Green Way
နွားမများ ထုတ်ပယ်ရောင်းချခြင်း

နွားမများ ထုတ်ပယ်ရောင်းချခြင်း

MDEP
MDEP MDEP 10/05/2021

    နွားမများရောင်းချမည့်အချိန်ကို ဆုံးဖြတ်ရခြင်းသည် မွေးမြူသူများအဖို့ မလွယ်ကူပေ။ နွားမရောင်းခြင်းနှင့် ပတ်သက်ပြီး မွေးမြူသူတစ်ယောက်နှင့် တစ်ယောက် အမြင်မတူကြပေ။ ယခုပေးချင်သည့်အချက်အလက်ကတော့ အကျိုးအမြတ်ရှိသည့်ခြံအဖြစ် လည်ပတ်နိုင်ဖို့ တွေးသင့်သည့် အကြောင်းအရာများဖြစ်ပါသည်။ 

    နွားမတစ်ကောင်ရောင်းရမည့် အချိန်မှန်ကို မည်ကဲ့သို့သိနိုင်မည်နည်း။ နွားမသည် ရှေ့ဆက်ပြီးအနာဂတ်မှာ ကျွန်ုပ်တို့ကို ဘယ်လိုအကျိုးအမြတ်ပေးနိုင်သလဲဆိုတာပေါ် မူတည်ပြီး ဆုံးဖြတ်ရမည်။ ဤအချက်ကို ကျွန်ုပ်တို့ အမြဲတမ်းသေချာ မသိနိုင်သော်လည်း ကောင်းမွန်သည့် ခန့်မှန်းချက်များ ပြုလုပ်နိုင်ပါသည်။ 

အောက်ပါအချက်များကို စဉ်းစားသင့်ပါတယ်။

  • ခြံရှိနွားအရေအတွက်ကို တိုးချင်သေးလား သို့မဟုတ် လက်ရှိအရေအတွက် အတိုင်းပဲ ထားချင်သလား
  • ခြံမှာရှိသည့် နွားမတမ်းများ၏ အရည်အသွေးနှင့် အရေအတွက်
  • နွားမများ၏နို့ထွက်နှုန်း၊ အသက်အရွယ်၊ ကျန်းမာရေး၊ မျိုးပွားမှု နောက်ကြောင်း အခြေအနေ
  • နွားမတမ်းများနှင့် အရွယ်ရောက်နွားများအတွက် စျေးကွက်အခြေအနေ

    များသောအားဖြင့် ခြံမှာရှိနိုင်သည့် နွားအရေအတွက်သည် အစာထောက်ပံ့ပေးနိုင်မှု၊ နွားနို့စျေးကွက် သို့မဟုတ် ခြံအရွယ်အစား စသည်တို့ကြောင့် အကန့်အသတ် ရှိနေပါသည်။ ခြံရှိနွားအရေအတွက်ကို တိုးချင်လျှင် ဘယ်လိုနွားမများကို ထိန်းထားမလဲဆိုတာကို သေချာဆုံးဖြတ်ရပါမယ်။ ငွေဆုံးရှုံးစေမည့် နွားမများ၊ မျိုးပွားမဆိုင်ရာ ပြဿာနာရှိသော နွားမများကို ရောင်းချရမည်။ ခြံရှိနွားအရေအတွက်ကို ထိန်းထားချင်လျှင် ဒီထက်ပိုပြီးစဉ်းစားဖို့ လိုပါတယ်။ 

