မြန်မာ့တိုင်းရင်းငါးမျိုးစိတ် ငါးဖိန်းငါးဆေးထိုးသားဖောက်နည်း
မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ အင်းလေးကန်တွင်သာတွေ့ရသော မြန်မာ့တိုင်းရင်းငါးမျိုးစိတ် ငါးဖိန်းသည် အင်းလေးကန်၏ပုံရိပ်ဖြစ်ပြီး “အင်းသားငါး”ဟုလည်း ခေါ်လေ့ရှိကြသည်။

ငါးဖိန်းငါးကို ၁၉၁၈ ခုနှစ်တွင် Annandale မှ ရှာဖွေတွေ့ ရှိခဲ့ပြီး ငါးဖိန်း၏သိပ္ပံအမည်မှာ Cyprinus intha ဖြစ်ပါသည်။ ငါးဖိန်းငါးမျိုးသည် မျိုးသုဉ်းပျောက်ကွယ်လုနီးပါးရင်ဆိုင်နေရ၍ (International Union for Conservation of Nature-IUCN) Red List အဖြစ် ၂၀၁၁ ခုနှစ်တွင်ပြဌာန်းခဲ့ပါသည်။
ငါးဖိန်းငါး၏ ခန္ဓာဗေဒအချက်အလက်များ
- ငါးဖိန်းငါး၏ ခန္ဓာကိုယ်ပေါ်တွင် အကြေးခွံများပါရှိပြီး ဦးခေါင်းတွင်မူ အကြေးခွံမရှိပေ။ ပတ်ဝန်းကျင်အပူချိန် (၂၀-၃၀) ဒီဂရီစင်ဂရိတ်ကို နှစ်သက်ကြသည်။
- ငါးဖိန်းငါး၏နှုတ်ခမ်းသည် ဝက်နှုတ်ခမ်းနှင့်ဆင်တူပြီး မြေကိုဆွ၍အစာကို ရှာဖွေစားတတ်ကြသည်။ ထို့ကြောင့် ငါးဖိန်းရှိသောကန်ရေသည် နောက်ကျိနေတတ်သည်။
- ငါးဖိန်းငါး၏ အမြီးရေယက်နှင့် စအိုရေယက်တို့တွင် ဓားသွားကဲ့သို့ထက်မြက်သော ဇောင်းများပါရှိသည်။အလယ်လိုင်းကြေးခွံ စုစုပေါင်း(၂၅-၂၈) ခုအတွင်းသာ ပါရှိသည်။
- ပါးစပ်တွင် နှုတ်ခမ်းမွေး(၂)စုံပါရှိပြီး နှုတ်ခမ်းမှာစွေစောင်းပြီး အောက်မေးရိုး ငေါထွက်နေသည်။
- ငါးဖိန်းငါး၏ခန္ဓာကိုယ်အရောင်မှာ စိမ်းညိုရောင်၊ ငွေညိုရောင်ရှိကြသည်။
- ငါးဖိန်းငါးမျိုးသည် အစုံစားသော(Omnivorous)ငါးမျိုးဖြစ်ပြီး အစာစားသောအလေ့အကျင့်တွင်(၂၀)မီလီမီတာအရွယ် သားပေါက်သည် အပင်နှင့်အကောင်မျှောလှေးများကိုစားသောငါးမျိုး (Planktonic feeder) ဖြစ်သည်။
- ၁၀ စင်တီမီတာ ငါးသန်များသည် ပိုးကောင်များ၊ တီကောင်များ၊ အပင်၊ အသီးအရွက်အဆွေးအမြည့်များကိုစားသည်။
ငါးဖိန်းငါးသားဖောက်ခြင်း
- ငါးဖိန်းများသည် တစ်နှစ်ပတ်လုံးမျိုးပွားပြီး ဇန်နဝါရီလမှ ဧပြီလအတွင်းမျိုးပွားရန် အမြင့်ဆုံးအချိန် ဖြစ်ပါသည်။
- မျိုးပွားချိန်တွင် ငါးအဖိုနှင့်အမကို အလွယ်တကူ ခွဲခြားနိုင်ပါသည်။
ဆေးထိုးသားဖောက်နည်း
- ငါးဖိန်းသားဖောက်ရန်အတွက် ဗေဒါပင်ကိုအသုံးပြုနိုင်သည်။
- သားဖောက်မည့်ငါးကန်သည် အောက်ခြေတွင်ရွှံ့နွံများမရှိရန်နှင့် ရေသန့်ရှင်းရန်အထူးလိုအပ်သည်။ ရေမကောင်းပါက ဥများပုပ်သွားနိုင်သည်။
- မျိုးငါးများအား ညနေ(၆)နာရီခန့်တွင် ဟော်မုန်းဆေးထိုး၍ မိတ်လိုက်ဥချကန်အတွင်း ရေပန်းချ၍ လွှတ်ပေးထားသင့်သည်။
- နောက်တစ်နေ့မနက်(၂)နာရီခန့်တွင် ငါးများစတင်၍မိတ်လိုက်ပြီး (၄-၅)နာရီခန့်တွင် ဥများစတင် ဥချပါသည်။
