နွားသားမွေးခြင်းကို လွယ်ကူအောင် ဆောင်ရွက်ပြုစုခြင်း
သားမွေးခြင်းသည် နွားမတစ်ကောင်အတွက် အရေးကြီးသောအချိန်ဖြစ်ပါသည်။ နွားများသည် ကြံ့ခိုင်သောသတ္တဝါများဖြစ်သည့်အတွက် နွားကလေးများမွေးစတွင် အခက်အခဲမရှိပါ။ သို့သော် တစ်ခါတရံတွင် သားမွေးချိန်၌ အကူညီလိုအပ်သည်။ ဒါကြောင့် နွားမသားမွေးနေချိန်မှာ မည်သို့ကြည့်ရှုစောင့်ရှောက်ရမည်၊ လိုအပ်ပါက မည်သို့အကူညီပေးရမည်ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
နွားကလေးမမွေးမီ နွားမ၏အပြုမူအမူရာများပြောင်းလဲသည်ကို တွေ့ရမည်။ မမွေးမီ ရက်အနည်းငယ်အလိုတွင် နို့အုံများပြည့်လာမည်။ မွေးမည့်နေ့တွင် နွားမသည် ဂနာမငြိမ် ဖြစ်လာမည်။ နို့တိုင်များမှ နို့တစက်စက်ကျနေမည်။ မွေးခါနီးတွင် အမတန်ဆာမှ အချွဲများကျလာမည်။ ဒီလိုအချိန်မှာ မိမိနွားမသည် သားမွေးရန်အဆင်ပြေနိုင်သလား စောင့်ကြည့်ရမည်။ သို့သော်နွားမကို အနှောက်ယှက်မဖြစ်ရပါ။
နွားမသားမွေးနေစဉ်တွင် ညှစ်နေသည်ကို တွေ့ရမည်။ နွားမကို နေရာသန့်သန့်ပေးထားပြီး ပုံမှန်အတိုင်းရှိအောင် ဖန်တီးပေးထားရမည်။ နွားမက ညှစ်နေသော်လည်း ၂ နာရီ ကြာသည့်တိုင်အောင် နွားကလေးမထွက်လာသေးပါက သူမ မွေးဖွားခြင်းအခက်ခဲ ကြုံတွေ့နေရပြီဖြစ်ပြီး အကူညီပေးရန်လိုအပ်နေပါသည်။ နွားကလေးသည် ရေမွှာအိတ်အတွင်းရှိနေသည်။ အကယ်၍ ရေမွှာပေါက်လျှင် အရည်များထွက်ကျလာသည်ကို တွေ့ရမည်။ အရည်များထွက်ကျလာပြီးနောက် နွားကလေးမထွက်လာပါက နွားမကို အကူညီပေးရန်လိုအပ်လာပါပြီ။
နွားမတမ်းများ ပထမသားမွေးရာတွင် အချိန်အနည်းငယ်ကြာနိုင်ပြီး အချိန်မီ အကူညီပေးရန်လိုအပ်ပါသည်။ သို့မဟုတ်ပါက နွားကလေး အသက်ဆုံးရှုံးနိုင်သည်။ နွားမသားမွေးခြင်းကိုကူညီရန် ၎င်း၏အမတန်ဆာအတွင်းသို့ လက်ဝင်၍ ဆွဲထုတ်ရမည်။ သေချာဂရုပြုဆောင်ရွက်ရမည်။ လက်အိတ်ရှည်ဝတ်ဆင်ထားရန် လိုအပ်သည်။ အကယ်၍ လက်အိတ်မရှိပါက လက်ကို ဆပ်ပြာဖြင့် သန့်စင်အောင်ဆေးကြောရမည်။ နွားမ၏နောက်ပိုင်းကိုလည်း သန့်ရှင်းပေးရန် လိုအပ်သည်။ နွားမ၏ မွေးလမ်းကြောင်းထဲသို့ သွင်းသောလက်ကို ချောမွေ့စေရန် ဆီသုတ်ပေးရမည်။ တိရစ္ဆာန်ဆရာဝန်သုံး အဆီတစ်မျိုးရှိသော်လည်း အလွယ်တကူမရနိုင်ပါက ဟင်းခတ်သုံးအဆီကိုလည်းအသုံးပြုနိုင်သည်။ နွားမများ မွေးဖွားရခက်ခဲခြင်းမှာ နွားကလေးသည် အနေအထား လမ်းကြောင်းမမှန်သောကြောင့် ဖြစ်သည်။ ပုံမှန်အားဖြင့်နွားကလေး၏ ရှေ့လက်တစ်စုံဖြင့် စထွက်လာမည်။ အကယ်၍ နောက်ခြေမှစထွက်လာခြင်း/ ဦးခေါင်းနောက်ပြန် လိမ်နေခြင်းများဖြစ်နေပါက နွားကလေးနောက်ပိုင်းထွက်လာစေရန် ဆောင်ရွက်ရမည်။ အောက်ပါပုံများတွင် နွားကလေးထွက်လာနိုင်သော ပုံစံများကိုဖော်ပြထားပါသည်။
ပုံမှန်အားဖြင့် နွားကလေး၏ ရှေ့လက်တစ်စုံကို ဦးစွာတွေ့ရပြီးနောက် နှာခေါင်းကို တွေ့ရမည်။ ပြင်ပမှလေကို အသက်ရှူနိုင်စေရန်ဖြစ်သည်။
နွားမသားမွေးခြင်းကိုကူညီရာတွင် ပထမဆုံး လက်ကို မွေးလမ်းကြောင်းအတွင်းသို့သွင်း၍ နွားကလေး၏ ဦးခေါင်းနှင့် ရှေ့လက်ကိုစမ်းရမည်။ အကယ်၍ ခေါင်းသည် နောက်သို့လန်နေပါက ပုံစံမှန်အောင် ပြုလုပ်ပေးရမည်။ ထိုသို့ပြုလုပ်ရန် နွားကလေးကို နောက်ဘက်သို့ အနည်းငယ်ပြန်တွန်း၍ နေရာကျယ်အောင်ဖန်တီးပြီး ပုံစံမှန်အောင်ပြန်တည့်ကာ အပြင်သို့ ပြန်ဆွဲထုတ်ရမည်။ အောက်ပါပုံတွင် နောက်ခြေထောက်မှ စထွက်လာသောပုံစံကို ပြန်လည်ပြင်ပေးသော နမူနာပုံစံကိုတွေ့ရမည်။
နွားကလေးပုံစံမှန်နေပါက အလွယ်တကူ ဆွဲထုတ်နိုင်သည်။ လက်ဖြင့်ဆွဲထုတ်နိုင်သည်။ သို့သော် ချော်နိုင်သောကြောင့် ကြိုး (သို့) သံကြိုးဖြင့်ဆွဲနိုင်သည်။ အသုံးပြုသောကြိုးသည် သန့်ရှင်းနေရမည်။ ဆွဲသည့်အခါ ကြိုး၏တင်းအားသည် ခြေထောက်တစ်ချောင်းလုံးပေါ် သက်ရောက်စေရန် ကြိုးကို နွားကလေး၏ တံခေါက်ကွေးအထက်တွင် တစ်ချက်ချည်၍ နောက်ထပ် အောက်ဘက်တွင် တစ်ချက်ချည်ရမည်ဖြစ်သည်။ သို့မှသာ ခြေထောက်ကျိုးမသွားစေရန်ဖြစ်သည်။ ခြေထောက်တစ်ဘက်ကို ချည်၍ ဆွဲထုတ်ပါက အဆင်ပြေနိုင်သည်။ သို့သော် ကြိုးနှစ်ချောင်းရှိပါက ခြေထောက်နှစ်ချောင်းလုံးကိုဆွဲလျှင် ပို၍အဆင်ပြေသည်။ အောက်ပါပုံတွင် ကြည့်နိုင်ပါသည်။

