နို့စားနွားများ နွေရာသီအပူဒဏ်မှသက်သာစေရန် ပတ်ဝန်းကျင်ကို စီမံခန့်ခွဲနည်း
သက်ရှိတို့၏ ခန္ဓာကိုယ်သည် ပတ်ဝန်းကျင်အပူချိန် မြင့်တက်လာသည့်အချိန်တွင် ချွေးထွက် စေခြင်းအားဖြင့် ခန္ဓာကိုယ်ကို အေးစေပြီး အပူဒဏ်ခံစားရခြင်းမှ သက်သာစေရန် လုပ်ဆောင် ကြရပါသည်။ သို့သော် အပူချိန် မြင့်လွန်းနေချိန်တွင် ခန္ဓာကိုယ်ကို အသင့်လျော်ဆုံး အပူချိန်တွင် ရှိနေစေရန် မထိန်းညှိနိုင်သည့် အချိန်တွင် အပူဒဏ်ကိုခံစားကြရပါသည်။ ထို့အပြင် ခန္ဓာကိုယ်မှ အပူထုတ်လုပ်မှုသည် အပူစွန့်ထုတ်မှုထက် များနေသည့်အခါတွင်လည်း အပူဒဏ်ကို ခံစားရတတ်ပါသည်။ နို့စားနွားများအတွက် အသင့်လျော်ဆုံးအပူချိန်မှာ ၄-၂၄ ဒီဂရီစင်တီဂရိတ် အတွင်းဖြစ်ပါသည်။
နို့စားနွားများအတွက် အပူဒဏ်ခံစားရခြင်းမှာ အဓိကအားဖြင့် ပတ်ဝန်းကျင် ဆိုင်ရာအချက်များ (၁) လေထုအပူချိန်၊ (၂) စိုထိုင်းဆ၊ (၃) လေတိုက်နှုန်းနှင့် (၄) ပူပြင်းသော နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှု စသည်တို့ဖြစ်ပါသည်။
နို့စားနွားများတွင် အပူဒဏ်ခံစားရလျှင် အစာစားနှုန်း၊ နို့ထွက်နှုန်း၊ နို့အရည်အသွေးများနှင့် မျိုးပွားမှု ဆိုင်ရာ စွမ်းဆောင်မှုများ ကျဆင်းသွားတတ်ပါသည်။ ရာသီဥတုပူပြင်းလာသည်နှင့်အမျှ နွားများ၏ အစာစားနှုန်းသည်လည်း ၉-၁၃ ရာခိုင်နှုန်း ကျဆင်းသွားတတ်ပါသည်။ ရာသီဥတုပူပြင်းချိန်တွင် ပါးစပ်ဟပြီး အသက်ပြင်းပြင်းရှုနေရချိန် များသောကြောင့် အစာကို ချေဖျက်ဝါးစားချိန် လျော့ကျပြီး။ အစာချေဖျက်နှုန်းလည်း ကျဆင်းလာပါသည်။ ထို့အပြင် အပူဒဏ်ကို ကာကွယ်ရန်အတွက် အရိပ်အောက် တွင် နေချိန်များသောကြောင့် နွားများ၏စားကျက်တွင် အစာစားချိန်လျော့နည်းသွားနိုင်ပါသည်။ ပတ်ဝန်းကျင် အပူချိန်နှင့် စိုထိုင်းစမြင့်တက်ခြင်းတို့သည် အပင်များ၏ကြီးထွားနှုန်းကို ကောင်းစေနိုင် သလို အမျှင်ဓာတ်ပါဝင်မှုကိုလည်း မြင့်မားစေပါသည်။ အမျှင်ဓာတ်မြင့်မားနေခြင်းကြောင့် နွားများ၏ အစာစားနှုန်းကိုလည်း ကျဆင်းစေနိုင်ပါသည်။
ထို့ကြောင့် နွားများအပူဒဏ်ခံစားရမှုမှ လျော့ကျစေရန် ပတ်ဝန်းကျင်နှင့် အာဟာရကိုစီမံခန့်ခွဲနိုင်သည်။

