မွေးမြူရေးနဲ့ ရေလုပ်ငန်းမှာ အီးအမ်သုံးပေးမယ်ဆိုရင်..
စိုက်ပျိုးရေးတွင် တစ်ဧကအထွက်တိုးနှုန်းနှင့် အရည်အသွေးကောင်းသော သီးနှံများ အထွက်နှုန်းမြင့်မားလာစေရန် ခေတ်မီသိပ္ပံနည်းကျ နည်းပညာများကို တီထွင်အသုံးပြုလာကြသလို မွေးမြူရေးတွင်လည်း ကြီးထွားနှုန်း၊ ရှင်သန်နှုန်း၊ ဥနှုန်း၊ မျိုးပွားနှုန်းများ မြင့်မားလာစေရန် နည်းသစ်များကို တီထွင်လာကြသည်။
ပညာရှင်များမှ စိုက်ပျိုးမွေးမြူရေးနည်းစနစ်သစ် အမျိုးမျိုးကို ဖော်ထုတ်အသုံးပြုလာကြသည့်အနက် ၁၉၈၀ ခုနှစ်နောက်ပိုင်း ဂျပန်နိုင်ငံ၊ အိုကီနာဝါတက္ကသိုလ်မှ ပညာရှင်ဒေါက်တာ Higo ရှာဖွေတွေ့ရှိခဲ့သော စိုက်ပျိုးရေးနှင့်မွေးမြူရေးတွင် အရေးပါ အရာရောက်သည့် E.M(Effective Microorganisms)ဟုခေါ်သည့် အကျိုးပြုအဏုဇီဝဘက်တီးရီးယားပါဝင်သည့် ဖျော်ရည်ကို ဖော်ထုတ်ဖြန့်ဖြူးခဲ့ကြပါသည်။ ယခုအခါ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်းတော်တော်များများ၌ စိုက်ပျိုးမွေးမြူရေးနည်းလုပ်ငန်းများတွင် E.M နည်းပညာကို အသုံးပြုနေကြပြီ ဖြစ်ပါသည်။ ထို့ကြောင့် ယခုဆောင်းပါးတွင် မွေးမြူရေးကဏ္ဍ၌ E.M ၏ အကျိုးသက်ရောက်မှုများကို တင်ပြသွားပါမည်။
တိရစ္ဆာန်မွေးမြူရေးတွင် အသုံးပြုနိုင်သည့် နည်းလမ်းများမှာ
- အစာထဲ၌ အီးအမ်ဘိုကာရှီဖြည့်စွက်အစာအဖြစ် ထည့်သွင်းပေးခြင်း
- အီးအမ်အရည်ကို သောက်ရေထဲ၌ ထည့်သွင်းပေးခြင်း
- အီးအမ်အရည်ကို မွေးမြူရေးခြံအဆောက်အအုံ၌ ပက်ဖျန်းပေးခြင်း
- အီးအမ်ဘိုကာရှီ(E.M Bokashi)အား အောက်ကြမ်းခင်းပြင်၌ ဖြူးပေးခြင်း
- စွန့်ထုတ်အညစ်အကြေးများ၌ အနံ့ဆိုးနှင့်ယင်ကောင်များ ဖယ်ရှားရန်အတွက် ထည့်သွင်းခြင်း တို့ပြုလုပ်နိုင်သည်။
ထိုသို့ပြုလုပ်ခြင်းဖြင့်
- အမိုင်နိုအက်ဆစ်၊ ဗီတာမင်နှင့် အင်ဇိုင်းများထုတ်ပေးသဖြင့် အစာချေဖျက်မှုနှင့် စုပ်ယူမှု ကောင်းမွန်ကာ ကြီးထွားနှုန်းကောင်းမွန်ခြင်း
- ခုခံစွမ်းရည်(Immunity) မြင့်မားစေသဖြင့် ကျန်းမာရေးကောင်းမွန်စေခြင်း
- ခြံအဆောက်အအုံများ၌သုံးလျှင် ယင်၊ မှက်၊ အင်းဆက်များကို ဖယ်ရှားလျော့နည်းစေခြင်း
- အညစ်အကြေးများ၏ အနံ့ဆိုးများကို ပပျောက်လျော့နည်းစေခြင်း
- နို့၊ ကြက်ဥ၊ အသားထုတ်လုပ်မှုနှုန်း မြင့်မားလာစေခြင်းနှင့် မျိုးပွားနှုန်းကောင်းမွန်စေခြင်း