နွားကလေးကိုအပြင်ဆွဲထုတ်နိုင်ရန် လူတစ်ဦးထက်မကကူညီရန် လိုအပ်ပါသည်။ သို့သော် ဆွဲထုတ်ရာတွင် နွားကလေးနှင့် မိခင်တို့ကို မထိခိုက်စေရန်အတွက် အားပြင်းပြင်းဖြင့် မဆွဲရပါ။
နွားကလေးက အလွန်ကြီးနေလျှင်သော်လည်းကောင်း၊ အနေထားလွဲပြီး ပုံစံလိမ်နေလျှင်သော်လည်းကောင်း ပုံမှန်မွေးဖွားနိုင်မည်မဟုတ်ပါ။ ၎င်းကဲ့သို့အခြေအနေတွင် ခွဲစိတ်၍ မွေးဖွားခြင်းပြုလုပ်ရမည်။ ကျွမ်းကျင်သော တိရစ္ဆာန်ဆရာဝန်ဖြင့် ဆောင်ရွက်သင့်သည်။ နွားကလေးကို အချိန်မီ ခွဲမွေးပေးပြီး မိခင်နွားမကြီးကို ကောင်းစွာပြုစုပါက ရက်သတ္တပတ်အနည်းငယ်အတွင်း ပြန်လည် ကောင်းမွန်လာပါမည်။ သို့သော် ထိုသို့ခွဲစိတ်ခြင်းမှာ အန္တရာယ်အနည်းငယ်ရှိသောကြောင့် တတ်နိုင်သမျှ သမရိုးကျနည်းဖြင့်မွေးဖွားနိုင်အောင် ကူညီဆောင်ရွက်ပေးရမည်။ မွေးဖွားချိန်အတန်ကြာသည့်တိုင် မမွေးနိုင်ပါက နွားကလေးမှာ အတွင်း၌သေဆုံးနိုင်သည်။ နွားမ၏သားအိမ်အတွင်းမှ ထိုနွားသေကလေးမပုပ်မီ တတ်နိုင်သမျှ အပြင်သို့ထုတ်ရမည်။ ဆရာဝန်ဖြင့် ဆွေးနွေးဆောင်ရွက်သင့်သည်။
နွားကလေးသည် မိခင်ဝမ်းဗိုက်အတွင်းရှိစဉ် ချက်ကြိုးမှတဆင့် လေ၊ ရေနှင့် အာဟာရဓာတ်များရရှိနေသောကြောင့် ကောင်းစွာကြီးထွားရှင်သန်နေသည်။ မိခင်ဝမ်းမှ ထွက်လာချိန်တွင် ချက်ကြိုးဖြတ်ပြီးနောက် လေရရှိမှုမရှိတော့ပေ။ ဆက်လက်အသက်ရှင်နိုင်ရန်အတွက် ၎င်းကိုယ်တိုင် လျင်မြန်စွာအသက်ရှုနိုင်ဖို့ လွန်စွာအရေးကြီးပါသည်။ ပုံမှန်အားဖြင့် မွေးဖွားစအရွယ်နွားကလေးရဲ့ နှာခေါင်းတွင်းတွင် အချွဲများရှိနေသည်။ ထို့ကြောင့် နှာခေါင်းအတွင်းသို့ မြက်ကဲ့သို့သောအရာဖြင့်တို့၍ နှာချေအောင်ပြုလုပ်ခြင်းဖြင့် အသက်ရှုလမ်းကြောင်းအတွင်းရှိ အချွဲများထွက်လာပြီး ကောင်းကောင်း အသက်ရှုနိုင်မည်ဖြစ်သည်။ သားမွေးခြင်းအခက်အခဲမရှိစေရန်နှင့် အခက်အခဲဖြစ်လာပါက နွားကလေးကို အနေထားမှန်အောင်ပြုလုပ်ပြီး ဆွဲထုတ်ခြင်းဖြင့် မွေးဖွားရ လွယ်ကူအောင် ဆောင်ရွက်ပေးနိုင်သည်။
သားဖွားရခက်ခဲခြင်း အဓိကအကြောင်းရင်းများမှာ နွားမများ မွေးခါနီးကာလတွင် အစာများများကျွေးခြင်းကြောင့် နွားကလေးခန္ဓာကိုယ် ပုံမှန်ထက် ကြီးထွားလာ သောကြောင့် ဖြစ်သည်။ ခြံရှိနွားမများရဲ့ (၅%) ကျော် သားဖွားရခက်ခဲခြင်း ကြုံတွေ့လာပါ မိမိ၏နွားမများ မွေးခါနီးတွင် အလွန်ဝနေသောကြောင့်ဖြစ်သည်။ အခြားမျိုးပွားခြင်းဆိုင်ရာ ပြဿနာများကြောင့်လည်းဖြစ်နိုင်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ညီညီ
5 years agoနွားမပျိုများသည် ပထမဆုံးသားဦးကို မွေးဖွားချိန်တွင် မွေးဖွားရခက်ခဲခြင်းပြဿနာကို ပိုမိုကြုံတွေ့ရတတ်ပြီး။နွားမွေးမြူသူသည် နွား၏ ပဍိသန္ဓေနေချိန်မှစ၍ မွေးမြူမည့်အချိန်ကို ကြိုတင်တွက်ချက်ထားရပါမည်။ ထို့အတွက်ကြောင့် မိတ်လိုက်ရာသီသည် အရေးကြီးသော အခန်းကဏ္ဌတွင် ပါဝင်ပြီး၊မျိုးဗီဇကူးလူးဆက်ဆံခြင်းကဏ္ဌတွင် မေထုန်မဲ့မျိုးစပ်ခြင်းကို နွားမပျိုများတွင် မစမ်းသပ်မဆောင်ရွက်သင့်ပါ။ကိုယ်ဝန်ဆောင်နွားများ၏ သဘာဝမိတ်လိုက်ကြသော မေထုန်ရာသီသည်ကို အခြေပြု၍ မွေးဖွားသော ပဍိသန္ဓေသားအများစုသည် မွေးဖွားခြင်းဖြစ်စဉ် ပိုမိုလွယ်ကူချောမွှေ့ကြပါသည်
Content provider
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
Related questions
ဆိတ်သားခွဲဈေး ဘယ်လောက်ရှိလဲဗျ ခုမှစမွေးမလို့ပါ ...ပြည်ဘက်မှာ
KoThet • 1 answers
ဖားသားပေါက်နဲ့ဖားအမေအဖေဘယ်မှာရောင်လဲဗျား
ကိုပြည့်ဖြိုးအောင် • 0 answers
ဆရာ ကျွန်တော် နွားမကည၁၂နာရီက အဖြူရေတွေ ကျနေတယ် ခုနေ့ခင်းလည်း ကျနေလို့ ညနေ၆နာရီက မေထုန်မဲ့နည်းနဲ့ သားစပ်လိုက်တယ် ခုည၁၀ နာရီမှာ အဖြူရေအနည်းငယ် ကျနေလို့ ဘယ်လိုဖြစ်တာလဲ ခင်ဗျာ
Ma wai • 1 answers
ဘယ်အချိန်မှာ သားဆက်ရမလဲ ခင်ဗျာ
Thant zin tun • 2 answers
နွားမမျိုးတင်တာ၃လကြာမှပြန်ပြီးမျိုးတောင်းတာဘယ်လိုလုပ်ရမလဲအကြံပေးစေချင်ပါတယ်
ko ko • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from MDEP
See all