ပတ်ဝန်းကျင်ကို စီမံခန့်ခွဲရာတွင်
(၁) အရိပ်
အပူဒဏ်ကို လျှော့ချနိုင်ရန်အတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးမှာ နွားများအတွက် အရိပ်ကို လုံလုံလောက်လောက်ဖန်တီးပေးခြင်းဖြစ်သည်။ အရိပ်ကို လုံလုံလောက်လောက်ဖန်တီးပေးခြင်းအားဖြင့် ပတ်ဝန်းကျင်အပူချိန်ကြောင့်ဖြစ်ပေါ်လာသော အပူဒဏ်ကို ၅၀ ရာခိုင်နှုန်းခန့်အထိ လျှော့ချနိုင်ပါသည်။ ထို့ကြောင့်ရာသီဥတုပူပြင်းနေချိန်တွင် အရိပ်အောက်တွင် နေရသော နွားများနှင့် အရိပ်အောက်တွင် မနေရသော နွားများသည် နို့ထွက်နှုန်း ၁၀-၂၀ ရာခိုင်နှုန်းကွာခြားပါသည်။
(၂) လုံလောက်သော နေရာဖန်တီးခြင်း
နွားများကို အရိပ်အောက်တွင် ထားသော်လည်း နွားတစ်ကောင်အတွက် လိုအပ်သော နေရာပမာဏကို မဖန်တီးပေးနိုင်ပါက နွားများနေရာကျပ်တည်းလာပြီး အပူဒဏ်ကို ခံစားရပါသည်။ ထို့ကြောင့် အပူဒဏ်ကို ကာကွယ်ရန်အတွက် နွားတစ်ကောင်အတွက် နေရာကိုအနည်းဆုံး ၃၈-၄၈ စတုရန်းပေခန့် ထားပေးရန် လိုအပ်ပါသည်။
(၃) အမိုး
အလင်းပြန်မှုနှုန်းမြင့်သော အမိုးများသည် နေရောင်ခြည်ကို အလင်းပြန်စေနိုင်သောကြောင့် ထိုအမိုးများအောက်ရှိ နွားများကို အပူဒဏ်မှ သက်သာစေပါသည်။ အမိုးအောက်တွင် အပူဒဏ်ကို ကာကွယ်ရန်အတွက် ပစ္စည်းများထားရှိခြင်း၊ အမိုးကိုမြင့်မြင့်မိုးထားခြင်းတို့ကြောင့် အပူဒဏ်ကို ကာကွယ်နိုင်ပါသည်။ အမိုးပြုလုပ်ရာတွင် တံစက်မြိတ်အမြင့်ကို ၁၁.၅-၁၄.၅ ပေခန့်ထားခြင်းသည် အသင့်လျော်ဆုံးဖြစ်သည်။
(၄) လေဝင်လေထွက်
နွားခြံထဲတွင် လေဝင်လေထွက် (လေတိုက်နှုန်း) မြှင့်တင်ပေးခြင်းအားဖြင့် အပူဒဏ်ကို လျော့ကျစေနိုင်ပါသည်။ နွားခြံထဲတွင် ပန်ကာများတပ်ဆင်ခြင်း (သို့) နွားခြံ၏ ဘေးဖက်နံရံများအား ဖွင့်ပေးခြင်းဖြင့် လေဝင်လေထွက် (လေတိုက်နှုန်း) ကိုမြှင့်တင်ပေးနိုင်ပါသည်။
(၅) ရေပန်းများတပ်ဆင်ခြင်း