- ပဋိဇီဝဆေးဝါးနှင့် ပိုးသတ်ဆေးလိုအပ်ချက်များကို လျော့နည်းစေခြင်းစသော အကျိုးကျေးဇူးများကို ရရှိစေပါသည်။
ငါးပုစွန်မွေးမြူရေး၌လည်း အနုဇီဝဘက်တီးရီးယား၏ အခန်းကဏ္ဍမှာ အလွန်အရေးပါအရာရောက်ကြောင်း တွေ့ရှိရပါသည်။ အနုဇီဝ ဘက်တီးရီးယားများသည် ငါးပုစွန်မွေးမြူရေးကန်များထဲရှိ နုန်းထုထဲ၌လည်းကောင်း၊ ရေအောက်အပင်နှင့် ကျောက်တုံး၊ အရာဝတ္ထုစသည်များ၌ တွယ်ကပ်၍လည်းကောင်း သဘာဝအလျောက်တွေ့ရှိရပါသည်။သို့သော် ငါးမွေးမြူရေး၌ ငါးထည့်သွင်းနှုန်း မြင့်မားလာပြီး အစာ ကျွေးမွေးမြူလာကြသဖြင့် ငါးများ၏ နေ့စဥ်စွန့်ထုတ်အညစ်အကြေးများနှင့် အစာကျန်များသည် ကန်ရေထု ညစ်ညမ်းမှုကို ဖြစ်ပေါ်စေပါသည်။
ထို့ပြင် ယင်းကန်အောက်ခြေ၌ အညစ်အကြေးနှင့် နုန်းများ စုပုံလာပြီး သဘာဝအလျောက်ရှိနေသော အကျိုးပြုဘက်တီးရီးယားများ၏ အရေအတွက်ပမာဏ ဖြင့် ထိန်းသိမ်းနိုင်စွမ်း လျော့နည်းလာခြင်းကြောင့် ဖြစ်ပေါ်လာသော အမိုးနီးယား၊ H2S ကဲ့သို့သော အဆိပ်အတောက်များနှင့် D.O အောက်စီဂျင်ကျဆင်းမှုတို့သည် ငါးများ၌ ကြီးထွားနှုန်းကျဆင်းခြင်း၊ F.C.R မြင့်တက်ခြင်း၊ မျိုးပွားနှုန်းညံ့ဖျင်းခြင်း၊ အသားအရောင် အရည်အသွေးညံ့ခြင်း၊ ရာသီဥတု အပြောင်းအလဲ၌ ဖိစီးမှုဒဏ်ကြောင့် ငါးများသေဆုံးခြင်း စသည့်ပြဿနာများကို ဖြစ်စေပါသည်။
ထို့ကြောင့် ပညာရှင်များမှ စီးပွားဖြစ်ငါးပုစွန်မွေးမြူရေးကန်များ၌ အီးအမ်(E.M)အကျိုးပြုဘက်တီးရီးယားများကို နည်းစနစ်အမျိုးမျိုးဖြင့် ထည့်သွင်းပေးခြင်းဖြင့် အထက်ပါပြဿနာများကို ထိန်းသိမ်းကာကွယ်နိုင်ကြောင်းကို လက်တွေ့စမ်းသပ်တင်ပြကြရာ ယခုအခါ တိရစ္ဆာန်မွေးမြူရေးတွင်သာမက ငါးပုစွန်ကန်တွင်း မွေးမြူရေး၌ပါ အကျိုးရှိစွာ သုံးစွဲနေကြပြီး ဖြစ်ပါသည်။
အီးအမ်(E.M)တွင်ပါဝင်သော အကျိုးပြု ဘက်တီးရီးယားအုပ်စုများမှာ- Lactic acid Bacteria, Photosynthetic Bacteria, Actinomycetes, Yeast, Aspergillus နှင့် Penicillium Spp, Nitrobacter စသည်တို့ ဖြစ်သည်။

ငါးပုစွန်မွေးမြူရေးကန်များတွင် အသုံးပြုနိုင်သည့် နည်းလမ်းများမှာ
- E.M Bokashi ဘိုကာရှိ ဖြည့်စွက်အစာကို အစာနှင့်အတူ ထည့်သွင်းကျွေးခြင်း
- E.M Inoculant အီးအမ်အားဖြည့်ရည်ကို ကန်ရေထဲသို့ ထည့်သွင်းပေးခြင်း
