ငါးမွေးမြူရေးတွင် "ဆား"အသုံးပြုပေးခြင်းဖြင့် ရရှိမည့် အကျိုး (၃) ခု
သိပ္ပံနည်းကျ ခေတ်မီငါးမွေးမြူရေးစနစ်များ၌ ကုန်ထုတ်လုပ်မှု မြင့်မားစေရန်နှင့် ကြီးထွားနှုန်းကောင်းစေရန် ငါးကောင်ရေများစွာ ထည့်သွင်းခြင်း၊ ပရိုတိန်းမြင့်အစာများကို ကျွေးခြင်းတို့အပြင် ငါးများ၏ အညစ်အကြေးနှင့် အစာကျန်များ၏ ပုပ်ဆွေးမှုများမှ ကန်ရေ၏အရည်အသွေးကို ကျဆင်းစေနိုင်မှုတို့ကြောင့် ငါးများ၏ ကျန်းမာရေးကို ထိခိုက်လာစေပါသည်။ ယင်းအခြေအနေများကို ကာကွယ်နိုင်စေရန် ငါးမွေးမြူရေး၌ ဆား(NaCl)ကို လိုအပ်သလို အချိုးအစားအမျိုးမျိုးဖြင့် ထည့်သွင်းသုံးစွဲလာကြပါသည်။
ဆားကို သတ်မှတ်ချက်အတိုင်း သုံးစွဲခြင်းဖြင့် ငါးများ၏ ကိုယ်ပေါ်၌ တွယ်ကပ်လေ့ရှိသော ကပ်ပါးပိုးများဖြစ်သော Costia,Epistylis,Trichodina, Chilodina,Dactylogyrus နှင့် Gyrodactylus များကို ဖယ်ရှားကုသနိုင်ပြီး ငါးများကို သယ်ယူပို့ဆောင်ခြင်း၊ ကိုင်တွယ်ဖမ်းဆီးခြင်းနှင့် ကန်ရေအရည်အသွေး ပြောင်းလဲမှုတို့ကြောင့် ဖြစ်ပေါ်တတ်သော ဖိစီးမှုဒဏ်(Stress)ကိုလည်း လျော့နည်းသက်သာစေပါသည်။
ဆားအမျိုးမျိုးရှိသည့်အနက် ဆိမ်သုံးဟင်းချက်ဆားနှင့် Deionized ရေများမှအပ ကျန်ရေများအားလုံး၌ သတ္တုဓာတ်ဆားများ အနည်းငယ်စီ ပါရှိကြသည်။ ရေထဲရှိ သတ္တုဆားများသည် ငါးများခန္ဓာကိုယ်၏ ဇီဝကမ္မလုပ်ငန်းစဥ်များအတွက် အလွန်အရေးပါသဖြင့် ငါးများကို 100 % ပေါင်းခံရည် ရေသန့် သို့မဟုတ် Deionized ရေများ၌ လုံးဝ မထားရှိသင့်ပေ။
ပင်လယ်ရေငန်၌ သတ္တုဓာတ်ဆားများစွာ ပါဝင်သည့်အနက် NaCl ဆား၏ ပါဝင်နှုန်းအမြင့်ဆုံးဖြစ်သည်။ ပင်လယ်ရေငန်၌ NaCI ဆားသည် 3% (30 ppt)ပါရှိသဖြင့် ဆားချက်ရာမှရရှိသော ဆားကြမ်း၊ ဆားချောများကို ပြင်းအားအမျိုးမျိုးဖြင့် ငါးမွေးမြူရေး၌ အသုံးပြုကြသည်။
ဆားပါဝင်နှုန်း ပြင်းအားအမျိုးမျိုးဖြင့် သုံးစွဲခြင်း
ဆား၏ ငါးများပေါ်၌ အကျိုးသက်ရောက်မှုသည် ရေ၏ဆားပါဝင်နှုန်းပြင်းအား(Concentration)နှင့် ထိတွေ့အချိန်ကာလပေါ်မူတည်သည်။
- ရေချိုငါးများ၌ တွယ်ကပ်တတ်သော ကပ်ပါးပိုးများကို ပင်လယ်ရေ 3% ဆား(သို့မဟုတ်) (30 ppt)၌ စက္ကန့် ၃၀ မှ ၁၀ မိနစ်ခန့် စိမ်ပေးခြင်းဖြင့် ဖယ်ရှားကုသနိုင်သည်။ ဆားပြင်းအား 0.5%-1.0% သို့မဟုတ် 5ppt-10ppt ဆားဖျော်ရည်၌ နာရီများစွာ ထားရှိခြင်းဖြင့် ကုသနိုင်သည်။
