ငုံးစနစ်တကျ မွေးမြူနည်း အပိုင်း (၂)
မြန်မာနိုင်ငံတွင်ရှိသော ငုံးမျိုးများ၊ မွေးမြူနည်းနှင့် ငုံးခြံတည်ဆောက်နည်းတို့ကို အပိုင်း (၁) တွင်ဖော်ပြခဲ့ပြီး ဖြစ်သောကြောင့် ဆက်လက်ပြီး ငုံးအစာကျွေးမွေးမှုနည်းစနစ်၊ ငုံးတစ်ကောင်၏ တစ်ရက် ပျှမ်းမျှ အစာစားနှုန်း၊ ကျန်းမာရေးစောင့်ရှောက်မှုအကြောင်းတွေကို ဆက်လက်ဖော်ပြပေးလိုက်ပါသည်။
ငုံးအစာကျွေးမွေးမှုစနစ်
- ငုံးများကိုအစာကျွေးမွေးရာ၌ စနစ်တကျရောစပ်ကျွေးမွေး ပါက အာဟာရဖြစ်ထွန်းပြီး ‘ဥ’ ဥနှုန်း မြင့်မားလာပါမည်။
- ပြောင်း၊ ဆန်ကွဲ၊ ပဲဖတ်၊ နှမ်းဖတ်နှင့် ငါးမှုန့်တို့သည် ငုံးများအတွက် အာဟာရဓာတ်ကြွယ်ဝသော အဓိက အစာများဖြစ်ကြပါသည်။
- သတ္တုဓာတ်နှင့် ဗီတာမင်များကလည်း မပါမဖြစ် အရေးပါလှပေသည်။ ဗီတာမင်ဓာတ်ချို့တဲ့ပါက ဥ ဥနှုန်းကျဆင်းကာ ဥ သက်တမ်းလည်း တိုတောင်းလာပါသည်။
- ငုံးအစာတွင် ပရိုတင်းဓာတ် ၂၂ ရာခိုင်နှုန်း၊ အဆီဓာတ် ၃ ရာခိုင်နှုန်း၊ အမျှင်ဓာတ် ၅ ရာခိုင်နှုန်း အချိုးညီညီ ပါဝင်ရပါမည်။
- ငုံးမွေးမြူရာတွင် ရေသည် အစာကိုကြေညက်စေပြီး ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိရာတွင် အထောက်အကူပြုသောကြောင့် ၂၄ နာရီ ရေအမြဲရရှိရန်လိုအပ်ပါသည်။
ငုံးတစ်ကောင်၏ တစ်ရက်ပျှမ်းမျှအစာစားနှုန်း
၄ ပတ်သားငုံး - ၁၅ ဂရမ်(၀ ဒသမ ၉ ကျပ်သား)
၅ ပတ်သားငုံး - ၁၅ ဂရမ်(၀ ဒသမ ၉ ကျပ်သား)
၆ ပတ်သားငုံး - ၁၈ ဂရမ်(၁ ဒသမ ၁ ကျပ်သား)
၇ ပတ်သားငုံး - ၂၁ ဂရမ်(၁ ဒသမ ၂ ကျပ်သား)
၈ ကျပ်သားငုံး -၂၄ ဂရမ်(၁ ဒသမ ၄ ကျပ်သား)
ကျန်းမာရေးစောင့်ရှောက်မှု
- ငုံးများကို မွေးမြူရာတွင် ပုံမှန်သန်ချဆေးပေးရန် လိုအပ်ပါသည်။
- ငုံးများတွင် ချေးဖြူရောဂါ၊ လည်လိမ်ရောဂါ၊ သွေးဝမ်းကျရောဂါ၊ မားရက်ရောဂါများဖြစ်ပွား တတ်သဖြင့် ကြိုတင်ကာကွယ်ထားရန် လိုအပ်ပါသည်။
- ဝမ်းရောဂါဖြစ်ပွားပါက ရုတ်တရက်သေဆုံးနိုင်သဖြင့် အစာနှင့်ရေတွင် ဆေးထည့်ကျွေးခြင်းဖြင့် ကြိုတင်ကာကွယ် ထားရန်လိုအပ်ပါသည်။

ထုတ်လုပ်မှုနှင့် စားသုံးမှု
ယခုအခါ တရုတ်နိုင်ငံ၌ တစ်နှစ်လျှင် ငုံးဥပေါင်း ၄၉၀၀၀၀ မက်ထရစ်တန်နှုန်းဖြင့် အများဆုံး ထုတ်လုပ်လျက် ရှိပြီး တရုတ်ရိုးရာအစားအစာနှင့် နာမည်ကြီးဟင်းလျာ အများစုတွင် ငုံးဥသည် မပါမဖြစ် ပါဝင်လျက်ရှိပါသည်။
ကမ္ဘာ့နာမည်ကြီးဟင်းလျာများတွင်လည်း ငုံးဥသည် မပါမဖြစ် ပါဝင်ပစ္စည်းတစ်ခုဖြစ်ပြီး ငုံးသားမှာ လည်း အလွန်နူးညံ့သောကြောင့် လူကြိုက်များလှပေသည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆဌမမြောက်ငုံးဥ အများဆုံးထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး တစ်နှစ်လျှင် ငုံးဥပေါင်း ၅၅၀၀၀ မက်ထရစ်တန်ခန့်ထုတ်လုပ်လျက်ရှိပါသည်။
တစ်နိုင်ငံလုံး၏ ၆၀ ရာခိုင်နှုန်းသောငုံးဥများသည် ငုံးမွေးမြူရေးအများဆုံးလုပ်ကိုင်သော မြန်မာနိုင်ငံ အလယ်ပိုင်းရှိ မုံရွာမြို့မှ ထွက်ရှိပါသည်။
