမိုရှည်ရမည်ဖြစ်ပါသည်။
- (ဆ) မျိုးငါးများ အသိုက်ပြုလုပ်ခြင်းနှင့် ဥချခြင်းပြုလုပ်နိုင်ရန် ကန်ရေအနက်သည် ကန်ဘောင်နှင့် နီးကပ်သည့်နေရာတွင် တိမ်ရမည်ဖြစ်သည်။
- (ဇ) ကန်၏ အောက်ခြေမျက်နှာပြင်သည် ပြန့်ဖြူးညီညာ၍ ကန်အလယ်သို့ ချိုင့်နေသော အနေအထားရှိရပါမည်။
- (စျ)ကန်အောက်ခြေအနည်များသည် နုန်းမြေ(သို့မဟုတ်)သဲနုန်းမြေ အမျိုးအစား ဖြစ်ရပါမည်။
ရေးသားသူ-ပင်လယ်ပြာ(ငါးဦးစီး)
Ref; ငါးလုပ်ငန်းသင်တန်းကျောင်းမှ ပို့ချသော အချက်အလက်များ။
(အပိုင်း-၂ တွင် သားဖောက်ရုံ၊ ငါးသားပေါက်ပြုစုခြင်းနှင့် ငါးဖျန်းအရွယ်မွေးမြူခြင်း စသည်တို့ကို ဆက်လက်ဖော်ပြပေးပါမည်။)
Related questions
ငါးကို ဆေးထိုးသာဖောက်တာဘယ်လိုဆေးကိုအသုံပြုလဲငါးရဲ့ဘယ်နေရာကိုထိုးရလဲ ဘယ်လောက်ccထိုးပေးရလဲ
Swe Mg. Mg • 4 answers
ငါးခူသားပေါက် ၂လက်မဆိုဒ်တေ ၂ရက်အတွင်းသေတာ ၅၀၀ရှိပါပြီ ဘာကြောင့်ဖြစ်တာလဲယ ဘာဆေးသူံးပေးရမလဲဗျာ
Tun Tun Naing • 0 answers
ငါးမြစ်ချင်း သားပေါက်ဖေါက်နည်းသိချင်ပါတယ် ခင်ဗျာ
စိုးထိုက်အောင် • 1 answers
goldfish fry သားပေါက်လေးတွေပါ သိချင်တာကတော့ မွေးမြူရေး ငါးသားဖောက်တဲ့အခါ ငါးသားပေါက်လေးတွေ ကိုဘယ်အစာကျွေးလဲ လမ်းညွှန်ပေးပါ
မင်းမခ • 1 answers
ငါးခူသားပေါက် ဘယ်မှာဝယ်လို့ရလဲ ရန်ကုန်ကပါ
ဦးချစ်ကောင်း • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025