ရာသီဥတုပူပြင်းချိန်တွင် နွားများအပေါ် ရေမှုန်များဖျန်းပေးခြင်း (သို့) အဆောက်အဦအမိုးပေါ်သို့ မိုးအတုဖန်တီးခြင်း ပြုလုပ်ပေးခြင်းအားဖြင့် အပူဒဏ်ကို ကောင်းစွာကာကွယ်နိုင်ပါသည်။ ခြံအတွင်းတွင် ရေမှုန်များဖျန်းမည်ဆိုလျှင် ခြံ၏ကြမ်းခင်းသည် ကွန်ကရစ်ဖြစ်လျှင် ပိုကောင်းသည်။ အကယ်၍ မြေသားဖြစ်နေလျှင် ရေမှုန်များကြောင့် ကြမ်းခင်းတွင် ဗွက်ထားနေနိုင်ပြီး နွားများလှဲအိပ်ခဲ့လျှင် နို့အုံနှင့် ဗွက်ထိပြီး နို့အုံရောင်ရောဂါဖြစ်နိုင်ချေ ပိုများသောကြောင့် လှဲမအိပ်စေရန် ဂရုစိုက်ဖို့လိုအပ်သည်။ ထို့အပြင် ရေမှုန်ခေါင်းများကို အစာခွက်နှင့် နီးသောနေရာတွင် မတပ်ဆင်ရန်လည်း လိုအပ်သည်။ အစာခွက်နှင့် နီးသောနေရာတွင် တပ်ဆင်မိလျှင် အစာများစိုစွတ်လာပြီး ပူပြင်းသော ရာသီဥတုတွင် မှိုပေါက်နှုန်းပွားများလာနိုင်ပါသည်။ သုတေသနပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရ နွားများအား မိနစ် ၃၀ ခန့်ရေမှုန်ဖျန်းပေးခြင်းဖြင့် နွားနို့တစ်လီတာခန့် ပိုထွက်လာနိုင်ပြီး မိနစ် ၆၀ ခန့်ထားခြင်းဖြင့်အားဖြင့် ၁.၅ လီတာခန့် ပိုရရှိလာနိုင်ပါသည်။
ဒေါက်တာ မင်းအောင်ရေးသားသော "နို့စားနွားမွေးမြူရေး စီမံခန့်ခွဲမှုများ"မှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
ကော်မတီများအား Livestock input အနေနဲ့ ဘယ်လိုသွင်းအားတွေ ပံ့ပိုးသင့်ပါသလဲ။ လက်ရှိတွင် ခြံထူထောင်းခြင်း၊ဝက်များနှင့်ညအစားအစာလှည်ပတ်မှုများအတွက်ပံ့ပိုးမှုများ ပေးပြီးဖြစ်ပါသည်။
ကျော်လင်းအောင် • 1 answers
နေ့စဉ်ခြံကောက်ဘဲဥဈေးကို ဘယ်မှာ ရှာကြည့်ရမှာလဲ ဒီနေ့ 20 kg ကို 310 ပဲဖွင့်နေလို့
ကိုမင်း • 2 answers
Summer Heat Stress & It's Management in Poultry
Dr. မောင်စိုးမိုး • 23 answers
ဝက် 50မွေးထားတယ် ခင်ဗျ။ ခြံက ဝက်ချေးစော် နံတာပေါ့ ခင်ဗျာ။ ယင်ကောင်တွေလည်းပေါ။ ဝက်ချေးနံ့လည်း သက်သာ၊ လောင်စာလည်းရအောင် biogas digester တစ်ခုလောက်လုပ်ချင်တယ်ခင်ဗျ။ flexible biogas digester ရောင်းတာရှိရင် လမ်းညွှန်ပေးကြပါ။ ကျေးဇူးပါခင်ဗျ
ခရမအ်းသီး • 0 answers
၀က် လှောင်မွေး စနစ်မှာအားနည်းချက်ရှိလားဗျ သိချင်လို့ပါ သိတဲ့သူဖြေပေးကြပါဗျ
မောင်ထက်မြတ်ဇော် • 1 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026