    နွားမများကို နွားသိုးကောင်းကောင်းဖြင့် သားစပ်ရန်၊ နွားမတမ်းများကို စနစ်တကျ မွေးမြူရန် ကျွန်ုပ်တို့ အမြဲအကြံပြုတိုက်တွန်းလေ့ရှိပါသည်။ နှစ်စဉ်နှစ်တိုင်း ပထမသားမွေးသည့် မတမ်းငယ်များသည် ၎င်းတို့ အမေများထက် အရည်အသွေး ပိုကောင်းနေရမည်။ နွားမတမ်းများ၏ ပထမနှစ် နို့ပေးသက်တမ်းတွင် နို့ပေးနှုန်း နည်းနေတတ်သော်လည်း ဒုတိယနှစ်တွင် တိုးလာမည်။ မျိုးရိုးဗီဇမြင့်တာကို ထိန်းသိမ်းထားနိုင်ဖို့ နွားမတမ်းကောင်းများကို ထိန်းထားပြီး မကောင်းသည့်နွားမများကို ရောင်းထုတ်ရမည်။ အကြမ်းဖျင်းအားဖြင့် နွားမများနှင့် မတမ်းများ၏ အရည်အသွေးပေါ်မူတည်ပြီး နှစ်စဉ် နွားမကြီးအုပ်စု၏ ၂၀% ကို မတမ်းများဖြင့် အစားထိုးနိုင်ရမည်။ ခြံတွင် အရည်အသွေးကောင်းသည့်နွားမတမ်း များများရှိနေလျှင် အသက်ကြီးသည့် နွားမများ၊ ထုတ်လုပ်မှုနည်းသည့် နွားမများကို ရောင်းထုတ်ရမည်။

    သားရရန်မလွယ်သည့် နွားမများသည် နို့နားကာလကြာပြီး ၎င်းအတွက် ငွေအကုန်အကျများစေသည့်အတွက် ရောင်းထုတ်သင့်သည်။ ထုတ်လုပ်မှုကောင်းသည့် နွားမပင် ဖြစ်သော်လည်း ကိုယ်ဝန်မရ၊ နို့မပေးသည့်လများ များနေလျှင် ရောင်းထုတ်သင့်သည်။ မှတ်တမ်းထားရှိခြင်းဖြင့် မည်သည့်နွားမများသည် ထိုကဲ့သို့ ပြဿနာများရှိနေသည်ကို သိနိုင်ပါသည်။ 

    နောက်တစ်ချက်ကတော့ နို့ထုတ်လုပ်မှုပါပဲ။ မွေးမြူသူအများစုက ဤအချက်ကို ကောင်းကောင်းစဉ်းစားပြီးသား ဖြစ်ပါတယ်။ ဒါ့အပြင် နွားမများ၏ အသက်အရွယ်ကိုလည်း စဉ်းစားရပါမယ်။ နွားမတစ်ကောင်သည် နို့ပေးကောင်းနေလျှင်တောင်မှ အသက်ကြီးသည့်နွားမထက် ငယ်သည့်နွားမကို ထိန်းထားတာက ပိုကောင်းပါသည်။ အသက်ကြီးသည့် နွားမများသည် ကျန်းမာရေးနှင့် မျိုးပွားမှု ပြဿနာများ ဖြစ်နိုင်ခြေပိုများပြီး ဘယ်ချိန်ဘယ်ခါဖြစ်လာမည်ကို မသိနိုင်ပေ။ တစ်နေ့ကို ၈ ပိဿာပေးသည့် ၁၀ နှစ်အရွယ်နွားမထက် တစ်နေ့ကို ၆ ပိဿာပေးသည့် ၃ နှစ် အရွယ်နွားမကို ထိန်းထားတာက ပိုစိတ်ချမှု ရှိစေသည်။

    နွား၏ကျန်းမာရေးကို စဉ်းစားရပါမယ်။ ပြဿနာဖြစ်စေသည့် အမှားယွင်းတစ်ခုခုရှိသည့် နွားမျိုး ရှိသလား။ ဥပမာ မကြာခဏ ခြေထောက်နာခြင်း သို့မဟုတ် နို့အုံရောင်ခြင်း။