- E.M Disinfectant အီးအမ်ကန်သန့်ဆေးရည်ကို ကန်ရေထဲသို့ ထည့်သွင်းပေးခြင်းဖြစ်သည်။
ထိုသို့ပြုလုပ်ခြင်းဖြင့်
၁။ E.M အကျိုးပြု ဘက်တီးရီးယားများသည် ငါးစာမှတဆင့် အစာအိမ်အူလမ်းကြောင်းသို့ ရောက်ရှိလာပြီး ၄င်းတို့မှထုတ်လုပ်သော Lactic Acid,Acetic acid,Citric acid နှင့် Propionic acid များကြောင့် မကောင်းသောဘက်တီးရီးယားများ၏ ရှင်သန်မှုကို ထိန်းချုပ်ဖယ်ရှားပေးသည်။
၂။ အစာခြေ အင်ဇိုင်းများ၊ အမိုင်နိုအက်ဆစ်နှင့် ဗိုက်တာမင်များ ထုတ်လုပ်ပေးသဖြင့် အစာချေဖျက်မှု၊ စုပ်ယူမှုနှင့် မကြေညက်နိုင်သော အစာများကို ပြိုကွဲချေဖျက်ပေးမှု စွမ်းရည်ကောင်းလာပြီး အာဟာရဓာတ်များ ပိုမိုရရှိစေကာ ကြီးထွားနှုန်းကို အထောက်အကူပြုပါသည်။
၃။ E.M ဘက်တီးရီးယားများမှ Antioxidant များ ထုတ်ပေးခြင်းကြောင့် ငါးများ၏ ရောဂါခုခံမှုစွမ်းအားတိုးမြင့်စေခြင်းနှင့် စွန့်ထုတ်အညစ်အကြေးများ၌ အမိုးနီးယား ပါဝင်နှုန်း လျော့နည်းစေသဖြင့် ရေထုညစ်ညမ်းမှုကို လျော့နည်းစေပါသည်။
၄။ ကန်ရေထဲသို့ အရည်ပုံစံ E.M အားဖြည့်ရည်နှင့် E.M ကန်သန့်ဆေးရည်များကို ပုံမှန်ထည့်သွင်းပေးသောအခါ E.M ဘက်တီးရီးယားများသည် ကန်ရေနှင့် ကန်အောက်ခြေရှိ နုန်းနှင့် အော်ဂဲနစ်အညစ်အကြေးများကို decomposition ပြုလုပ်ပြိုကွဲစေသည့်အပြင် နိုက်တြိုဂျင်၊ ဖော့စဖောရပ်နှင့် အာဟာရဓာတ်များကို ထုတ်ပေးသဖြင့် ကန်ရေရှိသဘာဝ အစာမျှောလှေး(Plankton) များ ပွားများလာပြီး ရေသြဇာတက်လာစေပါသည်။
၅။ ကန်ရေအညစ်အကြေးများနှင့် ငါးများ၏ ကိုယ်ပေါ်ရှိ ရောဂါဖြစ်စေနိုင်သော ဘက်တီးရီးယား၊ ပရိုတိုဇိုဝါးနှင့် မှိုများကို ဖယ်ရှားရှင်းလင်းစေပါသည်။
၆။ အမိုးနီးယားနှင့် ဟိုက်ဒြိုဂျင်ဆာလာဖိုဒ် အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါသည်။
၇။ ကန်ရေ၏ ဓာတု၊ ရူပ အရည်အသွေးကို ကောင်းမွန်စေပြီး ရေကို ကြည်လင်စေသည်။
၈။ နုန်းနှင့် အော်ဂဲနစ် အညစ်အကြေးများကို ပြိုကွဲချေပျက်ပြီး ငါးများစားနိုင်သောအစာတစ်ရပ်ဖြစ်လာစေသဖြင့် နုန်းထုလျော့နည်းလာပြီး အစာလိုအပ်ချက်ကို လျော့နည်းစေပါသည်။
၉။ ငါးအသားလွှာ၌ မကောင်းသောအနံ့(Off-Flavour)ဖြစ်ပေါ်မှုကို လျော့နည်းစေပါသည်။