မြန်မာနိုင်ငံတွင် ငုံးဥကို သရေစာအဖြစ်စားသုံးခြင်း၊ ဟင်းချက်ရာတွင်ထည့်ခြင်းများ ပြုလုပ်ပြီး ငုံးကင်နှင့် ငုံးကြော်မှာလည်း မြန်မာလူမျိုးများအကြိုက် အစားအစာဖြစ်ပေသည်။
ငုံးဥနှင့် ငုံးသားတို့၏ အာဟာရဓာတ်များနှင့် အကျိုးကျေးဇူးများ
ငုံးဥတွင် အသားဓာတ်၊ သံဓာတ်၊ အဆီဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင် ဘီဝမ်းနှင့် ဘီတူး ၊ ကယ်လ်ဆီယမ်၊ ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်နှင့် အခြားသတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်ပေသည်။
ငုံးသား ၁၀၀ ဂရမ်တွင် ပရိုတင်းဓာတ် ၂၅ ဂရမ်၊ အဆီဓာတ် ၁၄ ဂရမ်၊ကယ်လိုရီဓာတ် ၂၂၇ တို့ပါဝင်ပြီး ကာဗိုဟိုက်ဒရိတ်၊အမျှင်ဓာတ်နှင့် သကြားဓာတ်များ မပါဝင်ပါ။ ထို့အပြင် ငုံးသားတွင် သံဓာတ်၊ ဇင့်ဓာတ်၊ ဗီတာမင် B-3 နှင့် B-6 များ ကြွယ်ဝစွာပါဝင်ပေသည်။
ငုံးဥ စားခြင်းဖြင့် ခုခံစွမ်းအားကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်တွင်း ဇီဝပြောင်းလဲမှုဖြစ်စဥ်ကို တိုးတက် စေခြင်း၊ အမြင်အာရုံကောင်းမွန်စေခြင်း၊ အရိုးအဆစ်များသန်မာစေခြင်း၊ ဓာတ်မတည့်မှုကို သက်သာ စေခြင်း၊ စိတ်ဖိစီးမှုကို သက်သာစေခြင်း၊ သွေးအားနည်းရောဂါကို သက်သာစေခြင်း အစရှိသည့် အကျိုး ကျေးဇူးများစွာကို ရရှိစေရပါသည်။
အဘက်ဘက်မှ အသုံးဝင်သော ငုံးမွေးမြူရေးလုပ်ငန်း
ငုံးမွေးမြူရေးလုပ်ငန်းကို စနစ်တကျလုပ်ကိုင်ဆောင် ရွက်ခြင်းဖြင့် အာဟာရပြည့်ဝသောအသား၊ ဥများ ရရှိသည့် အပြင် ငုံးချေးများကိုလည်း သဘာဝမြေသြဇာအဖြစ် အသုံးပြုနိုင်သောကြောင့် အဘက်ဘက်မှ အသုံးဝင်သော မွေးမြူရေးလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။
ငုံးစနစ်တကျမွေးမြူနည်း အပိုင်း(၁) ကိုဖတ်ရှုလိုပါက
https://greenwaymyanmar.com/posts/Quail_Farming
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
မြင်သူ
1 year agoငုံတစ်ကောင်ဘယ်လောက်လဲ
Ko Htun Oo
2 years agoငုံးတစ်ကောင်ဘယ်လောက်ကျမလဲဘယ်မှာဝယ်ရမလဲအစာနှင့်ပက်သက်၍လည်းသိချင်ပါတယ်
မြင်သူ
2 years agohi
မြင်သူ
2 years agoတစ်ကောင်ဘယ်လောက်လဲ
ကိုကျော်
2 years agoငုံးမွေးချင်တယ်ဗျ အဆက်သွယ်လေးရချင်ပါတယ်
Related questions
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ဖားမွှေးမြူရေးအားမည်သည့်အချိန်စသင့်သနည်း။
Aung Thet Myo • 1 answers
နွားချောင်းဆိုးသာ ဘယ်လိုလုပ်ရမလဲဗျ ပြောပြပါအုံး
hein gyi • 0 answers
နွားအစားပြတ်နေလို့ ဘယ်လိုလုပ်ရမလဲဗျ
hein gyi • 3 answers
cpကြက်နဲ့ငါးတွဲးမွေးချင်လို့ဘယ်လိုငါးမျိုးနဲ့တွဲးမွေးသင့်လည်းဗျ
ဇလွန်သား • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဦးဇော်(dof)
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....