    နောက်ဆုံးအနေဖြင့် ပယ်ထုတ်မည့် နွားမများနှင့် နွားမတမ်းများ၏ စျေးကွက်ကို စဉ်းစားရပါမယ်။ ဒီစျေးနှုန်းများသည် အမြဲပြောင်းလဲမှုရှိသည်။ အကယ်၍ ပယ်ထုတ်မည့်နွားမများ စျေးကွက်မကောင်းလျှင် ထိုနွားမများကိုထိန်းထားပြီး ဒီနှစ်အတွက် နို့နွားမကောင်ရေပိုရှိနေတာက ရောင်းတာထက် ပိုကောင်းနိုင်သည်။ သို့မဟုတ် နွားမတမ်းများအတွက် စျေးကွက်ကောင်းနေလျှင် လိုချင်တာရွေးချယ်ပြီးနောက် ပိုနေသည့် နွားမတမ်းများနှင့် နို့ရှိန်ဖျားအဖြစ်များသည့်နွားများကို ရောင်းထုတ်တာက ပိုကောင်းနိုင်မည်။

Source - MDEP

2
Ma Nge

Ma Nge

3 years ago

နွားတွေကျန်းမာရေးမကောင်းပဲပိန်လာရင်ဘယ်လိုပြန်လည်းထိန်းသိမ်းသင့်လဲရှင့်

U Aung Aung

U Aung Aung

4 years ago

လက်ရှိအချိန်တွင်နွားဈေးကွက်မကောင်းသော်လည်း ပယ်ရမည့်နွားမများကိုထုတ်ရောင်းစေချင်ပါသည်။ နွားမတစ်ကောင်ကိုတစ်နေ့အစာဖိုး အနည်းဆုံး၃၀၀၀ကျပ်ဖြစ်သည်၊ တစ်နှစ်လျှင်အစာဖိုး၁၁သိန်းနီးပါရှိသည်၊ တစ်နှစ်ထားပြီမရောင်းသော ပယ်ရမယ့်နွားမက မူလတန်ဖိုးထက် ၁၀သိန်း ပိုမရနိုင်ပါ။ ထို့ကြောင့် ထုတ်လုပ်မှုမကောင်းသော ကြီးထွားနှုန်းမကောင်းသော မျိုးမအောင်သောနွားမများကို အချိန်မဆွဲဘဲရောင်းသင့်ပါသည်။

You
MDEP

Content provider

MDEP

Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာ​စေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။

Related questions

ကော်မတီများအား Livestock input အနေနဲ့ ဘယ်လိုသွင်းအားတွေ ပံ့ပိုးသင့်ပါသလဲ။ လက်ရှိတွင် ခြံထူထောင်းခြင်း၊ဝက်များနှင့်ညအစားအစာလှည်ပတ်မှုများအတွက်ပံ့ပိုးမှုများ ပေးပြီးဖြစ်ပါသည်။

ကျော်လင်းအောင် • 1 answers

နေ့စဉ်ခြံကောက်ဘဲဥဈေးကို ဘယ်မှာ ရှာကြည့်ရမှာလဲ ဒီနေ့ 20 kg ကို 310 ပဲဖွင့်နေလို့

ကိုမင်း • 2 answers

Summer Heat Stress & It's Management in Poultry

Dr. မောင်စိုးမိုး • 23 answers

ဝက် 50မွေးထားတယ် ခင်ဗျ။ ခြံက ဝက်ချေးစော် နံတာပေါ့ ခင်ဗျာ။ ယင်ကောင်တွေလည်းပေါ။ ဝက်ချေးနံ့လည်း သက်သာ၊ လောင်စာလည်းရအောင် biogas digester တစ်ခုလောက်လုပ်ချင်တယ်ခင်ဗျ။ flexible biogas digester ရောင်းတာရှိရင် လမ်းညွှန်ပေးကြပါ။ ကျေးဇူးပါခင်ဗျ

ခရမအ်းသီး • 0 answers

၀က် လှောင်မွေး စနစ်မှာအားနည်းချက်ရှိလားဗျ သိချင်လို့ပါ သိတဲ့သူဖြေပေးကြပါဗျ

မောင်ထက်မြတ်ဇော် • 1 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....