- ဆားပြင်းအား 1.0%-0.3% (1 ppt- 3 ppt) ဖျော်ရည်သည် ငါးများ၏ ကိုယ်ပေါ်၌ အချွဲ(Mucus)ဖြစ်ပေါ်မှုကို အထောက်အကူပြုစေခြင်းဖြင့် ခုခံမှုစနစ် ကောင်းမွန်စေကာ Osmoregulation ကို ထိန်းပေးကာ ငါးများကို ကိုင်တွယ်ဖမ်းဆီးမှုနှင့် သယ်ယူပို့ဆောင်ရာ၌ဖြစ်ပေါ်သော(Stress)ဖိစီးမှု ဒဏ်ကို လျော့နည်းစေပါသည်။
- အလွန်အားပျော့သော ဆားဖျော်ရည်သည် ရေချိုငါးများ၏ Methemoglobinemia(သွေးထဲ၌ အဆိပ်အတောက်ဖြစ်မှု)ကို ထိန်းသိမ်းလျော့နည်းစေပါသည်။
(၁) ကပ်ပါးရောဂါများကာကွယ်ရန်အတွက် သုံးစွဲရာတွင်
သင့်တော်သော ပမာဏကို သုံးစွဲခြင်းသည် ငါးများ၏ ပါးဟက်မျှင်များနှင့် အရေပြားပေါ်မှ ပရိုတိုဇွန်များကို ဖယ်ရှားထိန်းသိမ်းနိုင်ပြီး Mucus အချွဲများ ထုတ်လုပ်မှုကို တိုးမြင့်စေသည်။ 3% ဆားဖျော်ရည်သုံးပါက ငါးများအား စက္ကန့် ၃၀ မှ ၁၀ မိနစ်ခန့် စိမ်ပေးနိုင်သည်။ငါးအမျိုးအစားအလိုက် ခံနိုင်ရည်ရှိသလောက်သာ ထားရသည်။ ငါးများ ဆားရည်ထဲ၌ လူးလိမ့်လာပြီး မခံနိုင်တော့သော လက္ခဏာပြပါက ချက်ချင်းဆယ်ယူကာ ရိုးရိုးရေထဲ၌ ပြောင်းရွှေ့ ပေးရသည်။ ရေငန်ငါးများကို ရေချိုထဲ၌ စိမ်ပေးခြင်းဖြင့် ပရိုတိုဇွများကို ဖယ်ရှားနိုင်သည်။
စိမ်ပေးသောစနစ် မသုံးနိုင်ပါက 1%ဆားရည်(10 ppt)၌ ငါးများကို မိနစ် ၃၀ မှ နာရီများစွာ ထားရှိနိုင်သည်။ ဤစနစ်မှာလည်း အထက်ပါကဲ့သို့ ပရိုတိုဇွန်များကို ဖယ်ရှားနိုင်ပြီး Mucus အချွဲထုတ်လုပ်မှုမြင့်မားလာစေသည်။
နောက်ဆုံးအနေဖြင့် ပြင်းအားနည်းသော 0.01%-0.2%(0.1 ppt-2 ppt) ဆားဖျော်ရည်ကို (Recirculation)ရေစစ်ကာ ပြန်လည်အသုံးပြုသောစနစ်၌ ပရိုတိုဇွန်ရောဂါ၌ အသုံးပြုသည်။ မြေကန်များ၌ တစ်ဧကလျှင် ပိဿာ ၁၀၀ မှ ၂၅၀ ပိဿာခန့်အထိ ထည့်သွင်းနိုင်သည်။
(၂) ငါးများသယ်ယူပို့ဆောင်ရေးနှင့် ကိုင်တွယ်ရာ၌ အသုံးပြုရာတွင်
ငါးများအား ကိုင်တွယ်ဖမ်းဆီးသယ်ယူပို့ဆောင်သောအခါ Stress ဖြစ်ပေါ်တတ်သဖြင့် ငါးများမှာ Osmoregulation (ခေါ်) ဆားဓာတ်ဟန်ချက်ညီ စေရန် စွမ်းအင်ကိုပိုမိုထုတ်သုံးရသည်။ ငါးများ၏ခန္ဓာကိုယ်ထဲသို့ ပါးဟက်မျှင်များမှတဆင့် သွေးလမ်းကြောင်းထဲ့သို့ ရေများ ဝင်ရောက်လာသည်။ ဤအခြေအနေကို ထိန်းချုပ်ရန် ငါးပါးဟက်မျှင်များမှတဆင့် ရေများကို ပြန်လည်ထုတ်ပစ်ရသည်။ သယ်ယူပို့ဆောင်သောရေထဲ၌ ဆားထည့်ပေးခြင်းဖြင့် ဤအခြေအနေဖြစ်ပေါ်မှုကို တားဆီးနိုင်ပြီး စွမ်းအင်သုံးစွဲမှုကိုလည်း လျော့နည်းစေသည်။
