ခိုင်းနွားဝယ်ရာတွင် မဝယ်သင့်သောနွားများ
ခိုင်းနွားဝယ်ယူရာတွင် မည်သည့်အချက်အလက်များကို ကြည့်၍ ဝယ်ယူရမည်ကို မေးကြသော တောင်သူများအတွက် အစိမ်းရောင်လမ်းကနေပြီးတော့ မဝယ်သင့်တဲ့နွားများကို ဖော်ပြပေးလိုက်ပါသည်။
မျိုးကောင်း၊ မျိုးသန့်ခိုင်းနွားများဝယ်ရာတွင် ရှောင်ကြဉ်သင့်သော အချက်အလက်များမှာ
(၁) နားရွက်သေး၍ ချွန်ခြင်း၊ နားရွက်အမွေးပါခြင်း။
(၂) သွားမစုံလင်လျှင် မဝယ်ရပေ။
(၃) သွားကျဲ၍ သွားရေယိုခြင်း။
(၄) သွားထူခြင်း၊ ပဲ့ခြင်း၊ ပဲ့ကျန်စုံတို့ဆိုသည်မှာ နွားအသက် ခန့်မှန်းခြင်းဖြစ်၍ မိမိတို့၏ခိုင်းဇယားနှင့် ကိုက်ညီ မကိုက်ညီသည်ကို မိမိအသုံးနှင်း စံထိုး ဝယ်ယူသင့်ပါသည်။
(၅) နံတိုခြင်း။
(၆) နံပျော့ပါခြင်း။
(၇) အောက်နှုတ်ခမ်းရှည်၍ အပေါ်နှုတ်ခမ်းရှည်ခြင်း။
(၈) နှုတ်ခမ်းရွဲ့ခြင်း၊ မညီမညာဖြစ်ခြင်း။
(၉) မျက်လုံးသေးမှိန်းခြင်း။
(၁၀) မျက်လုံးတစ်ဖက်နီ၍တဖက်ဖြူခြင်း၊ မျက်ကျားပါခြင်း။
(၁၁) မှန်ဗွေအထက် ဗွေနှစ်လုံး ဆင့်ပါခြင်း။
(၁၂) ချိုတယ်လူး၊ ချိုရှင်၊ ချိုတစ်ဖက်လဲ၊ တစ်ဖက်ထောင်၊ ကြက်တူရွေးချိုစသည်တို့တွေ့ရှိခြင်း။
(၁၃) ချိုးဆွေးမြည့်၍ အဖျားဖွာခြင်း၊ အဖျားကြွေခြင်း။
(၁၄) ချိုလန်ခြင်း။
(၁၅) ကျောကုန်းခွက်ခြင်း၊ ကော့ခြင်း၊ ပြားခြင်း။

(၁၆) လက်ပတ်ကြားတွင်တောက်တဲ့၊ အိမ်မြှောင် လျှပ်ပါခြင်း။
(၁၇) တလားခံ အဖြူအစင်းပါခြင်း။
(၁၈) တလားဖုံး အဖြူအစင်းပါခြင်း။
(၁၉) ပင်လယ်ရေသောက်မျက်နှာဖုံးပါခြင်း။
(၂၀) ပြာပုံတိုး၊ ပြာပုံကွေ့၊ ယင်၊ နွားနီကွမ်းသွေး၊ နွားဝါဖင်ဖြူ၊ နွားဝါဖွဲနုစသည့်အမွေးနှင့် ပတ်သက်၍ အရည်အသွေး ညံ့ဖျင်းမှုများပါရှိနေခြင်း။
(၂၁) ဗွေမမှန်ခြင်း၊ ဗွေမစုံခြင်း၊ ဗွေဆိုးပါခြင်း။
(၂၂) မြပုခက်၊ စာဟိန်း၊ စသည့်အချက်များပါရှိခြင်း။
(၂၃) နို့သီးမစုံခြင်း၊ နှစ်လုံးသာရှိခြင်း၊ နို့သီးဖျားရိုးရိုး အနေအထားအတိုင်းမဟုတ်ဘဲ အထက်သို့လည်းကောင်း၊ ဘေးသို့လည်းကောင်း၊ ကွေးလန်တက်နေခြင်း၊ ကြွက်နို့ကဲ့သို့ နို့သီး မကျစ်နေခြင်း။
(၂၄) ခြေခတ်လက်ခတ်တိုခြင်း၊ ကန်လက်ပါရှိခြင်း။
(၂၅) ခွာမြေတိုက်ခြင်း၊ ဘဲသွားခြင်။
(၂၆) တုတ်ပါရှိသည်ကို ရှေးယခင်က ရှောင်ကြသော်လည်း ယခုအခါခွဲစိတ်ကုသ၍ ပျောက်ကင်းပြီးဖြစ်၍ ရှောင်ရန် မလိုတော့ပါ။
(၂၇) ခွာထဲရှိ ဘီလားရှည်ခြင်း၊ ခွာပန္နက် ပါရှိခြင်း။
(၂၈) မေးစေ့တစ်လုံးတည်းသာ ပါရှိခြင်း။
(၂၉) နွားမစိတ်ပေါက်ခြင်း၊ နွားမရောင်လိုက်နေခြင်း။
(၃၀) အမွေးအရာင်ခြောက်သွေ့၍ ညစ်ထိုင်းနေခြင်း။