၁၀။ Photosynthetic ဘက်တီးရီးယားများ၏ လုပ်ဆောင်ချက်မှ (Molecular Oxygen) မော်လီကျူလာအောက်စီဂျင်ကို ထုတ်ပေးသဖြင့် D.O အောက်စီဂျင်ကို ထုတ်ပေးသဖြင့် D.O အောက်စီဂျင်ရရှိမှု မြင့်မားလာပါသည်။
၁၁။ ငါးမှုံပြုစုကန်များ၌ E.M Disinfectant ကန်သန့်ဆေးရည်ကို ငါးမှုံမထည့်သွင်းမီ ၂ရက် ကြိုတင်ထည့်သွင်းပေးခြင်းဖြင့် ကန်ရေထဲရှိ အင်းဆက်ပိုးမွှားများကို ဖယ်ရှားရှင်းလင်းပေးပြီး ရှင်သန်နှုန်း မြင့်မားစေပါသည်။
ငါးပုစွန်ကန်တွင်း စီးပွားဖြစ်မွေးမြူရေး၌ E.M အဏုဇီဝ အကျိုးပြုဘက်တီးရီးယား များ၏ အခန်းကဏ္ဍသည် အလွန်အကျိုးသက်ရောက်မှု ရှိစေကြောင်းကို ပညာရှင်များမှ လေ့လာတွေ့ရှိကြသဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းအသီးသီး၌သာမက ငါး၊ ပုစွန်မွေး မြူရေးလုပ်ငန်းများတွင် သိပ္ပံနည်းကျ မွေးမြူရေးစနစ်အဖြစ် အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ တိုင်ပေ၊ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား စသော နိုင်ငံများအပြင် ကမ္ဘာတစ်ဝှမ်း အသုံးပြုလာကြသည်ကို လေ့လာသိရှိရသဖြင့် ယခုလိုမျိုးရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
အကျိုးပြုအဏုဇီဝ (အီးအမ်)
Applicable farm inputs (Ad)
Dr. မောင်စိုးမိုး
7 months agoProbio (LAB 10^10 CFU/g & Saccharomyces 10^9 CFU/g) ကို Aquaculture အတွက် အထူးသတိပြုရန် အချက်များ Please see <a href="https://www.facebook.com/share/1BW7fRvVmL">https://www.facebook.com/share/1BW7fRvVmL</a> ရေထဲတွင် Probio ကို အသုံးပြုရာတွင် ရေအရည်အသွေး၊ ရေအပူချိန်နှင့် ကျေးဇူးပြုဘက်တီးရီးယားများ ရေထဲတွင် ရှင်သန်နိုင်မှုကို အထူးဂရုပြုရန် လိုအပ်ပါသည်။ Aquaculture အတွက် အကျိုးကျေးဇူးများ ၁။ ရေအရည်အသွေး ထိန်းသိမ်းခြင်း · အမိုးနီးယား (Ammonia) နှင့် နိုက်ထရိုဂျင်ဒြပ်ပေါင်း လျှော့ချပေးခြင်း · pH Level ထိန်းညှိပေးခြင်း · အော်ဂဲနစ်အညစ်အကြေးများ ဆွေးမြေ့စေခြင်း ၂။ ရေညှိနှင့် ရေမှော် ထိန်းချုပ်ခြင်း · အကျိုးပြုဘက်တီးရီးယားများ ပေါက်ပွားကာ အာဟာရဓာတ် ပြိုင်ဆိုင်မှုဖြင့် ရေညှိကြီးထွားမှု လျှော့ချပေးခြင်း · အပြာရောင် ရေညှိ (Blue-green algae) ကြီးထွားမှု ဟန့်တားနိုင်ခြင်း ၃။ ရေသတ္တဝါ ကျန်းမာရေး · အစာခြေစနစ် ကျန်းမာရေး မြှင့်တင်ခြင်း · ခုခံအားစနစ် မြှင့်တင်ပေးခြင်း · ရောဂါကူးစက်မှု လျှော့ချပေးခြင်း အသုံးပြုနည်း နည်းလမ်းများ နည်းလမ်း (၁) - ရေထဲသို့ တိုက်ရိုက်ဖျန်းခြင်း (Direct Water Application) အသုံးပြုပုံ: · Probio P 50-100 gram ကို ရေ ၂၀ လီတာ တွင် ဖျော်ပါ · စမ်းရေကန် ၁ ဧက လျှင် ဖျော်ရည် ၂၀ လီတာ နှုန်း ဖျန်းပါ · တစ်ပတ်လျှင် ၂-၃ ကြိမ် ပုံမှန်ဖျန်းပါ အားသာချက်များ: · ရေအရည်အသွေး မြန်မြန်တက်ခြင်း · ရေညှိထိန်းချုပ်ရန် ထိရောက်ခြင်း နည်းလမ်း (၂) - အစာနှင့် ရောကျွေးခြင်း (Feed Supplement) အသုံးပြုပုံ: · အစာ ၁ ကီလိုဂရမ် လျှင် Probio P 5-10 gram နှုန်း · ဖျော်ရည်ပြုလုပ်ကာ အစာပေါ်သို့ ဖျန်းပါ · ၁၅-၃၀ မိနစ်ခန့် စိမ်ထားပြီးမှ ကျွေးပါ အားသာချက်များ: · ရေသတ္တဝါ၏ အစာခြေစနစ်ကို တိုက်ရိုက်အကျိုးပြုခြင်း · အာဟာရဓာတ်စုပ်ယူမှု ကောင်းမွန်ခြင်း နည်းလမ်း (၃) - အော်ဂဲနစ်အညစ်အကြေး ဆွေးမြေ့ရန် (Sludge Treatment) အသုံးပြုပုံ: · Probio P 100-200 gram ကို ရေ ၂၀ လီတာ ဖျော်ပါ · ကန်အောက်ခြေ ရွံ့နွံများပေါ် တိုက်ရိုက်ဖျန်းပါ · တစ်လလျှင် ၂-၃ ကြိမ် ဖျန်းပါ အားသာချက်များ: · ကန်အောက်ခြေ ညစ်ညမ်းမှု လျှော့ချပေးခြင်း · အနံ့ဆိုးများ ကာကွယ်ပေးခြင်း ဆေးပမာဏ (Dosage) အသုံးပြုမှုအမျိုးအစား ပမာဏ အကြိမ်ရေ ရေအရည်အသွေး မြှင့်တင်ရန် 50-100g/ဧက တစ်ပတ်လျှင် ၂-၃ ကြိမ် အစာနှင့် ရောကျွေးရန် 5-10g/အစာ 1kg နေ့စဉ် ကန်အောက်ခြေ သန့်စင်ရန် 100-200g/ဧက တစ်လလျှင် ၂-၃ ကြိမ် ရောဂါကာကွယ်ရန် 100-150g/ဧက တစ်ပတ်လျှင် ၂ ကြိမ် အထူးအသုံးပြုရမည့် အခြေအနေများ ၁။ ရာသီဥတုပြောင်းလဲချိန် · အပူချိန်ကျဆင်းချိန် · မိုးအခါဦးပိုင်း · နေပူပြင်းသော နွေရာသီ ၂။ ရေသတ္တဝါ ကျန်းမာရေး ပြဿနာ · အစာစားနှုန်း ကျဆင်းချိန် · ရောဂါဖြစ်ပွားချိန် · အရေခွံပြဿနာ ရှိချိန် ၃။ ရေအရည်အသွေး ပြဿနာ · ရေညှိပေါက်ချိန် · အနံ့ဆိုးထွက်ချိန် · အမိုးနီးယားပါဝင်မှု မြင့်ချိန် သတိထားရမည့် အချက်များ ၁။ ဖျော်စပ်နည်း · ရေအေးကိုသာ အသုံးပြုပါ (ရေပူက ဘက်တီးရီးယားများကို သေစေနိုင်သည်) · ဖျော်ပြီး ၆-၈ နာရီအတွင်း အသုံးပြုပါ · ကလိုရင်းဓာတ်ကင်းသော ရေ ကို အသုံးပြုပါ ၂။ ဖျန်းချိန် · နေ့လယ်ပိုင်း (၁၀နာရီ-၂နာရီ) အပူချိန်မြင့်ချိန်တွင် ဖျန်းပါ · လေတိုက်နှုန်း နည်းသော နေ့ရက် ကို ရွေးချယ်ပါ · မိုးရွာသွန်းချိန် တွင် မဖျန်းပါနှင့် ၃။ သိုလှောင်သိမ်းဆည်းမှု · ခြောက်သွေ့အေးမြသော နေရာ · နေရောင်တိုက်ရိုက်မကျသော နေရာ · လေလုံသော ပလတ်စတစ်အိတ် Aquaculture အမျိုးအစားအလိုက် အသုံးပြုနည်း ၁။ ငါးကန်များ · တန်ချိန် ၁ တန် လျှင် Probio P 100-150 gram · တစ်ပတ်လျှင် ၂ ကြိမ် ဖျန်းပါ ၂။ ပုစွန်ကန်များ · တန်ချိန် ၁ တန် လျှင် Probio P 150-200 gram · တစ်ပတ်လျှင် ၃ ကြိမ် ဖျန်းပါ ၃။ ငါးမျှော့ကန်များ · တန်ချိန် ၁ တန် လျှင် Probio P 80-120 gram · တစ်ပတ်လျှင် ၂ ကြိမ် ဖျန်းပါ အောင်မြင်သော Aquaculture စီမံခန့်ခွဲမှုအတွက် အကြံပြုချက်များ ၁။ ပုံမှန်စောင့်ကြည့်ခြင်း · ရေအရည်အသွေး ကို ပုံမှန်စစ်ဆေးပါ · ရေသတ္တဝါ၏ အပြုအမူ ကို စောင့်ကြည့်ပါ · အစာစားနှုန်း ကို မှတ်သားထားပါ ၂။ ပေါင်းစပ်အသုံးပြုခြင်း · ရေအရည်အသွေးတက်ဆေး များနှင့် ပေါင်းစပ်အသုံးပြုနိုင်သည် · အာဟာရဆေး များနှင့် တွဲဖက်အသုံးပြုနိုင်သည် · အောက်ဆီဂျင်ဖြည့်စက်� များနှင့် အတူ အသုံးပြုပါ ၃။ စီးပွားရေးအရ အကျိုးကျေးဇူးများ · ဆေးကုသစရိတ် လျှော့ချနိုင်ခြင်း · အစာကုန်ကျစရိတ် သက်သာခြင်း · ထုတ်လုပ်မှုနှုန်း မြင့်တက်ခြင်း --
ဦးခိုင်မင်းဇံ
1 year agoEM လုပ်တဲ့ နည်းလေး မျှဝေပေးစေချင်ပါတယ်
မင်းမင်း
1 year agoEM bokashi / EM inoculant/ EM Disinfectant တွေကို ရန်ကုန်ဘယ်ဆိုင်မာ ဝယ်လို့ရလဲး ပြောပြပေးပါလား
Min Maung
1 year agoဒေသ နွားတွေကိုEMကျွေးလို့ရပါသလား နည်းလမ်းရှိပါသလား
ညိမ်းထွန်း
1 year agoစိုက်ပျိုးရေးမွေးမြူရေးသမားတွေအတွက်အလွန်အကျိုးရှိပါတယ်
Related questions
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဦးဇော်(dof)
See all
ငါးမျိုးပွားကန် ပြင်ဆင်တူးဖော်နည်း
30/01/2024
မျိုးဖောက်ငါးကန် ပြင်ဆင်တူးဖော်နည်း
23/01/2024
ငါးကန်တွင်းရှိ အင်းဆက်များကို နှိမ်နင်းနည်း
29/12/2023
ငါးမွေးမြူရေးတွင် "ဆား"အသုံးပြုပေးခြင်းဖြင့် ရရှိမည့် အကျိုး (၃) ခု
21/12/2023
ငါးမွေးကန်များတွင် ရေဩဇာဓာတ်ပြည့်ဝစေရန် ထည့်သွင်းနိုင်သည့် မြေဩဇာနှင့်အချိုးအစား
22/11/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....