ငါးများအား အရှင်သယ်ယူပို့ဆောင်သောရေထဲ၌ အငန်နှုန်း 0.1 % -0.3 % (3.8-11.4 gm/ gallon)နှုန်းဖြင့် ဆားထည့်ပေးခြင်းဖြင့် Osmoregulation Stress (ဖိစီးမှုဒဏ်)ကို လျော့နည်းစေပါသည်။
ငါးများကို တစ်နေရာမှ တစ်နေရာ သို့မဟုတ် ကန်ထဲမှအုတ်ကန်နှင့် လှောင်ကန်များထဲသို့ ပြောင်းရွှေ့ထားရှိသောအခါ၌ ရေသစ်ထဲ၌ ဆားထည့်ပေးရန် လိုအပ်ပါသည်။
ပထမဦးစွာ ရေအနည်းငယ်၌ 3% ဆားရည်ဖျော် ထားပြီး ငါးများကို ထည့်သွင်းပါ။
ထို့နောက် မိမိထားလိုသည့် ရေထုပမာဏထိ ရေသစ်သွင်းပေးပါ။
ဤနည်းတွင် ပထမဦးစွာ 3% ဆားရည်၌ မိနစ်အနည်းငယ် ထားခြင်းဖြင့် ကပ်ပါးပိုးများကို သေစေပြီး ဆက်လက်၍ ရေသွင်းပေးသော အခါ ဆားဓာတ်နည်းသော မိနစ်အနည်းငယ်ထားခြင်းဖြင့် ကပ်ပါးပိုးများကို သေစေပြီး ဆက်လက်၍ ရေသွင်းပေးသောအခါ ဆားဓာတ်နည်းသောရေတွင် နာရီများစွာထားခြင်းဖြင့် Osmoregulation ကို တည်ငြိမ်စေကာ အရေပြားမှ Mucus အချွဲများ ထုတ်လုပ်မှု တိုးမြှင့်စေ၍ ကိုင်တွယ်မှု၌ ထိခိုက်ဒဏ်ရာရရှိမှုကို ကာကွယ်ပေးနိုင်ပါသည်။
(၃) သွေးထဲရှိ နိုက်တြိုက်အဆိပ်အတောက်ဖြစ်ခြင်းအား ကာကွယ်ပေးခြင်း
ရေထဲ၌ နိုက်တြိုက်(Nitrite-NO2)ပမာဏ များလာသောအခါ ရေချိုငါးများသည် Brown Blood Diseases(သွေးအညိုရောင်ခြင်း)ခေါ် သွေးထဲ၌ အဆိပ်အတောက် ဖြစ်လာသည်။ ယင်းနိုက်တြိုက်အဆိပ်အတောက်ဖြစ်ခြင်းသည် ရေထဲရှိ CL– ကလိုရိုဒ်ပမာဏကို ဦးစွာစမ်းသပ်ပြီး လိုအပ်သည့်ဆားဓာတ်ကို ထည့်ပေးရပါသည်။
ရေထဲ၌ ဆားဓာတ် Cl– လိုအပ်ချက်မှာ (20 mg/1)ဖြစ်ပြီး ထိုပမာဏသည် Nitrite အဆိပ်အတောက်ဖြစ်မှုကို ကာကွယ်နိုင်သည်။ Cl– ကလိုရိုဒ်ပမာဏ 20 ppm အောက်ရောက်ရှိနေသော ငါးကန်များ၌ ဆားထည့်သွင်းပေးသင့်ပါသည်။ ကန်ရေ၏ Cl– ကလိုရိုဒ်ပမာဏကို စစ်ဆေးပြီး လိုအပ်သော ဆားဓာတ်ကို ထည့်သွင်းရန်ဖြစ်သည်။ ကန်ရေပြင်တစ်ဧက ရေအနက်တစ်ပေတွင် ဆား ၄.၅ ပေါင်သည် Cl– လလိုရိုဒ် 1ppm ကို ရရှိစေသည်။
ဥပမာ-
1% ဆားဖျော်ရည် = 10 ppt