ကျောက်ကောင်းမှန်လျှင် အနာမကင်းဟု ဆိုရိုးစကားရှိသည်နှင့် အညီ အပြစ်လွတ်သော နွားကောင်းရရှိစေရန်မှာ လွယ်ကူသောအရာ မဟုတ်ပါ။
ဝက်ဝံတို့မည်သည် အနက်စစ်စစ်မဟုတ်ဟုဆိုရာ၌ ရင်ဘတ်တွင် လခြမ်းသဖွယ် အဖြူမွေးပါရှိရမည်။ နွားရွှေနီတို့တွင်လည်း၊ နွားရွှေနီစစ်ပါက ရင်ဒူးတွင် အဖြူစင်းပါရမည်ဟုဆိုထားရာ ယနေ့ နွားရွှေနီကိုရွေးချယ်ရာတွင် အကောင်တစ်ရာလျှင် တစ်ကောင် တွေ့ခဲလှပါသည်။
သို့သော် အထက်၌ ဖော်ပြခဲ့သည့်အချက်များသည် ခိုင်းနွားကောင်းရွေးချယ်ရာတွင် လူကိုထိခိုက်တတ်ခြင်း၊ ခိုင်းစေရာတွင် မတွင်ကျယ်နိုင်ခြင်းစသည့် အယူအဆကောင်းများဖြစ်ပါ၍ အထူးဂရုပြု ဝယ်ယူသင့်ပါသည်။
မြန်မာ့ကျွဲ၊ မြန်မာ့နွား (အောင်စိုးတိရစ္ဆာန်ဆေးကုဆရာဝန်) စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဇင်လင်းနိုင်
1 month agoနွားရှေ့လက်ညာဘက်လက်ဒေါ့နင်းဖြစ်နေလို့ဘလိုလုပ်ပေးရမလဲဗျ
သိန်းလွင်
2 years agoမှတ်သားလောက်ပါတယ်
ရဲရင့်နောင်
3 years agoဖြစ်နိုင်လျှင်ပုံနှင့်တကွရှင်းပြပေးစေလိုပါတယ်ခင်ဗျ
ထွန်းတွန်းဝေ
3 years agoကျေးဇူပါ မိတ်ဆွေ
Related questions
ကော်မတီများအား Livestock input အနေနဲ့ ဘယ်လိုသွင်းအားတွေ ပံ့ပိုးသင့်ပါသလဲ။ လက်ရှိတွင် ခြံထူထောင်းခြင်း၊ဝက်များနှင့်ညအစားအစာလှည်ပတ်မှုများအတွက်ပံ့ပိုးမှုများ ပေးပြီးဖြစ်ပါသည်။
ကျော်လင်းအောင် • 1 answers
နေ့စဉ်ခြံကောက်ဘဲဥဈေးကို ဘယ်မှာ ရှာကြည့်ရမှာလဲ ဒီနေ့ 20 kg ကို 310 ပဲဖွင့်နေလို့
ကိုမင်း • 2 answers
Summer Heat Stress & It's Management in Poultry
Dr. မောင်စိုးမိုး • 23 answers
ဝက် 50မွေးထားတယ် ခင်ဗျ။ ခြံက ဝက်ချေးစော် နံတာပေါ့ ခင်ဗျာ။ ယင်ကောင်တွေလည်းပေါ။ ဝက်ချေးနံ့လည်း သက်သာ၊ လောင်စာလည်းရအောင် biogas digester တစ်ခုလောက်လုပ်ချင်တယ်ခင်ဗျ။ flexible biogas digester ရောင်းတာရှိရင် လမ်းညွှန်ပေးကြပါ။ ကျေးဇူးပါခင်ဗျ
ခရမအ်းသီး • 0 answers
၀က် လှောင်မွေး စနစ်မှာအားနည်းချက်ရှိလားဗျ သိချင်လို့ပါ သိတဲ့သူဖြေပေးကြပါဗျ
မောင်ထက်မြတ်ဇော် • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Green Way
See all
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
မိသားစုအတွက် အာဟာရဖြည့်တင်းနည်းနှင့် အပိုဝင်ငွေရှာနည်း အွန်လိုင်းအခမဲ့ ဆွေးနွေးပွဲ
03/05/2026
အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့
01/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....