မျိုးအောင်ခြင်းအတွက် အာဟာရဗေဒ၏ အရေးပါသောသက်ရောက်မှု
နွားမတစ်ကောင် တစ်သားမွေးပြီးနောက် (၂-၃) လအတွင်း သားပြန်မတောင်းရခြင်းရဲ့ အဓိကအကြောင်းအရင်းမှာ အာဟာရလုံလောက်မှုမရှိခြင်း (ချို့တဲ့ခြင်း) ကြောင့် ဖြစ်သည်။
နွားမရဲ့ခန္ဓာကိုယ်ဟာ ဘယ်အချိန်မှာ သူ့အတွက် ကိုယ်ဝန်ဆောင်ဖို့အသင့်တော်ဆုံးလဲ ဆိုတာ အလိုအလျောက်သိထားပြီး ဖြစ်ပါတယ်။ အကယ်၍ နွားမတစ်ကောင်ဟာ အစာအာဟာရ လုံလောက်စွာမရရှိတဲ့အခါ နောက်တစ်ကြိမ် ကိုယ်ဝန်ပြန်ဆောင်ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတာ သိနေပါတယ်။ နွားမတစ်ကောင်ဟာ ၎င်းတို့ခန္ဓာကိုယ်ထဲမှာ နွားကလေးအတွက် ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်ဖြစ်တဲ့အချိန်မှာ သားတောင်းတဲ့ လက္ခဏာစပြပါတယ်။
နို့စားနွားမရဲ့ အစာထဲမှာ စွမ်းအင်ဓာတ်၊ အသားဓာတ်၊ သတ္တုဓာတ်နှင့် ရေ လုံလောက်ခြင်းမရှိပါက နွားမသည် မျိုးပွားခြင်းအတွက် လုပ်ငန်းမစတင်နိုင်ပါဘူး။ ဆိုလိုတာက နွားမရဲ့ သားဥအိမ်မှ သားဥမကြွေသည့်အတွက် မြိုင်လက္ခဏာမပြခြင်း ဖြစ်သည်။
နို့စားနွားမတွေအတွက် အဓိကလိုအပ်ချက်ဖြစ်နိုင်သော အာဟာရကတော့ စွမ်းအင်ဓာတ်ပဲဖြစ်ပါတယ်။ စွမ်းအင်ဓာတ်မလုံလောက်ပါက နွားမသည် တဖြည်းဖြည်းပိန်လာမယ်။ ပိန်နေတဲ့နွားမတစ်ကောင်အတွက် သားပြန်တောင်းဖို့ကြာပါတယ်။ အစာဟာရ ပြည့်ဝစွာစားသုံးနေရသော နွားမတစ်ကောင်ဟာ မွေးပြီး၂-၃ လ အကြာတွင် သားပြန်တောင်းပါမယ်။
နို့ပေးကာလအစောပိုင်းနွားမကို အရည်သွေးကောင်းသော အစာစိမ်းများ စားနိုင်သလောက် စိတ်ကြိုက်စားနိုင်အောင် ကျွေးမွေးသင့်ပြီး အကယ်၍ နွားမပိန်နေပါက အစာနုများဖြည့်စွက် ကျွေးမွေးဖို့လိုအပ်ပါတယ်။
အောက်မှာဖော်ပြထားသော ပုံ(၂) ပုံ မှာ ပထမပုံမှ နွားမသည် ပိန်းလွန်းနေပြီး ဒုတိယပုံထဲမှနွားမသည် သားစပ်ဖို့ သင့်တော်တဲ့ခန္ဓာကိုယ်အနေအထားပဲဖြစ်ပါတယ်။

မိမိရဲ့နွားက ပိန်နေပြီး မြိုင်လက္ခဏာမပြဘဲဖြစ်နေလျှင် အဓိကအကြောင်းရင်းကတော့ သူမက အစာလုံလောက်စွာမစားရခြင်း (သို့) သူမရဲ့အစာထဲမှာ အာဟာရလုံလောက်စွာ မပြည့်မီခြင်းကြောင့် ဖြစ်သည်။
နွားမအတွက် စွမ်းအင်ဓာတ် အပြည့်အဝလုံလောက်သော်လည်း ရေ၊ အသားဓာတ်နှင့် သတ္တုဓာတ်များလည်း ပြည့်မီဖို့လိုအပ်ပါသည်။
မြန်မာနိုင်ငံရဲ့ မွေးမြူမှုဓလေ့အရ နို့စားနွားမွေးမြူရေးတွင် ရေလုံလောက်စွာမသောက်သုံးရခြင်း ကြုံတွေ့နေရပါသည်။ ဒါကြောင့် သန့်ရှင်းသောရေကို အကန့်အသတ်မရှိ စိတ်ကြိုက်သောက်သုံးနိုင်အောင် စီမံထားသင့်ပါသည်။