1 ppm =1mg/1=1 gm/ton
1% ဆားဖျော်ရည် =ရေ ၁၀၀ လီတာ၌ ဆား 1kg ထည့်၍ဖျော်ရန်
ဆားဖျော်ရည် =ရေ ၁၀၀ လီတာ၌ ဆား 100 gm ထည့်၍ဖျော်ရန်
ကန်ရေထဲ၌ Cl– ကလိုရိုဒ်ပမာဏ (10 ppm) 10 mg/1 ရှိပါက နောက်ထပ်လိုအပ်သော (10 ppm) 10 mg/1 အတွက် ကန်ရေပြင်တစ်ဧကရေအနက် တစ်ပေလျှင် ဆား ၄၅ ပေါင်နှုန်း ထည့်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။
ဆားကို ငါးများ၏ သေဆုံးမှု လျော့နည်းစေရန်နှင့် နိုက်တြိုက်အဆိပ်အတောက်ဖြစ်ခြင်းမှ ကာကွယ်ရန် ငါးကန်များ၌ ထည့်သွင်း အသုံးပြုရသည်။ ရေထဲရှိ နိုက်တြိုက် 1ppm အတွက် ဆားဓာတ် Cl– ပမာဏ 6ppm ဖြင့်ထိန်းနိုင်သည်။
ဆား(NaCl)သည် ရေချိုငါးမွေးမြူရေး၌ ဆေးစွမ်းကောင်းတစ်လက်ဖြစ်ပြီး ငါးများ၏ ဘက်တီးရီးယားရောဂါ၊ ကပ်ပါးရောဂါ၊ ပရိုတိုဇွရောဂါကို ကာကွယ်ရန်နှင့် ပတ်ဝန်းကျင်ကြောင့်ရသော ဖိစီးမှုဒဏ်၊ ဖမ်းဆီးကိုင်တွယ်ပြောင်းရွှေ့မှုစသော အခြေအနေများမလုပ်မီ ထည့်သွင်းပေးသင့်သော အရာပင်ဖြစ်ပေသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Soe Kyaw
1 year agoဆားကို အမှုန့်အတိုင်း ကျဲရမှာလား ရေဖျော်ပတ်ကမှာလားခင်ဗျာ
Related articles
Related questions
ရန်ကုန်တိုင်းတိုက်ကြီးမြို့မဈေးမှာ မွေးမြူရေးငါးခူ သို့မဟုတ် ထိုင်းငါးခူဒိုင်ဈေးက တပိသာဘယ်လောက်ထိရှိပါသလဲ
kyaw • 0 answers
တီလားပီးယာမွေးမြူပုံသိချင်ပါသည်
Friacis • 1 answers
EMအပြင်းဖော်စပ်နည်းလေးမျှဝေပေးပါ
ကိုဦး • 14 answers
ငါးတောက်တူငါးရဲ့ဇီဝစက်ဝန်းကိုသိချင်ပါတယ်
မငြိမ်းမြတ်သူ • 1 answers
မြစ်ဝကျွန်းပေါ်ကမ်းနီးလုပ်ကွက်တွေမှာမုတ်သုံလေဘယ်ရက်ထိအားကောင်းနိူင်အုံးမလဲဆရာလေတိုက်နူန်းနဲ့လှိုင်းအမြင့်ပေဘယ်လောက်ရှိနိုင်မလဲဆရာ
Min Gaung • 4 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဦးဇော်(dof)
See all
ငါးမျိုးပွားကန် ပြင်ဆင်တူးဖော်နည်း
30/01/2024
မျိုးဖောက်ငါးကန် ပြင်ဆင်တူးဖော်နည်း
23/01/2024
ငါးကန်တွင်းရှိ အင်းဆက်များကို နှိမ်နင်းနည်း
29/12/2023
မွေးမြူရေးနဲ့ ရေလုပ်ငန်းမှာ အီးအမ်သုံးပေးမယ်ဆိုရင်..
06/12/2023
ငါးမွေးကန်များတွင် ရေဩဇာဓာတ်ပြည့်ဝစေရန် ထည့်သွင်းနိုင်သည့် မြေဩဇာနှင့်အချိုးအစား
22/11/2023