- မနက်(၇)နာရီခန့်တွင် မျိုးငါးများကို ပိုတက်ဆီယမ်ပါမက်ဂနိတ်(KMnO4) ကို ၅ မိနစ်ခန့်စိမ်ပေးပြီး သီးခြားပြုစုကန်များအတွင်းသို့ ပြန်လွှတ်ပေးသင့်သည်။
- ဥကပ်ဗေဒါပင်များအားသီးခြားသားဖောက်ရန် အသင့်ပြင်ဆင်ထားသောသားဖောက်ကန်အတွင်း ပြောင်းပေးရပါမည်။
ငါးဖိန်းငါးသားပေါက်များအား အစာကျွေးနည်း
- သားဖောက်ပြီး(၃-၆)ရက်အကြာတွင် အပူချိန်ပေါ်မူတည်ပြီး ငါးများဥမှ အကောင်ပေါက်ပါမည်။
- ဥမှပေါက်စငါးကလေးများအား အစာကျွေးရန် မလိုသေးပေ။
- ငါးဖိန်းငါးမှုန်များသည် ငါးရံ့သားပေါက်များကဲ့သို့ နီရဲသည်။
- ဥမှအကောင်ပေါက်ပြီး(၃)ရက်မြောက်နေ့တွင် ပဲဖတ်ကိုရေစိမ်၍ ကန်အနှံ့ ဖျန်းပေးရမည်။
- ၁၀ ရက်ခန့်ကြာလျှင် ဖွဲနုနှင့်ပဲဖတ်ကို (၃ : ၁ အချိုး) ရောစပ်၍ ကန်အနှံ့ ထပ်မံဖျန်းပက်ပေးရမည်။
- အစာကို နံနက်နေထွက်ချိန်(၈)နာရီခန့်တွင် ကျွေးရပါမည်။
- ပုံမှန်အားဖြင့် ငါးဖိန်းငါးမျိုး၏သက်တမ်းသည်(၉)နှစ်မှ (၁၅) နှစ်အထိရှိပြီး သက်တမ်းအရှည်ဆုံး ၄၇ နှစ်ထိရှိကြောင်း လေ့လာသိရှိရပါသည်။
ငါးဖိန်းငါး သားဖောက်ထုတ်လုပ်ခြင်း၏ အောင်မြင်မှုများ
ငါးဖိန်းငါးမျိုးအား ညောင်ရွှေငါးလုပ်ငန်းစခန်းမှ ၂၀၀၅ ခုနှစ်တွင်စတင်၍ အောင်မြင်စွာသားဖောက်ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ် ငါးမျိုးသစ်သုတေသနပြုစမ်းသပ်သားဖောက်ထုတ်လုပ်ဆုကို ညောင်ရွှေငါးလုပ်ငန်းစခန်းမှ ရရှိခဲ့၍ နှစ်စဉ်အင်းလေးကန်နှင့် ရေဝေရေလဲဒေသများသို့ ငါးဖိန်းသားပေါက်များအား ငါးမျိုးစိုက်ထည့်ပေးလျက်ရှိပါကြောင်း တိုင်းရင်းငါးဖိန်းငါးအကြောင်းကို လေ့လာမိသမျှ ရေးသားလိုက်ရပါသည်။
Ref; ငါးလုပ်ငန်းဦးစီးဌာန။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Swe Mg. Mg
2 months agoဘာဆေးထိုးရတာလဲ
Related questions
ငါးကို ဆေးထိုးသာဖောက်တာဘယ်လိုဆေးကိုအသုံပြုလဲငါးရဲ့ဘယ်နေရာကိုထိုးရလဲ ဘယ်လောက်ccထိုးပေးရလဲ
Swe Mg. Mg • 4 answers
ငါးခူသားပေါက် ၂လက်မဆိုဒ်တေ ၂ရက်အတွင်းသေတာ ၅၀၀ရှိပါပြီ ဘာကြောင့်ဖြစ်တာလဲယ ဘာဆေးသူံးပေးရမလဲဗျာ
Tun Tun Naing • 0 answers
ငါးမြစ်ချင်း သားပေါက်ဖေါက်နည်းသိချင်ပါတယ် ခင်ဗျာ
စိုးထိုက်အောင် • 1 answers
goldfish fry သားပေါက်လေးတွေပါ သိချင်တာကတော့ မွေးမြူရေး ငါးသားဖောက်တဲ့အခါ ငါးသားပေါက်လေးတွေ ကိုဘယ်အစာကျွေးလဲ လမ်းညွှန်ပေးပါ
မင်းမခ • 1 answers
ငါးခူသားပေါက် ဘယ်မှာဝယ်လို့ရလဲ ရန်ကုန်ကပါ
ဦးချစ်ကောင်း • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025