ကောက်ရိုးကျွေးနေသောနွားမများတွင် အသားဓာတ်မပြည့်မီခြင်း ဖြစ်နိုင်ပါတယ်။ အရည်သွေးကောင်းသော အစာစိမ်းတွင် အသားဓာတ်အသင့်အတင့်ပါဝင်ပြီး အဆီကြိတ်ဖတ်များ၊ ပဲအမျိုးမျိုးမှရရှိသော အစာနုများဖြစ်သည့် မြေပဲဖတ်၊ ကုလားပဲမှုန့် စသည်တို့တွင် အသားဓာတ်များစွာပါဝင်သည်။
တစ်ခါတရံ နို့ပေးနွားမများတွင် သတ္တုဓာတ်လိုအပ်ချက်များလည်း ကြုံရနိုင်ပါသည်။ ၎င်းတို့ဟာ မျိုးပွားခြင်းမှာသက်ရောက်စေတဲ့ အခြားအကြောင်းရာတွေလောက် အရေးပါဝင်မှု နည်းပါသည်။ သတ္တုဓာတ်လိုအပ်ချက်ပြဿာနာများ ကြုံတွေ့ရပါက သတ္တုလျက်တုံးများ၊ သတ္တုထိုးဆေးများ၊ ကယ်လ်ဆီယမ်နှင့် ဖေါ့စပရပ် ပါဝင်သော (DCP)ကို အစာထဲတွင် ဖြည့်စွက်ကျွေးခြင်းများ ဆောင်ရွက်နိုင်ပါတယ်။ နီးစပ်ရာတိရစ္ဆာန်ဆေးကုဆရာဝန်ကို မိမိနွားမရဲ့အခြေအနအားပြောပြပြီး သင့်လျော်သော ကုသခြင်း၊ ဆောင်ရွက်ခြင်းများ ပြုလုပ်သင့်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
thiri
1 year agoနွားမတွေက ကိုယ်ဝန်ဆောင်ကာလရင့်လေလေ စွမ်းအင်နည်းလေလေ ဘာလို့ဖြစ်သွားရတာလဲ
thiri
1 year agoကျတော်သိချင်တာလေးရှိပါတယ်
ဇော်မျိုးနိုင်
3 years agoအဝလွန်နေလား အနေတော်ဝတာလား
ko kyaw
4 years agoနွားမသားတော့တင်ပီးသွားပီအစားမစာဘူးဖြစ်နေတယ်ဘာလို့လဲမသိ
ဟန်စိန်
5 years agoနွားမတန်းဖြစ်တာ
Content provider
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
Related questions
ဆိတ်သားခွဲဈေး ဘယ်လောက်ရှိလဲဗျ ခုမှစမွေးမလို့ပါ ...ပြည်ဘက်မှာ
KoThet • 1 answers
ဖားသားပေါက်နဲ့ဖားအမေအဖေဘယ်မှာရောင်လဲဗျား
ကိုပြည့်ဖြိုးအောင် • 0 answers
ဆရာ ကျွန်တော် နွားမကည၁၂နာရီက အဖြူရေတွေ ကျနေတယ် ခုနေ့ခင်းလည်း ကျနေလို့ ညနေ၆နာရီက မေထုန်မဲ့နည်းနဲ့ သားစပ်လိုက်တယ် ခုည၁၀ နာရီမှာ အဖြူရေအနည်းငယ် ကျနေလို့ ဘယ်လိုဖြစ်တာလဲ ခင်ဗျာ
Ma wai • 1 answers
ဘယ်အချိန်မှာ သားဆက်ရမလဲ ခင်ဗျာ
Thant zin tun • 2 answers
နွားမမျိုးတင်တာ၃လကြာမှပြန်ပြီးမျိုးတောင်းတာဘယ်လိုလုပ်ရမလဲအကြံပေးစေချင်ပါတယ်
ko ko • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from MDEP
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....